Arakan Revo Pro Max

Arakan Revo Pro Max နိုင်ငံရေးနှင့်လူမှုရေး ပြုပြင်ပြောင်းလဲမှုများအတွက် ပညာပေးများ (Educational contents for social and political change)

ရက္ခိုင်မှာ မုဒိန်းမှုတွေ ဘာကြောင့်များလာသလဲ။စာရိတ္တ ပျက်လာကြလို့ပေါ့ဗျာ။ဘာလို့ စာရိတ္တ ပျက်လာကြသလဲ။တိုတိုတုတ်တုတ် ပြောရ...
10/05/2026

ရက္ခိုင်မှာ မုဒိန်းမှုတွေ ဘာကြောင့်များလာသလဲ။

စာရိတ္တ ပျက်လာကြလို့ပေါ့ဗျာ။

ဘာလို့ စာရိတ္တ ပျက်လာကြသလဲ။

တိုတိုတုတ်တုတ် ပြောရရင် စနစ်ပျက်လာလို့ပေါ့ဗျာ။

စနစ်က အရင်ကတည်းက ပျက်နေတာမလား။

အခု ပိုပျက်လာလို့ပေါ့ဗျာ။

အခု မီဒီယာတွေမှာ တက်လာတာတွေဟာ

မုဒိန်းမှုကို တရားဝင်ကျူးလွန်ခွင့် မရသူတွေရဲ့ သတင်းတွေပါ။

တရားဝင် ကျူးလွန်ခွင့်ဆိုတာကော ရှိသေးတာလားဗျ။

အကြောက်တရားနှင့် မလုံခြုံမှုကြောင့် နှုတ်ဆိတ်နေရတာမျိုးပေါ့ဗျာ။

အခု ပညာပေးဟောပြောပွဲတွေ လုပ်နေပြီမလား။

အဲဒါကိုက အ‌ခြေအနေတွေ ဘယ်လောက်ဆိုးဝါးနေပြီလဲဆိုတာကို မီးမောင်းထိုးပြနေတာပဲဗျ။

တိုးတက်ပြောင်းလဲမယ်လို့ ထင်လား။

ခေါင်မိုးမဖာဘဲ ကြမ်းတွေလိုက်ခွာနေရင် မိုးက မယိုတော့ဘူးလား။

ခုအခြေအနေကတော့ ခေါင်မိုးတခုလုံး ဟင်းလင်းပွင့်နေတာဗျို့။

Credit, Htinzaw Min

ရခိုင်ပြည်သူတို့၏ ဆက်သွယ်ရေးမျှော်လင့်ချက်နှင့် Starlink သိမ်းဆည်းမှု ဂယက်ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ အင်တာနက်နှင့် ...
06/05/2026

ရခိုင်ပြည်သူတို့၏ ဆက်သွယ်ရေးမျှော်လင့်ချက်နှင့် Starlink သိမ်းဆည်းမှု ဂယက်
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ အင်တာနက်နှင့် ဖုန်းလိုင်းဖြတ်တောက်မှုဒဏ်ကို နှစ်ရှည်လများ ခံစားနေရသော ပြည်သူများအတွက် Starlink (စတားလင့်) ဂြိုဟ်တုအင်တာနက်သည် ပြင်ပကမ္ဘာနှင့် ဆက်သွယ်ရန် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ခဲ့ပါသည်။ သို့သော်လည်း မကြာသေးမီက ထွက်ပေါ်လာသော သတင်းများအရ အာရက္ခတပ်တော် (AA) သည် ပြည်သူပိုင် စတားလင့်စက်များကို အတင်းအဓမ္မ သိမ်းဆည်းနေသည့်အပြင်၊ ပိုင်ရှင်များကို ဖမ်းဆီးကာ ဗီဒီယိုရိုက်၍ တောင်းပန်ခိုင်းစေသည့် လုပ်ရပ်များကြောင့် ဝေဖန်မှုများ မြင့်တက်နေသည်။

စနစ်တကျ ညွှန်ကြားသိမ်းဆည်းမှုလား?
သတင်းရင်းမြစ်အချို့၏ ဖော်ပြချက်အရ ဤစတားလင့်စက်များကို သိမ်းဆည်းရန်အတွက် AA ၏ ထိပ်ပိုင်းခေါင်းဆောင်ပိုင်းမှ ပါဝင်ပတ်သက်နေကြောင်း သိရသည်။ အထူးသဖြင့်-

ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီ အောင်မြတ်ကျော် နှင့်

အဆိုတော် တူတူ (ခ) ကေ့စ် ကျော်သိန်းသား

တို့က နောက်ကွယ်မှ ကိုင်တွယ်ညွှန်ကြားနေပြီး ပြည်သူများပိုင်ဆိုင်သည့် ဆက်သွယ်ရေးပစ္စည်းများကို သိမ်းဆည်းခိုင်းနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ဤလုပ်ရပ်သည် စစ်ဘေးဒုက္ခခံနေရသော ပြည်သူများအတွက် သတင်းအချက်အလက် စီးဆင်းမှုကို ပိတ်ဆို့ရာရောက်နေသည်ဟု သုံးသပ်သူများက ဆိုသည်။

ဖမ်းဆီးခြင်းနှင့် ဂုဏ်သိက္ခာညှိုးနွမ်းစေခြင်း
ပြည်သူများ ပိုမိုစိုးရိမ်မကင်း ဖြစ်နေရသည့် အချက်မှာ စက်ပစ္စည်းများကို သိမ်းဆည်းရုံတင်မကဘဲ၊ အဆိုပါစက်ပစ္စည်းများ အသုံးပြုသူ သို့မဟုတ် ရောင်းချသူများကို ဖမ်းဆီးချုပ်နှောင်ခြင်း နှင့် ၎င်းတို့၏ အမှားဖြစ်ကြောင်း ဝန်ခံတောင်းပန်ခိုင်းသည့် ရုပ်သံဖိုင်များကို လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေနေခြင်းပင် ဖြစ်သည်။

"အင်တာနက်မရတဲ့ကြားက ကိုယ့်ပိုက်ဆံနဲ့ကိုယ် စက်ဝယ်ပြီး သုံးတာကို ခုလို သူခိုးလို၊ ဓားပြလို အဖမ်းခံရတာကတော့ ပြည်သူကို နှိပ်စက်ရာ ရောက်လွန်းပါတယ်" ဟု ဒေသခံတစ်ဦးက ၎င်း၏ ခံစားချက်ကို ပြောကြားခဲ့သည်။

ဘာကြောင့် သိမ်းဆည်းရသနည်း?
AA ဘက်မှ တရားဝင် ထုတ်ပြန်ချက်မရှိသေးသော်လည်း၊ လေ့လာသူအချို့က အောက်ပါအချက်များကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြသည် -

သတင်းအချက်အလက် စိစစ်ထိန်းချုပ်လိုခြင်း: စစ်ရေးသတင်းများ ပေါက်ကြားမည်ကို စိုးရိမ်ခြင်း။

အခွန်နှင့် စည်းမျဉ်း: ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် မရှိသော ဆက်သွယ်ရေးစနစ်များကို ခွင့်မပြုလိုခြင်း။

စစ်ရေးအသုံးချမှု: သိမ်းဆည်းရမိသော စက်များကို တပ်တော်၏ စစ်ရေးကိစ္စများတွင် အစားထိုး အသုံးပြုလိုခြင်း။

နိဂုံး
စစ်ကောင်စီ၏ ဖိနှိပ်မှုကို တွန်းလှန်နေသော အာရက္ခတပ်တော် (AA) အနေဖြင့် မိမိတို့၏ ပြည်သူများအပေါ် ယခုကဲ့သို့သော လုပ်ရပ်များ လုပ်ဆောင်နေခြင်းသည် "ပြည်သူ့အကျိုးပြု" ဆိုသည့် ရည်မှန်းချက်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ လူ့အခွင့်အရေးနှင့် သတင်းအချက်အလက် ရယူပိုင်ခွင့်ကို လေးစားလိုက်နာရန် လိုအပ်သကဲ့သို့၊ ပြည်သူ့ပိုင်ပစ္စည်းများကို အတင်းအဓမ္မ သိမ်းဆည်းခြင်းသည် ရေရှည်တွင် လူထု၏ ယုံကြည်မှုကို လျော့နည်းစေနိုင်ကြောင်း သတိပြုသင့်ပေသည်။

Credit - Arakan Presidential Office

👉 ပညာတတ်တွေဝင်မလုပ်လို့ ULA/AA စီမံခန့်ခွဲရေး ညံ့ဖျင်းရသတဲ့လား 👈🔥 ULA/AA မှာ လာဘ်စားခြစားအကျင့်ပျက်ဝန်ထမ်းတွေ ကြီးစိုးနေ...
04/05/2026

👉 ပညာတတ်တွေဝင်မလုပ်လို့ ULA/AA စီမံခန့်ခွဲရေး ညံ့ဖျင်းရသတဲ့လား 👈

🔥 ULA/AA မှာ လာဘ်စားခြစားအကျင့်ပျက်ဝန်ထမ်းတွေ ကြီးစိုးနေတာ၊ 🔥 တရားစီရင်ရေးမှာ လူသတ်မုဒိန်းတရားခံတွေတောင် ခံဝန်ချက်နဲ့လွတ်ငြိမ်းခွင့်ရနေတာ၊ 🔥 လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတာကို လူထုကဝေဖန်ထောက်ပြတဲ့အခါ ULA/AA ခေါင်းဆောင်နဲ့လော်ဘီများက

▶️ မကျေနပ်ရင်မင်းတို့ကိုယ်တိုင်ဝင်လုပ်ပါလားလို့ ပြောတတ်ကြတယ်
▶️ ပညာတတ်တွေဝင်မလုပ်လို့ ရှိတဲ့လူ (ပညာအခြေခံနည်းပါးတဲ့လူ)တွေနဲ့ လုပ်နေရတာ၊ ဒီလောက်တော့ရှိမှာပေါ့လို့ ဆိုကြတယ်

📌 ဟုတ်ကဲ့၊ ထွန်းမြတ်နိုင်မိသားစုတည်ဆောက်ထားတဲ့ 🔥 လူယုံမွေး၊ 🔥 လူမိုက်မွေး၊ 🔥အထက်ဖားအောက်ဖိအသိုင်းအဝိုင်းမှာ မူမပြောင်း၊ လုပ်ထုံးလုပ်နည်းမပြောင်းဘဲ သိကြားမင်းနားကင်းကြီးနဲ့ဆင်းပြီး ဝင်လုပ်ရင်တောင် ဘာမှပြောင်းလဲလာစရာမရှိပါခင်ဗျား

📌 ပညာတတ်တွေဝင်မလုပ်လို့ဆိုတဲ့ကိစ္စ

ULA/AA လက်ရှိအုပ်ချုပ်နေတာ 👉 ပလက်ဝအပါအဝင်မြို့နယ် ၁၅ ခုနဲ့ ခရိုင် ၈ ခု စုစုပေါင်း ၂၃ ခုရှိပါတယ်။ မြို့နယ်တစ်ခု ခရိုင်တစ်ခုမှာ ဌာနဆိုင်ရာအကြီးအကဲ ၁၀ ယောက်လိုမယ်ဆိုရင် စုစုပေါင်းအကြီးအကဲ ၂၃၀ ဦး 👈ပဲလိုပါတယ်။ လူအင်အား ၅ သောင်းကျော်ရှိတယ်ဆိုတဲ့ ULA/AA ထဲမှာ လူ့အရင်းအမြစ်မရှိဘူးဆိုတာ တကယ်တော့မဟုတ်ပါဘူး။ ရခိုင်တွေ လူရည်လူသွေးဒီလောက်မညံ့ပါဘူး။

👉 တကယ်က လုပ်တတ်ကိုင်တတ်တဲ့သူ၊ ဖြောင့်မတ်မှန်ကန်တဲ့သူတွေ ဘေးရောက်နေပြီး ဘောင်းတော်ညိတ် စိတ်တော်သိ ထွန်းမြတ်နိုင်မိသားစုကမွေးထားတဲ့ လူယုံတွေပဲနေရာတကာ တွင်ကျယ်နေလို့ပါ။ ဒါကြောင့်ပဲ ပညာတတ်လူငယ်တွေတော်တော်များများ ULA/AA ထဲကထွက်သွားကြတယ်။ နောက်လူတွေလည်းဝင်လုပ်ဖို့ တွန့်ဆုတ်သွားကြတယ်။ 🔥 ခွေးတအုပ်ကြားမှာ ယုန်တကောင်ရှင်သန်ဖို့ မလွယ်ဘူး 🔥ဆိုတဲ့ လူတိုင်းနားလည်လွယ်မယ့် ဥပမာနဲ့ပဲယှဉ်ပြချင်ပါတယ်။

👉 အနုပညာသမားတယောက်မှာ အနုပညာမာနရှိပါတယ်။ သူလေ့လာသင်ကြားထားတဲ့ ဆိုပုံတီးပုံနဲ့အံမဝင်တဲ့ သံစဉ်တီးလုံးတွေကို ဂီတအကြောင်းဘာမှနားမည်တဲ့လူတယောက်က အတင်းအဓမ္မဖန်တီးခိုင်းခဲ့ရင် ရေရှည်မှာအဆင်မပြေနိုင်ပါဘူး။

👉 ထိုနည်းတူပဲ ပညာရှင်တွေမှာလည်း ပညာရှင်မာန ပညာရှင်ကျင့်ဝတ် ပညာရှင်သိက္ခာရှိပါတယ်။ ပညာရှင်တယောက်ဟာ အမျိုးသားတော်လှန်ရေးအပေါ်မှာ တပါးသူငါလိုသစ္စာစောင့်သိမှာဖြစ်ပေမယ့် အာဏာရှင်တွေ ထားရာနေ၊ စေရာသွား၊ ခိုင်းတာလုပ်၊ ကျွေးတာစားဘဝမျိုးနဲ့တော့ ရှင်သန်နိုင်မှာမဟုတ်ပါဘူး။

👉 သူတို့သိနားလည်တဲ့အမှန်တရားကို သက်သေပြဖို့၊ ကျင့်ဝတ်စည်းကမ်းနဲ့အညီ အလုပ်လုပ်ဖို့၊ သူတို့အလုပ်အကျွေးပြုလိုတဲ့ လူထုနဲ့နီးစပ်သထက်နီးစပ်ဖို့ပဲ ကြံစည်ကြိုးစားကြမှာဖြစ်ပါတယ်။ ဒါတွေက အာဏာရှင်တွေရဲ့လိုပါးဆန္ဒနဲ့ ဆန်ကျင့်ဘက်ဖြစ်တတ်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာအရပ်ရပ်က 🔥အာဏာရှင်အများစုဟာ ပညာရှင်တွေကို ဖောက်ပြန်ရေးသမားတံဆိပ်ကပ်ပြီး နှိပ်ကွပ်တတ်ကြတာဟာ🔥 အစဉ်အလာပဲဖြစ်ပါတော့တယ်။

👉 လင် ကို အခွန်ကောက်၊ မယား ကို ကြာကူလီရိုက်၊ ခေတ်သစ် ပြည်ဖျက်စရိုက် 👈🔥 ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ ဒုတိယအဆင်းရဲဆုံးပ...
03/05/2026

👉 လင် ကို အခွန်ကောက်၊ မယား ကို ကြာကူလီရိုက်၊ ခေတ်သစ် ပြည်ဖျက်စရိုက် 👈

🔥 ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ ဒုတိယအဆင်းရဲဆုံးပြည်နယ်ဖြစ်သည်။ အလုပ်အကိုင်ရှားပါး၍ ရခိုင်လူငယ်အများစု ရခိုင်ပြည်နယ်ပြင်ပသို့ထွက်ပြီး ဝင်‌ငွေရှာဖွေကြရသည်။ အဓိကသွားရောက်ကြသည်မှာ ထိုင်း မလေး တရုတ်နှင့် ဖားကန့်မိုင်းရှူးဒေသများဖြစ်ကြသည်။ ထိုသို့သွားရောက်ကြသူအများစုမှာ ပညာရေးလမ်းကြောင်းဖြင့် ဘဝတက်လမ်းမရှာနိုင်သည့် ကျေးလက်နေလူငယ်များဖြစ်ကြသည်။

🔥 အာရက္ခတပ်‌တော်ထူထောင်‌ရေးစတင်ချိန်တွင် ထိုင်း မလေးနှင့် ဖားကန့်မိုင်းရှူးဒေသမှ ရခိုင်အလုပ်သမားလူငယ်များ ပံ့ပိုးပေးသောရန်ပုံငွေမှာအဓိကဖြစ်သည်။ အခုအချိန်ထိလည်း အဆက်မပြတ်ရန်ပုံငွေ ထည့်ဝင်နေကြသည်။

🔥 သို့ရာတွင်နိုင်ငံခြားရောက် အလုပ်သမားများ၏ မိသားစုသားမယားတို့ကို အာရက္ခတပ်တော်သားများစောင့်ရှောက်ပုံက အောချလောက်ပေသည်။ ရခိုင်ပြည်နယ်သို့ အာရက္ခာတပ်တော်သားများဝင်ရောက်လာသည့်အခါ သူသူငါငါလောကဝတ်ပြုကြသည်။ သူ့အိမ်ကိုယ့်အိမ်ဖိတ်ခေါ်ပြုစုကြသည်။ ဤသည်ကိုအခွင့်ကောင်းယူ၍ အာရက္ခာတပ်တော်သားတချို့က လင်သားနှင့်ဝေးကွာနေသော ဇနီးမယားများကိုကြာကူလီရိုက်ကြသည်။ “သူကြည်ဖြူလို့ ငါအခွင့်ကောင်းယူတာ အပြစ်မရှိ”ဟုသူတို့က ဆိုကြသည်။

🔥 ဤသို့ဖြင့် ကျေးလက်တောရွာများတွင် အိမ်ထောင်ရေးပြိုကွဲမှုများ အနည်းနှင့်အများဖြစ်လာကြသည်။ တိုင်းပြည်ထူထောင်မည့် တပ်မတော်တရပ်က ရခိုင်လူ့အဖွဲ့အစည်းနှင့်ယဉ်ကျေးမှုကို ကျေးလက်တောရွာ အိမ်ထောင်စုအဆင့်မှစတင်ဖျက်ဆီးပုံပင်ဖြစ်သည်။

👉 ပြည်သူကို ဖင်လှန်ပြလိုက်တဲ့ အေအေ တရားစီရင်ရေး 👈▶️ ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) က နယ်မြေစိုးမိုးမှု ရယူထားနို...
02/05/2026

👉 ပြည်သူကို ဖင်လှန်ပြလိုက်တဲ့ အေအေ တရားစီရင်ရေး 👈

▶️ ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) က နယ်မြေစိုးမိုးမှု ရယူထားနိုင်သော်လည်း ၎င်းတို့၏ တရားစီရင်ရေးစနစ်မှာ ပြည်သူလူထုအတွက် ယုံကြည်အားကိုးရာ မဖြစ်ဘဲ အံ့ဩတုန်လှုပ်ဖွယ်ရာ ဖြစ်ရပ်များ ဆက်တိုက်ပေါ်ပေါက်လာနေသည်။

▶️ အထူးသဖြင့် အကာအကွယ်မဲ့သည့် ကလေးငယ်များအပေါ် ကျူးလွန်သည့် သက်ငယ်မုဒိန်းမှုများ တစ်ခုပြီးတစ်ခု တိုးပွားလာနေချိန်တွင် AA ၏ ကိုင်တွယ်ဖြေရှင်းပုံမှာ တရားဥပဒေစိုးမိုးရေးထက် ပြည်သူကို လှောင်ပြောင်သကဲ့သို့ ဖြစ်နေသည်။

▶️ မကြာသေးမီက ဖြစ်ပွားခဲ့သည့် ၁၅ နှစ်အရွယ် ယောက်ျားလေးတစ်ဦးက ၃ နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိန်းကျင့်ကာ သတ်ဖြတ်ပြီး မြေမြှုပ်အလောင်းဖျောက်ခဲ့သည့် ဖြစ်ရပ်သည် လူမှုအသိုင်းအဝိုင်းအတွင်း အလွန်တရာ ရင်နာစရာကောင်းသော ကိစ္စဖြစ်သည်။

▶️ ထို့ထက် ပိုမိုဆိုးရွားသည်မှာ ပြစ်မှုကျူးလွန်သူ၏ မိခင်ကိုယ်တိုင်က အလောင်းဖျောက်ရာတွင် ပါဝင်ကူညီခဲ့ခြင်းပင် ဖြစ်သည်။

🔥လူမဆန်သည့် ဤရာဇဝတ်မှုအတွက် AA တရားစီရင်ရေးဌာနက ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်မှာ အလွန်ပင် ပေါ့ဆလွန်းလှသည်။

🔥 ပြစ်မှုကျူးလွန်သူများကို ထိရောက်သော ပြစ်ဒဏ်ပေးခြင်း မရှိဘဲ "နောင်တွင် မကျူးလွန်ပါ" ဆိုသည့် ခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးခဲ့ခြင်းသည် တရားဥပဒေစိုးမိုးရေးကို ဖျက်ဆီးလိုက်ခြင်းပင် ဖြစ်သည်။

📌 ဤလုပ်ရပ်သည် သေဆုံးသွားသော ကလေးငယ်နှင့် ကျန်ရစ်သူမိသားစု၏ နာကျင်မှုကို လျစ်လျူရှုရုံတင်မကဘဲ ရာဇဝတ်သားများကို အားပေးအားမြှောက်ပြုရာ ရောက်နေသည်။

📌 အမှုကျူးလွန်သူများကို လွှတ်ပေးပြီးနောက် ချက်ချင်းဆိုသလိုပင် AA က "သက်ငယ်မုဒိန်းမှု ပပျောက်ရေး" ဆိုသည့် ခေါင်းစဉ်ဖြင့် လက်ကမ်းစာစောင်များ ဖြန့်ဝေနေခြင်းမှာ လူရယ်စရာ ဖြစ်ရပ်တစ်ခုသာ ဖြစ်သည်။ လက်တွေ့တွင် ရာဇဝတ်သားကို အရေးမယူဘဲ စာရွက်ဝေနေခြင်းသည် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသည့် ဟန်ပြလုပ်ရပ်သက်သက်သာ ဖြစ်သည်။

#သုံးသပ်ချက်
၁။ တရားစီရင်ရေး ကမောက်ကမဖြစ်မှု 👉 လူသတ်မှုနှင့် မုဒိန်းမှုကဲ့သို့သော အမှုကြီးများကို ခံဝန်ချက်ဖြင့် လွှတ်ပေးခြင်းသည် ဥပဒေစံနှုန်းများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်သည်။

၂။ လုံခြုံရေးအခြေအနေ စိုးရိမ်ရမှု 👉 ဤကဲ့သို့ တရားစီရင်ရေးကြောင့် နောက်ထပ် ရာဇဝတ်မှုများ ကျူးလွန်ရန် ဝန်မလေးသူများ တိုးပွားလာနိုင်သည်။

၃။ ယုံကြည်မှု ကျဆင်းခြင်း 👉 ပြည်သူကို အကာအကွယ်ပေးမည်ဟု ကြွေးကြော်နေသော အဖွဲ့အစည်းတစ်ခုအနေဖြင့် ထိရောက်သော အရေးယူမှု မလုပ်နိုင်ခြင်းမှာ ၎င်းတို့၏ စီမံခန့်ခွဲမှု အားနည်းချက်ကို ဖော်ပြနေသည်။

📌 အနှစ်ချုပ်အားဖြင့် အေအေအနေဖြင့် လက်ကမ်းစာစောင်ဖြန့်ခြင်းထက် လက်တွေ့ကျသည့် တရားစီရင်ရေးစနစ်ကို ဖော်ဆောင်ရန် လိုအပ်သည်။ ရာဇဝတ်သားကို အရေးမယူဘဲ အသိပညာပေးနေခြင်းမှာ အလုပ်မဟုတ်သည့်အပြင် 👉 ပြည်သူကို ဖင်လှန်ပြလိုက်သည့် တရားစီရင်ရေး 👈အဖြစ်သာ သမိုင်းတွင်ကျန်ရစ်မည်ဖြစ်သည်။

👉 ရခိုင်ပြည်နယ် အင်တာနက်ဖြတ်တောက်မှုနှင့် ULA/AA ၏ မူနှစ်ခွ ကျင့်စဉ် 👈▶️ ရခိုင်ပြည်နယ်အတွင်း အင်တာနက်ဖြတ်တောက်မှု သမိုင်...
01/05/2026

👉 ရခိုင်ပြည်နယ် အင်တာနက်ဖြတ်တောက်မှုနှင့် ULA/AA ၏ မူနှစ်ခွ ကျင့်စဉ် 👈

▶️ ရခိုင်ပြည်နယ်အတွင်း အင်တာနက်ဖြတ်တောက်မှု သမိုင်းကြောင်းကို ပြန်ကြည့်လျှင် အုပ်ချုပ်သူအဖွဲ့အစည်းအပေါ် မူတည်၍ ထောက်ခံအားပေးသူများ၏ ရပ်တည်ချက်သည် ကမောက်ကမဖြစ်နေသည်ကို ပေါ်လွင်စွာ တွေ့မြင်နိုင်ပါသည်။ အထူးသဖြင့် ၂၀၁၉ ခုနှစ် စစ်အစိုးရလက်ထက်နှင့် ၂၀၂၅ ခုနှစ် ULA/AA လက်ထက် အင်တာနက်ဖြတ်တောက်မှုများအပေါ် တုံ့ပြန်ပုံမှာ သိသာထင်ရှားသော မူနှစ်ခွဖြစ်မှု (Double Standard) သဘောတရားကို ပြသနေပါသည်။

▶️ ၂၀၁၉ ခုနှစ် ဇွန်လမှစတင်ကာ မြန်မာအစိုးရက ရခိုင်ပြည်နယ်ရှိ မြို့နယ် (၈) မြို့နယ်ကို အင်တာနက် ဖြတ်တောက်ခဲ့သည်။ ထိုစဉ်က ရခိုင်နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် ULA/AA ကို ထောက်ခံအားပေးသူများက ဤလုပ်ရပ်သည် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ကြောင်း၊ သတင်းအချက်အလက် စီးဆင်းမှုကို ပိတ်ပင်ရန် ရည်ရွယ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။ ကျောင်းသားထုကလည်း အင်တာနက်ပြန်ဖွင့်ပေးရန်အတွက် ထောင်အကျခံကာ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

▶️ သို့သော် ၂၀၂၅ ခုနှစ်သို့ ရောက်သောအခါ အခြေအနေမှာ ပြောင်းပြန်ဖြစ်သွားခဲ့သည်။ ULA/AA က ၎င်းတို့ထိန်းချုပ်ထားသော မြို့နယ် ၁၄ မြို့နယ်တွင် အင်တာနက်နှင့် ဖုန်းလိုင်းများကို ဖြတ်တောက်ထားသည်။ ULA/AA နှင့် နီးစပ်သူများက ဤလုပ်ရပ်သည် “စစ်ဘက်ဆိုင်ရာ လုံခြုံရေးအရ” နှင့် “လေကြောင်းဗုံးကြဲမှု အန္တရာယ်မှ ကာကွယ်ရန်” ဖြစ်သည်ဟု ဆိုကြသည်။ စတားလင့် (Starlink) အင်တာနက်ကို ULA/AA နှင့် ၎င်းတို့၏ မဟာမိတ်များသာ အသုံးပြုခွင့်ရနေပြီး သတင်းထောက်များကိုပင် အချိန်အကန့်အသတ်ဖြင့်သာ သုံးခွင့်ပေးထားသည်။

▶️ ယခင်က အင်တာနက်ဖွင့်ပေးရန် တောင်းဆိုခဲ့သူများသည် ယခုအခါ ULA/AA ၏ ဖြတ်တောက်မှုကို မှန်ကန်သည်ဟု ပြန်လည်ကာကွယ်ပေးနေခြင်းမှာ အင်မတန်မှ ကဂျိုးကဂျောင်နိုင်လှပြီး ၎င်းတို့၏ လုံခြုံရေးအရ အကြောင်းပြချက်မှာလည်း ယုတ္တိမဲ့လွန်းလှပါသည်။

👉 ပထမ ယုတ္တိ 📢: စစ်တပ်အနေဖြင့် ၎င်းတို့အတွက် သတင်းပေးနိုင်သည့် ဆက်သွယ်ရေးလမ်းကြောင်း (အင်တာနက်) ရှိသည့်နေရာကို ဗုံးကြဲဖျက်ဆီးမည်ဆိုခြင်းမှာ လက်တွေ့မကျပေ။ သတင်းပေးသူများအတွက် ဆက်သွယ်ရေး လမ်းကြောင်းပွင့်နေအောင် အင်တာနက်ရသည့်နေရာကို ချန်လှပ်ပြီး တခြား အရေးပါသော နေရာများကိုသာ လေကြောင်းကတိုက်ခိုက်နေရပေလိမ့်မည်။

👉 ဒုတိယ ယုတ္တိ 📢: အင်တာနက်ရလျှင် ဗုံးကြဲခံရမည်ဆိုပါက ၂၀၁၉-၂၀၂၀ ကာလ စစ်တပ်က အလုံးစုံထိန်းချုပ်ထားချိန်တွင် အင်တာနက်လိုင်းများကို ပိုမိုဖွင့်ပေးခဲ့ရမည်ဖြစ်ပြီး ဗုံးကြဲမှုများလည်း ပိုမိုရှိခဲ့ရမည်ဖြစ်သည်။

▶️ ယခုကဲ့သို့ အင်တာနက်ကို အလုံးစုံဖြတ်တောက်ခြင်း သို့မဟုတ် အကန့်အသတ်ဖြင့်သာ သုံးခွင့်ပေးခြင်းသည် လေကြောင်းရန် ကာကွယ်ရေးထက် ULA/AA ၏ 📌 လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် 📌 အကျင့်ပျက်ခြစားမှုများကို ပြင်ပကမ္ဘာက မသိရှိနိုင်စေရန် သတင်းပိတ်ဆို့သည့် သဘောသာ ဖြစ်သည်ဟု ယူဆနိုင်ပါသည်။ ထို့ပြင် သတင်းဆက်သွယ်ရေးကို ULA/AA မိသားစုများက လက်ဝါးကြီးအုပ်ပြီး 📌 ဆက်သွယ်ရေးနှင့် 📌 ငွေအလွှဲအပြောင်းလုပ်ငန်းများဖြင့် စီးပွါးရေးလုပ်ရန်အတွက်လည်းဖြစ်သည်။

▶️ အချုပ်အားဖြင့်ဆိုရသော် တစ်ချိန်က အင်တာနက်ပိတ်မှုကို လူ့အခွင့်အရေးဟု အော်ဟစ်ခဲ့သူများက ယခုအခါ မိမိတို့လက်အောက်တွင် အလားတူလုပ်ရပ်မျိုးကို အားပေးထောက်ခံနေခြင်းဖြင့် ၎င်းတို့၏ ရပ်တည်ချက်မှာ 👉 ပြည်သူ့အခွင့်အရေးထက် အာဏာပိုင်အဖွဲ့အစည်း၏ အကျိုးစီးပွားပေါ်တွင်သာ အခြေခံနေကြောင်း 👈 မီးမောင်းထိုးပြနေပါသည်။

👉 မဆီ‌လေးရယ်တဲ့  အို .. မဆိုင်▶️ လက်ရှိ ရခိုင်ပြည်နယ်တွင် ပြည်မမှဝင်ရောက်သည့် ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ခံရခြင်...
01/05/2026

👉 မဆီ‌လေးရယ်တဲ့ အို .. မဆိုင်

▶️ လက်ရှိ ရခိုင်ပြည်နယ်တွင် ပြည်မမှဝင်ရောက်သည့် ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ခံရခြင်း၊ ULA/AA ၏ စစ်ရေးအရ အရေးပါသောနေရာများနှင့် လူထုစည်းရုံးရာ ကျောင်း၊ ဆေးရုံ၊ ဘုန်းကြီးကျောင်းများ လေကြောင်းမှ ဗုံးကြဲခံရခြင်းတို့မှာ သတင်းဌာနများက တည်နေရာနှင့်တကွ သတင်းရေးသားခြင်းကြောင့်ဖြစ်သည်ဟု ULA/AA ခေါင်းဆောင်များနှင့် လော်ဘီများက စွပ်စွဲလျက်ရှိသည်။

▶️ သို့သော် မြန်မာနိုင်ငံကို နှစ်ပေါင်းခုနစ်ဆယ်ကျော် စစ်အာဏာဖြင့်အုပ်ချုပ်လာခဲ့သော စစ်အစိုးရတစ်ရပ်အနေဖြင့် သတင်းထောက်လှမ်းရန် မီဒီယာများကို အားကိုးနေစရာမလိုဘဲ ၎င်းတို့မြှုပ်နှံထားသော သူလျှိုများနှင့် သတင်းပေးများမှာ နေရာအနှံ့တွင် ရှိနေနိုင်သည်။

▶️ ထို့အပြင် ULA/AA အုပ်ချုပ်ရေးပိုင်း၏ စည်းရုံးရေးညံ့ဖျင်းမှုနှင့် လူထုအပေါ် ဖိနှိပ်မှုများကြောင့် လူထုထဲမှ သတင်းပေးသူများ ပေါ်ပေါက်လာနိုင်သည်ဟူသော အချက်ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။

▶️ တဘက်တွင် သတင်းဌာနများသည် စစ်အစိုးရအား အမှန်တကယ် သတင်းပေးလိုပါက ယခုကဲ့သို့ လူသိရှင်ကြား ဗြောင်ကျကျ သတင်းရေးသားလိမ့်မည်မဟုတ်သည်ကို စဉ်းစားတတ်သူတိုင်း သိရှိနိုင်သည်။

▶️ အကယ်၍ ထိုသို့သော ရည်ရွယ်ချက်ရှိပါက ထိုသတင်းသမားများသည် ULA/AA နှင့် လူထုအကြား ယုံကြည်မှုရအောင် ဦးစွာတည်ဆောက်ပြီး အတွင်းကျကျ သတင်းများကို ရသလောက်နှိုက်ယူကာ ရေရှည်သတင်းပေးနိုင်ရေးအတွက် လျှို့ဝှက်စွာ နေထိုင်ပေလိမ့်မည်။ ထို့ကြောင့် မီဒီယာများ၏ ပွင့်လင်းမြင်သာသော တင်ပြချက်များကို အကြောင်းပြ၍ ပစ်မှတ်ထားခြင်းမှာ အခြေအမြစ်မရှိသော စွပ်စွဲချက်များသာ ဖြစ်သည်။

▶️ ULA/AA ခေါင်းဆောင်များနှင့် လော်ဘီများက Western News ကဲ့သို့သော သတင်းဌာနများကို "အမျိုးသားသစ္စာဖောက်" အဖြစ် ပုံဖော်နေခြင်းမှာ 👉 ၎င်းတို့အတွင်းပိုင်းရှိ လာဘ်စားခြစားမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖုံးကွယ်ရန် လူထုအားမှိုင်းတိုက်နေခြင်းသာဖြစ်သည်။
👉 ULA/AA အောက်ခြေတွင် တရားစီရင်ရေး ညံ့ဖျင်းမှုများ၊ အမှုများကို နှစ်နှင့်ချီ၍ ကြန့်ကြာအောင် ပြုလုပ်ထားမှုများနှင့် တရားသူကြီးများ၏ အဂတိလိုက်စားမှုဖြစ်စဉ်များကို မီဒီယာများက ပြည်သူ့ဘက်မှ ရပ်တည်ကာ ထောက်ပြတင်ပြနေခြင်းကြောင့် ဖြစ်သည်။
👉 ကုန်စည်စီးဆင်းမှုတွင် အခွန်အခများကို အဆမတန်ကောက်ခံနေသည့် ဖြစ်စဉ်များ ပေါ်ပေါက်လာခြင်းကို ဖုံးဖိရန်အတွက် မီဒီယာများကို အပြစ်ဖို့ကာ လူထုအမြင်မှားအောင် လုပ်ဆောင်နေခြင်းသာ ဖြစ်သည်။

▶️ အချုပ်အားဖြင့်ဆိုရသော်
👉 သတင်းမီဒီယာများကို တိုက်ခိုက်နေခြင်းသည် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ ညံ့ဖျင်းမှုများကို ဖုံးကွယ်ရန်အတွက် အသုံးပြုသည့် ULA/AA ခေါင်းဆောင်များ၏ဝါဒဖြန့်မှုတစ်ခုသာ ဖြစ်သည်။
👉 မီဒီယာများ၏ သတင်းမှန်တင်ပြမှုများအပေါ် ရန်သူ့သတင်းပေးအဖြစ် ပုံဖျက်ခြင်းသည် လူထုကို အမှောင်ချခြင်းဖြစ်ပြီး တရားမျှတသော လူ့အဖွဲ့အစည်း တည်ဆောက်ရေးအတွက် ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်စေသည်။
👉 အမှန်တရားကို ဖော်ပြသည့် အသံများဆိတ်သုဉ်းသွားစေခြင်းထက် မြေပြင်တွင် အမှန်တကယ် ဖြစ်ပျက်နေသော ကျင့်ဝတ်ပျက်ပြားမှုနှင့်ခြစားမှုများကို ပြုပြင်ပြောင်းလဲခြင်းကသာလျှင် ULA/AA အနေနှင့် လူထု၏ ယုံကြည်မှုကို ပြန်လည်ရရှိစေမည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း စေတနာရှေ့ထား၍တင်ပြလိုက်ပါသည်။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Arakan Revo Pro Maxผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์