Easy Visa Service

Easy Visa Service Thailand Visa Appointment Service

07/02/2025

Ygn thailand embassy appointment ပွင့်နေတယ် ။ ၁၃ ၊ ၁၄ နှစ်ရက်စာ ပွင့်နေတာပါ

Visa တွေကို Reject ထိထိနေတဲ့ First Name ပြသနာ ဖြေရှင်းခြင်းhttps://www.thaievisa.go.thမှာ visa တင်ရင်ပုံ -၁Account အရင်ဖ...
29/01/2025

Visa တွေကို Reject ထိထိနေတဲ့ First Name ပြသနာ ဖြေရှင်းခြင်း

https://www.thaievisa.go.th
မှာ visa တင်ရင်
ပုံ -၁
Account အရင်ဖွင့်တဲ့အခါ ထည့်ရမယ့် First Name,Family Name ကခွဲရေးလို့ရပါတယ်။
ပုံ-၂
Apply For a new visa ကိုနှိပ်ပြီး visa လျှောက်တဲ့အခါ

ပုံ-၃ ရောက်ရင်
First Name မှာတင် ကိုယ်နာမည်အပြည့်စုံရေးပေးရပါတယ်။
(သတိချပ်။ ။ ⚠️⚠️⚠️passport photo ကိုအရင်မတင်ပဲ form ရေးပြီးတင်ပါက First Name ကစာတွေ Family Name ပြောင်းသွားတတ်တာမို့။ ပြန် First Name ပြောင်းပေးဖို့လိုတယ်နော်။
အခြား passport info တွေလဲသေချာပြန်စစ်ပါ။)

29/01/2025

Visa reject နိုင်ချေအများဆုံး အကြောင်းအရာများ

⚠️နာမည် အပြည့်အစုံကို First Name မှာမထည့်မိချင်။
⚠️Personal Info/ Passport Data မှားရေးခြင်း။
⚠️Document မစုံခြင်း။
⚠️Bank statements account များထပ်နေခြင်း။
⚠️Evsia account တခုတည်းမှာ form များစွာ တင်ခြင်း။

ငွေချေ Appointment ရပြီးမှ မဝင်ရတဲ့အကြောင်းအရင်းများ။

⚠️ ငွေပေးချေသူ information မှားခြင်း။
⚠️ ငွေချေ qr id code မှားထည့်ခြင်း။
⚠️ တရကိတည်း appointment တစ်စောင်အထက်ယူမိခြင်း။

Thailand evsia ကိုယ်တိုင်လျှောက်သူများအတွက် လိုအပ်သည့်အဆင့်များ။အဆင့် ၁။https://www.thaievisa.go.th ပထမဆုံး account ဖွင်...
26/01/2025

Thailand evsia ကိုယ်တိုင်လျှောက်သူများအတွက် လိုအပ်သည့်အဆင့်များ။

အဆင့် ၁။
https://www.thaievisa.go.th ပထမဆုံး account ဖွင့်ရပါမယ်။
⚠️ first name , family name ပြဿနာမရှိပါ။
⚠️ email ကိုတော့ valid ဖြစ်တဲ့ email ထားပေးပါ။ evsia ရရင် အဲ့ email ကိုပို့ပေးတာပါ။

အဆင့် ၂။
https://www.thaievisa.go.th မှာ စောန account ဝင်ပြီး “Apply a new Visa” ကိုနှိပ်ပြီး လိုချင်တဲ့ visa လျှောက်လို့ရပါပြီး။
⚠️ သံရုံးကို ရန်ကုန် သံရုံးရွေးရန်။
⚠️ Name ရေးတဲ့အခါ First Name မှာပဲတစုတည်းရေးရန်။
⚠️⚠️⚠️passport photo တင်တဲ့အခါ Name တွေက Family Name ပြောင်းသွားတတ်ပါသည်။ သတိကြီးကြီးထားပြီး First Name မှာရေးပါ။ reject case မို့ပါ။
(First name မှာမထည့်မိလို့ rejected လုပ်ခံရတဲ့ email လေး ကို ပုံမှာ တင်ပေးထားပါတယ်။)
⚠️ တငိရတဲ့ documents size သည် 3Mb အောက်သာဖြစ်ရမည်။ ဒါကြောင့် သက်ဆိုင်ရာ documents အချင်းချင်းတွေပြီးရင် combine pdf နှင့် pdf size ပြန်ချုံပေးရပါတယ်။
⚠️ form ဖြည့်တဲ့အခြေနေကို draft အဆင့်လို့ခေါ်ပြီး website မှ ကိုယ့် form ကို 2 ပတ်အထိပဲသိမ်းထားပေးပါတယ်။
⚠️ Evsia ပြောင်းပြီး နောက် photo size သည့် restriction မရှိတော့ပေမယ့် အဖြူခံ background ပေါ်မှာရိုက်ထားတဲ့ပုံဖြစ်ရပါမယ်။

အဆင့် ၃။ form အကုန်ဖြည့်၊ စစ်ပြီးပြီးဆိုရင် ၊ submit လုပ်ပါ။
ပြီးရင် procced to payment-> Pay at Embassy နှိပ်ပြီး၊ payment QR လေးကျလာပြီ။

အဆင့် ၄။ payment qr လေးကျရင် အဲကောင်လေး print ထုတ်၊
အဲက
YGN0000000000-I-000000 ဆိုတဲ့ code
ငွေသွင်းပေမယ့်သူနာမည်
ငွေသွင်းမယ့်သူရဲ့ NRC နောက်ဆုံး ၆ လုံး
Email
Phone
တင်ထားသည့်လူဦး ကို
http://www.thaiconsularyangon.com/
မှာ form တင်ပြီး appointment ယူတင်ပေးရပါတယ်
Or
Appointment ရက်ကျပ်နေပါက
ကျွန်တော်တို့ Easy Visa Service Page မှာ appointment လာယူလို့ရပါတယ်။

အဆင့်၅။
သတ်မှတ်ရက် မှာ appointment ရယ် ၊payment qr ရယ် ၊ ငွေသွင်းသူမှတ်ပုံတင်ရန် သံရုံးသွား ငွေသွင်းပြီးရင်
Evsia Form ရဲ့ Status မှာ prepared documents->pending Approvals->(request documents)->(request interview)-> approved/reject ဆိုပြီး evsia လေး ရရှိလာမှာပါ။

Visa လျှောက်သူ အားလုံး အဆင်ပြေချောမွေ့ကြပါစေ။
===================
Visa အတွက် ငွေချေဖို့ appointment များကို ကျွန်တော်နေ့စဉ်ရယူပေးနေသေးပါသည်။

⚠️⚠️ လက်ရှိ information အားလုံးသည် စာရေးသူ ၏ အတွေ့အကြုံများကိုသာ sharing လုပ်ပေးချင်ဖြစ်ပါသည်။

Thai Visa တင်မည့် ကာကာတို့ကို သတိလေးပေးချင်တာလေးပါ။❤️Payment slip အောက်ကပုံစံမျိုးလေးရတဲ့အထိ form ကို တင်ပေးရပါမယ်။ အောက...
25/01/2025

Thai Visa တင်မည့် ကာကာတို့ကို သတိလေးပေးချင်တာလေးပါ။

❤️Payment slip အောက်ကပုံစံမျိုးလေးရတဲ့အထိ form ကို တင်ပေးရပါမယ်။
အောက်ကပုံလေးပေါ်လာပြီးဆိုရင် appointment တင်လို့ရပါပြီး။

❤️Appointment မတင် payment slip မှာ
နာမည်အပြည်အစုံပေါ်ရဲ့လား။ နာမည်ရှေ့မှာ - ဆိုတာ ပါနေလား။(မပါရပါ)
သေချာ စစ်ဆေးပေးပါ။
‼️‼️ကိစ္စသေးသေးလေးကြောင့် passport information မတူလို့ဆိုပြီး reject ထိပြီး သွင်းငွေလည်း ဆုံးရှုံးနိုင်ပါတယ်။‼️‼️

ပြီးရင် request number လေးမှတ်ထားပြီး ကျွန်တော်တို့ Easy visa ကို appointment အတွက်လာရောက်စုံစမ်းလို့ရတယ်နော်။
==========================================

ခရီးကပြန်ရောက်လို့ Payment သွင်းဖို့ Appointment လေးတွေ ပြန် လက်ခံနေပါပြီး။

Appointment ရမှပေး ၁၅၀၀၀ ပါ။

အရင်ကထပ်ပိုစိတ် ချရတဲ့ ပုံစံ အသစ်လေးနှင့် ပြန်လာတာမို့ နှစ်ဆ ပိုယုံလို့ရပါတယ်နော်။

EVisa Pay Appointment ယူရခက်‌နေသူများအတွက် ကျွန်တော်တို့ Easy Visa Service မှဝန်ဆာင်မှုပေး နေပါပြီ။Appointment ရမှ ပေး ၁...
25/01/2025

EVisa Pay Appointment ယူရခက်‌နေသူများအတွက် ကျွန်တော်တို့ Easy Visa Service မှဝန်ဆာင်မှုပေး နေပါပြီ။

Appointment ရမှ ပေး ၁၅၀၀၀ ကျပ်ပါ။

15/01/2025

eVisa လျှောက်သူများ အမှားများတဲ့အချက်များ

၁။ Evisa form မှာ passport ပုံထည့်တဲ့အခါ First , Middle, Family Name အကုန် Family Name ကိုပြောင်းသွားတတ်တယ်။
(သံရုံးက Family Name မှာ နာမည်အကုန်ရေးရင် reject ထိပါတယ်တဲ့။ ထိတဲ့သူတွေလဲ တွေ့ရပါတယ်။)
Name အကုန် First Name မှာထားပေးပါ။

၂။ Evsia form တင်ပြီးတဲ့အခါ payment information ကျပါတယ်။ YGN-ဂဏန်း၁၀လုံး-I-ဂဏန်း၆လုံး ဆိုတာရပါမယ်။
(*****ပြီးရင် ဒီအတိုင်း စောင့်နေရမှာမဟုတ်ပါ)
ထို့နောက် appointment website မှာ သံရုံးမှာ ငွေချေဖို့ ရက်ယူပေးရပါမယ်နော်။
ငွေမချေရသေးရင် - pending payment ပါ။
ငွေချေပြိးရင်- pending documentation check, (request documents), pending approval , (request interview), approved/reject အဲလိုအဆင့်ဆင့်ပြောင်းပါတယ်

15/01/2025

သံရုံး ငွေပေးချေဖို့ appointment တွေ မြန်မာစံတော်ချိန် ၆:၃၀ ဆို တရက်စာ တရက်စာ ပြန်ပွင့်ပါတယ်နော်။တရက်ကို အယောက်၅၀၀ ဖွင့်ထားပေးပါတယ်။
ဒီနေ့အတွက် ၂၂ ရက်နေ့ ပွင့်ပြိးသွားပြီ

Evisa ပြောင်းသွားလို့ လုပ်ရတာအခက်အခဲရှိရင်လာမေးလို့ရပါတယ်နော်။သတိထားရမှာကVisa လျှောက်မယ်ဆို အပိုင်း၄ ပိုင်းပါပါမယ်နော်။h...
01/01/2025

Evisa ပြောင်းသွားလို့ လုပ်ရတာအခက်အခဲရှိရင်လာမေးလို့ရပါတယ်နော်။
သတိထားရမှာက
Visa လျှောက်မယ်ဆို အပိုင်း၄ ပိုင်းပါပါမယ်နော်။
https://www.thaievisa.go.th မှာ အရင် account ဖွင့်ရပါမယ်။
ပြီးရင် visa form တင်ရပါမယ်။
Submit ပြီးတဲ့အခါ visa from id code လေး ရလာပြီးဆို

https://www.thaiconsularyangon.com/evisapay/index.php/make-an-appointments
မှာရက်ချိန်းယူရပါမယ်နော်။

ရက်ချိန်းရပြီး ငွေသွင်းပြီးမှ အတည်ပါနော်။

သတိချက်ရမှာ evsia form ကိုငွေ မသွင်းသေးပဲထားရင် ၂ ပတ်ထိပဲထားလို့ရတာမို့ ၂ ပတ်ထပ်မကျော်တဲ့ ငွေချေတဲ့ appointment ရက်ကိုရဖို့လိုပါတယ်

Royal Thai Embassy, Yangon Visa Booking Online

13/12/2024

DTV visa သိကောင်းစရာများ(၁)

DTV visa က ၅ နှစ်တိတ် သက်တန်းတိုးစရာ မလိုတဲ့ visa ပါ။
ဒါပေမယ့်
DTV visa နှင့် တခါဝင်တိုင်း ၆ လပဲနေလို့ရပါတယ်။ extension အနေနှင့် နောက်ထက် ၆ လ ရပါတယ်။
ပြီးရင် နိုင်ငံအပြင်ပြန်ထွက်ရပါတယ်။

Long time Visa ဟူသည် ထိုင်းမှာ နှစ်ချီ နေထိုင်ခွင့်ဖြစ်ပါသည်။
DTV သည် ၆ လပဲ ရသည့်အတွက် long time visa တမျိုးမဟုတ်ပါ။

12/12/2024

Appointment တရက် တရက် အယောက် ၂၅၀ ပဲappointment ပေးတာတောင် ပြုံတိုးနေကြတာ။
Evisa မှာ့တင်တာ အကန့်အသတ်မရှိ၊ စောစောပိုက်ဆံချေနိုင်ဖို့ပဲဆိုတော့ တရက်တရက် ထောင်ချီသွားမလားပဲ။
နယ်ပေါင်းစုံကအစ ရန်ကုန်သွားစရာမလိုပဲ တင်လို့ရနေတော့။

Appointment က ၂၄ ရက်အထိပဲပါပဲတဲ့
12/12/2024

Appointment က ၂၄ ရက်အထိပဲပါပဲတဲ့

ที่อยู่

Bangkok

เบอร์โทรศัพท์

+959969776667

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Easy Visa Serviceผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์