Students' Union League for Myanmar Nursing and Midwifery Training Schools

Students' Union League for Myanmar Nursing and Midwifery Training Schools The Officialpageof Students’Union League for Myanmar Nursing and Midwifery Training Schools✅
(2)

၁၉ ဇူလိုင် – အာဇာနည်နေ့“အာဇာနည်တို့၏ သွေးချင်းများက သမိုင်းကို ရေးသားခဲ့ကြသလို၊ ယနေ့ခေတ်၏ စွန့်လွှတ်အနစ်နာခံမှုများကလည်း...
19/07/2026

၁၉ ဇူလိုင် – အာဇာနည်နေ့

“အာဇာနည်တို့၏ သွေးချင်းများက သမိုင်းကို ရေးသားခဲ့ကြသလို၊ ယနေ့ခေတ်၏ စွန့်လွှတ်အနစ်နာခံမှုများကလည်း သမိုင်း၏ စာမျက်နှာများပေါ်တွင် ဆက်လက်မှတ်တမ်းတင်လျက် ရှိနေသည်။”

နိုင်ငံနှင့် ပြည်သူအတွက် အသက်ပေးအနစ်နာခံခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများကို လေးလေးနက်နက် ဂုဏ်ပြုအောက်မေ့အပ်ပါသည်။

ထို့အပြင် ယနေ့တော်လှန်ရေးကာလအတွင်းများကြောင့်
မြင့်မြတ်စွာ ကျဆုံးခဲ့ကြသည့် တော်လှန်ရေးရဲဘော်များ၊ ကျန်းမာရေးဝန်ထမ်းများ၊နှင့် အပြစ်မဲ့ပြည်သူများအသက်များအားလုံးကိုလည်း လေးစားဝမ်းနည်းစွာ အောက်မေ့ဂုဏ်ပြုအပ်ပါသည်။

ကျဆုံးသွားသူများ၏ စွန့်လွှတ်အနစ်နာခံမှုများကို
မမေ့လျော့ဘဲ၊ ဒဏ်ရာရခဲ့သူများ၊ နေအိမ်စွန့်ခွာခဲ့ရသူများ၊ မိသားစုနှင့် ခွဲခွာခဲ့ရသူများ၊ ကျန်ရစ်သူမိသားစုဝင်များနှင့်လည်း ထပ်တူဝမ်းနည်းစိတ်ဖြင့် ရပ်တည်လျက်ရှိပါသည်။

သမိုင်းကို မေ့လျော့ခြင်းမရှိ၊ အသက်ပေးခဲ့သူများကို
မေ့ပျောက်ခြင်းမရှိ။ အတိတ်၏ အာဇာနည်များနှင့် ယနေ့ခေတ်တွင် အသက်ပေးခဲ့သူအားလုံး၏ စွန့်လွှတ်အနစ်နာခံမှုကို လေးစားစွာ ဦးညွှတ်အောက်မေ့အပ်ပါသည်။

🕯️ ၁၉ ဇူလိုင် — မမေ့၊ မလျော့၊ မပျောက်။

#အောက်ပါပုံများသည် CDM သူနာပြုကျောင်းသား၊သူများမှ ပေးပို့လာသော “၁၉ ဇူလိုင် မမေ့နိုင် “ အောက်မေ့ဖွယ် ပုံများ
ဖြစ်ပါသည်။

#အာဇာနည်နေ့

17/07/2026

လိုအပ်နေတဲ့ ပညာရပ်တွေကို ဆက်လက်သင်ယူခွင့်ရအောင် ဆောင်ရွက်ပေးခဲ့သော RCN မှ ဆရာကြီး၊ ဆရာမကြီးများနဲ့ AUON မှ ဆရာများကို ကျေးဇူးတင်ပါတယ်။

အခွင့်အရေးဆိုတာ တောင်းဆိုနေတာထက် ကိုယ်တိုင်ရယူနိုင်ဖို့ ကြိုးစားတာ ပိုကောင်းတယ်ဆိုတာကို သိစေခဲ့လို့ RCN နဲ့ AUON ကို ကျေးဇူးတင်ပါတယ်။

ကျောင်းသားကို အလိုလိုက်ပေမယ့် အရည်အသွေးကို တစက်မှ အထိမခံခဲ့တဲ့ RCN နဲ့ AUON ကို တစ်ခုလောက်ပြောချင်ပါတယ်၊
ပင်ပန်းပေမယ့် ပျော်ပါတယ်။

ဆက်လက်လေ့လာ မျှဝေရင်းနဲ့ မြေပြင်အတွက် လိုအပ်နေတဲ့ ပညာရပ်တွေ ကျွမ်းကျင်စေဖို့ ကျောင်းဆက်တက်ဖို့ စောင့်နေပါ့မယ်။





17/07/2026

Proud of every member of the AUON team!

You held First Convocation Ceremony on June 17, 2026.
You have turned a new page. I’m so proud you have overcome so many obstacles to move forward with education.

Across Myanmar, some teachers and students have had to pause their work for many reasons — but so many of you have stayed strong and kept forging ahead.

Teachers exist because of students; schools stand because of teachers.

We’re also proud to have partnered with international experts from RCN to deliver high-quality nursing education.

To all our students and teachers from across Myanmar: we (SULMNMTS ) are glad you are now in safe places. Please stay alert, and take good care of yourselves.

Proud of you all!

ဆက်ကြိုးစားကြပါရှင် နားမလည်တာတွေရှိရင် အတူတူ အဖြေရှာကြမယ်၊ အတူတူ ဆွေးနွေး တိုင်ပင်ကြမယ် 🤍
25/06/2026

ဆက်ကြိုးစားကြပါရှင်
နားမလည်တာတွေရှိရင် အတူတူ အဖြေရှာကြမယ်၊ အတူတူ ဆွေးနွေး တိုင်ပင်ကြမယ် 🤍

😪😔 ဇတ်ကြောတအားတက်လာလို့ ခဏမှေးနေတုန်း

တီချယ် သမီးတို့ "Preliminary Discussion" တဲ့ 😲
ဘာတုန်းဟ မနေ့တနေ့ကမှ ဘွဲ့ယူထားတဲ့သုက ငါ့လာ အာရုံစားနေသလားပေါ့
စံထိပ်ထားတို့ မျက်လုံး အားယူပြန်ဖွင့်ရပြီလေ 🙄
ပြီးတော့ ဆက်ပြောသေး
"ICMNMTS က ကျောင်းသားတစ်ယောက်ကို Guide တစ်ယောက်စီနဲ့ပါ့ပဲ အတော်ချမ်းသာတဲ့ ကျောင်းပါ့ပဲ"

😂 အော်ရယ်လိုက်မိတယ် ညဉ့်နက်မှပဲ

တနေကုန် အဖြေလွှာတွေ သိမ်းလိုက် ထည့်ပေးလိုက်နဲ့ အလုပ်ရှုပ်နေတာ Recording ကို နားလည်အောင်နားမထောင်၊ မေးခွန်းလည်း သေချာမဖတ်၊ ပေးထားတဲ့ reference book ကိုလည်း မဖွင့်ဘဲ ဖြေထားတာတွေတွေ့ပြီး ခေါင်းကိုက်နေတာ ခုမှပဲ ပျောက်သွားတော့တယ် 😁

ကိုယ်လည်း အကြောင်း သိတော့ပြန်မေးလိုက်တယ်
စံထိပ်ထား : "ဘယ်အဖွဲ့က စာလာမေးတာလဲ"
ကျောင်းပြီးပြီးသား သမီးတော် : "------ အဖွဲ့ပါ တီချယ်"
စံထိပ်ထား : "Preliminary ဆိုတာ သူတို့နဲ့ မတွေ့ခင် အရင် သမီးတို့ အကြီးတွေ အချင်းချင်း အရင် ဆွေးနွေးကြတာလား"
ကျောင်းပြီးပြီးသား သမီးတော် : ဟုတ်တယ်တီချယ် အငယ်လေးတွေ မေးရင် ‌ဖြေနိုင်အောင် အရင်ပြန်ဆွေးနွေးနေကြတာ၊ သူတို့က သေချာနားမထောင်ကြတာရယ် သေချာလိုက်မစဉ်းစားတတ်တာကြောင့်ရယ် ထင်တာပဲ တီချယ်"

စံထိပ်ထား : "အေးအေး fighting, အယ့် တစ်ခုနဲ့ နားမလည်ရင် နောက်ထပ်ရှိတဲ့နေရာတွေ ပြောပေးလိုက်ဦး"

ကျောင်းပြီးပြီးသား သမီးတော် : "ဟုတ်ကဲ့"

ကိုယ် တကယ်သဘောကျတာ ဒီကာလ စာလုပ်တဲ့ကလေးတွေကိုလေ

** ပထမအချက်က ဇွဲကောင်းတာ၊ ဘယ်လောက်များများ ဘယ်လောက်ကြာကြာ ပြီးအောင်လုပ်မယ်ဆိုတဲ့ စိတ်လေးရှိကြတယ်

** ဒုတိယအချက်က ကူညီနိုင်မယ့်သူကို ရှာတတ်တာ၊ သူတို့ကြိုးစားကြည့်တယ် မရဘူး အယ့်တော့ သူတို့ကို ဘယ်သူ ကူနိုင်လဲပေါ့ Medical Subject တွေဆိုရင် အတူတူ ရှိနေတဲ့ ဆရာဝန်တွေဆီရောက်သွားပြီ အမယ် Nursing Subject တွေကျတော့ ဘွဲ့ရပြီးသား သူတို့အမတွေဆီနဲ့ ကျောင်းဆက်တက်နေသူတွေဆီ ရောက်သွားပေါ့

** တတိယအချက်က ပူးပေါင်းလုပ်ဆောင်တတ်တာ ဒေသတူချင်းဖြစ်စေ၊ အတန်းတူချင်းဖြစ်စေ၊ အချင်းချင်း ပူးပေါင်းအဖြေရှာကြတယ် ကိုယ်နားလည်တာ သူနာလည်တာ အပြန်အလှန် မျှဝေကြတယ် ကိုယ်တစ်ခုခုရသွားပြီးဆိုတာ အခြားသူတွေကိုပါ သိအောင် လိုက်ပြောပြချင်ကြတာ

ပါဝင်ဆောင်ရွက်နိုင်သူ၊ ကူညီပေးနိုင်သူ နည်းလို့ ပင်ပန်းပေမယ့် ဒီလိုကလေးတွေကြောင့် တောင့်ခံနိုင်နေသေးတာပါ

လာကူတဲ့ မမကြီးတွေရော
ကြိုးကြိုးစားစား စာလုပ်ကြတဲ့ အငယ်လေးတွေရော ချစ်တယ်နော် 💖

23/06/2026

လာရောက် ဆက်သွယ် မေးမြန်းနိုင်ပါတယ် ။

🌹8️⃣1️⃣🌹
19/06/2026

🌹8️⃣1️⃣🌹

အားလုံးပဲ မင်္ဂလာပါရှင် ....ယနေ့မှာကျရောက်တဲ့ International Nurses Day မှာ ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ သူနာပြုများနဲ့ နိုင်ငံ...
12/05/2026

အားလုံးပဲ မင်္ဂလာပါရှင် ....
ယနေ့မှာကျရောက်တဲ့ International Nurses Day မှာ
ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ သူနာပြုများနဲ့ နိုင်ငံနေရာဒေသစုံမှာ ရောက်ရှိ တာဝန်ထမ်းဆောင်နေသော သူနာပြုညီအစ်ကို မောင်နှမများအားလုံးကို လေးစားလျှက်ပါ။

အာဏာသိမ်းပြီးကာလမှာ အသက်ပေးဆုံးရှုံးခဲ့ရသော သူနာပြုများအားလုံးကိုလည်း လေးစားဦးညွှတ်ပါတယ်ရှင်။

ကျွန်မအနေနဲ့ သူနာပြုတစ်ယောက်ဖြစ်လာဖို့အတွက် အခက်အခဲ များစွာ တွေ့ကြုံခဲ့ရပါတယ်။
အခြားသူများလည်း မတူညီကြတဲ့ အခက်အခဲမျိုးစုံ
တွေ့ကြုံကြရတာ အမှန်ပါပဲ။
လူနာတွေအတွက် ပိုမိုကောင်းမွန်တဲ့ quality nursing care တွေပေးနိုင်ဖို့ရန်အတွက်
ကျွန်မ သားဖွားဆရာမတစ်ယောက်အနေနဲ့ မရပ်တန့်ခဲ့ပါဘူး ။

ဒါကြောင့် Nursing Diploma ကို တက်ရောက်ဖို့
ကြိုးစားခဲ့ပြီး ဆက်လက်လေ့လာခဲ့ပါတယ်။
ဒီလို လေ့လာနေတဲ့အချိန်မှာ 2021 ခုနှစ်မှာ
အာဏာသိမ်းကာလနဲ့ ကြုံတွေ့ရပြန်ပါတယ်။
အဲ့အချိန်မှာ ကျမဟာ တတိယနှစ် ကျောင်းသူတစ်ယောက်ဖြစ်ပြီး ကျောင်းပြီးဖို့ second semester သာ ကျန်တော့တဲ့အချိန်လေး ဖြစ်ပါတယ်။

ဘာဆက်လုပ်ရမှန်း မသိဖြစ်နေတဲ့အချိန်
ပညာဆက်လက်လေ့လာချင်တဲ့ ကျောင်းသား/သူတွေအတွက် အခွင့်အလမ်းရရှိစေရန် ကြိုးစားပေးနေတဲ့
ICMNMTS က တီချယ်တွေရဲ့ ကျေးဇူးကြောင့်
Diploma Level ကို ပြီးမြောက်အောင်မြင်ခွင့် ရခဲ့တယ်။
ဒါ့အပြင် ဆက်လက်ပြီး Continuous Learning လုပ်နိုင်ဖို့အတွက် Bachelor Level ထိ လေ့လာနိုင်အောင်
ကိုယ်ကျိုးမငဲ့ဘဲ ကြိုးစားလမ်းဖွင့်ပေးတဲ့
တီချယ်‌‌တွေနဲ့ ပြည်ပက သူနာပြုနယ်ပယ်မှ ပညာရှင်များချိတ်ဆက်ပြီး ပူးပေါင်းဖွင့်လှစ်တဲ့ Bridging ကိုလည်း အောင်မြင်စွာ တက်လှမ်းခွင့် ရခဲ့ပြန်တယ်။

ဒီလို လှေခါးထစ်လေးတွေ အောင်မြင်စွာ တက်လှမ်းနိုင်ဖို့ အချိန်ကုန် အပင်ပမ်းခံ ၊ကိုယ်ကျိုးမကြည့်အနစ်နာခံခဲ့ကြသော ကျွန်မတို့ချစ်ရသော တီချယ်များ ၊ Professor များကို အထူးကျေးဇူးတင် ဂါရဝပြုပါတယ်ရှင်။

Bridging ကာလတစ်လျှောက် စိတ်ဓာတ်ကျချိန်
စိတ်ဓာတ်ခွန်အားပေးခြင်း ၊ အခက်အခဲကြုံတွေ့ချိန် လမ်းကြောင်းလေးတွေ ညွှန်ပြပေးခဲ့သော
Facilitator တီချယ်များ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။ မှတ်မှတ်ရရတစ်ခုအနေနဲ့
ကျွန်မ Bridging ကာလမှာ ကြုံတွေ့ခဲ့ရတဲ့ အမှတ်တရလေးတစ်ခုကို မျှဝေချင်ပါတယ်....

ကျွန်မအနေနဲ့ သင်တန်းကာလ စာတွေလေ့လာနေတဲ့အချိန်
နို့စို့ကလေးငယ်လေးနဲ့အခက်အခဲအချို့ ရှိခဲ့တယ်....
ဒါကို သိတဲ့အတွက် ကျွန်မတို့ရဲ့ Facilitator တီချယ်များထဲမှ တီချယ်တစ်ယောက်ရဲ့ အကြံပေးမှုနဲ့ ဖြတ်ကျော်နိုင်ခဲ့တဲ့ အပိုင်းလေးလဲ ရှိခဲ့တယ်။
ကျွန်မတို့ကို စာလေ့‌လာရင် ဒီပုံစံ ဒီတိုင်းလုပ်ရမယ်ဆိုတဲ့ အတွေးထဲကနေ ဖယ်ထုတ်ပေးပြီး
"သမီးရေ.....ခုတိုင်းလေး စာလုပ်ရတာ အဆင်မပြေရင် Lecture Video လေးကို Bluetooth လေးနဲ့ချိတ်ပြီး
ပုံမှန်လေး နားထောင်ကြည့်ရင်ရော" ဆိုတဲ့
လမ်းကြောင်းလေးပေးခဲ့တယ်။
ကျွန်မတို့ရဲ့ ဆရာတွေဟာ ကျွန်မတို့တစ်ဦးချင်းစီရဲ့ အနီးအနားမှာ မရှိကြပေမဲ့ လိုအပ်ချက်ကလေးတွေကို
သိနေတတ်ပြီး ဖြည့်ပေး၊ လမ်းကြောင်းလေးတွေ အမြဲပေးခဲ့ပါတယ်။ ကျွန်မတို့ကို Nurse တစ်ယောက်အနေနဲ့မဟုတ်ဘဲ Quality ရှိတဲ့ Nurse တစ်ယောက်ဖြစ်လာဖို့ ၊
personal မှာရော professional မှာပါ Development ဖြစ်လာဖို့ အခွင့်အလမ်းတွေ ဖောက်ပေးခဲ့ကြသော
တီချယ်များအားလုံးနဲ့ ပြည်ပမှ သူနာပြုအတတ်ပညာရှင်များ အားလုံးကို ဒီနေ့မှာ ကျရောက်တဲ့ International Nurses Day မှာ ဦးညွှတ်ဂါရဝပြုပါတယ်ရှင့်။ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်❤️။

Our Nurses. Out Future.
Empowered nurses save lives.
Happy nurses day!
ပြန်တွေးလိုက်တိုင်း ပြုံးမိချက်ပါပဲ
Fairy



ที่อยู่

Bangkok

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Students' Union League for Myanmar Nursing and Midwifery Training Schoolsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์