18/03/2026
အသက်အရွယ်တစ်ခု ရောက်လာတဲ့အခါမှာ
ဘဝကို အ ရင်လို အလောတကြီး
မဖြတ်သန်းချင်တော့ဘူး။
အရင် တုန်းကတော့ ကိုယ်ဘာတွေလုပ်နေလဲ၊
ဘယ်လောက် ထိ ကြိုးစားနေလဲဆိုတာကို
သူများတွေ သိစေချင် တယ်၊
အသိအမှတ်ပြုခံချင်တယ်။
ဒါပေမဲ့ အခုတော့
ကိုယ့်အလုပ်ကိုယ်လုပ်ပြီး
တိတ်တိတ်ဆိတ်ဆိတ် နေ ရတာကိုပဲ
ပိုသဘောကျလာတယ်။
လူမှုပတ်ဝန်းကျင် မှာ ကိုယ့်ရဲ့ တည်ရှိမှုကို
အတင်းအကျပ် သက်သေပြ နေရတာမျိုးတွေက တကယ်တော့ အရမ်းပင်ပန်းဖို့ ကောင်းမှန်း သိလာလို့ပါ။
ကိုယ့်ကို မေ့နေတဲ့သူတွေ၊
ကိုယ့်အနားမှာ မရှိတော့တဲ့သူတွေကိုလည်း လိုက်ပြီး အကြောင်းပြချက်တွေ တောင်းမနေတော့ဘူး။
သူတို့ဆီ က ဂရုစိုက်မှုကိုလည်း
မမျှော်လင့်တော့သလို၊
သူတို့မေ့နေရင်လည်း မေ့နေတဲ့အတိုင်းပဲ
အေးအေးဆေးဆေး လွှတ်ထားပေးလိုက်နိုင်ပြီ။
အခုချိန်မှာ အရေးကြီးဆုံးက ကိုယ့်ရဲ့ စိတ်အေးချမ်းမှု ပဲ။ လူအများကြီးနဲ့ ပတ်သက် ပြီး စိတ်ရှုပ်ခံမယ့်အစား ကိုယ်ဝါသနာပါတာလေးတွေ လုပ်၊
ကိုယ့်ရှေ့က အလုပ်တွေကို
အကောင်းဆုံးဖြစ်အောင် အာရုံစိုက်ပြီး
ကိုယ့်ကိုယ်ကိုယ်ပဲ ပြိုင်ဘက်ထား ပြီး
နေထိုင်ရတာက ပိုပြီး အဓိပ္ပာယ်ရှိလာတယ်။
သူများ အမြင်မှာ ဘယ်လိုပဲဖြစ်နေပါစေ...
ကိုယ့်စိတ်ထဲမှာ ငြိမ်းချမ်းနေဖို့ကသာ လက်တွေ့ကျတဲ့ ပျော်ရွှင်မှုပဲ ဖြစ် ပါလိမ့်မယ်။