ကျွန်တော် ဘဝအတွက် ကျွန်တော်ရှိတယ်

ကျွန်တော် ဘဝအတွက် ကျွန်တော်ရှိတယ် လူငယ်များအတွက်
စိတ်ခွန်အားဖြစ်စေမည့်
စာပေများ ဖတ်ချင်ရင်
ကျွန်တော်(page )ထဲကို
လာလည်ဖို့ ဖိတ်ခေါ်ပါတယ်
(3)

တရားဓမ္မပုံလေးတွေနဲ့စာကို ပြန်လည်စုစည်းမျှဝေပေးလိုက်ပါတယ် 🙏မမြင်ရသေးသူများအတွက် တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ပါပြီ။အကျိုး...
24/08/2026

တရားဓမ္မပုံလေးတွေနဲ့စာကို ပြန်လည်စုစည်းမျှဝေပေးလိုက်ပါတယ် 🙏
မမြင်ရသေးသူများအတွက် တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ပါပြီ။
အကျိုးရှိရင် မျှဝေပေးခဲ့ပါနော် 🍀
တရားအနှစ်သာရလေးများကို ဖတ်ရှုနားယူနိုင်ကြပါစေ။ 🙏

#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်။

#စာလေးတွေဖတ်ပြီး စိတ်အကြည်ဓာတ်လေး လက်ခံရရှိပါစေ...♡︎🌾🌻
♡︎🌾🌻
#မေတ္တာဖြင့် #စာပေ #ဗဟုသုတ
#ဘဝအတွတ်စာဖတ်ပါ
#ခွန်အားရှိသောစာတ်ိုများ

#လေးစားစွာဖြင့်_ပြန်လည်မျှဝေပါသည်
‎ ‎

ဗုဒ္ဓဘာသာဝင်များ သိထားသင့်သော မြတ်စွာဘုရား၏ အောင်မြင်ခြင်း (၈) ပါး မဖတ်အားသေးရှယ်ထားပါ🙏🙏🙏 #တရားစကား    #တရားမှတ်စု   #မူ...
22/08/2026

ဗုဒ္ဓဘာသာဝင်များ သိထားသင့်သော မြတ်စွာဘုရား၏ အောင်မြင်ခြင်း (၈) ပါး မဖတ်အားသေးရှယ်ထားပါ🙏🙏🙏

#တရားစကား #တရားမှတ်စု

#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်။

#စာလေးတွေဖတ်ပြီး စိတ်အကြည်ဓာတ်လေး လက်ခံရရှိပါစေ...♡︎🌾🌻
♡︎🌾🌻
#မေတ္တာဖြင့် #စာပေ #ဗဟုသုတ
#ဘဝအတွတ်စာဖတ်ပါ
#ခွန်အားရှိသောစာတ်ိုများ

#လေးစားစွာဖြင့်_ပြန်လည်မျှဝေပါသည်
‎ ‎

အရင်ကဆိုလေတစ်ယောက်ယောက်ကိုယ့်အနားရှိမနေတော့မှာကိုအရမ်းကြောက်ခဲ့ဖူးတာ....။ဒါကြောင့်ပဲမမှားဘဲ တောင်းပန်လိုက်ရတာတွေရောလွန်န...
22/08/2026

အရင်ကဆိုလေ
တစ်ယောက်ယောက်
ကိုယ့်အနားရှိမနေတော့မှာကို
အရမ်းကြောက်ခဲ့ဖူးတာ....။

ဒါကြောင့်ပဲ
မမှားဘဲ တောင်းပန်လိုက်ရတာတွေရော
လွန်နေမှန်းသိသိနဲ့ ခေါင်းငုံ့ခဲ့တာတွေရော
အများကြီး လုပ်ခဲ့မိတယ်။

ခုလား ???
ဘယ်သူမှမရှိလည်း အေးဆေးပဲ
တစ်ယောက်တည်းလည်း ပျော်အောင်နေတတ်ပါတယ် ။

အရင်လိုမဟုတ်တော့ဘူးနော်ဆိုတဲ့
စကားတွေကို ကျွန်မ ပြန်ပြီးတော့ ကြားတယ်။

ဟုတ်ပါတယ်
အမြဲတမ်း ပြုံးနေတတ်တဲ့ နှုတ်ခမ်း
တဖြည်းဖြည်း အသ-က်မဲ့လာပြီး
နူးညံ့တဲ့ နှလုံးသားကလည်း
ဒဏ်ရာ ဒဏ်ချက်တွေနဲ့
မာကျောလာခဲ့ပြီလေ ။

အရင်လို ပြန်ဖြစ်ဖို့ဆိုတာ
လွယ်မှမလွယ်တော့တာ.....။

#သျှင်ယွန်း #ဂျူး

ဟောင်းနေပေမယ့် ခဏခဏ ပြန်ဖတ်ဖြစ်တဲ့စာစုကောင်းလေးများ ကြိုက်လွန်းလို့…. ခဏခဏပြန်ဖတ်နေမိတယ်ဖတ်ချင်ရင်ပုံထောက်ဖတ်နော်…. ခုမဖ...
21/08/2026

ဟောင်းနေပေမယ့် ခဏခဏ ပြန်ဖတ်ဖြစ်တဲ့
စာစုကောင်းလေးများ

ကြိုက်လွန်းလို့….
ခဏခဏပြန်ဖတ်နေမိတယ်

ဖတ်ချင်ရင်ပုံထောက်ဖတ်နော်….
ခုမဖတ်အားသေးလဲရှယ်ထား အားတဲ့အချိန်
အေးအေးဆေးဆေးဖတ်လို့ရတယ်။ ❤️

စာလေးတွေဖတ်ပြီး စိတ်အကြည်ဓာတ်လေး လက်ခံရရှိပါစေ...♡︎🌾🌻
♡︎🌾🌻
#မေတ္တာဖြင့် #စာပေ #ဗဟုသုတ
#ဘဝအတွတ်စာဖတ်ပါ
#ခွန်အားရှိသောစာတ်ိုများ

#လေးစားစွာဖြင့်_ပြန်လည်မျှဝေပါသည်

သစ္စာ မရှိတဲ့ ယောက်ျား နဲ့တန်ဘိုးမရှိတဲ့ မိန်းမ တွေ့ဆုံတဲ့အခါဖောက်ပြန်ခြင်းဆိုတာ ဖြစ်ပေါ်လာတယ်။မြင်မြင်သမျှ မိန်းမ ကို က...
21/08/2026

သစ္စာ မရှိတဲ့ ယောက်ျား နဲ့
တန်ဘိုးမရှိတဲ့ မိန်းမ တွေ့ဆုံတဲ့အခါ
ဖောက်ပြန်ခြင်းဆိုတာ ဖြစ်ပေါ်လာတယ်။

မြင်မြင်သမျှ မိန်းမ ကို ကြိုက်တတ်တဲ့ ယောက်ျားနဲ့
ယောက်ျား မှန်သမျှ ကို လက်ခံတဲ့ မိန်းမ တွေ့ဆုံတဲ့အခါ
စနိုက်ကြော်ခြင်း ဆိုတာဖြစ်ပေါ်လာတယ်။

အိမ်ထောင် တစ္ခုကို
တည်တည်တံ့တံ့ မထူထောင်ချင်တဲ့ ယောက်ျားနဲ့
အိမ်ထောင်ပြုတာကို ပေါ့ပေါ့တန်တန်သဘောထားတဲ့
မိန်းမ တွေ့ဆုံတဲ့ အခါ
နောက်အိမ်ထောင် ဆိုတာ ဖြစ်ပေါ်လာတယ်။

ငွေရှိရင် ဘာမဆို လုပ်လို့ရတယ် ထင်တဲ့ယောက်ျားနဲ့
သူများအထောက်အပံ့ ကို ယူချင်တဲ့ မိန်းမ တွေ့ဆုံတဲ့အခါ
စပွန်ဆာ ဆိုတာ ဖြစ်လာတယ်။

ဒါကြောင့်
တူရာတူရာတွေ့ပြီး တန်ရာတန်ရာ ရကြတယ်ဆိုတာ
ဒီလို တွေ့ဆုံခြင်းမျိုးကို ပြောတာဖြစ်ပါလိမ့်မယ်။

ဒါကြောင့် ကိုယ် နဲ့ က စိတ်ရော ဗီဇရော မတူလို့
ထွက်သွားတဲ့ အပေါ် မှာ လိုက်ပြီး ခံစားမနေပါနဲ့
သူနဲ့ မကောင်းတဲ့ အကျင့်စရိုက် ဗီဇ တူတဲ့ တန်တဲ့
သူနဲ့ တွေ့ဆုံ နေလို့ပါ။

#နှလုံးသားအဟာရစာစုလေးများ
#ပန်းပျိုးလက်
#မေတ္တာဖြင့်

ကိုယ်ချင်းစာစိတ်ကိုယ်ခံစားရမှ ဒဏ်ရာလို့ မထင်နဲ့လူတိုင်းမှာ ခံစားတတ်တဲ့နှလုံးသားရှိကြပါတယ်တစ်ခါတလေ ငါသာဆိုရင် သူ့နေရာမှာဆ...
19/08/2026

ကိုယ်ချင်းစာစိတ်

ကိုယ်ခံစားရမှ ဒဏ်ရာလို့ မထင်နဲ့
လူတိုင်းမှာ ခံစားတတ်တဲ့နှလုံးသားရှိကြပါတယ်

တစ်ခါတလေ ငါသာဆိုရင် သူ့နေရာမှာဆိုတဲ့စိတ်က
အမြဲတမ်းလူတိုင်းမှာရှိမနေတတ်ဘူး
ဒုက္ခနဲ့ကြုံဖူးမှ
ဒုက္ခရဲ့အခက်အခဲကို
နားလည်ကြတာများပါတယ်။

အမှန်တွေဆိုပေမယ့်
အကျိုးအကြောင်းမသင့်လျော်ရင်
ဘယ်အမှန်တရားကိုမှ
လူတိုင်း လက်မခံနိူင်ပါဘူး။

ကိုယ်ကိုယ်တိုင်ကရော
သူ့နေရာမှာ ဝင်ခံစားကြည့်ဖူးလား
လူဆိုတာ လူသားဆန်တတ်ရတယ်
လူ့စည်း ဆိုတာရှိရတယ်။

ဘယ်သူမုန်းမုန်း ကိုယ်မှန်တယ်ထင်နေလို့မရဘူး ရေငတ်ကာမှ ရေတစ်ခွက်ရဲ့တန်ဖိုးကို
သိနေ လို့မရဘူး။
တန်ဖိုးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ
တန်ဖိုးသိတဲ့သူတွေအတွက်ကတော့
အသုံးဝင်နေမှာပဲလေ။

ကိုယ်ချင်းစာတတ်ချင်ရင်
စာများများဖတ်ပါ ။

လူ့ဘဝမှာ အတုလုပ်ယူလို့မရတာက
ကိုယ်ကျင့်တရားနဲ့
သမိုင်းဆိုတာသိစေချင်တယ်။

ကိုယ်ကိုယ်တိုင်က မကောင်းသရွေ့
တစ်ပါးသူကောင်း လာဖို့မမျှော်လင့်ပါနဲ့။

မှန်ထဲမှာ ပြုံးပြတာမြင်ချင်
ကိုယ်တိုင်က အရင်ဆုံးပြုံးရတာပါပဲ။

လူဆိုတာ ကိုယ့်နေရာပဲ ကြည့်နေလို့မရဘူး
သူ့နေမှာလည်း ဝင်ခံစားပေးတတ်ရတယ်
ဒါမှ
လူပီသမှာ။

လေးစားစွာဖြင့်
(ရာမညမြေ)

#မေဆုရာမညမြေအတွေးစာစုလေးများ

နေရာတိုင်းမှာသင်ဘာလုပ်လုပ် သင့်ကို ကြိုက်တဲ့လူနဲ့မကြိုက်တဲ့လူဆိုပြီး ဒွန်တွဲရှိနေမှာပါသင်ဘာလုပ်လုပ်သင့်ကို ကြိုက်တဲ့သူက ...
18/08/2026

နေရာတိုင်းမှာ
သင်ဘာလုပ်လုပ် သင့်ကို ကြိုက်တဲ့လူနဲ့
မကြိုက်တဲ့လူဆိုပြီး ဒွန်တွဲရှိနေမှာပါ

သင်ဘာလုပ်လုပ်
သင့်ကို ကြိုက်တဲ့သူက ကောင်းတာပြောပြီး
အားပေးနေမှာပဲ ဖြစ်ပါတယ်

သင့်ကို
မကြိုက်တဲ့သူကလည်း
အပြစ်ရှာပြီး ကဲ့ရဲ့ရှုတ်ချနေမှာပဲ ဖြစ်ပါတယ်

သင့်ရဲ့ လုပ်ရပ်တိုင်းဟာ
လိပ်ပြာသန့်သန့်ရှိနေရင်တော့ သင်ဟာ
ဘာကိုမှ မှုမနေပဲ
လုပ်သင့်လုပ်ထိုက်တာတွေကို
ဖြောင့်ဖြောင့်တန်းတန်းသာ လုပ်ဆောင်နေလိုက်ပါ

ခွေးဟောင်တိုင်း ထကြည့်နေရင်
တချို့ကိစ္စတွေက
အိပ်ရေးပျက်ရုံပဲ ရှိတယ်

သင်လျှောက်လှမ်းနေတဲ့ လမ်းခရီးမှာ
ခွေးဟောင်တိုင်းသာ ခဲ နဲ့ လိုက်ထုနေရင်လည်း
သင့်လမ်းခရီးဟာ
ကြန့်ကြာနေရုံပဲ ရှိပါလိမ့်မယ်.

အဓိက က_____

သင့်စိတ်ဓာတ်နဲ့
သင့်လုပ်ရပ်မှန်ကန်နေရင်
ဘာကိုမှ မှုမနေပဲ
သင်လုပ်သင့် လုပ်ထိုက်တာတွေကို ဆက်လုပ်ပြီး
သင့်ခရီးလမ်းကို ဖြောင့်တန်းအောင်သာ
ဆက်လျှောက်နေလိုက်ပါ မိတ်ဆွေ။💚

.

#နော်

ที่อยู่

Bangkok

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ကျွန်တော် ဘဝအတွက် ကျွန်တော်ရှိတယ်ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ องค์กรนั้น

ส่งข้อความของคุณถึง ကျွန်တော် ဘဝအတွက် ကျွန်တော်ရှိတယ်:

ทางลัด

แชร์