14/05/2026
တစ်နေ့နေ့တော့လဲ
မင်းငါ့ကို တမ်းတမ်းတတ ရှိလာမှာပါ ။
မင်းဒဏ်ရာတွေကို
ထွေးပွေ့မဲ့သူ မရှိတဲ့အခါ
မင်းပြသနာတွေကို
ကူညီဖြေရှင်းပေးမဲ့သူ မရှိတဲ့အခါ
မင်းစကားတွေကို
နားထောင်ပေးမဲ့သူ မရှိတဲ့အခါ
မင်းရဲ့အရာရာကို
လက်ခံပေးမဲ့သူ မရှိတော့တဲ့အခါ
မင်းကိုနောက်ဆုံးအချိန်ထိ ကာကွယ်ပေးခဲ့ ၊
ချစ်ပေးခဲ့တဲ့ ဟောဒီ ယောကျ်ားကို
မင်း တစ်နေ့နေ့တော့လဲ သတိရလာမှာပါ ….