member six

member six “Shop with us, happiness guaranteed 😄”

ဟင်္သာတတွင် အသက် ၇၂ နှစ်အရွယ် အငြိမ်းစားကျောင်းဆရာမကြီးတစ်ဦး နေအိမ်အတွင်း ပစ္စည်းလုယက်ခံရပြီး ရိုက်နှက်သတ်ဖြတ်ခံရဩဂုတ် ၂...
23/08/2026

ဟင်္သာတတွင် အသက် ၇၂ နှစ်အရွယ် အငြိမ်းစားကျောင်းဆရာမကြီးတစ်ဦး နေအိမ်အတွင်း ပစ္စည်းလုယက်ခံရပြီး ရိုက်နှက်သတ်ဖြတ်ခံရ

ဩဂုတ် ၂၂ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ ရှားခဲနဲမနိတ်ကျေးရွာတွင် အသက် ၇၂ နှစ်အရွယ် အငြိမ်းစားကျောင်းဆရာမကြီး ဒေါ်လှလှဝင်းသည် နေအိမ်အတွင်း ပစ္စည်းများ လုယက်ခံရပြီး ရိုက်နှက်သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၂၁ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ဒေါ်လှလှဝင်းသည် ဟင်္သာတမြို့နယ်၊ ကြက်တူရွေးရွာဇာတိဖြစ်ပြီး လေးမျက်နှာမြို့နယ်ရှိ အိုင်သပြုကျောင်းတွင် နှစ်ပေါင်း ၃၀ နီးပါး တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားကျောင်းဆရာမကြီးတစ်ဦးဖြစ်ကြောင်း ဒေသခံများက ပြောသည်။

"နေ့ခင်းကြောင်တောင် ပစ္စည်းတွေယူပြီး လူပါသတ်တာ။ ထိုးကြိတ်ထားတဲ့ ဒဏ်ရာတွေလည်း တွေ့ရတယ်။ ပစ္စည်းယူရုံတင်ဆို တော်သေးတာပေါ့၊ ခုဟာက ရက်စက်လွန်းပါတယ်။ ခေတ်ပျက်နေတဲ့ကြားထဲ မြန်မာပြည်မှာ အသက်တွေ ဘယ်လိုမှ မလုံခြုံတော့ဘူး" ဟု ဖြစ်စဉ်နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် အဆိုပါဖြစ်စဉ်ကို ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း ရှိ၊ မရှိနှင့် လုယက်ခံခဲ့ရသည့် ပစ္စည်းများ၏ အသေးစိတ်အချက်အလက်များကို ကနဦး မသိရှိရသေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

#ဟင်္သာတ #အသက်၇၂နှစ် #အငြိမ်းစားကျောင်းဆရာမကြီး #ပစ္စည်းလုယက်မှု #ရိုက်နှက်သတ်ဖြတ်မှု

22/08/2026

ကား ၆ စီးတောင်ခိုးထားတဲ့ ကားသူခိုး 😳

မှောင်ခိုဈေးကွက်မှာ ပေါင် ၁ သိန်းကျော်ရမယ်ဆိုတဲ့ သတင်းမှားကို ယုံကြည်ပြီး ဆယ်ကျော်သက်ဈေးသည်ကို သတ်ဖြတ်ကာ ဝှေးစေ့ဖြုတ်ယူခ...
21/08/2026

မှောင်ခိုဈေးကွက်မှာ ပေါင် ၁ သိန်းကျော်ရမယ်ဆိုတဲ့ သတင်းမှားကို ယုံကြည်ပြီး ဆယ်ကျော်သက်ဈေးသည်ကို သတ်ဖြတ်ကာ ဝှေးစေ့ဖြုတ်ယူခဲ့တဲ့ အိန္ဒိယလူငယ်များ ဖမ်းဆီးခံရ

မဲခေါင်၊ ဩဂုတ် ၂၁

အိန္ဒိယနိုင်ငံ၊ မာဒီယာပရာဒက်ရှ်ပြည်နယ်၊ ဘိုပါးလ်မြို့မှာ အသက် ၁၇ နှစ်အရွယ် ဈေးသည်လူငယ်တစ်ဦးကို လူငယ်အုပ်စုက သတ်ဖြတ်ပြီး ဝှေးစေ့ဖြုတ်ယူခဲ့တဲ့ အမှု ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖြစ်စဉ်ဟာ ဩဂုတ် ၆ ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဓိကကြိုးကိုင်သူလို့ ယူဆထားတဲ့ အသက် ၂၀ အရွယ် စီးပွားရေးကျောင်းသား ဇိုဟက်ဘ်ခန်းနဲ့ အသက် ၁၈ နှစ်အရွယ် အမီယာကွီရှိတို့အပါအဝင် လူငယ် ၄ ဦးကို ဖမ်းဆီးထားပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ ဇိုဟက်ဘ်ခန်းဟာ ပင်လယ်ကွေ့ဒေသ အာရပ်နိုင်ငံတွေမှာ လူ့ဝှေးစေ့တွေကို မှောင်ခိုဈေးကွက်ကနေ ပေါင် ၁ သိန်းကျော်နဲ့ ရောင်းချနိုင်တယ်ဆိုတဲ့ လူမှုကွန်ရက်ပေါ်က သတင်းအချက်အလက်တွေကို ယုံကြည်ခဲ့ပြီး အမှုကို ကြံစည်ခဲ့တာလို့ ဆိုပါတယ်။

၎င်းက ကိုယ်တိုင် ဆရာဝန်တစ်ဦးဖြစ်တယ်လို့ လက်အောက်ငယ်သားတွေကို အယုံသွင်းခဲ့ပြီး ဝှေးစေ့ဖြုတ်ယူတဲ့နည်းကိုလည်း သင်ပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဆေးဘက်ဆိုင်ရာပစ္စည်းတွေကို ဝယ်ယူအသုံးပြုကာ ယုံကြည်အောင် ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

ထို့နောက် လူငယ်အုပ်စုက ဈေးသည်လူငယ် ရီဟန်ကို ရန်ပွဲရှိတယ်ဆိုပြီး လိမ်လည်ခေါ်ဆောင်ကာ လူပြတ်တဲ့ လိုဝါရေကန်အနီးမှာ ဓားနဲ့ အကြိမ်ကြိမ်ထိုးသတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

သတ်ဖြတ်ပြီးနောက် ဖြုတ်ယူထားတဲ့ ကိုယ်အင်္ဂါကို ရေခဲထဲမှာ ၂ ရက်ခန့် သိမ်းဆည်းထားပြီး ဇိုဟက်ဘ်ခန်းက ဝယ်ယူမယ့်သူကို လိုက်လံရှာဖွေခဲ့တယ်လို့ ဘိုပါးလ်ရဲတပ်ဖွဲ့က ပြောပါတယ်။ ဝယ်လက်ရှာမတွေ့တဲ့နောက်မှာတော့ အလောင်းနဲ့ ဖြုတ်ယူထားတဲ့ ကိုယ်အင်္ဂါတွေကို ရေကန်တွေထဲ ခွဲခြားစွန့်ပစ်ဖို့ လက်အောက်ငယ်သားတွေကို ခိုင်းစေခဲ့တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့က လူငယ်ရဲ့ အလောင်းကို ဩဂုတ် ၁၀ ရက်မှာ ရေကန်တစ်ခုအတွင်း ရှာဖွေတွေ့ရှိခဲ့ပြီး ခန္ဓာကိုယ်ပေါ်က တက်တူးကို အခြေခံကာ မိသားစုက ရီဟန်ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

အလောင်းမှာ ဝှေးစေ့မရှိတော့တာကို တွေ့ရှိခဲ့တဲ့အတွက် မှုခင်းဆေးပညာဌာနကို ပို့ဆောင်စစ်ဆေးခဲ့ပြီး ရဲတပ်ဖွဲ့က ရေငုပ်သမားတွေနဲ့အတူ ပျောက်ဆုံးနေတဲ့ ကိုယ်အင်္ဂါကို ရှာဖွေခဲ့ပါတယ်။

လက်ရှိအချိန်အထိ ရီဟန်ရဲ့ ဝှေးစေ့ကို ရောင်းချခဲ့ခြင်း ရှိ၊ မရှိ မသိရသေးဘဲ ရဲတပ်ဖွဲ့က ဖြစ်စဉ်မှာ ပါဝင်ပတ်သက်နိုင်သူတွေနဲ့ ဝယ်ယူရန် ဆက်သွယ်ခဲ့သူတွေကို ဆက်လက်စုံစမ်းနေပါတယ်။
#အိန္ဒိယ #ဘိုပါးလ် #လူငယ်ဂိုဏ်း #ရာဇဝတ်မှု #ဆယ်ကျော်သက် #သတင်း

ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ Myanmar Silver Spring အထည်ချုပ်စက်ရုံတွင် လုပ်ခလစာတိုးမြှင့်ရေး တောင်းဆိုသည့် အလုပ်သမားများကိ...
20/08/2026

ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ Myanmar Silver Spring အထည်ချုပ်စက်ရုံတွင် လုပ်ခလစာတိုးမြှင့်ရေး တောင်းဆိုသည့် အလုပ်သမားများကို ရဲခေါ်၍ ဖမ်းဆီးမည်ဟု မန်နေဂျာက ခြိမ်းခြောက်ခဲ့ကြောင်း အလုပ်သမားများပြော

ရန်ကုန်၊ ဩဂုတ် ၁၉၊ ၂၀၂၆

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring Enterprises အထည်ချုပ်စက်ရုံတွင် လုပ်ခလစာတိုးမြှင့်ပေးရန် တောင်းဆိုဆန္ဒပြနေသည့် အလုပ်သမားများကို စက်ရုံအထွေထွေမန်နေဂျာ ဒေါ်ခင်အေးလွင်က ရဲခေါ်၍ ဖမ်းဆီးခိုင်းမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း အလုပ်သမားများက ပြောသည်။

စက်ရုံတွင် အလုပ်သမား ၇၀၀ ကျော်က ဩဂုတ် ၁၃ ရက်မှစတင်၍ လုပ်ခလစာတိုးမြှင့်ပေးရန် တောင်းဆိုနေကြခြင်းဖြစ်ပြီး ဆန္ဒပြနေစဉ်အတွင်း မန်နေဂျာက ရဲများခေါ်ယူကာ စစ်မှုထမ်းရန် ဖမ်းဆီးခိုင်းမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

အလုပ်သမားများ၏ ပြောဆိုချက်အရ လက်ရှိတွင် စက်ရုံဘက်က အော်ဒါများ အချိန်မီပြီးစီးရေးအတွက် ပြင်ပမှ နေ့စားနှင့် ညပိုင်းအလုပ်သမားများကို ခေါ်ယူအသုံးပြုနေသော်လည်း အမြဲတမ်းအလုပ်သမားများ၏ တောင်းဆိုချက်များကို ပြေလည်အောင် ဖြေရှင်းပေးခြင်း မရှိသေးကြောင်း သိရသည်။

အလုပ်သမားများက လက်ရှိရရှိနေသည့် တစ်ရက်လုပ်ခ ၇,၈၀၀ ကျပ်မှ ၁၃,၀၀၀ ကျပ်သို့ တိုးမြှင့်ပေးရန်၊ OT ကြေး ၁,၉၅၉ ကျပ်မှ ၂,၅၀၀ ကျပ်သို့ တိုးမြှင့်ပေးရန်နှင့် ရက်မှန်ကြေးကို ၂၀,၀၀၀ ကျပ်မှ ၅၀,၀၀၀ ကျပ်အထိ တိုးမြှင့်ပေးရန် တောင်းဆိုထားကြသည်။

ထို့အပြင် မန်နေဂျာ ဒေါ်ခင်အေးလွင်က “လုပ်ချင်လုပ်၊ မလုပ်နိုင်ရင်ထွက်” ဟု ပြောဆိုခဲ့သည့်အပြင် ဩဂုတ် ၁၃ ရက်တွင် စက်ရုံအတွင်း ရဲများခေါ်ယူကာ အလုပ်သမားများကို စစ်မှုထမ်းရန် ဖမ်းဆီးခိုင်းမည်ဟု ပြောဆိုခဲ့ကြောင်း အလုပ်သမားများက ဆိုသည်။

“ကျနော်တို့ ဆန္ဒပြတဲ့ ပထမနေ့မှာ သူက ရဲခေါ်ပြီး ပေါ်တာဆွဲ ဖမ်းဆီးခိုင်းမယ် ပြောတော့ ကျွန်တော်တို့ ယောက်ျားလေးတွေ အထဲမှာ ပြေးပုန်းနေခဲ့ရတယ်။ အခုထိ ကျနော်တို့ တောင်းဆိုတာတွေက ပြေလည်မှု မရသေးပါဘူး” ဟု အလုပ်သမားတစ်ဦးက ပြောသည်။

အလုပ်သမားများက လက်ရှိတစ်ရက်လုပ်ခ ၇,၈၀၀ ကျပ်သည် လက်ရှိကုန်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက အခြေခံစားသောက်ကုန်များ ဝယ်ယူရန်ပင် မလုံလောက်ကြောင်း ပြောဆိုပြီး ပြင်ပအလုပ်သမားများဖြင့် အစားထိုးဖြေရှင်းခြင်းထက် အမြဲတမ်းအလုပ်သမားများ၏ လုပ်ခလစာနှင့် အကျိုးခံစားခွင့်ဆိုင်ရာ တောင်းဆိုချက်များကို အမြန်ဆုံး ဖြေရှင်းပေးရန် တောင်းဆိုထားကြသည်။

မှတ်ချက် — အထက်ပါအကြောင်းအရာများသည် အလုပ်သမားများ၏ ပြောဆိုချက်များအပေါ် အခြေခံထားခြင်းဖြစ်ပြီး စက်ရုံဘက်မှ သီးခြားတုံ့ပြန်ချက်ကို မတွေ့ရသေးပါ။

#အလုပ်သမား #လုပ်ခလစာ #ဒဂုံမြို့သစ်အရှေ့ပိုင်း #ရန်ကုန်

အင်ဒိုနီးရှားတွင် မူးယစ်ဆေးဝါး ၂ ဒသမ ၆ တန် သယ်ဆောင်လာသည့် MV Ocean Porter သင်္ဘော ဖမ်းဆီးခံရ၊ မြန်မာသင်္ဘောသား ၁၀ ဦးကိုလ...
20/08/2026

အင်ဒိုနီးရှားတွင် မူးယစ်ဆေးဝါး ၂ ဒသမ ၆ တန် သယ်ဆောင်လာသည့် MV Ocean Porter သင်္ဘော ဖမ်းဆီးခံရ၊ မြန်မာသင်္ဘောသား ၁၀ ဦးကိုလည်း ထိန်းသိမ်းထား

ရန်ကုန်၊ ဩဂုတ် ၂၀၊ ၂၀၂၆

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းအနီး ပင်လယ်ပြင်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည်ဟု သံသယရှိသည့် MV Ocean Porter သင်္ဘောကို အင်ဒိုနီးရှားအာဏာပိုင်များက ကြားဖြတ်ဖမ်းဆီးစစ်ဆေးရာ အရည်ပုံစံ မက်သဖက်တမင်း ၂ ဒသမ ၆ တန်ခန့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါသင်္ဘောပေါ်တွင် လိုက်ပါလာသည့် မြန်မာနိုင်ငံသား သင်္ဘောသား ၁၀ ဦး ကိုလည်း အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားသည်။

အင်ဒိုနီးရှား အမျိုးသားမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီ (BNN)၊ အကောက်ခွန်ဌာနနှင့် Riau ကျွန်းစုရဲတပ်ဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းထားသည့် အထူးတပ်ဖွဲ့က မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည်ဟု သတင်းရရှိထားသည့် သင်္ဘောကို စောင့်ကြည့်ခြေရာခံပြီးနောက် ဩဂုတ် ၁၇ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အာဏာပိုင်များ၏ အဆိုအရ MV Ocean Porter သည် မလေးရှားနိုင်ငံ Sarawak ပြည်နယ်မှ အင်ဒိုနီးရှားရေပိုင်နက်အတွင်းသို့ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည်ဟု သတင်းရရှိထားခြင်းဖြစ်သည်။

တန်ဇန်းနီးယားနိုင်ငံအလံ လွှင့်ထူထားသည့် အဆိုပါသင်္ဘောကို Riau ပြည်နယ် Bengkalis ခရိုင် Tanjung Parit အနီး ပင်လယ်ပြင်တွင် ကြားဖြတ်ဖမ်းဆီးခဲ့ပြီး စစ်ဆေးရန်အတွက် Batam ကျွန်းရှိ အကောက်ခွန်စစ်ဆေးရေးစခန်းသို့ ဆွဲယူလာခဲ့ကြောင်း သိရသည်။

သင်္ဘောကို စစ်ဆေးရာတွင် အရည်ပုံစံ မက်သဖက်တမင်းများကို သံစည် ၈ လုံးနှင့် ရေသိုလှောင်ကန်များအတွင်း ဝှက်ထားသည်ကို တွေ့ရှိခဲ့ကြောင်း အင်ဒိုနီးရှားအာဏာပိုင်များက ပြောသည်။

စုံစမ်းစစ်ဆေးသူများက MV Ocean Porter သည် ယခင်က MV Rain Maker အမည်ဖြင့် ပြေးဆွဲခဲ့သည့် သင်္ဘောဖြစ်ပြီး အာဏာပိုင်များ၏ စောင့်ကြည့်မှုကို ရှောင်ရှားနိုင်ရန် သင်္ဘောအမည်နှင့် အထောက်အထားများကို ပြောင်းလဲအသုံးပြုခဲ့ခြင်း ဖြစ်နိုင်ကြောင်း ယူဆထားသည်။

BNN ၏ ဖမ်းဆီးရေးဌာနအကြီးအကဲ Roy Hardi Siahaan က သင်္ဘောသား ၁၀ ဦးနှင့် သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများကို အသေးစိတ် စုံစမ်းစစ်ဆေးနေပြီး မူးယစ်ဆေးဝါးသယ်ဆောင်မှုနောက်ကွယ်ရှိ နိုင်ငံတကာမှောင်ခိုကွန်ရက်ကို ဖော်ထုတ်နိုင်ရန် ဆက်လက်စုံစမ်းနေကြောင်း ပြောကြားထားသည်။

အဆိုပါဖမ်းဆီးမှုသည် ၂၀၂၆ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၏ အကြီးမားဆုံး မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများအနက် တစ်ခု ဖြစ်ကြောင်း အင်ဒိုနီးရှားအမျိုးသားမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီက ပြောသည်။

15/08/2026

YBS စီးနင်းခတွေစျေးတက်ပြီ
လျော့ပေးမယ်တော့မရှိဘူး ပိုတောင်တိုးတောင်းလိုက်သေးတယ်😬

13/08/2026

ကားပေါ်ကသိန်း ၆၀၀ ခိုးသွားတဲ့လူကိုမိပြီ လုပ်သွားတာဆရာကျချက်ပဲ

အခေါက်ရွှေတစ်ကျပ်သား သိန်း ၁၀၀ ကျော် ပြန်တက်၊ ဖမ်းဆီးအရေးယူခံရမည်ကို စိုးရိမ်၍ ရွှေကုန်သည်များ အရောင်းအဝယ် လျှော့ချရန်ကု...
12/08/2026

အခေါက်ရွှေတစ်ကျပ်သား သိန်း ၁၀၀ ကျော် ပြန်တက်၊ ဖမ်းဆီးအရေးယူခံရမည်ကို စိုးရိမ်၍ ရွှေကုန်သည်များ အရောင်းအဝယ် လျှော့ချ

ရန်ကုန်၊ ဩဂုတ် ၁၁

မြန်မာနိုင်ငံ၏ ပြည်တွင်းရွှေဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားဈေးနှုန်း ကျပ်သိန်း ၁၀၀ ကျော်အထိ ပြန်လည်မြင့်တက်လာပြီး ရွှေဈေးမြင့်တက်သည့်ကာလများတွင် ဖမ်းဆီးအရေးယူခံရမည်ကို စိုးရိမ်မှုများကြောင့် ရွှေကုန်သည်အချို့က အရောင်းအဝယ်များကို လျှော့ချကာ ဈေးကွက်အခြေအနေကို စောင့်ကြည့်နေကြကြောင်း ရွှေကုန်သည်များထံမှ သိရသည်။

ဩဂုတ်လဆန်းပိုင်းမှစတင်၍ ကမ္ဘာ့ရွှေဈေး ပြန်လည်မြင့်တက်လာခြင်းနှင့်အတူ ပြည်တွင်းရွှေဈေးလည်း လိုက်ပါမြင့်တက်လာခြင်းဖြစ်ကြောင်း ရွှေကုန်သည်များက ပြောသည်။

ဩဂုတ် ၁၁ ရက် နံနက်ပိုင်း အဖွင့်ဈေးတွင် စနစ်ဟောင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်သိန်း ၁၀၀ နှင့် တစ်သိန်းကျော်ဝန်းကျင် ရှိခဲ့ပြီး ညနေပိုင်းတွင်လည်း သိန်း ၁၀၀ ကျော်အထက်၌ ဆက်လက်တည်ရှိနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းနှင့် နီးစပ်သည့် ရွှေကုန်သည်တစ်ဦးက ပြောသည်။

ရွှေဈေးမြင့်တက်လာရခြင်းနှင့်ပတ်သက်၍ ကမ္ဘာ့ဈေးကွက်တွင် အချို့နိုင်ငံများက အရန်ရွှေဖြည့်တင်းရန် ရွှေဝယ်ယူမှုများ ပြန်လည်ပြုလုပ်လာခြင်းကလည်း ကမ္ဘာ့ရွှေဈေးအပေါ် သက်ရောက်မှုရှိကြောင်း ရွှေကုန်သည်များက သုံးသပ်သည်။

တစ်ဖက်တွင်လည်း အမေရိကန်ဒေါ်လာဈေးသည် တစ်ဒေါ်လာလျှင် ကျပ် ၄,၄၀၀ ဝန်းကျင် ရှိနေပြီး ရွှေဈေးက သိန်း ၁၀၀ ကျော်အထိ မြင့်တက်လာခြင်းကြောင့် ရွှေကုန်သည်များအနေဖြင့် အရောင်းအဝယ်ပမာဏကို လျှော့ချထားကြကြောင်း သိရသည်။

ရွှေကုန်သည်တစ်ဦးက ဈေးနှုန်း သိန်း ၁၀၀ ကျော်လာသည့်အချိန်တွင် အရောင်းအဝယ်ပမာဏများများ ပြုလုပ်ရန် စိုးရိမ်လာကြပြီး ဈေးတက်လာသည့်အချိန်တိုင်း ရွှေကုန်သည်များ ဖမ်းဆီးအရေးယူခံရသည့် ဖြစ်စဉ်များရှိနေခြင်းကြောင့် လက်ရှိတွင် ကုန်သည်များအကြား အရောင်းအဝယ်များ ငြိမ်သက်နေကြောင်း ပြောသည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း ရွှေဈေးနှုန်းမြင့်တက်အောင် ပြုလုပ်သည်ဟုဆိုကာ ရန်ကုန်ရွှေအသင်းမှ တာဝန်ရှိသူများနှင့် ရွှေဆိုင်ပိုင်ရှင်များကို ဖမ်းဆီးအရေးယူခဲ့ပြီး ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ထို့အပြင် ၂၀၂၄ ခုနှစ် ဇွန်လအတွင်းကလည်း ပြည်တွင်းရွှေဈေးနှုန်း မြင့်တက်အောင် ပြုလုပ်သည်ဟုဆိုကာ ရွှေဆိုင်ပိုင်ရှင်များနှင့် ရွှေကုန်သည် စုစုပေါင်း ၁၀ ဦးကို ဖမ်းဝရမ်းထုတ်ပြန်ခဲ့ဖူးကြောင်း သိရသည်။

ထိုသို့ ရွှေဈေးနှုန်း မြင့်တက်လာချိန်တိုင်း ဖမ်းဆီးအရေးယူမှုများ ဖြစ်ပေါ်နေခြင်းကြောင့် လက်ရှိတွင် ရွှေကုန်သည်များအနေဖြင့် အရောင်းအဝယ်ကို လျှော့ချထားပြီး ဈေးကွက်အခြေအနေကို စောင့်ကြည့်နေကြသဖြင့် မီးလင်းရွှေ အရောင်းအဝယ်များလည်း ယာယီအေးစက်နေကြောင်း ရွှေကုန်သည်များထံမှ သိရသည်။

ဓာတ်ပုံ - ရန်ကုန်မြို့ရှိ ရွှေဆိုင်နှင့် ရွှေဈေးကွက်မြင်ကွင်းများ (ပုံဟောင်း)

#ရွှေဈေး #အခေါက်ရွှေ #ရွှေဈေးကွက် #ရန်ကုန် #ရွှေကုန်သည်

ရန်ကုန်မြို့နယ်အချို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော လူနာများ တိုးလာ၍ လမ်းဘေးစားသောက်ဆိုင်အချို့ ယာယီပိတ်ခိုင်းရန်ကုန်၊ ဩ...
12/08/2026

ရန်ကုန်မြို့နယ်အချို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော လူနာများ တိုးလာ၍ လမ်းဘေးစားသောက်ဆိုင်အချို့ ယာယီပိတ်ခိုင်း

ရန်ကုန်၊ ဩဂုတ် ၁၂

ရန်ကုန်တိုင်းအတွင်း လသာ၊ လမ်းမတော်၊ အင်းစိန်နှင့် မရမ်းကုန်းမြို့နယ်များတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏာခံစားနေရသူများ တွေ့ရှိလာခြင်းကြောင့် လမ်းဘေးစားသောက်ဆိုင်များအား သန့်ရှင်းရေး အထူးဂရုပြုရန်နှင့် အချို့ဆိုင်များကို ယာယီပိတ်ထားရန် စည်ပင်နှင့် ကျန်းမာရေးဌာနများက ညွှန်ကြားနေကြောင်း ဒေသခံများနှင့် ပရဟိတလူနာတင်ယာဉ်အဖွဲ့များထံမှ သိရသည်။

လသာနှင့် လမ်းမတော်ကဲ့သို့ ရန်ကုန်မြို့လယ်ပိုင်းမြို့နယ်များအပြင် အင်းစိန်နှင့် မရမ်းကုန်းမြို့နယ်များတွင်လည်း ဝမ်းပျက်ဝမ်းလျှောလူနာများ တွေ့ရှိလာပြီး ဆေးရုံသို့ ပို့ဆောင်ကုသပေးရသည့် လူနာအရေအတွက်လည်း များလာကြောင်း ပရဟိတလူနာတင်ယာဉ်အဖွဲ့များက ပြောသည်။

လက်ရှိတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဝမ်းပျက်ဝမ်းလျှောရောဂါအတွက် အထူးကုသရေးဌာန ဖွင့်လှစ်ကာ လူနာများကို လက်ခံကုသပေးနေကြောင်း သိရသည်။

ပရဟိတလူနာတင်ယာဉ်အဖွဲ့တစ်ခုမှ တာဝန်ရှိသူက မိုးသည်းထန်စွာရွာသွန်းမှုများနှင့်အတူ မသန့်ရှင်းသော လမ်းဘေးအစားအစာများ၊ ယင်နားစာများကြောင့် ရောဂါဖြစ်ပွားမှုများလာနိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

ထို့အပြင် စည်ပင်နှင့် မြို့နယ်ကျန်းမာရေးအဖွဲ့များက ရန်ကုန်တိုင်းအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေးပိုစတာများနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လမ်းဘေးစားသောက်ဆိုင်များ၏ သန့်ရှင်းရေးအခြေအနေများ စစ်ဆေးခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

အင်းစိန်မြို့နယ်၊ ကုန်းကျော်တံတားအနီးတွင် လက်သုတ်စုံရောင်းချသည့် ပျံကျဈေးသည်တစ်ဦးကလည်း ခေါက်ဆွဲသုပ်၊ အစုံသုပ်၊ မုန့်ဟင်းခါးနှင့် ဝက်သားတုတ်ထိုးကဲ့သို့သော လမ်းဘေးစားသောက်ဆိုင်အချို့ကို ရက်ပိုင်းယာယီပိတ်ထားရန် လာရောက်ပြောကြားခဲ့ပြီး ကျန်းမာရေးအဖွဲ့များ စစ်ဆေးပြီးနောက် ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဟု ပြောဆိုခဲ့ကြောင်း ဆိုသည်။

လသာမြို့နယ်တစ်ခုတည်းတွင်ပင် ဝမ်းပျက်ဝမ်းလျှောလူနာ ၂၀ ဦးထက်မနည်း တွေ့ရှိထားပြီး ရောဂါဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ရောဂါဇစ်မြစ်များကို စည်ပင်နှင့် မြို့နယ်ကျန်းမာရေးဌာနတို့က ကွင်းဆင်းစစ်ဆေးနေကြောင်း သိရသည်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် ကပ်ပါးပိုးများ အစာအိမ်နှင့် အူလမ်းကြောင်းအတွင်း ဝင်ရောက်ခြင်းကြောင့် ဖြစ်ပွားနိုင်ပြီး မသန့်ရှင်းသောအစားအစာနှင့် ရေ၊ လက်မသန့်ရှင်းမှု၊ ယင်မလုံသောအိမ်သာများမှတစ်ဆင့် ကူးစက်နိုင်သည်။

ပြည်သူများအနေဖြင့် မသန့်ရှင်းသော လမ်းဘေးအစားအစာများကို ရှောင်ကြဉ်ရန်၊ သန့်ရှင်းသော သောက်ရေကိုသာ အသုံးပြုရန်၊ အစားအစာမစားမီနှင့် အိမ်သာအသုံးပြုပြီးတိုင်း လက်ကို ဆပ်ပြာနှင့် ရေဖြင့် စနစ်တကျဆေးကြောရန် လိုအပ်ကြောင်း ကျန်းမာရေးဌာနက သတိပေးထားသည်။

ဝမ်းပျက်ဝမ်းလျှောခြင်း၊ အန်ခြင်းနှင့် အခြားပြင်းထန်သော လက္ခဏာများ ဖြစ်ပေါ်လာပါက ရေဓာတ်ဆုံးရှုံးမှု မဖြစ်စေရန် အထူးဂရုပြု၍ နီးစပ်ရာကျန်းမာရေးဌာန သို့မဟုတ် ပြည်သူ့ဆေးရုံသို့ အမြန်ဆုံးသွားရောက်ကုသမှုခံယူရန် အကြံပြုထားသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်းကလည်း ရန်ကုန်တိုင်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့ပြီး ကာလဝမ်းရောဂါပိုးကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်ခဲ့ဖူးသည်။
ဓာတ်ပုံ - social media

#ရန်ကုန် #ဝမ်းပျက်ဝမ်းလျှော #ကျန်းမာရေး #လသာ #လမ်းမတော် #အင်းစိန် #မရမ်းကုန်း #သတင်း

12/08/2026

မီတာခိုးသုံးတဲ့လူတွေ အရေးယူခံရပြီ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when member six posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share