Sa Oak

Sa Oak Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sa Oak, Library, Kuala Lumpur.

"စာဖတ်ဖို့" အချိန်ပေးပါ။
စာဖတ်ပါ ဘယ်တော့မှ ဘက်မလိုက်တဲ့ အရာတစ်ခုရှိတယ်။
အဲ့ဒါကို "အချိန်" လို့ ခေါ်ပါတယ်။ ဘက်မလိုက်သလိုပဲ ဆုံးရှုံးသွားပြီးရင်လည်း ပြန်မရနိုင်ဘူး။

ကိုယ့်အနားမှာ တကယ်နေချင်တဲ့သူက ခက်ခဲပင်ပန်းရရင်တောင် ကိုယ့်နားမှာနေဖို့ နည်းလမ်းရှာလိမ့်မယ်။အချစ်မှာအကြောင်းပြချက်တွေမရှ...
06/05/2025

ကိုယ့်အနားမှာ တကယ်နေချင်တဲ့သူက
ခက်ခဲပင်ပန်းရရင်တောင်
ကိုယ့်နားမှာနေဖို့ နည်းလမ်းရှာလိမ့်မယ်။

အချစ်မှာအကြောင်းပြချက်တွေမရှိဘူး
မင်းအတွက်....မင်းနဲ့အတူဆိုတာတွေပဲရှိတယ်။

ကိုယ့်ကိုတကယ်ချစ်တဲ့သူက ကိုယ့်ဆီကိုပဲလာပါတယ်။
အချစ်တွေက ရိုးရှင်းပါတယ် စစ်မှန်ခဲ့ရင်ပေါ့ ..🌻🤍

"တစ်ယောက်တည်း ရှင်သန်တတ်ဖို့အမြဲ ready ဖြစ်နေပါတစ်ချို့လူတွေက ချက်ချင်းကို​ပြောင်းလဲသွားတယ်ဒီနေ့တော့ မင်းကသူတို့အတွက်အရေ...
06/05/2025

"တစ်ယောက်တည်း ရှင်သန်တတ်ဖို့
အမြဲ ready ဖြစ်နေပါ

တစ်ချို့လူတွေက ချက်ချင်းကို​
ပြောင်းလဲသွားတယ်

ဒီနေ့တော့ မင်းကသူတို့အတွက်
အရေးကြီးလိမ့်မယ်

မနက်ဖြန်အတွက်တော့ ဘာမှမဟုတ်တဲ့သူ
ဖြစ်သွားလိမ့်မယ်

ဒါကဘဝအမှန်ပဲ

ကိုယ်ဖက်က အကောင်းဆုံး
လုပ်ပေးပြီးတာတောင်မှ
သူ့ဖက်က ဂရုမစိုက်တော့ဘူးဆိုရင်
ရှေ့မဆက်သင့်တော့ဘူးထင်ပါတယ်
အပြန်အလှန် မရှိတဲ့ဆက်ဆံရေးက
ရေရှည်မှာ အဆင်ပြေနိုင်မှာမဟုတ်ဘူး"

By TP

"ဘာပဲထွက်သွားပါစေစွန့်လွှတ်တတ်ဖို့ သင်ယူပါဘာလို့လဲဆိုတော့ တစ်ခါတစ်လေကျရင်ငါတို့ထင်ထားတဲ့ ထာဝရနှုတ်ဆက်ခြင်းဆိုတာတစ်ကယ်တော...
05/05/2025

"ဘာပဲထွက်သွားပါစေ
စွန့်လွှတ်တတ်ဖို့ သင်ယူပါ
ဘာလို့လဲဆိုတော့ တစ်ခါတစ်လေကျရင်
ငါတို့ထင်ထားတဲ့ ထာဝရနှုတ်ဆက်ခြင်း
ဆိုတာ
တစ်ကယ်တော့မကြာခင်မှာ
ပြန်ဆုံဆည်းမှာပါ
မင်းအတွက်ရည်ရွယ်ပြီး
စွန့်ခွာသွားတယ်ဆိုရင်
အချိန်မှန်ရောက်ရင်
မင်းဆီပြန်ရောက်လာမှာပဲ
ဆိုတာ သိထားပါ
တစ်ခါတစ်လေကျရင် အရာတွေက
ခဏတာ
ကွဲကွာသွားကြတယ်
ဒါမှသာ တည်မြဲနိုင်မှာပါ"

By TP

Youtube link >
https://www.youtube.com/c/TPKnowledgeSharing



တစ်ယောက်ကို တစ်ယောက် သဘောကျလို့ အချိန်တွေပေး၊ စကားတွေပြောရာကနေတစ်ဖြည်းဖြည်းနဲ့ လေးနက်လာခဲ့တဲ့ ဆက်ဆံရေးလေးတွေကို သဘောတွေ့...
28/04/2025

တစ်ယောက်ကို တစ်ယောက် သဘောကျလို့
အချိန်တွေပေး၊ စကားတွေပြောရာကနေ
တစ်ဖြည်းဖြည်းနဲ့ လေးနက်လာခဲ့တဲ့
ဆက်ဆံရေးလေးတွေကို သဘောတွေ့နေမိတယ်။

စကားတွေပြောရင်း ...
ဂရုစိုက်ပေးရင်း ...
ကြင်နာပေးရင်း ...

နှစ်ယောက်သားသံယောဇဉ်တွေဖြစ်ကြ ၊
တစ်ဖြည်းဖြည်းချစ်မိလာကြနဲ့
စိတ်ထဲမှာ အပြနိအလှန် သဘောကျနေတဲ့
စိတ်လေးနဲ့နေရတဲ့ ခံစားချက်လေးက
သိပ်ကြည်နူးဖို့ကောင်းတာပဲ။

အရင်ဆုံး သဘောကျတယ်။
ပြီးတော့ စိတ်နစ်ပြီး စကားပြောကြည့်ရင်း
နောက်ဆုံးမှာ မတွေ့ရရင်မနေနိုင်တဲ့အထိ
သံယောဇဉ်တွေ ရစ်ပတ်နှောင်ဖွဲ့ကြတယ်။
အဲ့လိုမျိုးလေး တစ်ဆင့်ချင်း တက်သွားတာလေးက
ရင်ခုန်ဖို့ကောင်းတယ်။

သဘောကျလို့ အချိန်ပေးရင်း ...
အချိန်ပေးရာကနေ သံ‌ယောဇဉ်တွေဖြစ်ပြီး
ချစ်သွားကြတာလေးက အရမ်း sweet ဖြစ်တဲ့
အနေ အထားလေးတစ်ခုပါပဲ။
Sharing by TP

🔔ကျွန်မလေ အင်မတန်မှ စွန့်လွှတ်အနစ်နာခံပါတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုပြောတဲ့လူတွေကို ခပ်ကြောက်ကြောက်ပဲ ...ဘာဖြစ်လို့လဲဆိုတော...
18/04/2025

🔔ကျွန်မလေ
အင်မတန်မှ စွန့်လွှတ်အနစ်နာခံပါတယ်ဆိုပြီး
ကိုယ့်ကိုယ်ကိုပြောတဲ့လူတွေကို ခပ်ကြောက်ကြောက်ပဲ ...

ဘာဖြစ်လို့လဲဆိုတော့
ကျွန်မစိတ်ထဲမှာ အဲ့လိုပြောတဲ့လူတွေက
တနေ့နေ့တချိန်ချိန်မှာ ဒီလိုလုပ်ပေးခဲ့လို့
ဒီလိုစွန့်လွှတ်ခဲ့လို့ ဒီလိုပြန်ပြီးတော့ပေးပါလို့
အဲ့လိုအကြွေးများတောင်းမလားပေါ့။

Sharing by TP



#အောင်ဆန်းစုကြည်

ခေါင်းဆောင်မှု ကျရှုံးရခြင်း အကြောင်းရင်းများစွာ ရှိပါသည်။ အဓိက အကြောင်းရင်းများကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။* **ဆက...
10/04/2025

ခေါင်းဆောင်မှု ကျရှုံးရခြင်း အကြောင်းရင်းများစွာ ရှိပါသည်။ အဓိက အကြောင်းရင်းများကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။

* **ဆက်သွယ်ရေး အားနည်းခြင်း**:
* ခေါင်းဆောင်သည် လက်အောက်ငယ်သားများနှင့် ထိရောက်စွာ ဆက်သွယ်နိုင်စွမ်း မရှိခြင်း။
* ရှင်းလင်းသော ညွှန်ကြားချက်များ မပေးနိုင်ခြင်း။
* လက်အောက်ငယ်သားများ၏ တုံ့ပြန်မှုကို နားမထောင်ခြင်း။
* **ဆုံးဖြတ်ချက် အားနည်းခြင်း**:
* မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်ရန် ပျက်ကွက်ခြင်း။
* ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် နှောင့်နှေးခြင်း။
* ဆုံးဖြတ်ချက်များ၏ အကျိုးဆက်များကို မစဉ်းစားခြင်း။
* **ရိုးသားမှုနှင့် ကျင့်ဝတ်ပိုင်း အားနည်းခြင်း**:
* ရိုးသားမှု မရှိခြင်း၊ ယုံကြည်စိတ်ချရမှု မရှိခြင်း။
* ကျင့်ဝတ်ပိုင်းဆိုင်ရာ စံနှုန်းများကို ချိုးဖောက်ခြင်း။
* ကိုယ်ကျိုးရှာခြင်း။
* **အမြင်ကျဉ်းမြောင်းခြင်း**:
* ပြောင်းလဲနေသော အခြေအနေများနှင့် လိုက်လျောညီထွေ မဖြစ်ခြင်း။
* အသစ်သော အယူအဆများကို လက်မခံခြင်း။
* အခြားသူများ၏ အမြင်များကို လျစ်လျူရှုခြင်း။
* **တာဝန်ယူမှု အားနည်းခြင်း**:
* မိမိ၏ အမှားများကို ဝန်မခံခြင်း။
* တာဝန်ယူရန် ရှောင်ဖယ်ခြင်း။
* အခြားသူများအား အပြစ်တင်ခြင်း။
* **လူသားဆက်ဆံရေး အားနည်းခြင်း**:
* လက်အောက်ငယ်သားများကို လေးစားမှု မရှိခြင်း။
* အဖွဲ့လိုက် စွမ်းဆောင်ရည်ကို မြှင့်တင်ရန် ပျက်ကွက်ခြင်း။
* ဝန်ထမ်းများ၏ စိတ်ဓာတ်ကို မြှင့်တင်ရန် ပျက်ကွက်ခြင်း။
* **အာဏာ အလွဲသုံးစားလုပ်ခြင်း**:
* အာဏာကို ကိုယ်ကျိုးအတွက် အသုံးပြုခြင်း။
* အခြားသူများကို ထိန်းချုပ်ရန် အာဏာကို အသုံးပြုခြင်း။
* လက်အောက်ငယ်သားများကို အနိုင်ကျင့်ခြင်း။
* **ရည်ရွယ်ချက် ပျောက်ဆုံးခြင်း**:
* အဖွဲ့အစည်း၏ ရည်မှန်းချက်များနှင့် အာရုံလွဲခြင်း။
* အဖွဲ့အစည်း၏ ဦးတည်ချက်ကို မသိခြင်း။
* အဖွဲ့အစည်းအား မှန်ကန်စွာ ဦးဆောင်ရန် ပျက်ကွက်ခြင်း။

ဤအချက်များသည် ခေါင်းဆောင်မှု ကျရှုံးရခြင်း၏ အဓိက အကြောင်းရင်းများ ဖြစ်ပါသည်။

Sharing by TP

03/04/2025

"မင်းကိုဘယ်သူကနာကျင်အောင်
လုပ်တာလဲ
ဒါမှမဟုတ် ဘယ်သူကမင်းကို
ကြေကွဲစေလဲဆိုတာ
ခေါင်းထဲမထည့်နဲ့
တကယ်တော့ အရေးပါတာကလေ
မင်းကိုနောက်တကြိမ်
ဘယ်သူကထပ်ပြုံးစေတာလဲဆိုတာပါ"

Sharing by TP

02/04/2025

တရားမျှတမှုဆိုတာကို လူတွေက ကိုယ့်အတွက်ပဲ လိုချင်ကြတာ။ ပြန်ပေးဖို့တော့ မေ့နေကြတာမျိုး။

တရားမျှတမှုဆိုလို့ ရာဇဝတ်ပြစ်မှုအကြီးကြီးတွေပဲ ပြေးမြင်ရမှာလည်းမဟုတ်ဘူး။
ကိုယ့် လူ့ပတ်ဝန်းကျင်မှာအသေးအဖွဲ တရားမျှတမှုမရှိတာကို လက်ပိုက်ကြည့်မနေတာ လည်း တရားမျှတမှုကို ကျင့်ကြံတာပဲ။

ကိုယ်ယူခဲ့သလို ပြန်ပေးတတ်တာမျိုးကလည်း တရားမျှတမှုကို ကျင့်ကြံတာပဲ။ ဒီ society ကြောင့် ကိုယ်အသာစံခဲ့ရတယ် ဆိုရင်၊ ဒီ society နာနေတဲ့အချိန် ကိုယ်မနာချင်လို့လည်း မရဘူး။

နောက်တမျိုးက သူ့ဖက်ကျတော့ အိုးပစ် အိမ်ပစ် ဘဝပစ် career ပစ် မိသားစုပစ် လုပ်ပလေ့စေ၊ ကိုယ့်ဖက်ကျတော့ အသေးအဖွဲသာယာမှုလေးတွေတောင် အောင့်ထားဖို့ အားမနာတတ်ဘူး။ သူတို့ခက်ခဲနေချိန် ငါ ဒါလုပ်လိုက်ရင် မတရားသလိုများဖြစ်မလား လို့မတွေးဘူး။ ဒါဟာလည်း တရားမျှတဖို့ ပျက်ကွက်တာပဲ။

"ဟာ…ဒါလေး တွေများကွာ၊ ရေးကြီးခွင်ကျယ်" ဆိုပြီး တရားမျှတမှုခေါင်းစဉ်အောက် ထည့်တွေးရမှန်း‌တောင် မသိ‌သေးဘူးဆိုရင်တော့ တရားမျှတမှုဟာ ဝေးနေဦးမှာပဲ။

ဘာလို့ဆို…ကြီးမားတဲ့ တရားမျှတမှုတွေဆိုတာ သေးငယ်တဲ့ တရားမျှတမှုတွေအပေါ် ဆင့်ကဲတည်ဆောက်ထားတာ ဖြစ်လို့ပါ။

Please visit to my channel
https://www.youtube.com/c/TPKnowledgeSharing
Justice is not one sided.

အလုပ်ခွင်ထဲမှာ အတွေ့အကြုံကောင်းတွေရှိပြီး လုပ်သက်လည်းအတော်အတန်ရနေပြီဖြစ်တဲ့ Senior ဝန်ထမ်းတွေကို ရာထူးတာဝန်တစ်ခု အဆင့်မြ...
25/03/2025

အလုပ်ခွင်ထဲမှာ အတွေ့အကြုံကောင်းတွေရှိပြီး လုပ်သက်လည်းအတော်အတန်ရနေပြီဖြစ်တဲ့ Senior ဝန်ထမ်းတွေကို ရာထူးတာဝန်တစ်ခု အဆင့်မြှင့်ပေးကြည့်တယ်။

အနည်းအကျဥ်းကပဲ တစ်ဆင့်မြင့်ရာထူးနဲ့ထိုက်တန်တာ။

အများစုက ရာထူးလစာတိုးလိုချင်ကြပေမယ့် လက်တွေ့တာဝန်ပေးကြည့်တဲ့အခါ မအပ်စပ်ကြတာတွေ့ရတယ်။

ပြောချင်တာက Succession Planning ဆိုတာ အလုပ် ခွင်မှာ လိုကိုလိုအပ်တယ်။

ဝန်ထမ်းကိုယ်တိုင်က ရာထူးလိုချင်စိတ်ရှိရမယ်။

နောက်တစ်ဆင့်ရာထူးအတွက်လည်း ဖြည့်စရာရှိတာကြိုဖြည့်နေရမယ်။

ဖြည့်တဲ့နေရာမှာ အလုပ် နဲ့ HR က ကူညီရမယ်။

ပြည့်လုပြည့်ခင်အနေအထားရောက်မှ ရာထူးပေးတာအကောင်းဆုံးပဲ။

ဝန်ထမ်းအများစုက လုပ်ရင်းနဲ့တတ်သွားမယ်လို့ထင်မြင်နေကြတာ။ အဲဒါမှားတယ်။ မတတ်ဘူး။ အလိုလို ဘယ် တော့မှမတတ်ဘူး။ သင်ယူလေ့ကျင့်မှသာတတ်တာ။

လူတွေကို အခွင့်အရေးပေးကြည့်ရမှာ အကြီးအကဲတာဝန်ပါ။ တချို့လူတွေကို ဒုတိယအကြိမ်အထိအခွင့်အရေးပေးမှ အဆင်ပြေတာ။

Revolution ထက် Evolution ကပိုကြာတတ်ပေမယ့် အပြည့်ရတယ်။ကျေနပ်ဖွယ်ရာပိုကောင်းတယ်။

Sharing by TP

13/03/2025

"အသက် ၂၀ ကျော် လူငယ်များအတွက်
Tips များ "

ရည်မှန်းချက်ထားပါ🕯🕯

ဘဝမှာ ဘာဖြစ်ချင်လဲ၊ ဘာလုပ်ချင်လဲ
ဆိုတာကို ရှင်းရှင်းလင်းလင်း စဉ်းစားပါ။
ရေတိုပန်းတိုင်နဲ့ ရေရှည်ပန်းတိုင် ခွဲပြီး
စီစဉ်ထားရင် ဦးတည်ချက်
မပျောက်တော့ပါဘူး။

အသိပညာတိုးပွားအောင် လေ့လာပါ🕯🕯

စာအုပ်တွေ၊ ဆောင်းပါးတွေ ဖတ်ပါ။
ကိုယ်စိတ်ဝင်စားတဲ့ နယ်ပယ်တစ်ခုကို
နက်နက်ရှိုင်းရှိုင်း လေ့လာရင်း
ကျွမ်းကျင်မှုတွေ တည်ဆောက်ပါ။
ဘာသာစကားအသစ်တစ်ခုလည်း
သင်ယူထားရင် အနာဂတ်မှာ
အကျိုးရှိပါတယ်။

ကျန်းမာရေးကို အလေးထားပါ🕯🕯

လူငယ်ဘဝမှာ ကျန်းမာရေးကို
ဂရုမစိုက်မိရင် နောက်ပိုင်းမှာ
နောင်တရလာနိုင်ပါတယ်။
အိပ်ရေးဝအောင်အိပ်၊ အာဟာရဓာတ်
ပြည့်တဲ့ အစားအစာတွေ စားပြီး
လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ပါ။

ငွေကြေးစီမံခန့်ခွဲတတ်ဖို့ လေ့ကျင့်ပါ🕯🕯

ဝင်ငွေရှိလာရင် စုဆောင်းဖို့ မမေ့ပါနဲ့။
မလိုအပ်တာတွေအတွက်
ဖြုန်းတီးတာမျိုး ရှောင်ပြီး
ငွေစုနည်းလမ်းလေးတွေ စမ်းကြည့်ပါ။ ရင်းနှီးမြှုပ်နှံမှုအကြောင်းလည်း
စိတ်ဝင်စားရင် လေ့လာပါ။

လူမှုဆက်ဆံရေးကောင်းအောင် ထားပါ🕯🕯

သူငယ်ချင်းကောင်းတွေ၊
လမ်းပြပေးနိုင်တဲ့ အကြီးတန်းတွေနဲ့
ဆက်ဆံရေးတည်ဆောက်ပါ။
တစ်ယောက်တည်း အောင်မြင်ဖို့ထက်
ပတ်ဝန်းကျင်က လူတွေနဲ့
ပူးပေါင်းဆောင်ရွက်မှုက
ပိုအရေးကြီးပါတယ်။

အမှားတွေကနေ သင်ယူပါ🕯🕯

အသက် ၂၀ ကျော်မှာ အမှားလုပ်မိတာတွေ
ရှိလာနိုင်ပါတယ်။ အဲဒါတွေကို
စိတ်ဓာတ်မကျဘဲ သင်ခန်းစာယူပြီး
ရှေ့ဆက်ဖို့ ကြိုးစားပါ။ အမှားတွေက
အောင်မြင်မှုရဖို့ လှေကားထစ်တွေပါပဲ။

အချိန်ကို တန်ဖိုးထားပါ🕯🕯

အချိန်ဆိုတာ လူငယ်ဘဝရဲ့
အကြီးမားဆုံး အရင်းအနှီးပါ။
ဖုန်းပဲ တနေကုန်ကြည့်နေမယ့်အစား
ကိုယ့်ကိုယ်ကို တိုးတက်အောင်
လုပ်မယ့် အရာတွေမှာ အချိန်ပေးပါ။

Sharing by TP

#စာပေ

Address

Kuala Lumpur

Website

Alerts

Be the first to know and let us send you an email when Sa Oak posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category