ယုဝတီ ရှင်ပါရမီ

ယုဝတီ ရှင်ပါရမီ မြတ်နိုးမိသော … နူးညံ့ “ချစ်စိတ်”

စာရွက်အလွတ် တရွက်လိုပါပဲ….ခံစားသူရဲ့ စိတ်ဆန္ဒအလိုက်….လေတခွန်လေးဖြစ်ချင်ဖြစ်မယ်…..ကြိုးကြာဌက်စုံတွဲလေး ဖြစ်ချင်ဖြစ်မယ်….....
14/02/2026

စာရွက်အလွတ် တရွက်လိုပါပဲ….

ခံစားသူရဲ့ စိတ်ဆန္ဒအလိုက်….
လေတခွန်လေးဖြစ်ချင်ဖြစ်မယ်…..
ကြိုးကြာဌက်စုံတွဲလေး ဖြစ်ချင်ဖြစ်မယ်…..
ဘာမှ မရှိတဲ့ စာအိတ်လေးလည်း ဖြစ်ချင်ဖြစ်သွားမယ်….
ပျော်ရွှင်ကြည်နူးစရာ…..
နာကျင်ဖွယ်ရာ……
ခံစားချက်တချို့
ချရေးထားတဲ့ ရင်ဖွင့်လွှာလေးဖြစ်ချင်ဖြစ်မယ်….

ဘာပဲဖြစ်ဖြစ်…
ဘဝမှာ အမှတ်ရစရာ Memories များစွာနဲ့…..
အချစ်လို့ အမည်ခံတဲ့…..
မှတ်ဥာဏ်လေးတစ်ခု ကတော့ စွဲထင်ကျန်ရစ်ခဲ့ရစမြဲ……

ချစ်တတ်သော နှလုံးသားရှိသူတိုင်းအတွက်
Happy Valentine’s Day လေးဖြစ်ကြပါစေရှင်…..♥️

#ယုဝတီရှင်ပါရမီ

မိန်းမ တစ်ယောက် ရဲ့ ဖွင့်ဟဝန်ခံချက် နိဂုံး(အဆုံး) “ သူဖောက်ပြန်ထားတဲ့ Private chat ထဲက စာတွေကို မြင်ယောင်လာတိုင်း ကိုယ့်...
08/02/2026

မိန်းမ တစ်ယောက် ရဲ့ ဖွင့်ဟဝန်ခံချက်
နိဂုံး(အဆုံး)

“ သူဖောက်ပြန်ထားတဲ့ Private chat ထဲက စာတွေကို မြင်ယောင်လာတိုင်း ကိုယ့်ဘေးမှာ အိပ်နေတဲ့သူက ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်နဲ့ ပြစ်ပြစ်နှစ်နှစ် အိပ်ရာပေါ်က ကိစ္စတွေပြောဆိုထားကြတာလေ အမ ဘယ်လိုခံစားရတယ်ဆိုတာ ခံစားဖူးတဲ့ မိန်းမတွေချင်းပဲသိတယ်…..”
တစ်ကိုယ်လုံးပူတက် အသားတွေတုန် လာတယ်…
မျက်လုံးတွေ့ပြာ နားတွေအူလာ ဆက်မကြည့်နိုင် မခံစားနိုင်တော့လို့ အားမရှိသလို ခွေလဲချင်သွားတာ အခါခါဘဲ
သာမာန် စားပြီးပြီလား နေကောင်းလား အဆင့်ထက် အများကြီး ကျော်လွန်တဲ့ ၂ကိုယ်ကြား က တဏှာရာဂ စိတ်တွေ တောက်လောင်နေတဲ့ လူသား၂ယောက် ငယ်ထိပ်ပေါက်မတတ် ပြောထားကြတာ…..”

အဲ့ဒီစိတ်မှာရသွားတဲ့ trauma ကဘယ်လိုကုကု မပျောက်ဘူး …. အိပ်ရာပေါ်မှာ လင်မယား ကိစ္စ တဖက်ကမ်းခတ် ချစ်မှုရေးရာ တတ်ကျွမ်းရုံ နဲ့ ယောင်္ကျားတွေက မလုံလောက်ကြဖူးလား ဆိုတဲ့ စိတ်ကြီး…
ဘယ်မေတ္တာတရားကိုမှလဲ လက်မခံရဲတော့သလို
ဘယ်ချစ်ခြင်းကိုမှလဲ မယုံကြည် ရဲတော့ဖူး…”

“ အခုချိန်ထိလဲ သူ့ဆီဝင်လာတဲ့ ဘယ်သူ့message ကိုမှမကြည့်ရဲတော့သလို အလားတူ အဖြစ်ပျက်တွေမြင်တိုင်းလဲ အဲ့တာကြီးကိုဘဲ ပြန်ပြန်မြင်ယောင်နေတာ စိတ်ထိခိုက်မှုကအလျော်အစားပေးလို့ တောင်းပန်လို့မရဘူးဆိုတာ အဲ့ဒါပဲ…ညီမလေး…..”

******* ******** ******** *******

“သူ့ မိသားစု ကိစ္စ ခရီးရောက်နေတုန်း အမ သူနဲ့ အပြီးသတ်လမ်းခွဲဖို့ ရယ်..အပြီးသတ်လမ်းခွဲဖို့ လုံလောက်ခိုင်မာ တဲ့ လူတယောက် အမ မှာ ရှိနေပီဆိုတဲ့အကြောင်း Messenger က စာပို့လိုက်တော့… သူ ရောက်တဲ့ အရပ်ကနေ ချက်ချင်း အမဆီ လှည့်ပြန်လာခဲ့တယ်…”
“သူ နဲ့ Messenger / Telegram မှာ အိပ်ရာပေါ်က ကိစ္စတွေ ပြစ်ပြစ်နှစ်နှစ် ပြောဆိုထားတဲ့ တစ်ယောက် က သူတို့ မြို့ကပဲလေ … သူ အကြောင်းကြီးငယ်ကိစ္စနဲ့ အိမ်ပြန်တိုင်း အမ တော့ သူ့ကို ရွံတယ်… မတွေ့ကြ မဆုံခဲ့ကြပါဖူးဆိုပေမဲ့လည်း… အမ စိတ်နာမိတာ သူ့ရဲ့ ဖောက်လွှဲဖောက်ပြန်လွယ်တတ်တဲ့ စိတ်ကြီးကိုပဲ…”
“ဦး က အမကို တော်တော် နားလည်ပေးခဲ့ ချစ်ပေးခဲ့တယ်… အမ မောင် မသိအောင် ဖောက်ပြန်ခဲ့တာ မဟုတ်ဖူးနော် .. မောင့်လို အမ မသိအောင် အခြား တယောက်နဲ့ အိပ်ရာပေါ်က ၂ကိုယ်ကြားကိစ္စ စာနဲ့ တဖုံ Video တွေနဲ့ တသွယ် ပြောဆို ဆက်ဆံခဲ့တာမျိုး မရှိခဲ့ဖူး…. အတိအလင်း ဖွင့်ပြောပြီး ဒီဇာတ်လမ်းကို
ရပ်ပစ်လိုက်ဖို့ ပြောခဲ့တာ …
အမ လုပ်ရပ်က အမ နဲ့ မောင့်ကြားမှာ သိက္ခာရှိတဲ့ လုပ်ရပ်ပါ.. ရှေ့မဆက်ချင်တော့တဲ့ စိတ်က မောင့်ကို မချစ်တော့လို့ မဟုတ်ဖူး… မယုံရဲတော့လို့… ရှေ့ဆက် ယုံဖို့ အင်အား နည်းပါးသွားလို့…”
“အမ ဆီ သူရောက်လာတော့ အမ ကို ဘာပြောလဲ ဟင်…
အမ က ခပ်တိုးတိုး ရယ်လိုက်သေးတယ် ….ပြီးမှ… သက်ပြင်းချပြီး…
“သူ ငိုတယ် အမ ကို ထိုင်ရှိခိုးပြီးတောင်းပန်တယ် …
သူ အမှားတွေ ရှိခဲ့ရင် ထိုင်ရှိခိုးပြီးတောင်းပန်ပါတယ် သူ့ကို ခွင့်လွှတ်ပေးပါတဲ့ …..
အဲ့အချိန် အထိ အမ ဦးကို စိတ်ထဲက ရတိပြတ် မရွေးချယ်ထားသေးပါဖူး…. အမ တယောက်ထဲ ဖြစ်နေတဲ့အချိန်မှာ ဦး က အမ စိတ်ကို အများကြီး သက်သာရာ ရစေခဲ့တယ်…နှစ်သိမ့်ပေးခဲ့တယ် ကာကွယ်ပေးခဲ့တယ် စိတ်လုံခြုံမှု ပေးခဲ့တယ် ဖောက်ပြန်သွားမှာစိုးရိမ်လို့ ဆိုတဲ့ အတွေး ဘယ်ယောင်္ကျားနဲ့မှ မထားတော့ဖို့ သေချာနေတဲ့ အမ စိတ်ရယ် ..
တကယ် ယုံကြည်လာအောင် နေထိုင်မှုဟာ လူ့ တန်ဖိုးလို့ သတ်မှတ်ထားပြီး အရွယ်တခုရဲ့ ရင့်ကျက်မှုနဲ့ ချင့်ချိန်နိုင်စွမ်းကို ဦး ဆီမှာ တွေ့ရတယ်…”
“ အမ ပျော်လားဟင်… အမ သိပ်ချစ်တဲ့ သူကို ဥပက္ခာပြုပြီး တခြားတယောက် ရဲ့ အချစ်မှာ… အမ ပျော်လား… တမျိုးမထင်ပါနဲ့နော် ကျနော် လည်း သိချင်လို့ပါ…”
“ထိုက်တန်တဲ့ ပျော်ရွှင်မှုဆိုတာ တကူးတက ဖန်တီးနေဖို့ မလိုပါဖူး ညီမလေးရယ်…. မပူပန်ရပါပဲ ကိုယ့်အတွက် ရှေ့မှာရော ကွယ်ရာမှာပါ စိတ်ချ လက်ချ ဖြစ်နေစေမဲ့ သူမျိုးကို ညီမလေး ရခဲ့ရင် အလိုလို စိတ်ပျော်ရတယ် လုပ်သမျှ အလုပ်တွေကလည်း အောင်မြင်လာတယ်… အစ ကတော့ ရှေ့လူပေးခဲ့တဲ့ စိတ်ဒဏ်ရာတွေနဲ့ ဦးကို လည်း သံသယတွေ ထားမိခဲ့ဖူးတယ်… ဒါတွေ အားလုံး ဦး ဆီမှာ မရှိဖူးဆိုတာ အမ လက်ခံသွားအောင် အနေအထိုင် ရိုးရှင်းခဲ့လို့ အမ စိတ်တွေ အနည်ထိုင် အေးချမ်းခဲ့တာ…ရာနှုန်းပြည့် (ကံကြမ္မာရယ် အမကိုယ် အမရယ် ) မယုံကြည်ရဲသေးပေမဲ့ပေါ့လေ…. အမ မောင့်ကို ချစ်ပေးခဲ့တဲ့ အချစ်တွေ အတွက် ဦး ဆီက အချစ်တွေနဲ့ ဝဋ် လှလှကြီး အလည်ခံနေရတာ တန်တယ်လို့ သတ်မှတ်တယ်….”

“လူတစ်ယောက်ဆီကနေ ဝုန်းဒိုင်း ဆိုပြီး အမ ထွက်မသွားဘူး
အချစ်တွေ သံယောဇဉ်တွေကြောင့် ထွက်လဲ မထွက်သွားရက်ခဲ့ပါဘူး
အမ အဆင်မပြေတော့တဲ့ အကြောင်းတွေကို ပြောပြတယ်
အမ မှာ ဒီလို ကိစ္စမျိုး trauma ကြီးကြီး ရှိခဲ့တာ သူ အသိဆုံးပါ အဲ့ဒါကြောင့်
အမ ကို ဒီလိုမလုပ်ပါနဲ့ လို့ အတန်တန် ပြောပြထားရက်နဲ့ သူလုပ်တယ် …
လျစ်လျူရှုလိုက်တယ် ဆိုတာရော ကြားဖူးလား… အဲ့တာ လူတစ်ယောက် ဘဝထဲမှာ တကယ် 6သဆုံးသွားခြင်းပဲ “

“မေတ္တာတွေ လုံလုံခြုံခြုံပေးဖြစ်တယ်၊လေးစားမှုပေးထားတယ်၊နေရာတစ်ခုနဲ့ တန်ဖိုး ထားပေးခဲ့တယ်…
ဒါပေမဲ့ ပေးဖို့ မတန်တော့ဘူးလို့ ခံစားလာရရင်
ရုတ်သိမ်းလိုက်တယ်..”

အမ ဆီက ဖုန်းမလာဖြစ်တော့ပါဖူး….
တခါတရံ အသံဖိုင်လေးပို့တယ်… အမဆီက အသံဖိုင် ရောက်တာတွေ့တော့ ပထမ စိတ်ထဲ စိုးရိမ်သွားမိသေးတယ်… အမ ရဲ့ ဦးနဲ့ရော အဆင်ပြေရဲ့လား အဆင်ပြေပါ့မလားပေါ့… သတိရလို့ အသံဖိုင်ပို့တာ ဆိုမှ ဟင်းချရတယ်…
facebook က အမ ရဲ့ ပုံလေးတွေ ပျော်စရာ video လေးတွေ တက်လာတိုင်း …အော် အမ တယောက် ပျော်နေရပီ အေးချမ်းတဲ့ ချစ်ခြင်း လုံခြုံစိတ်ချ ရတဲ့ နွေးထွေးတဲ့ ကမ္ဘာလေးထဲ မှာ ရောက်နေပီ ဆိုပြီး..ထပ်တူ ပျော်ရွှင်မိတယ်…။
သေချာတာ တခု က
တဖက်မှာ တော့ တသက်လုံး ပြန်မရနိုင်တော့တဲ့ လူတယောက် ကိုဆုံးရှုံးလိုက်ရတယ် ( သူမ ရဲ့ ချစ်ခြင်းတွေလဲ ပါချင်ပါသွားမှာပေါ့)
တဖက်မှာတော့ ကိုယ့်ဆုံးရှုံးလိုက်ရတဲ့ ချစ်ခြင်းမေတ္တာတွေ အတွက် ထိုက်တန်တဲ့ ချစ်ခြင်းမေတ္တာတွေ ပြန်လည်ရရှိပြီး ပျော်ရွှင်နေရပြီ….
ဒီ အကြောင်းအရာလေးဟာ လွန်ခဲ့တဲ့ ၂နှစ်ကျော်လောက်က အမ တယောက်ရဲ့ ရင်ဖွင့်သံတွေပါ…ခုထိ သူမ ရဲ့ ဦး နဲ့ သူမ ပျော်ရွှင်နေရဆဲ…။
တခြားသော တဖက်က သူမ ရဲ့ မောင်ဆိုတာ ကတော့… အမှုန်အမွှားသာသာလို ပျောက်ကွယ်ပြီး ဘယ်နေရာ ဘယ်ဌာန မှာ ဘယ်လိုလူတွေနဲ့ ဆက်ရှိနေသလဲ ဆိုတာကတော့…….
#ယုဝတီရှင်ပါရမီ
#မိန်းမတယောက်ရဲ့_ဖွင့်ဟဝန်ခံချက်

ဒီနေ့ည ၇:၃၀  #မိန်းမတယောက်ရဲ့_ဖွင့်ဟဝန်ခံချက်  #ဇာတ်သိမ််းလေး တင်ပြီနော် ….♥️
08/02/2026

ဒီနေ့ည ၇:၃၀
#မိန်းမတယောက်ရဲ့_ဖွင့်ဟဝန်ခံချက်
#ဇာတ်သိမ််းလေး တင်ပြီနော် ….♥️

စာကိုယ်{၂} (သို့) နိဂုံး {၁} =============================အိပ်ရာပေါ်က ကိစ္စလောက်နဲ့  အမ သူ့ကို ခဏ ခဏ မပတ်သက်ချင်ပါဖူး… အ...
25/01/2026

စာကိုယ်{၂} (သို့) နိဂုံး {၁}
=============================

အိပ်ရာပေါ်က ကိစ္စလောက်နဲ့ အမ သူ့ကို ခဏ ခဏ မပတ်သက်ချင်ပါဖူး… အိပ်ရာပေါ်မှာပဲ သာယာချင်ရင် လူမထပ်အောင် နေပစ်မှာပေါ့…အမ မှာ လုပ်လို့ရတဲ့အနေအထားတွေ ရှိနေတာပဲ.. အမနဲ့ အိပ်ချင်တဲ့သူတွေ အမ အနားမှာလာနေချင်တဲ့သူတွေ.. အမ ကို သေချာ တန်ဖိုးထား လက်ထပ်ယူချင်တဲ့သူတွေမှ တပုံကြီး.. အမ နယ်ပယ်မှာ …အမ အလုပ်ထဲမှာ လက်တကမ်းတင် ပျိုပျိုအိုအို တောင့်တောင့် ဖြောင့်ဖြောင့် ပုံလို့ လွယ်လိုက်တာမှ…”

#မိန်းမတယောက်ရဲ့_ဖွင့်ဟဝန်ခံချက်

“လောကကြီးမှာ ကြောက်စရာအကောင်းဆုံးကလေ ..လူတွေ ရဲ့ အတ္တပဲ…သူတို့ ကျူးလွန်ခဲ့ဖူးတဲ့ အမှားမျိုး
သူတို့ ပြန်ပြီး အကျူးလွန်ခံရရင်…သိပ် ဇာတ်နာပြတတ်ကြတာ..သူများ ရဲ့ နာကျင်ခံစားမှုကိုကျတော့ ပုရွက်ဆိတ် ကိုက်သလောက်လေး ကျူးလွန်မိတာပါကွာလို့ထင်ကြေး ပေးပြီး…သူတို့လည်း တကယ် ခံလိုက်ရရော….ဘာပြောကောင်းမလဲ…ဘဝမှာ သူတို့လောက် ခံပြင်းနာကျင်ရတာ
သူတို့ပဲရှိတော့သလိုလို…သူတို့ပဲ ဇာတ်အနာရဆုံး သူတို့ပဲ..သောက အများဆုံး….ယုံလား…”

ကျွန်မ မှာ သူမ ကို နှစ်သိမ့်ဖို့ရာ စကားလုံး ချက်ချင်းရှာမရခဲ့ဖူး….

“မောင့် ရဲ့ သစ္စာတရားဆိုတာ အမ အတွက် အခါးဓါတ်တွေ ပါနေပါလားလို့ သတိထားမိတဲ့ အချိန်က စပြီး…အမ ကော်ဖီခါးခါး တွေ ကိုစွဲလမ်းလာခဲ့တာပဲ …ထူးထူးဆန်းဆန်း Alcohol တွေ ဖြတ်လိုက်တာ ကိုတော့ မောင် က သတိမထားမိခဲ့ဖူး..ညီမလေးရဲ့..
အင်းပေါ့… သူက ပြုသူ ဆိုတော့ ဟောင်းတာပေါ့..
အမ အတွက်တော့ အရာရာ ဟာအသစ်ပြန်ဖြစ်သွားတာပဲ….မောင် သိပ်ကြိုက်တဲ့ အမရဲ့ ဆံနွယ်တွေ အကြောင်းအမျိုးမျိုးရှာပြီး တစစ တိုပစ်ခဲ့တယ်…
မောင် သတိမထားမိအောင်လည်း အမ သိပ် ဟန်ဆောင်ကောင်းခဲ့တယ် ထင်ပါ့… အဟင်း…
ယောင်္ကျားတွေ က …အော် အဓိက မောင် ပေါ့….ဘာရယ်မဟုတ်ပါဖူးဆိုတဲ့ ကျူးလွန်မှုလေးတစ်ခုက သူ့ကို အလဲထိုးမဲ့ တိုက်ကွက်ဖြစ်စေခဲ့တယ် ဆိုတာ သူ မသိခဲ့ရှာဖူး…သိပ်သနားဖို့ကောင်းတဲ့ မောင် ပဲ…
သူ့ကို အမ ခွင့်လွှတ်တယ်လို့ ..ထင်နေတာ …ဟားဟား…သိပ်သနားဖို့ကောင်းတယ်….”

သူမ ရဲ့ အသံတွေက
ကြောက်စရာကောင်းလောက်အောင်ကို အေးစက်နေတာ….

သူမ ကို မမြင်ရပေမဲ့ ..
ဖုန်းထဲကနေ သူမ ရဲ့ စိတ်ကို မြင်ရလောက်တဲ့အထိ ကျွန်မ ရင်းနှီး သွားတဲ့ အချိန်မှာ ကျွန််မ တော်တော် ရင်ထိတ်ခဲ့ရတယ်….

“သူ့ဘေးက မိန်းမ တစ်ယောက် ညဖက်တွေ အေးဆေးစွာ မအိပ်စက်ရပဲ အေးစက်ခါးသီးစွာ ငိုကြွေးခဲ့ရတဲ့ အကြောင်းကို …မောပမ်းပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မော ကျနေတဲ့ သူ ကတော့ ဘယ်သိပါ့မလဲ ညီမလေးရယ်…”

“အမ က အရမ်း အစွဲလန်းကြီးခဲ့တာပဲနော် …

“ Absolutely Right…အမ က အရမ်း အစွဲလန်းကြီးတတ်တာ…သိပ်ကို ချစ်တတ်တာ..သိပ်တွယ်တာတတ်တာ…နှလုံးသားရဲ့ ခံစားချက်ဆိုတာကို
သိပ်လည်း တန်ဖိုးထားတတ်တာ…ဒါပေမဲ့ ညီမလေးရယ် … ကိုယ်ချင်းစာစိတ် ဆိုတာ မျိုးကလေ..
ကိုယ်မလုပ်ခင် ..ငါဒီလိုလုပ်လိုက်ရင်
တစ်ဖက်လူ ဘယ်လိုခံစားသွားရမလဲဆိုပြီး
တွေးပေး စာနာပေးရတာမျိုးပါ…
ကိုယ်နာကျင်ခံစားရမှ….
ကိုယ်ချင်းစာစမ်းပါလို့ ထအော်နေရမှာ မဟုတ်ဘူး … “

“ အမ .. စိတ်မဆိုးနဲ့နော် သူက အမ ကို တကယ်ချစ်ခဲ့တယ်လို့ထင်လားဟင်….”

သူမ ရဲ့ အငြိုးအတေးလို့ မပြောရက်ပါဖူး…
ဘာလို့မှန်းမသိ သူမ ရဲ့ ခံစားချက်ကို နားလည်ပေးမိနေတာ..ဒီမေးခွန်းကို မမေးချင်ပဲ အဖြေပေး
သလို မေးမိပြန်တယ်…

“ သူနဲ့ စ ပတ်သက်တုန်းထဲက အမ အတွက် ပေါ့ပေါ့ပါးပါး မဖြစ်ခဲ့ဖူး.. သေချာလေးလေးနက်နက်တွေးပြီး ရှေ့တိုးခဲ့တာ သူ ချစ်နိုင်လား မချစ်နိုင်ဖူးလားဆိုတာထက် … သူမေးတဲ့ စကားတခွန်း ခုထိ ကြားနေတုန်းပဲ.. သူ့ကို s*x partner အနေနဲ့ ပတ်သက်တာလား ဘဝတလျောက်လုံး အတွက် ရည်ရွယ်ခဲ့တာလား တဲ့… အမ ချက်ချင်းဖြေပေးခဲ့တယ် အိပ်ရာပေါ်က ကိစ္စလောက်နဲ့ အမ သူ့ကို ခဏ ခဏ မပတ်သက်ချင်ပါဖူး…အိပ်ရာပေါ်က ကိစ္စလောက်နဲ့ အမ သူ့ကို ခဏ ခဏ မပတ်သက်ချင်ပါဖူး… အိပ်ရာပေါ်မှာပဲ သာယာချင်ရင် လူမထပ်အောင် နေပစ်မှာပေါ့…အမ မှာ လုပ်လို့ရတဲ့အနေအထားတွေ ရှိနေတာပဲ.. အမနဲ့ အိပ်ချင်တဲ့သူတွေ အမ အနားမှာလာနေချင်တဲ့သူတွေ.. အမ ကို သေချာ တန်ဖိုးထား လက်ထပ်ယူချင်တဲ့သူတွေမှ တပုံကြီး.. အမ နယ်ပယ်မှာ …အမ အလုပ်ထဲမှာ လက်တကမ်းတင် ပျိုပျိုအိုအို တောင့်တောင့် ဖြောင့်ဖြောင့် ပုံလို့ လွယ်လိုက်တာမှ…”

တခါတလေ သူမ ပြောစကားတွေ က နူးညံ့စွာ နားရှက်ဖို့ နဲနဲ ကောင်းပေမဲ့.. သူမ စကား အစကို သူမ လှလှပပ သိမ်းသွားတတ်တော့ နားထောင်ရတာ မပြင်းနေဖူး .။ သူမ ကို သဘောကျမိတဲ့ အချက် က အဲ့ဒါလည်းပါတယ် ။
လူတယောက် ရဲ့ ပြောစကားပေါ်မူတည်ပြီး သူဟာ ကိုယ့်လုပ်ရပ်အပေါ် တာဝန်ယူ တာဝန်ခံစိတ်ရှိသူလား .. ဆိုတာ ကွဲပြားစွာသိရတယ် ။

“ သူ အမကို တကယ်ချစ်ခဲ့ပါတယ်.. သူ့ကိုယ်သူ မချစ်တတ်ခဲ့တာပါ… သူ့ကိုယ်သူ တန်ဖိုးမထားတတ်ခဲ့တာ… ကိုယ့်ကိုကိုယ်တောင် တန်ဖိုးမထားတတ်တဲ့ သူက ကိုယ်ချစ်ရတဲ့ သူကို ဘယ်လို တန်ဖိုးထားပြီး ချစ်တတ်မှာတဲ့လဲ … အမ တို့ ခရီးတွေ အတူသွားရင် ဟိုတယ် က လူတွေ နောက်ကျတယ် မမ ရဲ့ မောင်လေးတဲ့ မှတ်ပုံတင်ကိုကြည့်မှသိ နိုင်တဲ့ အမ ရဲ့အသက်ကို သိသွားလို့လေ…ဟား ဟားး. အဲ့လို စနောက် ရင် သူ က မရှက်ပါဖူး သိလား .. ငပေါလေး … လေ …တခါတခါ သူ့ပြောလို့ပြောနေမှန်းလဲ မသိဖူး…”

ကျွန်မ နောက်ပိုင်း သတိထားမိလာတာ တစ်ခု က သူမ ဟာ သူ့မ ရဲ့ မောင့် အပေါ် အရင် ကျွန်မ နဲ့ စကားတွေ စပြောခါစလို မလေးနက်တော့ဖူး.. ချစ်ခြင်းအပြည့်မတွေ့တော့ဖူး… အခုနောက်ပိုင်း စကားပြောရင် ပိုသိသာတယ်.. ငပေါလေး လို ချီးထုပ်လေးလို ရွှတ်နောက်နောက် အသုံးအနှုန်းတွေ ပြောလာတတ်တယ်…

“တနေ့ပေါ့ မောင် နဲ့ အမ ရဲ့ ဇာတ်လမ်းလေးအတွက် အဆုံးသတ်ရမဲ့ နေ့တနေ့ကို ရောက်မှန်းမသိ ရောက်သွားခဲ့တယ်…မရည်ရွယ်ခဲ့ပါဖူး..တကယ် မရည်ရွယ်ခဲ့တာ…”

အဲ့ဒီ့အကြောင်းအရာကို သူမ ရင်ဖွင့် ပြောပြတဲ့နေ့က
ကျွန်မ တော်တော်နေမကောင်းဖြစ်နေတာ ..

သူမ လည်း တအားကို ငိုခဲ့တာ …
ရှိုက်ကြီးတငင်ပဲ ငိုတာ
ရင်ကွဲမတတ်ငိုနေတာ ..
နေကလဲ မကောင်းတော့
ခေါင်းတွေပါ ကိုက်အောင် နားချ ဖြေင့်ဖြပေးရတယ်
အငိုရပ်ဖို့…
အမ အရမ်းပင်ပမ်းလွန်းနေပီ နားသင့်နေပီ
လွှတ်ချလိုက်သင့်နေပီဆိုတော့….
ငိုသံတွေ တဖြည်းချင်းရပ်ပြီး…
သူမ တလုံးချင်း ခပ်တိုးတိုး ပြောလာတယ်…
တိုးတိုးလေး…
“ဟမ်.. အမ ဘာပြောလိုက်တာ… ပြန်ပြောပါအုန်း မကြားလိုက်လို့…….

ဆက်ရန်…

#ယုဝတီရှင်ပါရမီ
#မိန်းမတယောက်ရဲ့_ဖွင့်ဟဝန်ခံချက်

လူတိုင်းမှာ လူတွေ မသိအောင်သိုဝှက်ထားတဲ့သွားထိလို့မရတဲ့ စိတ်ပိုင်းဆိုင်ရာအစိတ်အပိုင်းတွေဆိုတာ အမှန်တကယ်ရှိတယ်…တဲ့။လူတော်တ...
25/01/2026

လူတိုင်းမှာ လူတွေ မသိအောင်
သိုဝှက်ထားတဲ့
သွားထိလို့မရတဲ့ စိတ်ပိုင်းဆိုင်ရာ
အစိတ်အပိုင်းတွေဆိုတာ အမှန်တကယ်ရှိတယ်…တဲ့။

လူတော်တော်များများက
သူ့ကမ္ဘာလေးမှာ
သူ့နည်းသူ့ဟန်လေးနဲ့ တိုးတိတ်စွာ
ဝမ်းနည်းကြေကွဲနေကြရတာ….နော်။

အထိအခိုက်မခံနိုင်တဲ့ အပိုင်းတွေကို
ကျ အကွဲ မခံနိုင်တဲ့ ဖန်အိမ်ငယ်တခုလို ပွေ့ဖက်ပြီး
ယုယုယယ ထိမ်းသိမ်းလျို့ဝှက် ထားကြရတာ …သိလား။

ဒါလေးလုပ်လိုက်တာပဲ
ဒါလေး ပြောလိုက်တာပဲ
ဘာဖြစ်မှာမို့လည်း ဆိုပြီး
အလွယ်တကူ မလုပ်မိ ပြောမိပါစေနဲ့…
စိတ် တွေ ဆိုတာ အပြီး ကြေကွဲပျက်စီးသွားရင်
ငါ့စိတ် နင်ယူဆိုပြီး..
အစားထိုး အလျော်ပြန်ပေးလို့မရဘူး…
တောင်းပန်လို့မရဘူး… မောင်ရဲ့ ..။

#ယုဝတီရှင်ပါရမီ
#မိန်းမတယောက်ရဲ့ဖွင့်ဟဝန်ခံချက်

မောင်ရေ…ဖောက်ပြန်မှုဆိုတာ ကတိတစ်ခုကို ချိုးဖောက်ရုံသက်သက်မဟုတ်ပါဖူး အမျိုးသမီးတစ်ယောက်ရဲ့ လုံခြုံစိတ် နဲ့ ချစ်ခြင်းမေတ္တ...
24/01/2026

မောင်ရေ…
ဖောက်ပြန်မှုဆိုတာ
ကတိတစ်ခုကို ချိုးဖောက်ရုံသက်သက်မဟုတ်ပါဖူး
အမျိုးသမီးတစ်ယောက်ရဲ့
လုံခြုံစိတ် နဲ့ ချစ်ခြင်းမေတ္တာအပေါ်ထားတဲ့ ယုံကြည်ချက်တွေကိုပါ ပျက်စီးစေတတ်တာမျိုး.. မောင်ရဲ့…။

ဝမ်းနည်းစရာကောင်းတာက
အဲဒီ့ ဖောက်ပြန်လိုစိတ်အတွက်
အကြီးမားဆုံး နစ်နစ်နာနာ ပေးဆပ်ရသူက
မောင် အရမ်း ချစ်တဲ့ အမျိုးသမီး ဖြစ်နေတယ်။

သစ္စာစောင့်သိမှု၊ပေးဆပ်မှု နဲ့
နှလုံးသားတွေအားလုံး ပေးထားတဲ့
အမျိုးသမီးတစ်ယောက်အတွက်
လက်တွဲဖော်ရဲ့ ဖောက်ပြန်မှုကို သိလိုက်ရခြင်းက
ကိုယ်ခန္ဓာပိုင်းဆိုင်ရာ သစ္စာဖောက်ခံရခြင်းအပြင်
စိတ်ဝိညာဉ်ကိုပါ နာကျင်စေတဲ့
ခပ်နက်နက် ဒဏ်ရာတစ်ခုပါ။

ဖောက်ပြန်ခြင်းဟာ
လူတွေရဲ့ ကံကြမ္မာမဟုတ်သလို
သဘာဝလည်းမဟုတ်ဖူးနော် မောင်..။
ဒါဟာ ကိုယ်ပိုင် ဆုံးဖြတ်ချက်တစ်ခု…
မောင်ရေ …
အမျိုးသားတစ်ဦး သစ္စာဖောက်ဖို့ ရွေးချယ်လိုက်တာသူ့ဘေးမှာ ရပ်တည်ပြီး သူ့ကို ယုံကြည်ပေးခဲ့တဲ့၊
သူ့ပျော်ရွှင်မှုအတွက် သူမရဲ့ ပျော်ရွှင်မှုကို စတေးခဲ့တဲ့
အမျိုးသမီးတစ်ဦးကို အရှက်ခွဲဖို့
ရွေးချယ်လိုက်တာနဲ့ အတူတူပဲ တဲ့…။

သံသယဝင်ရတဲ့ ညတွေ၊ မျက်ရည်ကျရတဲ့
နေ့တွေကို ခွင့်လွှတ်ပါတယ်လို့ ပြောနေပေမဲ့…
တချို့ကျတော့ ကျိုးပဲ့သွားတဲ့အရာတွေကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားကြတယ်

တချို့ကတော့ သူတို့ရဲ့ နာကျင်မှုကနေ ခွန်အားတွေစုစည်းပြီး မလေးစားတဲ့ အချစ်မျိုးကို ငြင်းဆန်ရင်း
ထွက်ခွါဖို့ ပြင်ဆင်တတ်ကြတယ်။
တချို့ကျတော့…..

ဘယ်အရာကို ရွေးရွေးပါ
အမာရွတ်တွေ အက်ရာတွေတော့ ထင်ကျန်တတ်ကြတာပဲ နော် …

အဲ့တော့လေ…
အမျိုးသားတစ်ယောက်ဖောက်ပြန်ဖို့ကို ရွေးချယ်လိုက်ခြင်းဟာ အမျိုးသမီးတစ်ဦးရဲ့ ဘဝလမ်းကြောင်းကို ပြောင်းလဲသွားစေတယ်ဆိုတာ
မောင့် ကို တကယ် သိစေချင်တယ် မောင်…။

#မိန်းမတယောက်ရဲ့_ဖွင့်ဟဝန်ခံချက်
#ယုဝတီရှင်ပါရမီ

စာကိုယ်{၁}======== #သစ္စာဖောက်တယ်_ဆိုတာ_သွေးသားဆန္ဒအရ  #လူချင်းထိတွေ့လိုက်မှ_ဖောက်ပြန်တာ_မဟုတ်ဖူး  #စာလေးတကြောင်း_စကားလေ...
23/01/2026

စာကိုယ်{၁}
========

#သစ္စာဖောက်တယ်_ဆိုတာ_သွေးသားဆန္ဒအရ
#လူချင်းထိတွေ့လိုက်မှ_ဖောက်ပြန်တာ_မဟုတ်ဖူး
#စာလေးတကြောင်း_စကားလေးတခွန်း_ဂရုစိုက်မှု_တစုံတရာနဲ့လည်း_ဖောက်ပြန်ခြင်းကိုဖြစ်မြောက်စေတာပဲ

#မိန်းမတစ်ယောက်ရဲ့_ဖွင့်ဟဝန်ခံချက်

တကယ်တော့လေ
မိန်းမ တယောက်က သိပ်ချစ်မိသွားတဲ့အခါ …
မလုပ်သင့်တဲ့ အမှား တားမြှင့်ထားတဲ့စည်းတွေနဲ့ မကျူးလွန်သင့်တဲ့ အရာတွေကို ကြောက်စိတ်လုံးဝ မရှိတော့ပဲ မဖြစ်ဖြစ်အောင် ကျူးလွန်သွားတတ်တယ်…ဆိုတာ အရမ်းမှန်တာပဲ…
အဲ့နေ့ ညက သူမ နဲ့ ကျွန်မ ည ၂:၀၀ အထိ စကားပြောဖြစ်ကြတယ်..

“ညီမလေး ယုံလား … အမတို့ မိန်းမသားတွေက နာကျည်းလွယ်တဲ့ အမျိုးအစားတွေ မဟုတ်ဖူး..
ပြတ်သွားမှာ ကျိုးကျေသွားမှာစိုးရိမ်ပြီး .. အတင်း ဖက်တွယ် ထားရင်း ..နာကျင်ရကောင်းမှန်းမသိ နာကျင် လွန်းလာတဲ့အခါမှ နာကျည်း မုန်းတီးစိတ် ဆိုတာဖြစ်လာခဲ့တာ …အမ ဖက်က မမှားဖူးမို့လားဟင်..”

အမ ဖက်က မမှားဖူး မို့လား ဆိုတာ သူမ တွင်တွင်သုံးတဲ့ လက်သုံးစကား…
“အမ အခုထိ မမှားသေးပါဖူး…” ဆိုတာ ကျွန်မ အမြဲပြန်ဖြေတဲ့ အဖြေ ။

ကျွန််မ က နားထောင် ခံစားပေးသူ .. သူမ က မခံစားနိုင်လွန်းလို့ ရင်ဖွင့်ပြီးပြောပြသူ…ဒါပေမဲ့ တခါတခါ သူမ ဆီက စာမျက်နှာသစ်တွေ ဖတ်ခွင့်ရခဲ့လို့ ကျေးဇူးတင်ရတယ်…
သူမ ဖြတ်သန်းလာခဲ့တဲ့ ဘဝစာမျက်နှာတွေ ကို နားထောင်ရင်း တချက်ချက် သူမ ဟာ ကျွန်မ ဖြစ်ဖြစ်သွားတယ်…

သူမ လည်း မိန်းမသား ကျွန််မ လည်း မိန်းမသားမို့လား…
သူမ အမှားမပါပဲ တဖက်သတ် ပေးဆပ်နေခဲ့တာတွေ ကို သူမ ရဲ့ မောင် ဆိုသူ က မသိကျိုးကျွံပြုတာမျိုးလည်းမဟုတ်ပါပဲ… တခြားသော မိန်းမ တယောက်နဲ့…ဘာကြောင့်များ စာတွေရေးပြီး သာယာနေသလဲပေါ့…

တကယ်ကို အတ္တ ကြီးလွန်းတဲ့ သူပဲလို့ ထင်မိတယ်…
သူမ ပြောပုံအရဆို သူမ က အဲ့ယောင်္ကျား ကို တော်တော် ချစ်ခဲ့တာပဲ…။

သူမ နဲ့ ကျွန်မ facebook မှာ friend တွေ မဟုတ်ပဲ messenger မှာ စကားတွေ ပြောဖြစ်ခဲ့ကြတယ်…
သူမ ရဲ့ ရုပ်ရည်ကို ကျွန်မတွေ့ခွင့်ရလိုက်တော့ အနည်းငယ် အံ့ဩသွားစေတာ တစ်ခုက …
သူမ က တကယ် ထက်မြတ်တယ် ၊ကြည့်ကောင်းတယ် ၊ နောက် သူမရဲ့ မောင် ဆိုသူ ကလည်း ကြည့်ကောင်းတယ်။ အသက်အရွယ်ကြောင့် တည်ငြိမ်ရင့်ကျက်တဲ့ ပုံပန်းသဏ္ဏာန် မရှိနေပေမဲ့…
အရပ်မြင့်မြင့် ခန္ဓာကိုယ်တောင့်တောင့်…အသားလတ်ပြီး တိကျပြတ်သားတဲ့ မျက်ခုံးမွှေးနက်နက်တွေ ရှိတယ် ။
သူမ တို့ အမှတ်တရတွေ နဲမှ မနဲပဲ..။

Account Wall ထဲ ဝင်ကြည့်မှ သူတို့ နှစ်ဦးက အချိန်တော်တော်များများ အတူရှိခဲ့ ချစ်ခဲ့ သံယောဇဉ်ဆိုတာ ဖြစ်တည်ခဲ့ကြတာပဲ။
တော်တော် သံယောဇဉ် ရှိခဲ့ကြမှာ။
ဒါပေမဲ့..
အဲ့ဒီ့ နေ့ရက်တွေ မှာ သူမ အစချီပြောခဲ့ဖူးတဲ့ သူမ ရဲ့ ဝန်ခံမှုတစုံတရာ ဆိုတာ လေသံတောင် မကြားခဲ့ရဖူး…
သူမ နဲ့ သူမ ရဲ့ မောင် တို့ နှစ်ဦး ကြားမှာ သူမ ဖက်က စပြီး တားထားလိုက်တဲ့စည်း နဲ့ သတ်မှတ်ချက်တချို့ကို ဟို ယောင်္ကျား က သိခဲ့ပုံ မပေါ်ဖူး..
တကယ်ဆို သူမ က သစ္စာဖောက်ခံခဲ့ရတာ…
သူမ ရဲ့ ယုံကြည်မှုတွေကို အလွဲသုံးစား လုပ်ခံခဲ့ရတာ…
သူမတို့ ရဲ့ ပျော်ရွှင်မှုတွေကို ဒီယောင်္ကျား က သူရဲ့ တကိုယ်ရည် စိတ်ဖြေရာ အာသာဆန္ဒတစ်ခုထဲ နဲ့ ဖျက်စီးပစ်လိုက်တာ…

#သစ္စာဖောက်တယ်_ဆိုတာ_သွေးသားဆန္ဒအရ
#လူချင်းထိတွေ့လိုက်မှ_ဖောက်ပြန်တာ_မဟုတ်ဖူး
#စာလေးတကြောင်း_စကားလေးတခွန်း_ဂရုစိုက်မှု_တစုံတရာနဲ့လည်း_ဖောက်ပြန်ခြင်းကိုဖြစ်မြောက်စေတာပဲ

“ အမ ရဲ့ အေးတိအေးစက် နေထိုင်ပုံတွေအပေါ် မောင် နဲနဲ သံသယ စဝင်လာတဲ့အခါ အမကို သူ့ နှုတ်က ဖွင့်ဟ မေးလာခဲ့တယ် …အမ လည်း မြိုသိပ်ထားခဲ့တာ ကြာပီလေ မခံစားနိုင်တော့ဖူး…အမ မောင့် မျက်နှာကို တည့်တည့်ကြည့်ပြီး ဖွင့်ပြောလိုက်တယ်… အမှန်တိုင်း ဝန်ခံရရင် မောင့် ရဲ့ အချစ်ကို အမ မယုံတော့ဖူး…
သူ့ ဂရုစိုက်မှု သူ့ နှစ်သိမ့်မှု သူ့ ကြင်နာမှု ဘာတစ်ခုမှ .. အကုန်ပြောရရင် အမတို့ အတူနေကြရင်တောင် အမ ဟာ သိပ်ချစ်ရတဲ့မောင်နဲ့ အတူနေနေတာပါလားလို့ မခံစားရတော့ဖူး… မောင် အမ အပေါ် စီးမျော တဲ့ စီးချက်တိုင်း မောင့်မျက်နှာကို မြတ်မြတ်နိုးနိုး မကြည့်နေဖြစ်တော့ဖူး မောင့် မျက်နှာကို အဲ့လို ကြည့်မိတိုင်း မောင်နဲ့ တစိမ်းတယောက် အပြန်အလှန်ပြောဆိုထားတဲ့ စကားလုံးတွေ စာတွေ ရဲ့ ကျူးလွန်မှုတွေ…အမ ပြန်မြင်ယောင်တယ်…
တစ်ယောက်နဲ့ တယောက်အပြန်အလှန် နှုတ်အားဖြင့်ပြုစုပေးနေကြတာတွေ… အပြန်အလှန်ပို့နေတဲ့ Video file တွေ …အမ ..အမ မခံစားနိုင်ဖူး ညီမလေးရယ်…မောင် ကလေ အမ ကို နဲနဲလေးမှ မငဲ့ညှာခဲ့ဖူး….သိလား…ဒါပေမဲ့… မောင့်အပေါ် အရင်ကထက် တစက် ကလေးမှ မလျော့သွားအောင် အမ ပြုစု ကြင်နာပေးနေဆဲပါ…….တခါတခါ ပိုတောင် ကြင်နာပြမိနေသေးတယ်…ဒီအထိလည်း အမ မမှားခဲ့ဖူးမို့လား ညီမလေး…”

“အမ အခုထိတော့ မမှားသေးဖူးလို့ ပြောရမဲ့နေရာမှာ…ကျွန်တော့် ရဲ့ နားမလည်ခြင်းတချို့ တော့ ပါလာပီ အမ… အဲ့မေးခွန်းရဲ့ အဖြေကို မဖြေတော့လို့ ရလား …”

ဘာလို့ ကိုယ့်အပေါ် ဖောက်ပြန်စိတ်ရှိနေတဲ့ ဖောက်ပြန်ထားတဲ့ လူတယောက်ကို အရင်လို ဟန်မပျက် ဆက်ပြီး ချစ်ပြပေးနိုင်ခဲ့တာလည်း အမ ရယ် …
ကျတော် သာ အမနေရာမှာဆို …. သိပ်ခံပြင်းမိမှာပဲ…
အဲ့လို ပြောတဲ့အခါ သူမ တိတ်ဆိတ်နေရင်းမှ ရယ်သံသဲ့သဲ့ ရယ်မောတတ်တယ်.။

သူမ အသံတွေ တိမ်ဝင်သွားရင် သူမ အသံတိတ် ငိုနေတာ ဖြစ်ပြီး….
သူမ တိတ်ဆိတ်သွားရင်တော့ သူမ နှုတ်ခမ်းတွေ တွန့်ပြီး ခပ်ဟဟ ပြုံးနေတာမျိုးပေါ့…။
အဲ့လောက်အထိ သူမ ကို ကျွန်မ အလွတ်ရနေပီ..။

“အမ အမျိုးသား က သူ့ဖောက်ပြန်မှု အပေါ် အမ သိထားတာ ကို သိသွားတော့ ဘာပြောလဲ ဘယ်လို တုံ့ပြန်ခဲ့လဲ အမ..”

သူမ နဲ့ ကျွန်မ စကားတွေပြောရင် ဒီအကြောင်းရာကို ပဲ သီးသန့် highlight လုပ်ပြီး သူမ ပြောတာမျိုးမဟုတ်ပါဖူး…တော်တော် စကားပြောကောင်းတဲ့ အမျိုးသမီးပါ ကျွန်မ က ပြန်လေးစားရတဲ့ အချက်တွေလည်း ကျွန်မ ရဲ့ အသိဥာဏ်နဲ့ အသိအမှတ်ပြုမိရပါတယ်..သူမ နဲ့ ကျွန်မ အခုဆို တော်တော်လည်း ရင်းနှီးနေပါပြီ…

ဘာဟင်းချက်လည်း ဒီနေ့ ဘယ်တွေ သွားလဲ ဘာတွေ လုပ်လဲ ဆိုတဲ့ အလာဘ ဿလာဘ လေးတွေတောင် ပြောဆို နေတတ်ကြပြီ…
“ မောင် တောင်းပန်တာပေါ့.. အမကို ငိုပြီးတောင်းပန်တာပေါ့.. သူ့ကိုယ်သူ လက်သီးတွေနဲ့ ထိုး နံရံကို လည်း ထိုးကြိတ်ပြီး ကို တောင်းပန်ခဲ့တာ သူ့အမှားအတွက်..သူ နောင်တရတယ်လည်း ပြောခဲ့ပါတယ်…”

“ဒါဆို အမ က ခွင့်လွှတ်မှာလား…?

ဒီစကား ကို အဲ့တုန်း က သူမ အဖြေမပေးခဲ့ပါဖူး..

“တယ်လီဂရမ်မှာ မောင်နဲ့ သူက စိတ်ဆန္ဒအာသာဖြေ သီးသန့် အနေနဲ့ ပြောကြတာ အမ အဲ့တကြိမ်ပဲ မောင့် ရဲ့ ဖုန်းကို ယူကြည့်ခဲ့မိတယ် အဲ့ တကြိမ်ကပဲ တသက်စာ နောင်တ ကိုရစေခဲ့တယ်… တခါတခါ မယူကြည့်မိခဲ့ရင် သိပ်ကောင်းမှာပဲလို့ လည်း ကိုယ့်ကိုကိုယ် အပစ်တင်မိတယ်.. မောင်နဲ့ တခါ အတူနေပြီးတိုင်း အိမ်သာထဲမှာ အံကြိတ်ငိုခဲ့ရတဲ့ မျက်ရည်တွေက မရေတွက်နိုင်လောက်အောင် ပါပဲ…”
သူမ ကို ကျွန်မ သနားတယ် ။
post တွေ တင်ရင် ဟန်မပျက် မာန်မပျက်ခဲ့တဲ့ သူမ လှလှပပ ကျော့မော့နေအောင် နေပြတတ်တဲ့မိန်းမ
လူတွေရှေ့မှာ သိပ်ကို သန်မာပြတတ်တဲ့ မိန်းမ…
လူတွေ ကွယ်ရာမှာတော့ သူမ အချစ်ဆုံး ရဲ့ ဖောက်ပြန်ခြင်းထိုးနှက်မှုတွေ နဲ့ အခါခါ ပြိုလဲ ငိုကြွေး..အလူးအလဲ ခံစားနေရရှာတာ.။

သစ္စာစောင့်သိမှု၊ပေးဆပ်မှု နဲ့ နှလုံးသား ဆိုတဲ့ အရာအားလုံး ပေးအပ်ထားတဲ့ အမျိုးသမီးတစ်ယောက်အတွက် လက်တွဲဖော်ရဲ့ ဖောက်ပြန်မှုကို သိလိုက်ရတာဟာ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ သစ္စာဖောက်ခံရခြင်းသာမကဘဲ စိတ်ဝိညာဉ်ကိုပါ နာကျင်စေတဲ့ ဒဏ်ရာတစ်ခုဆိုတာ သူမ ရဲ့ အချစ်ရဆုံးသော မောင် ဆိုတဲ့ သူက သိပါလေစ..။

အေးလေ…
သူ့ကိုယ်သူတောင် တန်ဖိုးထားရကောင်းမှန်းမသိလို့ ၊ သစ္စာတရားကို တန်ဖိုးထားရကောင်းမှန်းမသိလို့ သစ္စာရှိပေးခဲ့တဲ့ အမျိုးသမီး အပေါ် ဖောက်ပြန်စိတ်မွေးထားတာပေါ့။
နောက်ပီး…
ရက်တော်တော် ကြာမှ တခြားစကားတွေ ပြောနေရင်း နဲ့ အဆက်ဆက်မရှိပဲ ထပြောပါသေးတယ် …

“ ညီမလေး … လူတိုင်းမှာ လူတိုင်းမသိအောင် ဖွက်ထားတဲ့ အရာတွေ ရှိတယ် သိလား… ညီမလေးမှာလည်း ရှိတယ် အမ မှာလည်း ရှိိတယ် မောင့်မှာလည်းရှိတယ်…အဲ့ဒါ လူတယောက်ရဲ့ darkness အပိုင်းပဲ.. လူတကာကိုလည်း မပြသလို အမြဲ ထုတ်ဖော်ပြဖို့လဲ စိတ်ကူးမရှိတဲ့ အရာမျိုး…စိတ်တမျိုးပဲ…လမ်းသွားရင်းပိုက်ဆံအိတ်တအိတ် ကောက်ရလိုက်ပီဆိုပါစို့… အဲ့လူ က ပိုက်ဆံအိတ်ကို ဖွင့်ကြည့်မယ် ..အိတ်ထဲမှာ သေချာတဲ့ မက်လောက်စရာ ပစ္စည်းတစ်ခု ပါမယ် ငွေစက္ကူတွေပါမယ်….ဘေးမှာ ဘယ်သူမှလဲ မရှိ သူကောက်ရတဲ့ အချိန်ကို ဘယ်သူကမှလဲ မတွေ့ဖူးဆိုရင်… ငွေတွေ နဲ့ တန်ဖိုးကြီး ပစ္စည်းတွေကို ယူပြီး မှတ်ပုံတင် (သို့) ကားလိုင်စင်ကို အဲ့ဒီ့ အိတ် နဲ့အတူ ပစ်ထားခဲ့ဖို့ အရင်ဆုံး စဉ်းစားမှာ ယုံလား… အဲ့လိုတွေးပြီးခါမှ ဟာ..မဖြစ်သေးဖူး ပျောက်သွားတဲ့သူ တကယ် ပူလောင်နေမှာပဲ သူ့ဆီကို ဆက်သွယ်မယ် သူ့ငွေနဲ့ ပစ္စည်းကို ပြန်ပေးရမယ်လို့ တွေးမိမှာ ၁၀၀ မှာ ၉၉ယောက်ပဲနော်… ယုံလား …မကောင်းတဲ့စိတ်ကို ဖျက်စီးနိူင်လောက်အောင် အင်အားကြီးတဲ့ ကိုယ်ချင်းစာစိတ်က ပြီးမှ ကပ်ပါလာတာ … ကိုယ်ချင်းစာနာစိတ် အင်အားမကြီးရင်.. အဲ့ဒီ့ ကောင်းမွန်တဲ့အတွေးဟာပျက်စီးသွားတယ်…”

သူမ ရဲ့ ဒီစကားကို ကျွန်မ လက်ခံမိတယ် ..
အဲ့ဒါကြောင့် မငြင်းပဲ ငြိမ်သက်ပေးနေလိုက်တယ်…
အနေအထားတစ်ခု အသိုင်းအဝိုင်းတစ်ခု နဲ့ ရပ်တည်နေပြီး သူမ နဲ့ အတွေးအခေါ်အများကြီးကွာတဲ့အပြင် သူဆွဲခေါ် တွဲခေါ်ပေးခဲ့ရတဲ့ သူမ ရဲ့မောင် ကို သူမ အပြီးပြတ်မရက်စက်ခဲ့သေးပဲ…
အရင်လို ဘာမှမဖြစ်သလို ခွင့်လွှတ်သလို နေပေးခဲ့တာ
သူမ မွှန်နေလို့ ..နှလုံးသား မရှိလို့..မဟုတ်ဖူးဆိုတာ
ကျွန်မနောက်မှ သိခွင့်ရခဲ့ပါတယ်…။
ဆက်ရန်…
#မိန်းမတစ်ယောက်ရဲ့_ဖွင့်ဟဝန်ခံချက်
#ယုဝတီ_ရှင်ပါရမီ
#သူမ

“မောင်” ဆိုတာ သူမ ဘဝ ရဲ့ အရင်းနှီးဆုံး နာမ်စား ၊ တန်ဖိုးအထားရဆုံး နာမဝိသေသန ၊ တိုက်ရိုက်ပတ်သက်နေတဲ့ အသက်ဝိဉာဉ် …ရုပ်နဲ့ ...
22/01/2026

“မောင်” ဆိုတာ သူမ ဘဝ ရဲ့
အရင်းနှီးဆုံး နာမ်စား ၊
တန်ဖိုးအထားရဆုံး နာမဝိသေသန ၊
တိုက်ရိုက်ပတ်သက်နေတဲ့ အသက်ဝိဉာဉ် …
ရုပ်နဲ့ နာမ် အမြဲ ထပ်တူကျနေတဲ့ သက်ရှိလေးတစ်ခု..
ယုံကြည်ရတဲ့ ….
နွေးထွေးစိတ်ချရတဲ့ အိမ်လေးတစ်လုံး..
အဲ့အထက်ပါ စာကြောင်းတွေအားလုံးကို
စိတ်လေး တစ်ခု စာလေး တကြောင်း နဲ့
စိတ်အလိုကိုလိုက်ပြီး…
မောင် အသာအယာ ဖျက်စီးပစ်လိုက်တယ် ..။
တခါတခါ မောင့်ကို ငေးရင်း…
မောင့် အကြောင်း တွေးရင်း ….
ရှေ့ဆက်လည်း ရာနှုန်းပြည့် အဆင်မပြေနိုင်တော့တဲ့
အက်ကွဲရာ ဆက်ဆံရေးကို ..
အောင်မြင်စွာ သူမ အဆုံးသတ်ချင်မိလာတယ်…။

ဒါပေမဲ့
မောင့်ကို သူမ ခံစားခဲ့ရသလို
ပြန်ပြီး ခံစားကြည့်ဖူးစေချင်တယ် …။
သူမ မမှားပါဖူး…။
အိမ်မက်ဆိုးတွေကို ဘယ်သူက
၂ခါပြန်ပြီး မက်စေချင်ပါ့မလဲနော် ……🤍

#ယုဝတီ_ရှင်ပါရမီ
#မိန်းမတစ်ယောက်ရဲ့_ဖွင့်ဟဝန်ခံချက်

နိဒါန်း====သူတို့ က facebook မှာသာ သာမာန် မတွေ့ဆုံဖူးတဲ့ မိတ်ဆွေတွေလိုပဲနေကြတာ…တခါတလေ မှ မောင့် တချို့ post တွေကိုလည်း l...
22/01/2026

နိဒါန်း
====
သူတို့ က facebook မှာသာ
သာမာန် မတွေ့ဆုံဖူးတဲ့ မိတ်ဆွေတွေလိုပဲနေကြတာ…
တခါတလေ မှ မောင့် တချို့ post တွေကိုလည်း like ပေးတတ်တယ်…
အမြဲ in touch မဖြစ်နေကြတဲ့ပုံမျိုးပေါ့ ..
comment ဆိုပိုဝေး..
တဖက်က မိန်းကလေးက ဆေးကျောင်းတက်နေတာ ပါ … messenger မှာ ကိုကို နဲ့ သဲ လို့ သုံးကြပါတယ်… ဒါမဲ့ အတွင်းစည်းကျကျ ကိုတော့ telegram မှာ ပြောကြဆိုကြ ပတ်သက်ကြတာမျိုးပါ…

#မိန်းမတစ်ယောက်ရဲ့_ဖွင့်ဟဝန်ခံချက်

လွန်လေပြီးသော ရက်အနည်းငယ်ခန့် က ကျွန်မ ဆီကို ဖုန်း နံပါတ်စိမ်းတစ်ခု ဝင်လာတယ်။ ဒီကာလ က ပွဲကာလတွေမို့ မကြာခဏ အပ်ထည်လေးတွေ လာတတ်တော့ နံပါတ်အစိမ်းပေမဲ့ ကျွန်မ လက်ခံလိုက်မိတယ်။

“အခုပြောနေတာ ဒီဇိုင်နာ ရည်မွန်အောင် လားဟင်…”
အလုပ်ခန်းလေးထဲ ဆေးလိပ်ထိုင်သောက်ရင်း တွေးနေချိန်မို့ “ဟုတ်ပါတယ် အမ…”
တဖက်က အသံတိတ်သွားပြီး….
“ညီမလေးရေ တွေ့ရတာ ဝမ်းသာပါတယ်နော်…အမ လေ အမရဲ့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ဝန်ခံစရာလေးရှိလို့ပါ…. ညီမလေး ဆီက အချိန်လေး မိနစ်၃၀လောက် ရနိုင်မလားဟင်..”
သူမ အသံ က တိကျတယ် ဩဇာတခု ရှိနေတယ် သာမာန် ဖုန်းဆက် နှောင့်ယှက်မဲ့ သူတွေရဲ့ အသံမျိူး မဟုတ်လို့ ဒီအစပျိုးမှုကို ကျွန်မ လက်ခံပေးလိုက်တယ်…
အဲ့ဒီ့ အစပျိုးမှု က ကျွန််မနဲ့ သူမ အတွက် နေ့စဉ်ရက်ဆက် ညစဉ် ဖုန်းပြောဖြစ်မဲ့ အကြောင်းတရားရဲ့ အစလို့ ကျွန်မ တကယ် မထင်ခဲ့ဖူး…နောက်ပီး အိမ်ထောင်သည် အမျိုးသမီး တစ်ဦးရဲ့ ဝန်ခံချင်လို့ပါဆိုတဲ့ စကား က ကျွန်မ အတွက် တော်တော်လေးစိတ်ဝင်စားမိတဲ့ အချက်ဖြစ်တာလဲ ပါပါတယ်…
“ဟုတ်ကဲ့ ရပါတယ် အမ ကျွန်တော် အချိန်ရပါတယ် ပြောပါ…”
အိမ်ထောင် တစ်ခု မှာ လူတော်တော်များများ ထင်မှတ်ယူထားကြတာက …ယောင်္ကျား ဖောက်ပြန်လို့ ယောင်္ကျား ဆိုးလို့ ယောင်္ကျား ..ယောင်္ကျား ဆိုတဲ့ အစပျိုးမှုနဲ့ပဲ သတ်မှတ် ကြတာပါ။
မိန်းမဆိုးလို့ မိန်းမ ဖောက်ပြန်လို့ မိန်းမ မကောင်းလို့ဆိုတာ အလွန်ရှားပါတယ်…
(အိမ်ထောင်ကွဲ မိန်းမတွေ Single mother နဲ့ Divorced တွေ ကို အထင်မကြီးတဲ့ brain washed နိုင်ငံ က တချို့ ဥာဏ်ရည်မပြည့်မမှီသူတွေ ကလည်း တစ်ဘာသာပေါ့လေ)
အခုပြောမှာက ဘာ့ကြောင့် မိန်းမတစ်ယောက် ဖောက်ပြန်ရသလဲ…..? အဲ့မေးခွန်းရဲ့အဖြေ က နက်နဲပါတယ်…
“ အမ နဲ့ မောင် က ၁၁နှစ်ကွာပါတယ် …ချစ်သူရည်စားသက်တမ်း ၂နှစ် အိမ်ထောင်သက် ၃နှစ်မှာပါ အမ ဖက်က အသိုင်းအဝိုင်း မောင့်ဖက်က အသိုင်းအဝိုင်း တွေ အားလုံးကို တွန်းလှန်ပြီး ဘာမဆို ရင်ဆိုင်မယ်ဆိုတဲ့အသိနဲ့ ဘယ်သူဘာပြောပြော လက်တွဲခဲ့ကြတာပါ…
မောင် နဲ့ အမ ရဲ့ အသက်အရွယ်ကွာခြားမှုကြောင့် အတွေးအခေါ်အယူအဆတွေ မတူတဲ့အပြင် အမ လောက် လူတွေ အကြောင်း လောကကြီးအကြောင်း မသိသေးတဲ့ မောင့်ကို အများကြီး တွဲခေါ် ဆွဲခေါ်ခဲ့ရပါတယ်…မောင် က အရင်ကဆို ပေါင်းသင်းဆက်ဆံရေး တော်တော် မသိတတ်တဲ့ထဲ ပါပါတယ်….
အပေါင်းအသင်း သူငယ်ချင်းလည်း အလွန်နည်းပါတယ်…အမ က အလုပ်မှာ ရာထူး တစ်ခုနဲ့ နေနေရတဲ့သူမို့ လူမှုဆက်ဆံရေး အပေါင်းအသင်းမိတ်ဆွေပေါ ပါတယ်…..”
သူမ ခဏ ငြိမ်သွားတယ် သူမ ရဲ့ အသက်ရှုသံတော့ ခပ်သဲ့သဲ့ ကြားနေရတယ်….
“ဟုတ်ကဲ့ အမ ကျွန်တော် နားထောင်နေပါတယ်….”
“ မောင်နဲ့ ရည်းစားသက်တမ်း တလျောက်မှာ ဘာ ပြဿနာမှမရှိခဲ့ပါဖူး မောင် က အသက် ငယ်တာတခုကလွဲရင် အမ ကို တော်တော်ချစ်ရှာပါတယ် အမကိုလည်း သည်းခံနားလည်ပေးရှာပါတယ်.. အလုပ်မှာ စိတ်ဖိစီးတိုင်း မောင့်ကို အမ ဆူပူမိလည်း
ငြိမ်သက်သည်းခံပေးရှာတယ်….
အမတို့ နှစ်ယောက် ကြား က အသက်အရွယ် ကိန်းဂဏန်းတွေ ဟာ အမတို့ အတွက် ဘာမှ မပြောပလောက်အောင် အပေးအယူလည်း မျှခဲ့ကြပါတယ်…”
သူမ သက်ပြင်းအရှည်ကြီး ချလိုက်တာ ကြားလိုက်ရတယ်…
ကျွန်မ လည်း နားထောင်ပေးနေတုန်းပဲ…
“အမတို့… အမတို့…. အိမ်ထောင်သက် ၁နှစ်လောက်မှာ မောင်အိပ်နေတုန်း တခါမှ ဝင်မကြည့်ခဲ့ဖူးတဲ့ မောင့်ဖုန်းကို ယူကြည့်လိုက်မိတယ်.. မောင့် ဖုန်း password ကို မောင်က တကူးတက ပေးထားတာမဟုတ်ပေမဲ့ အမ သိနေတာမို့ ဘာရယ်မဟုတ်ယူကြည့်လိုက်မိတာပါ… ဒါ အမ အိမ်ထောင်ဖက်ရဲ့ privacy ကို ချိုးဖောက်တာ မဟုတ်ပါဖူးနော်…အိပ်မပျော်လို့ ပျင်းပျင်းရှိတာနဲ့ မောင့်အပေါ်လည်း သံသယ လုံးဝ မရှိပါပဲ ပေါ့ပေါ့ပါးပါး ယူကြည့်လိုက်မိတာပါ…အဲ့ဒါ အမ သိပ်မှားသွားတယ် သိလား…..”
သူမ ငိုနေတယ် ထင်တာပဲ ..ကျွန်မ အလိုက်တသိ ငြိမ်သက်ပေးနေလိုက်တယ်…
ဟွန်း…ဒါပါပဲ…ယောင်္ကျားတွေရဲ့ ထုံးစံပေါ့ လို့လည်း တဆက်ထဲ တွေးလိုက်မိပြန်တယ် ….
“မောင့် ဖုန်းထဲ စာအသွားအလာတချို့တော်တော် အဆင်မပြေတဲ့ facebook messages က conversation တစ်ခုကို အမ တွေ့လိုက်ရတယ်…
သူတို့ က facebook မှာသာ သာမာန်မိတ်ဆွေတွေလို နေကြတာပါ…တခါတလေ မှ မောင့် တချို့ post တွေကို like ပေးတာပါ… အမြဲ in touch မဖြစ်နေကြတဲ့ပုံမျိုးပေါ့ ..comment ဆိုပိုဝေး..တဖက်က မိန်းကလေးက ဆေးကျောင်းသူ ပါ … messenger မှာ ကိုကို နဲ့ သဲ လို့ သုံးကြပါတယ်… ဒါမဲ့ အတွင်းစည်းကျကျ ကိုတော့ telegram မှာ ပြောကြဆိုကြ ပတ်သက်ကြတာမျိုးပါ… အမ လေ အမ ရင်ထဲမှာ သေလောက်အောင်နာကျင်ခံစားရတယ် .. ဖုန်းကိုင်ထားတဲ့ လက်တွေ တဆတ်ဆတ် တုန်နေတယ်… ဖုန်း screenကို ကြည့်နေတဲ့ အမ အမြင်တွေ ဝါးကုန်တယ် မျက်ရည်မကျပဲ အမြင်တွေဝါးကုန်တာပါ… ရင်တွေလဲ ခုန်လိုက်တာ … သေမတတ်ပါပဲ… အမ မောင့်ကို ယုံခဲ့တာ အမအပေါ် ချစ်မြတ်နိုးတန်ဖိုးထားပြီး တသက်လုံး သစ္စာရှိရှိ ပျော်ပျော်ရွှင်ရွှင် နဲ့ နေသွားရမယ် ထင်ထားခဲ့တာ… မောင် က messenger မှာ သဲ ရေ ကိုကို အရမ်း_န် နေလို့ ဆိုတဲ့ အသုံးအနှုံးမျိုး …(ကန်တော့ပါနော် ညီမလေး အမ ကိုတမျိုးမထင်လိုက်ပါနဲ့ အမမှာ ပြောပြရမဲ့သူ တကယ်မရှိလို့ပါ.. အမ အလုပ် အမ ရာထူးနဲ့ အမ ဘယ်သူ့ကိုမှ ရင်မဖွင့်ရဲလို့ပါ) …”

အဲ့ အမ စကားတွေကို နားထောင်ရတာ ကျွန်မ နားတွေရော ရင်တွေရော ပူလိုက်တာ အာတွေပါခြောက်တယ် အိမ်ထောင်သည် မိန်းမ တစ်ယောက်ရဲ့ အပူပြင်း အလောင်မြိုက်ဆုံး သောက ကို ပြောပါဆို သားသမီး အပူ နဲ့ ကိုယ် ယုံကြည်အားကိုးရတဲ့ ကိုယ်ချစ်ရတဲ့သူ ရဲ့အပူပဲ ရှိပါတယ် ..
ကိုယ်ချင်း တကယ်စာမိတယ် ဂရုဏာသက်မိတယ်..
သူမ ရင်ထဲ ကျွန်မ ဝင်မကြည့်ပါပဲ အပူတွေ ဟပ်နေတာများ… ကျွန်မ ပါ ဘေးကချထားတဲ့ ရေခွက်တခွက်လုံး ကုန်အောင် မော့သောက်မိတဲ့ အထိပါပဲ…
“ အမ ဆက်ပြောလို့ အဆင်ပြေရဲ့လား အမ ပြောလို့ အဆင်မပြေတော့ရင် အင်အားမရှိတော့ရင်လည်း ရတယ်နော် အမ…”
“ ရပါတယ် ညီမလေး ..အမ လေ အခုလို ပြောပြမှ ရင်ပေါ့သွားမှာမို့ပါ…အခုလိုနားထောင်ပေးတာပဲ သိပ်ကျေးဇူးတင်နေပြီ… အမ ရင်ဖွင့်ချင်တာလေးတွေ ပြီးရင် အမ နံမည်နဲ့ အမ အလုပ်ရယ် အမ ရာထူးရယ် ညီမလေးကို ပြောပြပါ့မယ်..မယုံမှာစိုးလို့ပါ…”

“ အာ.. ရတယ် အမ … မပြောပါနဲ့ ချန်ထားလိုက်ပါ အဲ့ဒါ …ကျွန်တော့်ကို အမ ရင်ဖွင့်ချင်သလို ဖွင့်ပါ …. အမ ရင်ဖွင့်ပြီး ကျွန်တော် နှစ်သိမ့်နိုင်သလောက်နှစ်သိမ့်ပြီးရင် ကျွန်တော် လည်းမေ့လိုက်မှာပါ…”

“No.. no… မဟုတ်ဖူး ညီမလေး မမေ့ပစ်ပါနဲ့… ညီမလေး ကိုမှရွေးပြီး ပြောပြရင်ဖွင့်ရတာ အကြောင်းရှိပါတယ်… “

ရုတ်တရက် ဘာများလဲ တွေးနေတုန်း…
“ အမ အကြောင်းလေးကို ညီမလေးရဲ့ page လေးမှာ အကြောင်းအရာ တစ်ခုအနေနဲ့ တင်ပေးပါနော်… အဲ့ဒါက လည်း ဒီလိုပါ… မောင် နဲ့ အမ မဆုံဖြစ်တော့ပါဖူး… ဝေးသွားကြပြီလား ပြန်ဆုံရမှာလားလည်းမသိတော့ပါဖူး…ဒါပေမဲ့ မောင် က ညီမလေး အကောင့်ထဲမှာရှိပါတယ်..”

ကျွန်မ တံတွေးတောင် ရုတ်တရက်မချရဲတော့ပါဖူး ..☹️

“မောင် က ညီမလေး ကို အရမ်းတော်တဲ့ အမျိုးသမီး တစ်ဦးအဖြစ် လေးစားတာမျိုးပါ တမျိုးမထင်ပါနဲ့နော်…အမ လည်း မောင့်လို ညီမလေး ကို အထင်ကြီးလေးစား ရတာမို့ အခုလို လာရင်ဖွင့်ရဲတာပါ…ညီမလေးရဲ့ page ကို မောင် ရော အမရော following လုပ်ထားပါတယ် …”
ဖောက်ပြန်နေပါတယ်ဆိုတဲ့ ယောင်္ကျားကို နောက်ဆုံးအချိန်ထိ ကာကွယ်ပေးနေတုန်းလို့ ထင်မိပေမဲ့ အဲ့ထက်လဲ ပို အပစ်တင် မထင်ရက်ခဲ့တာအမှန်ပါ ..

“ ဟုတ်ကဲ့ အမ ကျေးဇူးတင်ပါတယ်..ဒါနဲ့ ခုနက အကြောင်းလေးဆက်ပြောပေးပါလား.. ကျွန်တော် အဆက်မပြတ်ချင်လို့ပါ… နောက်ပီး ခဏနေ အထည်အပ်မဲ့ client တွေ လာမှာမို့ အမ လည်း ရင်ဖွင့်ရင်းတန်းလန်းဖြစ်မှာစိုးလို့ပါ..”

“ဟုတ်ကဲ့ အမ ဆက်ပြောပါ့မယ်နော်…”

သူမ တချက်စဉ်းစားလိုက်တယ် ထင်ပါတယ်…ပြီးမှ

“ မောင် က အဲ့လို တဖက်က မိန်းကလေးကို messenger မှာ အစချီပြောလိုက်ရင် တဖက်က မိန်းကလေး က မောင့်ကို telegram ကိုလာခဲ့ဖို့ ပြောတယ် … အမ သွားမကြည့်ရဲဖူး ညီမလေးရယ် ဒါပေမဲ့ အမ စိတ်က ထိန်းမရဖူး.. အမ တကယ် မောင့်ကို အရမ်းချစ်ခဲ့ ယုံကြည်ခဲ့တာပါ.. အမ မှာ မောင့်ကို ရွေးချယ် လက်တွဲဖို့ လူတွေ အများကြီး ရဲ့အပြောတွေ အကြည့်တွေကို တိုက်ပွဲဝင်ခဲ့ရတာပါ…ဒါတွေ မောင် သိပါတယ်… အမ ရင်အနာဆုံးကလေ အမ အလုပ်က အမတွေနဲ့ နပတ ခဏ သွားပြီး အပြန် မောင် လာကြိုတယ် …နပတ ကနေ အမတို့ မန်းလေးကို ၂ညအိပ် ၃ရက် အလည်သွားတုန်း က အမတို့ အရမ်းပျော်ခဲ့ကြတာ … အမက အလုပ်နဲ့ အဲ့လိုနယ်သွားရတာ ရှားပါတယ်.. ဒီလိုကြုံကြိုက်တဲ့အခိုက်လေးပဲ အမတို့ အပျော်ခရီးထွက် ဖြစ်ကြတာ…
မန်းလေးမှာ ပျော်ခဲ့ကြတဲ့အပျော်တွေ က
ရန်ကုန်ရောက်ပီး ၃ရက်မှာ အကုန် စုတ်ပြတ်သတ်ကုန်တယ်…
အမ နပတ ရောက်နေတဲ့နေ့တွေလည်း မောင်နဲ့ ညတိုင်း နေ့တိုင်း Vcall ပြော စာပို့ ပါတယ်… အဲ့ တယောက်နဲ့ စကားတွေပြောတဲ့အချိန်တွေဟာ အမနဲ့ vcall မပြောခင် ၊ အမနဲ့ vcall ပြောပြီးအချိန်တွေ ဖြစ်နေတယ်…
လုပ်ရက်လိုက်တာဆိုပြီး ရင်ကွဲမတတ် နာကျင်ခံစားရလွန်းလို့ အိမ်မောကျနေတဲ့ မောင့်ကို ကြည့်ပြီး နာကျင်ရတဲ့ ခံစားချက်က တဖက် ပြိုလဲကျချင်တဲ့ ဝေဒနာက တဖက်ပါ…
ခေါင်းအုန်းကိုမျက်နှာအပ် မောင် မနိုးအောင် ငိုခဲ့ရတယ် ရှိုက်ကြီးတငင်ပါပဲ….”
ကျွန်မ ကတော့…
အော်…. ဟိုသကောင့်သား က တခြားတယောက်နဲ့ အာသာဖြေပြီး သော်ကေနေတာကိုတောင် သူ့ငိုသံနဲ့ နိုးသွားမှာစိုးတဲ့ အမျိုးသမီး ငါ့ ရဲ့ အစ်မ သာဖြစ်လိုက်ပါတော့လား ပဲတွေးနေမိတယ်…
တဖက်က သူမ ရဲ့အသံတွေ ထပ်ပြီး ငြိမ်သက်သွားပြန်ပါတယ် ..
“ အမ အခု ငိုနေတာလားဟင်…”

“ မျက်ရည်တော့ ကျနေတယ် ညီမလေး …ဒါပေမဲ့ နာကျင်တဲ့ မျက်ရည်တွေနဲ့ ငိုနေတာ မဟုတ်တော့ပါဖူး … အမ ဒီနေ့ မောင့်အကြောင်းတွေ ပထမဆုံး ပြောပြရင်ဖွင့်ပြီးရင် အမ အကြောင်းလေးကို ဒုတိယအကြိမ် အနေနဲ့ ဖွင့်ဟ ဝန်ခံပါရစေနော်…”

“ဟုတ်ကဲ့ အမ ကျွန်တော့် client က နောက် မိနစ် ၂၀လောက်ဆို ရောက်တော့မယ်လို့ စာပို့တယ် .. သူတို့ အိမ်ရှေ့မရောက်မချင်း အမ ရင်ဖွင့်လို့ရပါတယ် ..သူတို့ ရောက်လာရင်တော့ ခနလေးဖုန်းချမယ်နော်…ည ကျ ကျနော် အားတဲ့အချိန် ဖုန်း sms နဲ့ စာလေးအရင်ပို့လိုက်ပါ့မယ် အမ အားတယ်ဆို ဖုန်းပြန်ဆက်လို့ရပါတယ်..”

“ဟုတ်ကဲ့ သိပ်ကို ကျေးဇူးတင်ပါတယ် ညီမလေးရယ်… မောင် က အဲ့ ဆေးကျောင်း က တယောက် နဲ့ telegram မှာ လေ အပြန်အလှန် ပြောထားကြတာများ အမ….အမမှာ ဘာများ ချို့ယွင်းချက်တွေရှိနေလို့လည်းတောင်…ထင်မိရတဲ့ အဆင့်အထိပါပဲ … “
ကျွန်မ ခေါင်းထဲ အတွေးတစ်ခု ရုတ်တရက်ဝင်လာလို့ …

“ အမ တခု ဖြတ်မေးမယ်နော်.. အမ နဲ့ အမ မောင် sorry အမ အမျိုးသား က အိမ်ထောင်ရေးသုခ ပြည့်ပြည့်စုံစုံဖြစ်ကြလား.. ဘယ်လိုမှတော့ မအောင့်မေ့နဲ့နော် ကျွန်တော် နှစ်သိမ့်ဆွေးနွေးအကြံပေးနိုင်မဲ့ အချက်လေးများရှိမလားလို့ပါ …”
သူမ ခပ်ဖွဖွ ခပ်လွင့်လွင့်လေး ရယ်မောလိုက်တယ် ထင်တယ်
“ညီမလေးရယ် အမ က ညီိမလေးနဲ့ ၁နှစ် ကွာပါတယ် ညီိမလေး မွေးနေ့ အင်တာဗျူးမှာမှ သေချာသိရတာပါ.. အမ ကျန်းမာရေးလည်းကောင်းမွန်သူပါ နာတာရှည်ရောဂါလဲ မရှိပါဖူး..သွေးသားကောင်းမွန်ပြီး ခေတ်နဲ့အညီ ခေတ်မှီမှီနေထိုင်တတ်သူပါ… ညီမလေးကို sisterly ရင်းရင်းနှီးနှီး ခေတ်မှီမှီ ပြောပြရရင် မောင်နဲ့ အမ အရမ်းအပေးအယူ တည့်ပါတယ်…အမ ခန္ဓာကိုယ် က လက်ရှိ အမ အသက်ထက် ၁၀နှစ်လောက် ငယ်ပါတယ်… သာမာန်ရွက်ကြမ်းရေကြို အလှမျိုးမဟုတ်ပါဖူး… ပေါင် ၁၁၀ အရပ် ၅ပေ၃ ပါ… ရင်ခါးတင် Medium Size ပါ အသားလတ်ပါတယ်…မောင်လည်း အမနဲ့ လင်မယားလို ဆက်ဆံရေးမှာ အမြဲ ကျေနပ်ရတဲ့သူပါ…”
(အဲ့ထက် ပွင့်လင်းရင်လည်း ကျွန်မ နားမထောင်ရဲတော့လောက်အောင်ပါပဲ မေးမိတဲ့ ကိုယ့်ပါးစပ်ကိုယ်သာ ၂ချက်လောက် ပိတ်ရိုက်လိုက်ချင်ပါတယ် …)
“ အဲ့လို အခြေနေတွေရှိနေရက်နဲ့ မောင်အခုလိုလုပ်ရက်လို့ အမ ဖြေမဆည်နိုင်ဖြစ်နေရတာပါ.. ညီမလေး က ထင်ပါလိမ့်မယ် အမ ရယ် အမ ယောင်္ကျားကတော့ အမရှေ့ သူ့ ဆန္ဒ မပြီးမြောက်ဖူး အဆင်မပြေဖူး ပြောပါ့မလားလို့တွေးမိပါလိမ့်မယ်…”
ကျွန်မ မေးဖို့ စိတ်ကူးမရှိပေမဲ့ လူဆိုတော့လည်း သူမပြောမှ မေးချင်မိ သိချင်မိသွားတယ်…

“ အ.. မဟုတ်…
ကျွန်မ စကားလုမပြောနိုင်ခင်မှာပဲ..သူမ စကားကို ပြီးအောင် ဆက်ပြောပါတယ်…

“ယောင်္ကျားတွေ က အဲ့လိုနေရာမှာ မညာတတ်ပါဖူး… တကယ် စိတ်မပါရင်လည်း အတူမနေသလို တကယ် စိတ်ပါရင်လည်း တားမရပါဖူး…အမ အတွက် မောင် က အမရဲ့ အချစ်ဦး မဟုတ်ပါဖူး…အမ ကတော့ မောင့်ရဲ့ အချစ်ဦးပါ…အဲ့ဒီ့ တချက်ရယ် နောက်ပြီး အမ က မောင့်အကြိုက်ကို အကုန်သိပါတယ် အရွယ်မတူပေမဲ့ ခုခေတ် ၁၀ကျော်သက်တွေထက် သာအောင်ပြုစုပေးတတ်ပါတယ်…..ဒါကတော့ sharing လုပ်တာပါ ဒါမှလည်း ညီမလေး အမ ရင်ဖွင့်ရတဲ့အကြောင်းအရင်းကို ဂဃနဏ သိရမှာပါ…”

အဲ့အချိန် ကျွန်မ ရဲ့ ခြံရှေ့ ကို ကားတစီး ရပ်လာတယ် …

“ အမ.. ဟိုလေ ကျွန်တော့ ဧည့်သည်တွေ ရောက်လာပြီမို့ ညကျမှ ကျွန်တော်ပြောသလို ဖုန်းဆက်ပြောကြမယ်နော်..အဆင်ပြေရဲ့လား…”
တကယ်လည်း ဧည့်သည်တွေ ရောက်လာကြလို့ပါ …
နောက်ပီး သူမ ပြောတဲ့ ပွင့်လင်းတဲ့စကားတွေ က ကျွန်မ နားထောင်ရမဲ့အချိန်မဖြစ်နေဖူးထင်လိုက်တာရောပေါ့…အလုပ်ထဲမှာ အလုပ်အကြောင်းစဉ်းစားပြောဆ်ိုနေတုန်း နားမထောင်ချင်တော့တာလည်းပါပါတယ်..။
တကယ်တော့ စိတ်နဲနဲလေးရှုပ်သွားတာလည်းပါတယ်…ဒီအမျိုးသမီး စိတ်ရော အဆင်ပြေရဲ့လားလို့ ဆက်တွေးမိတာ.. သူမ ချောချောမွှေ့မွှေ့ ဖုန်းချပေးခဲ့ပါတယ်…တညနေခင်းလုံး ကျွန်မ အလုပ်ထဲ စိတ်တွေ လေးလံနေသလိုပဲ…
ဒီညတော့ စောစောနားပြီး ဒီဇာတ်လမ်းကို အဆုံးထိနားထောင်ဖို့ ဆုံးဖြတ်မိလိုက်တယ်..
တကယ်ဆို ကျွန် အရမ်းသိချင်နေတာက သူမ ရဲ့ ဖွင့်ဟဝန်ခံချက်ပါ…
သူမ ရဲ့ မောင် ဆိုသူ နဲ့ ဘာဆက်ဖြစ်သွားသလဲ…
သူမ ဘာဆက်လုပ်လိုက်သလဲ…?
မနက်ဖြန် ည (၇:၃၀)မှာ ဒီ page လေးကနေ ပြန်ဆုံကြမယ်နော် …။
#ယုဝတီ_ရှင်ပါရမီ
#မိန်းမတစ်ယောက်ရဲ့_ဖွင့်ဟဝန်ခံချက်
#သူမ_ဘာကိုဝန်ခံမှာလည်း
#ယုဝတီ_ရှင်ပါရမီ
#မိန်းမတစ်ယောက်ရဲ့_ဖွင့်ဟဝန်ခံချက်
#သူမ_ဘာကိုဝန်ခံမှာလည်း

Address

Ygn

Website

Alerts

Be the first to know and let us send you an email when ယုဝတီ ရှင်ပါရမီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category