ပြည့်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ်

  • Home
  • Myanmar
  • Ye-u
  • ပြည့်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ်

ပြည့်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ပြည့်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ်, Government Organization, Ye-u.

20/01/2026

20 Jan 2026
11:05 am
ယမန်နေ့ည ၉:၃၀ ခန့်အချိန်တွင် ရေဦးမြို့မြောက်ဘက်အထွက်
စခ+ပျူ အထိုင်ဂိတ်မှ မြောက်ဘက်သိူ့ လက်နက်ကြီး ( ၃ )ချက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဖိန်းကားကျေးရွာထဲသို့ကျရောက်ပေါက်ကွဲသော်လည်း ပြည်သူထိခိုက်မှုမရှိကြောင်းသတင်းရရှိပါသည်။
#ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

13/01/2026

13 Jan 2026
4:05 pm
ယနေ့ညနေပိုင်း 2:25 pm အချိန်တွင် တံ့တားဦးတက် ဂျက်ဖိုက်တာတစ်စီးမှ ရေဦးမြို့နယ်မြောက်ပိုင်း ပင်စိမ်းခင်းကျေးရွာ ပြည်သူလူထုနေထိုင်သော အိမ်ကွင်းထဲသို့ ပေါင် ၅၀၀ ဗုံးသီး နှစ်လုံးချတိုက်ခိုက်မှု့ကြောင့် ကလေးငယ်တစ်ဦးသေဆုံးပြီး သုံးဦး (မစိုးရိမ်)ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
#ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

12/01/2026

12 Jan 2026
8:00 am
ယမန်နေ့ 11:30 amအချိန်ခန့်တွင် တံ့တားဦးတက်ဂျက်ဖိုက်တာဖြင့် ရေဦးမြို့နယ်မြောက်ပိုင်း အုန်းတပေါင်းကျေးရွာစာသင်ကျောင်းအား ပေါင် (၅၀၀) ဗုံးသီးတစ်ကြိမ်၊
ရော့ကက်ဖြင့် (၂) တိုက်ခိုက်မှု့ပြုလုပ်ခံခဲ့ရပြီး ၊ပြည်သူတစ်ဉီး (မစိုးရိမ်)ဒဏ်ရာရှိကာ ၊ကားတစ်စီးပျက်စီးသွားခဲ့ကြောင်း သတင်းရရှိပါသည်။
#ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

11/01/2026

11 Jan 2026
9:40 am
ယမန်နေ့ည 10:55 pm အချိန်ခန့်တွင် တံ့တားဦးတက် ဂျက်ဖိုက်တာတစ်စီးဖြင့် လေးရွာစာသင်ကျောင်းအားတစ်ကြိမ်
ယနေ့နံနက် 4:00 am အချိန်ခန့်တွင် ကွမ်းအုံတိုက်နယ်ဆေးရုံအားတစ်ကြိမ် လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး
လေကြောင်းတိုက်ခိုက်ခံရမှု့တွင် ပြည်သူများအန္တရယ်ကင်းရှင်းကြောင်း သတင်းရရှိပါသည်။
#ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

09/01/2026

9 Jan 2026
5:00 pm
ယနေ့ နံနက်ပိုင်းက ရေဦးအနောက်ခြမ်းမှ ရေဦးမြောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးလာသော စကစ +ပျူ အင်အား ((၇၀)ခန့်သည် ရွာသစ်ကျေးရွာအတွင်းသို့ သေနပ်များပစ်ဖောက်ဝင်ရောက်မှု့ကြောင့် ပြည်သူတစ်ဦး (စိုးရိမ်) ဒဏ်ရာရရှိခဲ့ပြီး ညနေပိုင်း 4 :00 pm အချိန်ခန့်တွင် ရေဦးမြို့အတွင်းသို့ပြန်လည်ဝင်ရောက်သွားပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
#ရေဦးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့

09/01/2026

9 Jan 2026
ယမန်နေ့ နံနက်ပိုင်းက ရေဦးမြို့နယ် အနောက်ပိုင်း သံသည်ကျေးရွာ ဘက်သို့စစ်ကြောင်းထွက်လာပြီး ကျောက်စာကုန်းကျေးရွာတွင် ညအိပ်တပ်ဆွဲခဲ့ပြီး ယနေ့နံနက် ၇:၀၀ ဝန်းကျင်ခန့်တွင် ရေဦးမြို့နယ် မြောက်ပိုင်းသို့ စစ်ကြောင်းထွက်လာသော အင်အား (၇၀) ခန့်ပါ စစ်ကြောင်းအား နွားပေါင်ရွာအနီးအရောက်၉:၄၅ မိနစ်အချိန်ခန့်တွင် ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(လက်ရုံးတပ်)မှ မိုင်းတစ်ပွိုင့်ဆွဲ၍ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Edit 11:00 am အချိန်ခန့်တွင်လည်း ရေဦးမြို့မြောက်ပိုင်း ရွာသစ်ကျေးရွာ အနီးတွင် ရေဦး ပကဖ လက်ရုံးတပ်နှင့် 45 မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စကစ ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးမှု့ကြောင့်မိမိတို့ ရဲဘော်များ အထိခိုက်မရှိပြန်လည် ဆုတ်ခွါခဲ့ရကြောင်း သတင်းရရှိပါသည်။

#ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

01/01/2026

1 Jan 2025
*အတိတ်ကအမှားတွေကို
နောင်တအဖြစ်သိမ်းမထားပဲ
သင်ခန်းစာအဖြစ် ပြောင်းလဲပြီး
စိတ်သစ်နဲ့ ဖြတ်သန်းကြရအောင်။
အားလုံး ပျော်ရွှင်စရာနှစ်သစ်လေး ဖြစ်ပါစေ*

30/12/2025

30 Dec 2025
12:00 pm
28 Dec 2025 နံနက် 5:00 amအချိန်ခန့်တွင်
စစ်ကိုင်းတိုင်း မုံရွာခရိုင် အနောက်မြောက်တိုင်းဌာနချုပ် (နမခ) အနီး ဘုတလင်မြို့တွင်းတွင်ရှိသော ဘုတလင်ရဲစခန်း/ ထွေအုပ်ရုံး ၊ အထက ကျောင်း တို့တွင် တပ်စွဲနေသော စခများအား
ဘုတလင်မြို့နယ် ပကဖ
ရေဦးမြို့နယ် ပကဖ လက်ရုံးတပ်
မုံရွာခရိုင်တပ်ရင်း ၂၀
ဒီပဲယင်းမြို့နယ်ပကဖ
ကနီမြို့နယ်တပ်ရင်း၉
ရွှေဘိုခရိုင် droneအဖွဲ့ ၊
မုံရွာခရိုင် ကွပ်ကဲရေး drone အဖွဲ့၊
BA တပ် နှင့် မဟာမိတ်အဖွဲ့များမှ
၉နာရီကြာတိုက်ခိုက်ခဲ့ရာ
စခ (၁၀)ကောင်ခန့်သေပြီး (ဘန်ကာများထဲတွင်လဲ စခ အသေများရှိနိုင်ပါသေးသည်)
မဟာမိတ် အင်အားစုများမှ ရဲဘော်( ၃) ဦးကျဆုံးခဲ့ပြီး (၃) ဦးဒဏ်ရာရရှိခဲ့သည်။
အဆိုပါတိုက်ပွဲဖြစ်စဉ်အတွင်း စကစဘက်မှ Y12ဖြင့် ၈ကြိမ်၊ paramotorဖြင့် ၉ကြိမ် ၊ sucide droneဖြင့် ၆ကြိမ် လေကြောင်းတိုက်ခိုက်ခံခဲ့ရကြောင်း သတင်းရရှိပါသည်။
#ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

30Dec202511:00am❤️❤️တော်လှန်ရေးခရီးကြမ်းမှာ ရဲဘော်လေးတွေရဲ့ လိုအပိချက်မှန်သမျှကို ဖြည့်ဆည်းပေးနေကြသော ပြည်သူလူထုတစ်ရပ်လု...
30/12/2025

30Dec2025
11:00am
❤️❤️တော်လှန်ရေးခရီးကြမ်းမှာ ရဲဘော်လေးတွေရဲ့ လိုအပိချက်မှန်သမျှကို ဖြည့်ဆည်းပေးနေကြသော ပြည်သူလူထုတစ်ရပ်လုံးကို အထူးပင်ကျေးဇူးတင်ကြောင်း နှင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။❤️❤️
ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

18/12/2025

17 Dec 2025
11:07
ကောင်းမွန်တဲ့ အစိုးရတစ်ရပ်ကိုပိုင်ဆိုင်နိုင်ဖို့ တစ်ဦးတစ်ယောက်ချင်းဆီရဲ့ စီတ်ဓာတ် ကောင်းမွန်နေဖို့လိုအပ်ပါတယ်

17 Dec 20258:00 pmယနေ့နံနက်ပိုင်း ၈:၀၀ အချိန်ခန့်တွင် ရေဦးမြို့ ကြာဖူးအဝိုင်း စစ်ကောင်စီဂိတ်တွင်တာဝန်ကျနေသော တထပ(၂)ရွှေဘ...
17/12/2025

17 Dec 2025
8:00 pm
ယနေ့နံနက်ပိုင်း ၈:၀၀ အချိန်ခန့်တွင် ရေဦးမြို့ ကြာဖူးအဝိုင်း စစ်ကောင်စီဂိတ်တွင်တာဝန်ကျနေသော တထပ(၂)ရွှေဘိုမှ တပ်သားကျော်မျိုးသူ ကိုယ်ပိုင်အမှတ် တ-၅၇၀၇၂၇ သည် သေနပ် နှစ်လက် (MA 1 တစ်လက် G-3 တစ်လက် )ဖြင့် ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ အလင်းဝင်ရောက်လာကြောင်း သတင်းရရှိပါသည်။

10 Dec 2025ရေဦးမြို့ အသံတိတ်သပိတ် မြင်ကွင်း🥰
10/12/2025

10 Dec 2025
ရေဦးမြို့ အသံတိတ်သပိတ် မြင်ကွင်း🥰

Address

Ye-U

Website

Alerts

Be the first to know and let us send you an email when ပြည့်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share