Phoo Pwint Sa

Phoo Pwint Sa Phoo Pwint Sa is a two‑year project boosting Myanmar’s CCI sectors through advocacy, incubation, seed funding, and specialised training.

Funded by the French Ministry for Europe and Foreign Affairs and implemented by the Institut français de Birmanie.

08/09/2026

(ENGLISH BELOW)

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန (French Ministry for Europe and Foreign Affairs) ၏ ထောက်ပံ့မှုဖြင့် ပြင်သစ်ယဉ်ကျေးမှူဌာန (Institut français de Birmanie) မှ ဦးစီးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဖူးပွင့်စ (Phoo Pwint Sa) စီမံကိန်းသည် ယခုအခါ (၁) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

ဖူးပွင့်စ (Phoo Pwint Sa) စီမံကိန်းသည် မြန်မာနိုင်ငံအတွင်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိသော ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ ကဏ္ဍများ (Cultural and Creative Industries - CCIs) ကို ပိုမိုစနစ်ကျ၍ အဆင့်အတန်းမြင့်မားသော ပညာရှင်အဆင့် ရောက်ရှိစေရန်နှင့် ရေရှည်တည်တံ့သော စီးပွားရေးအခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ရန် ရည်ရွယ်သည့် ၂ နှစ်တာ စီမံကိန်းတစ်ရပ် ဖြစ်ပါသည်။ အထူးသဖြင့် ဖက်ရှင် (Fashion)၊ ဗီဒီယိုဂိမ်းနှင့် အီးစပေါ့တ်စ် (Video Games & Esports)၊ ဝဘ်တွန်း (Webtoon) စသည့် တီထွင်ဖန်တီးမှုနယ်ပယ်များတွင် ကျွမ်းကျင်မှုမြှင့်တင်ရေး၊ စီးပွားရေးစွမ်းဆောင်ရှင်များ ပျိုးထောင်ရေးနှင့် မူဝါဒဆိုင်ရာ စနစ်တကျ ချိတ်ဆက်ဆောင်ရွက်မှုများကို ဦးတည်လုပ်ဆောင်လျက်ရှိပါသည်။

ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း ဖူးပွင့်စ (Phoo Pwint Sa) စီမံကိန်းသည် လူငယ်များနှင့် ဖန်တီးရှင်များအတွက် အကျိုးသက်ရောက်မှုရှိစေမည့် အစီအစဉ်ပေါင်းများစွာကို စဉ်ဆက်မပြတ် ဖော်ဆောင်ပေးနိုင်ခဲ့ပါသည်။

ဖိုရမ်နှင့် အလုပ်ရုံဆွေးနွေးပွဲများ - တက်ရောက်သူ ၁,၄၅၀ ကျော် ပါဝင်ခဲ့သည့် Cultural & Creative Industries Forum အပါအဝင် Green Economy Day၊ Women Entrepreneurship Day နှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် Sectoral Report Presentation များကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

ဖက်ရှင်ကဏ္ဍ မြှင့်တင်ရေး - Défilé de Mode ဖက်ရှင်ရှိုးပြပွဲ၊ အဆင့်မြင့် Upcycling Fashion Masterclass များနှင့် ထိုင်း-မြန်မာ ဖက်ရှင်ဒီဇိုင်နာများအကြား နိုင်ငံတကာအတွေ့အကြုံဖလှယ်ရေး (Peer-to-Peer Exchange) အစီအစဉ်များကို ဆောင်ရွက်ခဲ့ပါသည်။

ဂိမ်းနှင့် အီးစပေါ့တ်စ် ဖွံ့ဖြိုးတိုးတက်ရေး - Game Storm Game Jam (၂၄ နာရီအတွင်း ဂိမ်းအသစ်များ ဖန်တီးခြင်း)၊ အမျိုးသမီးဖန်တီးရှင်များအတွက် စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးခဲ့သည့် THUMA 2026: Game Design Competition & Workshop၊ National Esports Championship နှင့် ပါရီမြို့ Esports World Cup သို့ သွားရောက်ယှဉ်ပြိုင်သည့် အသင်းများအတွက် Fan Meeting များအပြင် ပရိသတ် ၇၀၀ ကျော် တက်ရောက်ခဲ့သော Myanmar Game Awards 2026 ကို ကြီးကျယ်ခမ်းနားစွာ စီစဉ်ကျင်းပနိုင်ခဲ့ပါသည်။

စီးပွားရေးစွမ်းဆောင်ရှင်များ ပျိုးထောင်ရေး (Incubation Programme) - Creative Entrepreneurship Bootcamp များနှင့်အတူ စိစစ်ရွေးချယ်ထားသော စီမံကိန်းအဖွဲ့ ၁၃ ဖွဲ့ကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် လေ့ကျင့်ထောက်ပံ့ပေးလျက်ရှိပြီး Creative Business Yetwon မိတ်ဆက်ဆွေးနွေးပွဲများကိုလည်း ကျင်းပနိုင်ခဲ့ပါသည်။

ဝဘ်တွန်းနှင့် ဖန်တီးမှုကဏ္ဍ စွမ်းဆောင်ရည်မြှင့်တင်ရေး - Women's Right Day တွင် အမျိုးသမီးဖန်တီးရှင်များ၏ အသံနှင့် စွမ်းရည်ကို ဖော်ထုတ်ခွင့်ရစေခဲ့သည့် "Her Voice, Her Power" Webtoon ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အပြင် ပြည်တွင်းအနုပညာရှင်များ၏ နည်းပညာနှင့် တီထွင်ဖန်တီးမှုစွမ်းရည်များ ပိုမိုမြင့်မားလာစေရန် ရည်ရွယ်သည့် နှစ်ရက်တာ Webtoon Masterclass ကိုလည်း ပို့ချပေးနိုင်ခဲ့ပါသည်။

စီမံကိန်း၏ ကျန်ရှိနေသေးသော (၁၀) လတာ ကာလအတွင်းတွင်လည်း မြန်မာနှင့် ပြင်သစ်နိုင်ငံတို့မှ ပညာရှင်များ ကိုယ်တိုင် ပါဝင်ဦးဆောင်မည့် အထူး Mentoring & Coaching အစီအစဉ်များ၊ အာဆီယံ (ASEAN) ဒေသတွင်းနိုင်ငံများမှ ထင်ရှားကျော်ကြားသော အတတ်ပညာရှင်၊ အသိပညာရှင်များနှင့် ချိတ်ဆက်ဖလှယ်ခွင့်ရမည့် Masterclasses များနှင့် အလုပ်ရုံဆွေးနွေးပွဲများ ဆက်လက်ထွက်ပေါ်လာဦးမည် ဖြစ်ပါသည်။ ထို့အပြင် ဖက်ရှင်၊ ဂိမ်းနှင့် ဝဘ်တွန်းကဏ္ဍများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး Accelerator သင်တန်းများ၊ ပြပွဲများနှင့် စိတ်လှုပ်ရှားဖွယ်ရာ အစီအစဉ်သစ်များစွာကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ရှေ့ဆက်လက်ပြုလုပ်သွားမည့် အစီအစဉ်များနှင့် အခွင့်အလမ်းများကို လက်မလွတ်ရစေရန်အတွက် PPS ၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာများဖြစ်သော Facebook နှင့် TikTok အကောင့်များကို Follow ပြုလုပ်ပြီး စောင့်ကြည့်အားပေးကြပါရန် လေးစားစွာ တိုက်တွန်းဖိတ်ခေါ်အပ်ပါသည်။

အဆုံးသတ်အနေဖြင့် ဤတစ်နှစ်တာ ခရီးစဉ်တစ်လျှောက်လုံးတွင် ဖူးပွင့်စ (Phoo Pwint Sa) စီမံကိန်း အောင်မြင်ချောမွေ့စွာ လျှောက်လှမ်းနိုင်ရေးအတွက် အဖက်ဖက်မှ အတူတကွ လက်တွဲပါဝင်ကူညီပေးခဲ့ကြသော ယဉ်ကျေးမှုနှင့် ဖန်တီးမှုကဏ္ဍ (CCIs) အသီးသီးမှ မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှ အတတ်ပညာရှင်၊ အသိပညာရှင်များနှင့် ဖန်တီးရှင်များအားလုံးကို အထူးပင် လှိုက်လှဲစွာ ကျေးဇူးတင်ရှိအပ်ပါသည်။

The Phoo Pwint Sa (PPS) project, implemented by the Institut français de Birmanie (IFB) and funded by the French Ministry for Europe and Foreign Affairs, officially marks its first anniversary.

The Phoo Pwint Sa Project is a two-year initiative dedicated to professionalizing high-growth Cultural and Creative Industries (CCIs) in Myanmar and fostering sustainable economic opportunities. By focusing on dynamic sectors, namely Fashion, Video Games & Esports, and Webtoon, the project aims to directly empower youth, women, and creative talents through specialized acceleration programs, international masterclasses, entrepreneurship incubation, and sectoral policy development.

Over the past 12 months, PPS has brought together industry pioneers, emerging artists, and institutions through an impactful lineup of activities:
Sectoral Dialogues & Forums: Hosted the flagship Cultural & Creative Industries Forum engaging over 1,450 participants, alongside the Green Economy Day, Women Entrepreneurship Day, and the presentation of the comprehensive Myanmar CCIs Sectoral Report.

Fashion Innovations: Successfully staged the Défilé de Mode Fashion Show, conducted intensive Upcycling Fashion Masterclasses, and facilitated a Thailand-Myanmar Peer-to-Peer Fashion Exchange.

Gaming & Esports Ecosystem: Accelerated local talents through the Game Storm Game Jam, empowered women developers through the hands-on THUMA 2026: Game Design Competition & Workshop, hosted the National Esports Championship, organized international send-off fan meetings for teams bound for Paris, and successfully presented the prestigious Myanmar Game Awards 2026.

Incubation & Entrepreneurship: Empowered aspiring founders through the Creative Entrepreneurs Bootcamp, and selected 13 dynamic incubatees through formal pitching sessions to receive extensive mentorship and development grants, prominently showcased through the Creative Business Yetwon networking platform.

Webtoon & Creative Expression: Celebrated women creators through the "Her Voice, Her Power" Webtoon Competition during Women's Rights Day, and advanced technical storytelling expertise through the intensive, two-day Webtoon Masterclass for local comic artists.

As we step into the remaining 10 months of our program timeline, PPS will continue to elevate Myanmar’s creative sector through specialized mentoring sessions led by esteemed experts from Myanmar and France, as well as exclusive masterclasses and collaborative knowledge exchanges featuring leading professionals and thought leaders from across ASEAN countries. Along with intensive accelerator tracks across the Fashion, Gaming, and Webtoon disciplines, numerous showcases and impactful opportunities will be rolled out continuously.
Stay tuned for our upcoming programs, grants, and workshops by following the official Phoo Pwint Sa (PPS) pages on Facebook and TikTok.

Finally, we extend our heartfelt gratitude and highest appreciation to all partner organizations, cultural institutions, mentors, industry specialists, and creative visionaries across various CCIs sectors whose steadfast collaboration and invaluable support have made this first-year milestone possible.

#ဖူးပွင့်စ #ယဉ်ကျေးမှုနှင့်တီထွင်ဖန်တီးမှု

သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း။Building a Successful Ready-to-Wear Brand: Fashion Masterclass! (ENGLISH BELOW)မြန်မာ့ဖ...
03/09/2026

သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း။

Building a Successful Ready-to-Wear Brand: Fashion Masterclass! (ENGLISH BELOW)

မြန်မာ့ဖက်ရှင်ဒီဇိုင်နာများအား မိမိတို့ရဲ့ဖက်ရှင်ထုတ်ကုန်များကို ပိုမိုအောင်မြင်ပြီး ရေရှည်ရပ်တည်နိုင်သော Ready-to-Wear (RTW) အဆင့်သို့ တက်လှမ်းနိုင်ရန် ရည်ရွယ်သည့် ၂ ရက်ခွဲကြာ အထူး Masterclass သင်တန်းကို လာမယ့် စက်တင်ဘာလ ၂၁၊ ၂၂၊ ၂၃ ရက်နေ့များတွင် ပြင်သစ်ယဉ်ကျေးမှုဌာန၏ ဦးဆောင်မှုအောက်တွင် ဖူးပွင့်စစီမံကိန်း၏ပရိုဂရမ် တစ်ခုအနေနဲ့ ဖွင့်လှစ်သင်ကြားပို့ချသွားဖို့ရှိပါတယ်။

ယခု Masterclass ကိုတော့ ဗီယက်နမ်နိုင်ငံ၏ ခေတ်ပြိုင် Ready-to-Wear ဖက်ရှင် Brand တစ်ခုဖြစ်သည့် Victim of The Prime မှ ဖက်ရှင်ဒီဇိုင်နာများကိုယ်တိုင် သင်ကြားပို့ချပေးသွားမှာဖြစ်ပြီးတော့ ဗီယက်နမ်နှင့် အရှေ့တောင်အာရှ၏ Ready-to-Wear ဖက်ရှင်ဈေးကွက် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ၊ တီထွင်ဖန်တီးမှုနှင့် စီးပွားရေးဆိုင်ရာ မဟာဗျူဟာများ၊ ကုန်ထုတ်လုပ်မှု ချဲ့ထွင်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ပြင်ဆင်မှုများ စတဲ့အကြောင်းအရာများကို အဓိကထားသင်ကြားပို့ချပေးသွားမှာပဲဖြစ်ပါတယ်။

လျှေက်ထားဖို့လိုအပ်တဲ့သတ်မှတ်ချက်တွေကတော့

- အသက် ၁၈ နှစ်နှင့်အထက် မြန်မာနိုင်ငံသား ဖြစ်ရပါမယ်။

- ဖက်ရှင်ဒီဇိုင်းနယ်ပယ်တွင် အနည်းဆုံး လုပ်ငန်းအတွေ့အကြုံ ၃ နှစ်ရှိပြီး လုပ်ငန်းချဲ့ထွင်ရန် ရည်မှန်းချက်ရှိသူ ဖြစ်ရပါမယ်။

- သင်တန်းကာလတစ်ခုလုံး (၂၀၂၆ စက်တင်ဘာ ၂၁ မှ ၂၃ ထိ) အပြင် လက်တွေ့ assignment များနဲ့ စက်တင်ဘာ ၂၂ ညနေပိုင်းတွင် ကျင်းပမယ့် Networking Event သို့ အပြည့်အဝ တက်ရောက်နိုင်သူ ဖြစ်ရပါမယ်။

- မိမိ၏ ဖန်တီးမှုနှင့် စီးပွါးရေးလုပ်ငန်းကို တိုးတက်စေရန် ခိုင်မာသော စိတ်အားထက်သန်မှု ရှိရပါမယ်။

ရွေးချယ်မှု အဆင့်ဆင့် ကိုတော့ လုပ်ငန်းအတွေ့အကြုံ၊ နောက်ခံ၊ တက်ရောက်လိုစိတ်၊ ကဏ္ဍတွင်း အကျိုးသက်ရောက်နိုင်မှုနဲ့ အဖွဲ့ဝင်များ၏ စုံလင်ကွဲပြားမှုတို့အပေါ် အခြေခံ၍ ဖူးပွင့်စမှာ စိစစ်ရွေးချယ်သွားမှာပဲဖြစ်ပါတယ်။
ဆန်ခါတင်ရွေးချယ်ခံရသူများကိုတော့ အတည်မပြုမီ အလွတ်သဘော အင်တာဗျူး (Informal Interview) ပြုလုပ်ရန် ဖိတ်ခေါ်နိုင်ကြောင်းကိုလည်း ကြိုတင်အသိပေးအပ်ပါတယ်။

လျှောက်လွှာများကိုတော့ ယနေ့ည ၇ နာရီမှာ စတင်လက်ခံပေးသွားမည်ဖြစ်ပြီး စက်တင်ဘာ ၁၆ ရက် နောက်ဆုံးထားလျှောက်ထားပေးဖို့ရန် လိုအပ်ပါတယ်။ လူဦးရေကန့်သတ်ထားတာမို့လို့ အချိန်မှီလျှောက်ထားနိုင်ဖို့အတွက်လည်း အသိပေးအပ်ပါတယ်။

Form လျှောက်ထားရန် လင့်ခ်:
https://forms.gle/oFCmds725gaHcew67

သင်တန်းအကြောင်းအသေးစိတ်စုံစမ်းရန်: [email protected]

A special 2.5-day Masterclass will be held on September 21, 22, and 23, led by the French Institute of Myanmar under the Phoo Pwint Sa program, to help Myanmar fashion designers develop their fashion products and take them to the Ready-to-Wear (RTW) level for greater success and long-term growth.

Led directly by designers from Victim of The Prime—a contemporary Vietnamese Ready-to-Wear brand. The masterclass will focus on the opportunities and challenges within Vietnam and Southeast Asia’s RTW fashion markets, creative and commercial strategies, production scaling, inventory management, and operational preparation.

Eligibility Criteria

- Myanmar national aged 18 or above.

- Fashion designer with at least 3 years of professional experience and a commitment to scaling your business.

- Full availability for the entire training duration (September 21–23, 2026), practical assignments, and the Networking Event on the evening of September 22.

- Strong passion and dedication toward expanding both creative practice and business operations.

Applications will be reviewed by the Phoo Pwint Sa team based on professional experience, background, motivation, sector impact potential, and cohort diversity.

Shortlisted candidates may be invited for an informal interview prior to final confirmation.
Applications open tonight at 7:00 PM and close on September 16, 2026. Spaces are limited, so early registration is highly encouraged.

Application Link:
https://forms.gle/oFCmds725gaHcew67

For Inquiries:
[email protected]

27/08/2026

(ENGLISH BELOW)

Fashion Masterclass Series ကို နောက်ဆုံး Episode အနေနဲ့ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကြားက တူညီတဲ့ ယဉ်ကျေးမှုအကြောင်းကို ပြန်လည်သုံးသပ်ရင်း ဒီ Fashion Masterclass ရဲ့ Mentor များဖြစ်ကြတဲ့ ဖက်ရှင်ဒီဇိုင်နာ Mr. Wisharawish Akarasantisook နှင့် အထည်အလိပ်ပညာရှင် Prof. Wuthigrai Siriphon, Ph.D. တို့ရဲ့ အတွေးအမြင်တွေကို ဝေမျှထားတဲ့ ရုပ်သံမှတ်တမ်းလေးနဲ့အတူ အဆုံးသတ်လိုက်ပါတယ်။

ဖူးပွင့်စစီမံကိန်းက ဦးစီးကျင်းပတဲ့ ဒီ (၂)ရက်ခွဲ Fashion Masterclass ဟာဆိုရင် ပြည်တွင်း ဖက်ရှင် Community သာမက အိမ်နီးခြင်းမိတ်ဖက်နိုင်ငံတွေရဲ့ ဖက်ရှင် Community တွေနဲ့ပါ ပိုမိုခိုင်မာတဲ့ ရေရှည်ဆက်ဆံရေးတစ်ခုဖြစ်လာဖို့ အစပျိုးလိုက်တဲ့ အစီအစဉ်လေးဘဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုနှင့် ဖန်တီးမှုနယ်ပယ်ကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ရှေ့ဆက်၍လည်း ဒီလိုမျိုး အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ရေး၊ ကဏ္ဍအချင်းချင်း ချိတ်ဆက်ပူးပေါင်းမှုများ အားကောင်းလာစေရေးတို့ကို ဆက်လက်ဖော်ဆောင်သွားမှာဖြစ်ပြီး လိုအပ်တဲ့ လမ်းညွှန်မှုများနှင့် ကူညီမှုများကို ဖူးပွင့်စစီမံကိန်းမှတစ်ဆင့် အမြဲပံ့ပိုးကူညီနေမှာဖြစ်ပါတယ်။


The final episode of the Fashion Masterclass Series reflects on the shared cultural connections between Thailand and Myanmar, while featuring insights from our mentors, fashion designer Mr. Wisharawish Akarasantisook and textile expert Prof. Wuthigrai Siriphon, Ph.D.

We believe that this two-and-a-half-day Fashion Masterclass, organized by the Phoo Pwint Sa, was an important first step toward building stronger and long-term connections between the fashion communities of Myanmar and neighboring countries.

Moving forward, we will continue to create new opportunities, encourage collaboration across different sectors, and support the growth of Myanmar’s cultural and creative industries. Phoo Pwint Sa will continue to provide the guidance and support needed along the way.

25/08/2026

(ENGLISH BELOW)

Fashion Masterclass Series ရဲ့ ယနေ့ Episode မှာတော့ ရိုးရာအမွေအနှစ်တွေနဲ့အတူ ခေတ်သစ်ဖက်ရှင်ရေစီးကြောင်းကိုပေါင်းစပ်ပြီး ဆန်းသစ်တဲ့ဒီဇိုင်းလက်ရာတွေကို အမြဲတီထွင်ဖန်တီးနေတဲ့ Tytenium ရဲ့ Founder ကိုသီဟန်ကျော် နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ကိုသီဟန်ကျော်ကတော့ ဖူးပွင့်စ Incubation Program ရဲ့ သင်တန်းသားတစ်ဦးဖြစ်သလို ပြည်တွင်းမှာ အောင်မြင်နေတဲ့ ဖက်ရှင်လုပ်ငန်းတစ်ခုကို ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။

ဖူးပွင့်စရဲ့ (၂) ရက်ခွဲတာကြာမြင့်ခဲ့တဲ့ ဒီ Fashion Masterclass ကနေပြီးတော့ ရရှိခဲ့တဲ့အတွေ့အကြုံတွေကို ပြည်တွင်းထိပ်တန်း ဖက်ရှင်ဒီဇိုင်နာတစ်ဦးအနေနဲ့ သူ့ရဲ့ အမြင်နဲ့ထင်မြင််ချက်လေးတွေ မျှဝေပေးထားတာလေးဘဲ ဖြစ်ပါတယ်။

Today’s documentary introduces Ko Thi Han Kyaw, Founder of Tytenium, a creative brand that continuously explores innovative designs by blending Myanmar’s traditional heritage with contemporary fashion trends.

As a participant in the Phoo Pwint Sa Incubation Programme and the founder of a successful local fashion business, Ko Thi Han Kyaw shares his experiences, insights, and techniques gained from the two-and-a-half-day Masterclass, while reflecting on the programme from the perspective of an established fashion designer in Myanmar.

24/08/2026

(ENGLISH BELOW)

ဒီနေ့ Fashion Masterclass Series ရဲ့ Episode အသစ်မှာတော့ ကျွန်တော်တို့ရဲ့ Mentors တွေက မြန်မာနိုင်ငံရဲ့ နေ့စဉ်နေထိုင်မှုနဲ့ ယဉ်ကျေးမှု၊ အထူးသဖြင့် ရိုးရာလုံချည်ဝတ်ဆင်မှုပုံစံတွေဟာ သူတို့အတွက် ဘယ်လို သဘောကျနှစ်ခြိုက်စရာကောင်းကြောင်းနဲ့ ဒီလို ရိုးရာအမွေအနှစ်တွေကို ထိန်းသိမ်းခြင်းက ခေတ်သစ်ဖက်ရှင်ရဲ့ အနာဂတ်အတွက် ဘယ်လိုခွန်အားတွေ ဖြစ်စေနိုင်လဲဆိုတဲ့ အကြောင်းကို ဆွေးနွေးထားတာလေးပဲဖြစ်ပါတယ်။

In today’s episode of Fashion Masterclass Series, our mentors share their appreciation for Myanmar’s everyday culture, particularly the traditional ways of wearing the longyi. They also discuss how preserving these cultural traditions can inspire and contribute to the future of contemporary fashion.

21/08/2026

(ENGLISH BELOW)

Fashion Masterclass Series လေးရဲ့ ဒုတိယ Episode အနေနဲ့ ပြည်တွင်းက မျိုးဆက်သစ် ဖက်ရှင်ဒီဇိုင်နာတွေကို နိုင်ငံတကာကပညာရှင်တွေနဲ့ ချိတ်ဆက်ပေးခဲ့တဲ့ ဒီ ၂ ရက်ခွဲကြာ Fashion Masterclass ကနေပြီးတော့ ဖူးပွင့်စမှာပါဝင်ခဲ့တဲ့ ဖက်ရှင်ဒီဇိုင်နာအချို့အနေနဲ့ ဘယ်လိုမျိုး အကြီးမားဆုံး အတွေ့အကြုံတွေနဲ့ သင်ခန်းစာတွေကို ရရှိခဲ့ကြသလဲဆိုတဲ့အကြောင်းကို နားဆင်ရမှာပဲဖြစ်ပါတယ်။

ပါဝင်ခဲ့ကြသူအချို့မှ ပြည်တွင်းဖက်ရှင်ဒီဇိုင်နာများဖြစ်တဲ့ မသက်စုဝတီ၊ မခင်ရတနာကို နဲ့ မဝင်းသိင်္ဂီအေး တို့က ဒီဇိုင်းအယူအဆသစ်တွေကနေ ပိုမိုခိုင်မာတဲ့ ဖက်ရှင် Community တစ်ခု တည်ဆောက်ခြင်းအထိ သူတို့ရဲ့ စိတ်အားထက်သန်ဖွယ် အတွေးအမြင်သစ်တွေကို မျှဝေပေးထားပါတယ်။ အားလုံးပဲအတူတူ နားဆင်လိုက်ကြရအောင်နော်။

Today’s reel highlights the key experiences and valuable lessons gained by participants of the two-and-a-half-day Fashion Masterclass, which connected emerging local designers with international industry experts.

Hear from participating designers Thet Su Waddy, Khin Yadanar Ko, and Win Theingi Aye as they share their inspiring perspectives from discovering new approaches to design and creative thinking to building a stronger and more connected fashion community in Myanmar.
Let’s hear what they have to share!

19/08/2026

(ENGLISH BELOW)

ပြီးခဲ့တဲ့ ဇူလိုင်လ ၆၊ ၇၊ ၈ ရက်နေ့တွေမှာ ဖူးပွင့်စစီမံကိန်းဟာ အိမ်နီးချင်းထိုင်းနိုင်ငံ မိတ်ဖက်အဖွဲ့အစည်းများနဲ့အတူ Peer-to-Peer Fashion Exchange Programme ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ Creative Economy ကို မြှင့်တင်ပေးနိုင်ရေးနဲ့ ပြည်တွင်းမှာရှိတဲ့ Creative Network ပိုမိုခိုင်မာလာစေရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြည်တွင်းဖက်ရှင်ဒီဇိုင်နာများအား နိုင်ငံတကာပညာရှင်များနဲ့ ချိတ်ဆက်ပေးတဲ့ ဒီလိုမျိုး ၂ ရက်ခွဲကြာ Masterclass ကို ဦးဆောင်ကျင်းပခဲ့ခြင်းဘဲဖြစ်ပါတယ်။

ဒီ Masterclass မှာဆိုရင် ထိုင်းနိုင်ငံမှ နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ Mr. Wisharawish Akarasantisook နဲ့အတူ အထည်အလိပ်ပညာရှင်တစ်ဦးဖြစ်တဲ့ Prof. Wuthigrai Siriphon, Ph.D. စတဲ့ ထင်ရှားကျော်ကြားတဲ့ expert တွေကို ဂုဏ်ယူစွာ ဖိတ်ကြားခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့မျိုးဆက်သစ်ဒီဇိုင်နာတွေက ဒီလို ကျွမ်းကျင်တဲ့ ပညာရှင်တွေမှတစ်ဆင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ခေတ်ပြိုင် ကမ္ဘာအဆင့်မှီ ဖက်ရှင်အဖြစ်သို့ ဘယ်လိုပြောင်းလဲဖန်တီးနိုင်မလဲဆိုတာကို လေ့လာသင်ယူခွင့် ရရှိခဲ့ကြပြီး အိမ်နီးချင်း (၂)နိုင်ငံကြား အထည်အလိပ်ဖန်တီးမှုဆိုင်ရာ နည်းစနစ်နဲ့ နည်းပညာတွေကို အဓိကထား ဆွေးနွေးဖလှယ်ခွင့်တွေ ရရှိခဲ့ကြပါတယ်။

ဒီ Masterclass မှတစ်ဆင့် သင်တန်းသားတွေဟာ Knowledge, Experience နဲ့ Idea Sharing အများကြီး လုပ်ခဲ့ကြပြီးတော့ သူတို့ရဲ့ အသိပညာဖလှယ်မှုတွေအားလုံးကို ဒီရက်သတ္တပတ်အတွင်းမှာ ဖူးပွင်းစ Page မှတစ်ဆင့် ရုပ်သံမှတ်တမ်းတို Series အဖြစ် ထုတ်လွှင့်တင်ဆက်ပေးသွားပါမယ်။

ဒီ Series လေးရဲ့ ပထမဆုံး ရုပ်သံမှတ်တမ်းလေးကတော့ Mr. Wisharawish နဲ့ Dr. Wuthigrai တို့က မြန်မာ့မျိုးဆက်သစ် ဒီဇိုင်နာတွေရဲ့ Potential နဲ့ ပတ်သက်ပြီး သူတို့ရဲ့ အမြင်တွေကို မျှဝေပေးထားတဲ့ Video လေးဘဲ ဖြစ်ပါတယ်။၂ ရက်ခွဲကြာတဲ့ Fashion Masterclass မှာ သင်တန်းသားတွေအနေနဲ့ ဘယ်လိုမျိုး အခက်အခဲတွေကို ကျော်ဖြတ်ပြီး ဘယ်လိုမျိုး Creative Collaboration လေးတွေ လုပ်သွားတယ်ဆိုတာလေး ကြည့်ရှုလိုက်ကြရအောင်နော်။

On 6th, 7th and 8th July 2026, Phoo Pwint Sa successfully hosted the Peer-to-Peer Fashion Exchange Programme in collaboration with partner organisations from neighbouring Thailand. As part of our efforts to promote Myanmar’s Creative Economy and strengthen local creative networks, Phoo Pwint Sa organised this two-and-a-half-day Fashion Masterclass to connect emerging Myanmar fashion designers with international experts and facilitate knowledge exchange across borders.

We were honoured to welcome renowned Thai fashion designer Mr. Wisharawish Akarasantisook and textile expert Prof. Wuthigrai Siriphon, Ph.D. as guest speakers. Together with a new generation of Myanmar designers, they explored how traditional cultural heritage can be reimagined through contemporary fashion, while sharing creative approaches and textile-making techniques between the two neighbouring countries.

Throughout the Masterclass, participants exchanged knowledge, ideas, and experiences across generations. Over the coming weeks, we will be sharing a series of short documentary videos capturing these conversations and the participants’ experiences.

In the first episode, Mr. Wisharawish and Dr. Wuthigrai share their perspectives on the potential and future of Myanmar’s emerging fashion designers. Join us as we look back at the two-and-a-half-day Fashion Masterclass and discover how participants navigated challenges, exchanged ideas, and explored new possibilities for creative collaboration across generations.

17/08/2026

(ENGLISH BELOW)

သြဂုတ်လ (၉) ရက်၊ ၂၀၂၆ ခုနှစ်၊ ရန်ကုန်မြို့ Rose Garden Hotel တွင် ပြင်သစ်ယဉ်ကျေးမှုဌာန - Institut français de Birmanie (IFB) သည် ဖူးပွင့်စ စီမံကိန်းမှတစ်ဆင့် Game Makers Myanmar နှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော Myanmar Game Awards (MGA) 2026 ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ ဤပွဲသည် မြန်မာ့ဂိမ်းလောက အသိုင်းအဝိုင်းကြီး တည်ဆောက်ခဲ့သမျှကို ဂုဏ်ပြုသည့်နေ့တစ်နေ့ဖြစ်ခဲ့ပါသည်။

ဤပွဲအား Myanmar Gaming Industry ၏ လက်ရှိအခြေအနေ၊ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို ဆွေးနွေးသည့် Panel Discussion ဖြင့် အစပြုခဲ့ပြီးနောက် Developer များက မိမိတို့ဖန်တီးထားသော Games များကို ဆုကြေးခေါင်းစဉ် (၃) မျိုး — Game of the Year, Best Mobile Game, နှင့် Best Game Direction Award များအတွက် ယှဉ်ပြိုင်တင်ပြခဲ့ကြသည့် Pitch Competition အစီအစဉ်များဖြင့် ဆက်လက်ကျင်းပခဲ့ပါသည်။ ထို့အပြင် Cosplay Competition မှတစ်ဆင့် Best Cosplayer နှင့် Best New Face Award များ ချီးမြှင့်ခဲ့ပြီး Cosplay Showcase နှင့် စိတ်ဝင်စားဖွယ် Game Corner တို့ကလည်း Developer များ၊ Cosplayer များနှင့် Gamers ပရိသတ်များကို တစ်နေရာတည်း စုစည်းစေခဲ့ပြီး ဤပွဲအား ပိုမိုအသက်ဝင်စေခဲ့ပါသည်။

ဤကဲ့သို့သော အခိုက်အတန့်များတွင် ပါဝင်အားဖြည့်ရခြင်းသည် ဖူးပွင့်စ စီမံကိန်း၏ ရည်ရွယ်ချက်နှင့် တိုက်ရိုက်ကိုက်ညီပါသည်။ ဂိမ်းလုပ်ငန်းအပါအဝင် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့် ဖန်တီးမှုလုပ်ငန်းများကို ပိုမိုအားကောင်းအောင် တည်ဆောက်ပေးခြင်းသည် ဖူးပွင့်စ စီမံကိန်း၏ အဓိကရည်မှန်းချက်တစ်ခုဖြစ်ပြီး ဤကဲ့သို့ ပွဲစဉ်တိုင်းသည် Developer မျိုးဆက်သစ်များအတွက် ခိုင်မာသော Foundation တစ်ခု ဖြစ်လာစေပါသည်။

ဖူးပွင့်စ စီမံကိန်းမှ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့် ဖန်တီးမှုဆိုင်ရာ လုပ်ငန်းကဏ္ဍများအကြောင်းကို လေ့လာသုံးသပ်ထားသည့် Sectoral Report ကိုလည်း မကြာမီအချိန်အတွင်း ထုတ်ဝေသွားမည်ဖြစ်သဖြင့် ဆက်လက်စောင့်မျှော်ပေးကြပါရန် နှိုးဆော်လိုက်ပါသည်။

On 9th August 2026, at the Rose Garden Hotel, Yangon, Institut français de Birmanie (IFB), through its Phoo Pwint Sa project, partnered with Game Makers Myanmar to bring Myanmar's first-ever Myanmar Game Awards (MGA) 2026 to life, a celebration of everything Myanmar's gaming community has built.

The day began with a Panel Discussion on the current state of the gaming industry, its opportunities and its challenges. This was followed by Pitch Competitions, where developers presented their work across three award categories: Game of the Year, Best Mobile Game, and Best Game Direction. Alongside this, a Cosplay Competition crowned Best Cosplayer and Best New Face, with a Cosplay Showcase and a lively Game Corner rounding out the day, bringing together developers, cosplayers and fans in celebration of the local gaming scene.

Moments like these are exactly what the Phoo Pwint Sa project is here for. Strengthening Myanmar's cultural and creative industries, including gaming, is one of the project's main goals, and each event helps build a stronger foundation for the next generation of developers.

There is more to come from Phoo Pwint Sa: our Sectoral Report on Myanmar's Cultural and Creative industries is nearing publication. Stay tuned.

Address

340, Pyay Road, Sanchaung Township
Yangon
11111

Opening Hours

Monday 08:30 - 12:30
13:30 - 17:00
Tuesday 08:30 - 12:30
13:30 - 17:00
Wednesday 08:30 - 12:30
13:30 - 17:00
Thursday 08:30 - 12:30
13:30 - 17:00
Friday 08:30 - 12:30
13:30 - 17:00

Alerts

Be the first to know and let us send you an email when Phoo Pwint Sa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share