02/06/2026
https://www.facebook.com/share/1En7swMbkV/?mibextid=wwXIfr
အသက်ကြီးလာရင် ထွက်လာတဲ့ လူကြီးနံ့ကိုအမြစ်ပြတ်စေမယ့် စူပါအစားအစာ
သက်ကြီးရွယ်အိုတွေရဲ့ အနားကို ရောက်သွားတဲ့အခါ ပရုတ်လုံးနံ့၊ စက္ကူဂျပ်ဖာ စိုစွတ်စွတ်အနံ့၊ မြေအောက်ခန်းနံ့နဲ့ သစ်ရွက်ခြောက်နံ့တွေ ရောထွေးနေတဲ့ ထူးခြားတဲ့ အနံ့တစ်မျိုးကို ရဖူးကြမှာပါ။
လူတော်တော်များများက ဒါကို ရှောင်လွှဲလို့မရတဲ့ အိုမင်းခြင်းရဲ့ သဘာဝလို့ ထင်ကြပေမယ့် တကယ်တမ်းကျတော့ ဒီ "လူကြီးနံ့" ကို သဘာဝစူပါအစားအစာ တစ်မျိုးတည်းနဲ့တင် အလွယ်တကူ ဖြေရှင်းနိုင်တယ်လို့ သက်ရှည်ကျန်းမာရေး ကျွမ်းကျင်သူတစ်ဦးက ဖော်ထုတ်လိုက်ပါတယ်။
Oxford Healthspan ရဲ့ တည်ထောင်သူနဲ့ ကျန်းမာရေးနည်းပြဖြစ်တဲ့ လက်စလီ ကန်နီ (Leslie Kenny) က ဒီအနံ့ဆိုးဟာ အရေပြားပေါ်က အဆီတွေ ဓာတ်တိုးပျက်စီးရာကနေ (Lipid Peroxidation) ဖြစ်လာတာလို့ ရှင်းပြပါတယ်။
အိုမီဂါ-၇ (Omega-7) ဖက်တီးအက်ဆစ်တွေ ပြိုကွဲရာကနေ "2-nonenal" လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ထွက်လာပြီး ဒီအနံ့ဆိုးကို ဖြစ်စေတာပါ။
ဒါဟာ အရေပြားပေါ်က အဆီတွေ သံချေးတက်သွားတဲ့ သဘောမျိုးဖြစ်ပြီး ရေဘယ်လောက်ချိုးချိုး၊ ရေမွှေးဘယ်လောက်ဆွတ်ဆွတ် ဒီအနံ့ကို ဖုံးကွယ်လို့ မရနိုင်ပါဘူးလို့ ဆိုပါတယ်။
အထူးသဖြင့် အမျိုးသမီးတွေအနေနဲ့ သွေးဆုံးခါနီးနဲ့ သွေးဆုံးချိန် ဟော်မုန်းအပြောင်းအလဲတွေကြောင့် အရေပြားဆဲလ်အသစ်ဖြစ်ပေါ်မှု နှေးကွေးပြီး အနံ့ဆိုးက ရေရှည်စွဲကျန်နေတတ်ပါတယ်။
ဒီပြဿနာကို အပြင်ကနေ ဖြေရှင်းလို့မရဘဲ ခန္ဓာကိုယ်အတွင်းပိုင်းကနေသာ ကုသရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အကောင်းဆုံး စူပါအစားအစာကတော့ "မှို" ပဲ ဖြစ်ပါတယ်။
မှိုမှာ "Ergothioneine" လို့ခေါ်တဲ့ အစွမ်းထက် ဓာတ်တိုးဆန့်ကျင် အမိုင်နိုအက်ဆစ် ပါဝင်တာကြောင့်
အနံ့ဆိုးဖြစ်စေတဲ့ အဆီဓာတ်တိုးခြင်းကို ကြိုတင်တားဆီးပေးနိုင်ပါတယ်။
ဒါ့အပြင် မှိုမှာပါဝင်တဲ့ "Spermidine" ဆိုတဲ့ အော်ဂဲနစ်ဒြပ်ပေါင်းဟာ ဆဲလ်ဟောင်းတွေကို ဖယ်ရှားပြီး ဆဲလ်သစ်တွေ ပြန်လည်မွေးဖွားပေးတဲ့ "Autophagy" လုပ်ငန်းစဉ်ကို အားပေးတာကြောင့် လူကြီးနံ့ထွက်ခြင်းကို သိသိသာသာ လျော့ကျစေပါတယ်။
မှိုအားလုံးက ကောင်းမွန်ပေမယ့် အထူးသဖြင့် ရှီတာကေမှို (Shiitake - မှိုစပ်/မှိုကြက်ကပ်) နဲ့ ငွေနှင်းမှို (Oyster mushrooms) တွေက အာဟာရဓာတ် အပြည့်ဝဆုံးလို့ ကျွမ်းကျင်သူက အကြံပြုထားပါတယ်။
အမျိုးသမီးတွေအနေနဲ့ အနံ့ဆိုးမထွက်ခင် ကြိုတင်ကာကွယ်ဖို့ မှိုကို ပိုစားပေးသင့်သလို၊ အနံ့ထွက်နေတဲ့ လူကြီးတွေအတွက်လည်း ဆဲလ်သစ်တွေ မြန်မြန်ဖြစ်ပေါ်စေဖို့ မှိုက အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါတယ်။
မှိုကို ပုံမှန်စားသုံးပေးတာဟာ လူကြီးနံ့ကို ပျောက်ကင်းစေရုံသာမက မှတ်ဉာဏ်ချို့ယွင်းမှု အန္တရာယ်ကို ထက်ဝက်တိတိ လျှော့ချပေးနိုင်ပါတယ်။
ဒါ့အပြင် ကင်ဆာရောဂါ ပြန့်ပွားမှုကို နှေးကွေးစေတာ၊ သွေးတိုးကျစေတာ၊ အင်ဆူလင် တုံ့ပြန်မှု ကောင်းစေတာ၊ ဦးနှောက်ထိခိုက်မှုကို ကာကွယ်ပေးတာနဲ့ အရိုးအဆစ်တွေကို ကျန်းမာစေတာ စတဲ့ ဆေးဖက်ဝင် အကျိုးကျေးဇူးတွေကိုပါ ရရှိစေနိုင်ပါတယ်...။
nypost
#ချင်းမိုင်နေ့စဉ်
#ကျန်းမာရေးသတင်း