27/12/2022
Dip in Mental Health မှာ Depression အကြောင်းသင်ရတော့ Depression နှစ်မျိုးရှိတယ်လို့ ဆိုတယ်။ တစ်ခုက ချစ်ရတဲ့သူကို ဆုံးရှုံးရတာမျိုးနဲ့ (သို့) ဥစ္စာပစ္စည်းပိုင်ဆိုင်မှု ဆုံးရှုံးရတာမျိုးလို အခြေအနေကြောင့်ဖြစ်ရတဲ့ စိတ်ကျရောဂါ။ စိတ်ပညာရှင်နဲ့တိုင်ပင်ဆွေးနွေးရမယ်။ နောက်တစ်ခုကတော့ ဦးနှောက်က လုပ်တဲ့ စိတ်ကျရောဂါ။ Chemical Imbalance လို့ခေါ်တဲ့ မြန်မာလိုပြောရင် သွေးလေဓာတ်မညီညွှတ်လို့ ဖြစ်တဲ့ စိတ်ကျရောဂါ။ သူက အလကားနေရင်းဖြစ်တယ်။ ဥပမာ- ပတ်ဝန်းကျင်က တိတ်ဆိတ်လွန်းနေရင် ဖြစ်တယ်၊ လျှောက်နေကျ လမ်းမှာ လူရှင်းလွန်းရင်လည်း ဖြစ်တယ်၊ နေရီဖျိုးပျလေးမှာ ဖြစ်တယ်။
ဪ လောကကြီးမှာ ငါ တစ်ယာက်ထဲပါလားတို့ ၊ ေ.သရင်လည်း တစ်ယောက်ထဲပါလားတို့ အဲ့လို အထီးကျန်လာတာ၊ အသက်ရှင်လည်း အလကားပါတို့ ၊ လူတွေ ပျော်နေ၊ရယ်မောနေကြတာ တကယ်ရောဟုတ်ရဲ့လားတို့ပေါ့။ တွေးရင်း တွေးရင်း သူကိုယ်တိုင်ပါ နေရတာ အဓိပ္ပါယ်မရှိတော့သလိုတွေဖြစ်လာတာ။ အဲ့အချိန်က စိတ်ရောဂါကုဆရာဝန်နဲ့ပြရမယ့်အချိန်ပါပဲ။ မပြချင်သေးခင်ကာလမှာ ဒါတွေ အရင်လုပ်၊ ဒီလို အရေးပါအောင်တွေး👇
- အလကားနေရင်းဖြစ်နေရင် ဟော်မုန်းကောင်းတွေထွက်အောင် ခန္ဓာကိုယ်ကို နေရောင်နွေးနွေးပြပါ၊ ကခုန်ချင်စရာသီချင်းတွေနားထောင်ပါ၊ လူတွေရဲ့ သက်တမ်းကတိုလွန်းလို့ ငါ ဒီလိုခံစားနေလို့မဖြစ်ဘူး သဘာဝပတ်ဝန်းကျင်ကို တစ်ခုခု ပြုပြင်ခဲ့ရမယ် ဆိုတဲ့စိတ်နဲ့ ကလေးတွေရဲ့ အနာဂတ်အတွက် ကိုယ်ဘာတွေ ထောက်ပံ့ပေးလို့ရမလဲ? စာသင်ကျောင်းဆောက်ပေးတာမျိုးလား?(သို့) စာအလကားသင်ပေးတာမျိုးလား?၊ မိဘမဲ့ဂေဟာဖွင့်သလိုမျိုးလား?(သို့)မိဘမဲ့ကျောင်းတွေကို လှူဒါန်း/ကိုယ်တိုင်သွားလုပ်အားပေးတာမျိုးလား?၊ တိရစ္ဆာန်လေးတွေ ညှင်းပန်းနှိပ်စက်ခံရတာနဲ့စွန့်ပစ်ခံရမှုနည်းပါးသွားအောင် ဘယ်လို ကူညီပေးနိုင်မလဲ?၊ သစ်ပင်တွေခုတ်တာနဲ့ စွန့်ပစ်ပလတ်စတစ်တွေကြောင့် ပတ်ဝန်းကျင်ထိခိုက်နေရတာ ငါ ဘယ်နေရာကနေ ကာကွယ်နိုင်မလဲ အစသဖြင့် လုပ်စရာတွေ အများကြီး။ 🌱🌍
တစ်ဦးထဲဖြစ်သွားတဲ့အခါ ဦးနှောက်က လှည့်စားတာခံရတယ် ၊ စိတ်ဓာတ်ကျပြီး တလောကလုံးက တစ်ယောက်ထဲ ရှင်သန်နေရသလို အထီးကျန်တယ်။ တကယ်တမ်း တစ်ခုခုအတွက် ရှင်သန်ရမယ်လို့ တွေးလိုက်တဲ့အခါ ေ.သမယ့်အချိန်(အိုမယ့်အချိန်) ကို ရောက်ဖို့ နီးနီးေလး၊ အချိန်က လာတော့မယ် ၊ လုပ်စရာတွေ လုပ်ဖို့ အချိန်က ခဏလေးပဲရတယ် ၊ မလောက်ဘူး ဆိုတာ တွေးမိပြီး အထီးကျန်မနေပဲ ရှိတဲ့ အချိန်ကို တောင် တက်သုတ်ရိုက်ပြီး အလုပ်လုပ်၊ အတန်းတက်နဲ့ မအားနိုင်အောင် ဖြစ်သွားလိမ့်မယ်။
စိတ်ကို ကိုယ်ပိုင်ထောင်ထဲကနေ လွတ်မြောက်ခွင့်ပေးလိုက်ပါ။ ကမ္ဘာကြီးက မင်း အကူအညီကို အရပ်ဆယ်မျက်နှာကနေ လိုအပ်နေတယ်။
✅✅ရှင်သန်ဖို့ မမေ့နဲ့!!
စိတ်ကျဖို့ မင်းမှာ အချိန်မလုံလောက်ဘူး!!❎❎
Crd : Shwin Lann Charm Myae