08/04/2025
လွန်ခဲ့တဲ့ နှစ် သန်း၁၈၀ မတိုင်ခင်က ကမ္ဘာ့မြေကြီးမှာ မြေထုကြီးကတစုတစည်းထဲတဲ့၊ အောက်က ချော်ရည်ပူတွေ ပူပြီးအပေါ်တက်လိုက် အောက်ဆင်းလိုက်ကနေ မြေကြီးဟာ ကွဲအက်ပြီး အရပ်မျက်နှာစုံကို ကွဲထွက်သွားတယ်။ တစက တောင်အမေရိက၊ တစ က ဩစတြေးလျ တစက အာရှ စသည်ဖြင့်အရပ်မျက်နှာစုံ မြေသားထုတွေကွဲပြီး ကမ္ဘာ့တိုက်ကြီးတွေဖြစ်လာတယ်။ ဒီလိုနဲ့ အခုအိန္ဒိယနိုင်ငံ ကနေ ဧရာဝတီမြစ် အနောက်ပိုင်း အထိပါတဲ့ ရွေ့လာတဲ့ အပိုင်းအစကြီး တခုက ယူရိုအေရှဆိုတဲ့ မူလမြေလွှာကြီးကို ဝင်တိုက်ရာကနေ တွန့်ခေါက်ပြီး ဟိမဝန္တာ တောင်တွေ၊ ရှမ်းကုန်းမြေမြင့်လိုဒေသတွေ ပေါ်လာတယ်။ တွန်းရာကနေ Burma micro plate ဆိုတဲ့ အကွဲအပိုင်းအစလည်းဖြစ်လာပြီး တနင်္သာရီတိုင်းမှာ ကျွန်းတွေအများကြီးပေါ်လာတယ်။
ခပ်လွယ်လွယ်ပြောဆိုရင် ဟိမဝန္တာ တောင်ကြီးရဲ့ မြောက်ဖက်က မူလ မြေထု၊ တောင်ဖက်က ဝင်တိုက်တဲ့ မြေထုပေါ့။ ဧရာဝတီအနောက်က ဝင်တိုက်တဲ့အပိုင်း၊ ဧရာဝတီအရှေ့က မူလမြေထု။
မြန်မာအလယ်ကနေ ပြတ်နေတဲ့ စစ်ကိုင်းပြတ်ရွှေ့ကြောဆိုတာ အိန္ဒိယနဲ့ ယူရိုအေရှ မြေနှစ်လွှာ ဘေးတိုက်ချင်းပွတ်ကြတဲ့နေရာကြီးပေါ့။
မကွေး၊ စစ်ကိုင်း၊ ချင်း၊ ရခိုင် ဖက်က လာပွတ်တာကို ကချင်၊ ရှမ်း၊ ကယား၊ ကရင်၊ ဖက်က တောင့်ခံရတယ်။ ပွတ်တာကတော့ နေ့တိုင်းပွတ်နေတာပါပဲ၊ တခါတခါ အားချင်းတူ တောင့်ခံနေတော့ ငြိမ်နေတယ်လို့ ထင်ရတယ်။ နှစ်တရာတခါလောက် တောင့်ထားတဲ့ဖက်နဲ့ ပွတ်တဲ့ဖက်က အားတွေ ချော်ထွက်သွားရင် ငလျင်ကြီးဖြစ်လာတယ်။
အဲ့ဒီ ပွတ်နေတဲ့ အကျိုးဆက်မှာကောင်းတဲ့ ရလာဒ်တွေလည်းထွက်လာပါတယ် အက်ကွဲကြောင်းနှစ်ခုကြားပွတ်တိုက်ရာကနေ ချော်ရည်တွေကြောင့်သော်၄င်း၊ ကျောက်သားတွေကြောင့်သော်လည်းကောင်း ရှမ်း၊ ကချင်၊ ကယား၊ ကရင် နဲ့ဧရာဝတီ တလျောက် ရှားရှားပါးပါး ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း၊ ရွှေ၊ ကြေးနီနဲ့ သတ္တုမျိုးစုံ နေရာအလိုက် ထွက်ပေါ်လာတယ်။ အဲ့ဒါကြောင့်လည်း လူတွေဟာ ငလျင်ဒဏ်ခံရမယ်မှန်းသိပေမယ့် လောဘကြောင့် သယံဇာတပေါတဲ့ ဒီနေရာတွေမှာ တောက်လျောက် မြို့တည် ရွာတည် နေထိုင်ကြတာပေါ့။
လူနှစ်ယောက်တယောက်နဲ့တယောက် ဘေးချင်းဖိတွင်းတဲ့အခါ အပေါ်ပိုင်းအားသန်သူ က တွန်းလိုက်လို့ တဖက်မှာ အပေါ်က ယိုင်ထွက်ပြီး စစ်ကိုင်းငလျင် ဖြစ်လာသလို အနေအထားတွေပြောင်းပြီး အောက်ပိုင်းခြေထောက်တွေ ယိုင်ပြီး ပဲခူးငလျင်လည်း ဖြစ်တတ်တယ်။ ခါးပိုင်းယိုင်ရင်လည်း တောင်ငူ ဘာညာ ဖြစ်နိုင်တာပါပဲ။
မြန်မာပြည်ကြည့်ရင် နှစ်တထောင်အတွင်းမှာ စစ်ကိုင်း၊ ပဲခူး စတာတွေက ၁၀ ကြိမ်ထက်မနည်း ဖြစ်နေကျ