14/06/2026
အရင်က ရောင်းရပြီး
အခု ဘာလို့ အဝယ်ပါးသွားတာလဲ?
အများစုထင်တာက
boost မလုပ်လို့
reach ကျလို့
ဈေးကွက်မကောင်းတော့လို့ပါ။
တကယ်တော့ အဲဒါတွေဖြစ်နိုင်ပါတယ်။
ဒါပေမယ့် အမြဲတမ်း အကြောင်းရင်းတစ်ခုတည်း
မှာမဟုတ်ပါဘူး။
အရင်က ဝယ်ခဲ့တဲ့ customer တွေက
အခုချိန်မှာ ပိုစဉ်းစားလာတယ်။
ပိုနှိုင်းယှဉ်လာတယ်။
ပိုယုံကြည်မှ ဝယ်လာတယ်။
အရင်က product ပုံတင်ရုံနဲ့ cus ကိုရောင်းရနိုင်ပေမယ့်
အခု cus က မေးခွန်းပိုများလာတယ်။
ဒီဆိုင်ယုံရလား?
ဈေးတန်လား?
အခြားဆိုင်နဲ့ ဘာကွာလဲ?
ဝယ်ပြီးနောက် service ရှိလား?
review ရှိလား?
ဒီမေးခွန်းတွေကို content ထဲမှာ မဖြေနိုင်ရင်
အရင်က ရောင်းရခဲ့တဲ့ page တောင်
အခု အဝယ်ပါးလာနိုင်ပါတယ်။
ဥပမာ
အရင်က “instock ရှိပါတယ်” ဆိုတာနဲ့ ဝယ်ခဲ့တယ်။
အခုတော့ customer က
quality, price, trust, delivery
after-sales အကုန်ကြည့်လာတယ်။
ဒါကြောင့် အဝယ်ပါးလာရင်
boost တိုးဖို့ မစဉ်းစားခင် content ကို ပြန်စစ်ပါ။
post က customer ရဲ့ စိတ်ပူမှုကို ဖြေထားလား?
caption က ဝယ်ချင်စရာ reason ပေးထားလား?
page က ယုံကြည်စရာဖြစ်နေလား?
offer က အခုမေးချင်စရာဖြစ်လား?
မှတ်ထားပါ။
အရင်က ရောင်းရတာက
market က လွယ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။
အခု ရောင်းရဖို့က
customer စိတ်ကို ပိုနားလည်ဖို့လိုလာတာပါ။