Hobbyists for Resilience and Change - HRC

Hobbyists for Resilience and Change - HRC HRC is a local NGO founded by hobbyists who believed it was possible to bring beneficial outcomes for the societies through their hobbies.

HRC prioritizes promoting positive changes and impacts within the societies over the financial profit. HRC ဆိုသည်မှာ မိမိတို့၏ ဝါသနာများမှတဆင့် အများအတွက် အကျိုးရှိသည့် အရာများကို ဖော်ဆောင်၍ ရနိင်သည်ဟု ယုံကြည်သည့် ဝါသနာရှင်များမှ တည်ထောင်ထားသော လူမှုအကျိုးပြု Social Enterprise လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ HRC သည် ငွေကြေးအကျိုးအမြတ် ရရန်ထက် လူ့အဖွဲ့အစည်းအတွင်း ကောင်းမွန်သည့် အပြောင်းအလဲများ၊ သက်ရောက်မှ

ုများ ရှိလာစေရန် ကူညီပံ့ပိုးပေးသည့် လုပ်ငန်းများကို ဦးစားပေးပါသည်။ လူအများ ဝါသနာပါသော အရာအမျိုးမျိုးတွင် အကျိုးရှိသော ဝါသနာအများအပြား ရှိသည်ဟု ယုံကြည်သည့်အလျှောက် ယင်းတို့ကို အသုံးချပြီး အခြားသူများအတွက် ကောင်းမွန်သည့် အရာများ ဖန်တီးပေးနိုင်မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ပြီး လုပ်ငန်းများ ဆောင်ရွက်နေပါသည်။
HRC is a social Enterprise founded by hobbyists who believed it was possible to bring beneficial outcomes for the societies through their hobbies. HRC prioritized promoting positive changes and impacts within the societies over the financial profit. As we believed there were many beneficial hobbies among different types of them, we tried to identify means to utilize them to create positive outcomes and implemented activities.

📝HRC ကနေပြီး ၂၀၂၅ ခုနှစ် ဇွန်လကနေ ဒီဇင်ဘာလအထိ ရန်ကုန်မှာ အဓိက ကောက်ယူခဲ့တဲ့ လူတွေရဲ့ ဝါသနာနဲ့ ပတ်သက်တဲ့ စစ်တမ်းအတွက် အစီ...
15/04/2026

📝HRC ကနေပြီး ၂၀၂၅ ခုနှစ် ဇွန်လကနေ ဒီဇင်ဘာလအထိ ရန်ကုန်မှာ အဓိက ကောက်ယူခဲ့တဲ့ လူတွေရဲ့ ဝါသနာနဲ့ ပတ်သက်တဲ့ စစ်တမ်းအတွက် အစီရင်ခံစာ ထွက်လာပါပြီ။ မြန်မာ၊ အင်္ဂလိပ် ဘာသာစကား ၂ မျိုးနဲ့ပါ📖

😊တကယ်လို့ ဒီစစ်တမ်းကို စိတ်ဝင်စားတယ်၊ ဖတ်ကြည့်ချင်တယ်ဆိုရင် ဒီပို့စ်ရဲ့ comment မှာ email လိပ်စာပေးထားခဲ့ပါ။ email နဲ့ ပို့ပေးပါ့မယ်📨

🟠HRC က ၂၀၂၆ ခုနှစ်မှာ ပြုလုပ်တဲ့ “ဝါသနာရဲ့ ပုံရိပ်” အစီအစဥ်မှာ ရွေးချယ်ခံရသူ (4️⃣) ဦးထဲမှာ စတုတ္ထတစ်ဦးရဲ့ ပေးပို့ထားတဲ့ ...
25/03/2026

🟠HRC က ၂၀၂၆ ခုနှစ်မှာ ပြုလုပ်တဲ့ “ဝါသနာရဲ့ ပုံရိပ်” အစီအစဥ်မှာ ရွေးချယ်ခံရသူ (4️⃣) ဦးထဲမှာ စတုတ္ထတစ်ဦးရဲ့ ပေးပို့ထားတဲ့ ပုံနဲ့ ဝါသနာအကြောင်း စာသားကို ဂုဏ်ပြု ဖော်ပြပေးလိုက်ပါတယ်🥰😊

🔵ပုံများသည် ပေးပို့ထားသည့်အတိုင်း မူရင်းဖြစ်ပြီး၊ စာသားတွင်မူ စာလုံးပေါင်း သတ်ပုံနှင့် အဖြတ်အတောက်များ သင့်တော်သလို ပြင်ဆင်ထားသည်မှ အပ ကျန်စာများသည် ပေးပို့ထားသည့် မူရင်းအတိုင်း ဖြစ်ပါသည်✍️📖

❤️“ကျွန်တော်က ခဲပန်းချီ (traditional Art)နဲ့ Digital Art ရေးဆွဲရတာ ဝါသနာပါတဲ့ လူငယ်တစ်ယောက် ဖြစ်ပါတယ်။ ဒီဝါသနာက မိမိဒေသတွင်းရှိ ကယန်းလူမျိုးများအပြင် ခဲပန်းချီနဲ့ ခေတ်မီ Digital ပုံများကို စိတ်ဝင်စားသော လူများအတွက်လဲ အကျိုးပြုပေးပါတယ်။ ဒါ့အပြင် မိမိလူမျိုး၏ ရုပ်သွင်ပြင်ပုံများကို အနုပညာ လက်ရာဆန်သော အမှတ်တရများကို လိုချင်ကြသော လူများအတွက်လဲ အကျိုးပြုပါသည်”❤️

🟠HRC က ၂၀၂၆ ခုနှစ်မှာ ပြုလုပ်တဲ့ “ဝါသနာရဲ့ ပုံရိပ်” အစီအစဥ်မှာ ရွေးချယ်ခံရသူ (4️⃣) ဦးထဲမှာ တတိယတစ်ဦးရဲ့ ပေးပို့ထားတဲ့ ပု...
24/03/2026

🟠HRC က ၂၀၂၆ ခုနှစ်မှာ ပြုလုပ်တဲ့ “ဝါသနာရဲ့ ပုံရိပ်” အစီအစဥ်မှာ ရွေးချယ်ခံရသူ (4️⃣) ဦးထဲမှာ တတိယတစ်ဦးရဲ့ ပေးပို့ထားတဲ့ ပုံနဲ့ ဝါသနာအကြောင်း စာသားကို ဂုဏ်ပြု ဖော်ပြပေးလိုက်ပါတယ်🥰😊

🔵ပုံများသည် ပေးပို့ထားသည့်အတိုင်း မူရင်းဖြစ်ပြီး၊ စာသားတွင်မူ စာလုံးပေါင်း သတ်ပုံနှင့် အဖြတ်အတောက်များ သင့်တော်သလို ပြင်ဆင်ထားသည်မှ အပ ကျန်စာများသည် ပေးပို့ထားသည့် မူရင်းအတိုင်း ဖြစ်ပါသည်✍️📖

❤️“ဝါသနာက Pipecleaner လေးတွေနဲ့ Handmade ပစ္စည်းလေးတွေ ပြုလုပ်ခြင်းဖြစ်ပါတယ်။

Youtube video လေးတွေ ကြည့်ပြီး စမ်းလုပ်ကြည့်ရင်းနဲ့ ကိုယ့်လက်ရာလေးတွေကို မိတ်ဆွေတွေကို လက်ဆောင်ပေး ဖြစ်ပါတယ်။ သူတို့ကလဲ လက်ရာလေးတွေသဘောကျတယ်၊ Page လေး လုပ်ကြည့်ဖို့ ပြောတော့ အားတက်ပြီး Pipecleaner နဲ့လုပ်ထားတဲ့ ကိုယ့်လက်ရာ ပန်းလေးတွေ၊ ပန်းအိုးလေးတွေ၊ Keychain လေးတွေတင်ဖို့ Page လေးတစ်ခု လုပ်ကြည့် ထားပါတယ်။

လက်မှုပညာစိတ်ဝင်စားတဲ့ အမျိုးသမီးလေးတွေအတွက် အကျိုးရှိတဲ့ ပညာလေးဖြစ်တာကြောင့် စိတ်ဝင်စားတဲ့ သူတွေရှိရင်လဲ ပညာဒါန သင်ပေးနိုင်အောင် ကြိုးစားနေပါတယ်။ ကိုယ့်လက်ရာလေးတွေကို လှတယ်လို့ အပြောခံရတဲ့ ပီတိလေးကို သဘောကျလို့ ကိုယ်ပိုင် Design လေးတွေ လုပ်ရင်း ကြိုးစားနေပါတယ်”❤️

🟠HRC က ၂၀၂၆ ခုနှစ်မှာ ပြုလုပ်တဲ့ “ဝါသနာရဲ့ ပုံရိပ်” အစီအစဥ်မှာ ရွေးချယ်ခံရသူ (4️⃣) ဦးထဲမှာ ဒုတိယတစ်ဦးရဲ့ ပေးပို့ထားတဲ့ ပ...
23/03/2026

🟠HRC က ၂၀၂၆ ခုနှစ်မှာ ပြုလုပ်တဲ့ “ဝါသနာရဲ့ ပုံရိပ်” အစီအစဥ်မှာ ရွေးချယ်ခံရသူ (4️⃣) ဦးထဲမှာ ဒုတိယတစ်ဦးရဲ့ ပေးပို့ထားတဲ့ ပုံနဲ့ ဝါသနာအကြောင်း စာသားကို ဂုဏ်ပြု ဖော်ပြပေးလိုက်ပါတယ်🥰😊

🔵ပုံများသည် ပေးပို့ထားသည့်အတိုင်း မူရင်းဖြစ်ပြီး၊ စာသားတွင်မူ စာလုံးပေါင်း သတ်ပုံနှင့် အဖြတ်အတောက်များ သင့်တော်သလို ပြင်ဆင်ထားသည်မှ အပ ကျန်စာများသည် ပေးပို့ထားသည့် မူရင်းအတိုင်း ဖြစ်ပါသည်✍️📖

❤️“ကျွန်မရဲ့ဝါသနာကတော့ ဓာတ်ပုံရိုက်ခြင်းပဲဖြစ်ပါတယ်။ ကျွန်မအတွက် ဓာတ်ပုံရိုက်တယ်ဆိုတာက ကိုယ်မြင်လိုက်ရတဲ့ တဒင်္ဂအခိုက်အတန့်တစ်ခုကို အမှတ်တရအဖြစ် သိမ်းဆည်းထားနိုင်တဲ့အနုပညာတစ်ခုလို့ မြင်ပါတယ်။ အဲ့လိုပြောလို့ကျွန်မက Professional Photographer တစ်ယောက်လည်း မဟုတ်ပါဘူး၊ တိတိကျကျပြောရမယ်ဆိုရင် Camera အကြောင်း၊ ဓာတ်ပုံရိုက်တဲ့ Technique တွေ အကြောင်းတောင် သေချာနားလည်မှုမရှိတဲ့ သာမန်လူတစ်ယောက်ပါ။

ဒါပေမယ့် ကျွန်မရဲ့စိတ်ထဲမှာ ပေါ်လာတဲ့ခံစားချက်တွေကို ပုံထဲမှာမြင်နိုင်တွေ့နိုင်တဲ့အတွက် ဓာတ်ပုံတွေရိုက်ဖြစ်နေခြင်းပဲ ဖြစ်ပါတယ်။ ကျွန်မက လူတွေကိုသီးသန့် Portrait ရိုက်ပေးတာထက် သဘာဝရှုခင်းအလှတွေ၊ လူတွေရဲ့ သာမန်လူနေမှုဘဝတွေနဲ့ ကရုဏာသက်စေတဲ့ မြင်ကွင်းတွေ လိုမျိုးတွေကို ပိုပြီးဦးစားပေး ရိုက်ဖြစ်ပါတယ်။

ဒီဓာတ်ပုံရိုက်တဲ့ဝါသနာကလည်း ကျွန်မအပါအဝင်ပေါ့နော်< တခြားလူတွေကိုလည်း အကျိုးပြုတယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မက သူနာပြုတက္ကသိုလ်မှာ တက်ရောက်နေတဲ့ ကျောင်းသူပါ။ ဒါကြောင့် ကျွန်မတို့မှာ ကျောင်းတစ်ဖက် ဆေးရုံတစ်ဖက်နဲ့ စိတ်ပင်ပန်း၊ လူပင်ပန်း၊ စိတ်ဖိစီးမှုတွေအမျိုးမျိုး ရှိပါတယ်။ ကျွန်မသဘောကျတဲ့ မြင်ကွင်းလေးတွေ့လို့ ရိုက်လိုက်ရင် ကျွန်မလည်း စိတ်ချမ်းသာရသလို၊ ကျွန်မအတွက် စိတ်အပန်းဖြေတဲ့ ပုံစံတစ်မျိုးဖြစ်တယ်ပေါ့နော်။ တခြားသူတွေကိုလည်း ကျွန်မလိုပဲ ဒီလိုမျိုး ပုံလေးတွေမြင်လိုက်ရင် အကုန်မဟုတ်ရင်တောင် အနည်းငယ်လောက်တော့ စိတ်နွမ်းနယ်မှုတွေ လျော့စေချင်တယ်။ ပုံလေးတွေကိုကြည့်ပြီး စိတ်အေးချမ်းသွားမယ်၊ အမောပြေသွားမယ်ပေါ့။ အဲ့လိုဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။ ဒါကြောင့်တောင် "ပုံလေးတွေကြည့်ရတာ ရင်ကိုအေးသွားတာပဲ" တို့ဘာတို့ ဖြစ်လာရတယ်မလား။

ကျွန်မက အခုဝါသနာရှင်အဆင့်ပဲ ရှိပါသေးတယ်။ ဆက်လေ့လာအုံးမှာ။ အကယ်၍များ ကျွန်မသာ ဒီဝါသနာကို Professional တစ်ခုအဖြစ် ရွေးဖြစ်ခဲ့မယ်ဆိုရင် ဖြစ်မြောက်အောင် သေချာလုပ်ပြီး Local/International ပြိုင်ပွဲတွေမှာပါ ဝင်ပြိုင်ချင်တယ်။ အဓိကက ကျွန်မသိစေချင်တဲ့၊ ရစေချင်တဲ့ Message ကို ပုံတွေကတစ်ဆင့် အားလုံးကို သိမြင်စေချင်တာပါပဲ။
ကျွန်မအတွက် ဒီဓာတ်ပုံရိုက်တာက သာမန်ဝါသနာတစ်ခုလို့ ထင်ရပေမယ့် တကယ်က တခြားအမြင်တွေလည်း ရှိသေးတယ်ပေါ့နော်။ ကျွန်မတို့ အခုသူနာပြုကျောင်းသူတွေက လက်တွေ့လည်း ဆင်းရတယ်ပေါ့နော် ဆိုတော့ သူနာပြုအလုပ်ဆိုတာက လူနာတွေကို Caring လုပ်ပေးရသလိုပဲ ဓာတ်ပုံရိုက်တယ်ဆိုတာကလည်း တစ်ခါတလေ စကားလုံးနဲ့ ဖော်ပြလို့မရနိုင်တဲ့ အခိုက်အတန့်တွေ နေ့စဥ်ဘဝမှာ ဖြစ်ပျက်နေတဲ့အရာတွေကို လူတွေသိမြင်လာအောင် လုပ်ပြတဲ့အရာတစ်ခုလို့ မြင်တယ်။

ကျွန်မပို့ပေးထားတဲ့ပုံထဲက ကလေးနှစ်ယောက်ဆိုရင် ညီအစ်ကိုနှစ်ယောက် ဖြစ်ပါလိမ့်မယ်။ ပုံထဲမှာ အစ်ကိုတစ်ယောက်ရဲ့ ညီအပေါ်ထားတဲ့ မေတ္တာကိုလည်း တွေ့ရလိမ့်မယ်လို့ မျှော်လင့်တယ်။ ကျွန်မဆိုလိုချင်တာက အခုလိုင်းပေါ်တွေမှာဆိုရင်လည်း ကျွန်မလိုရိုက်ပြီး ပြန်တင်တဲ့သူတွေ ရှိကောင်းရှိနိုင်တယ်။ အဲ့လိုမျိုးတွေဆို အကူအညီပေးချင်တဲ့သူတွေ ဘာတွေ ပေါ်ကောင်းပေါ်လာနိုင်တယ်။ ကျွန်မဆိုလိုချင်တာက ဓာတ်ပုံရိုက်တယ်ဆိုတာ အနုပညာတစ်ခုဖြစ်တဲ့အပြင် လူတွေကိုလည်း တစ်ထောင့်တစ်နေရာက ကူညီပံ့ပိုးနေတဲ့အရာတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”❤️

🟠HRC က ၂၀၂၆ ခုနှစ်မှာ ပြုလုပ်တဲ့ “ဝါသနာရဲ့ ပုံရိပ်” အစီအစဥ်မှာ ရွေးချယ်ခံရသူ (4️⃣) ဦးထဲမှာ ပထမတစ်ဦးရဲ့ ပေးပို့ထားတဲ့ ပုံ...
22/03/2026

🟠HRC က ၂၀၂၆ ခုနှစ်မှာ ပြုလုပ်တဲ့ “ဝါသနာရဲ့ ပုံရိပ်” အစီအစဥ်မှာ ရွေးချယ်ခံရသူ (4️⃣) ဦးထဲမှာ ပထမတစ်ဦးရဲ့ ပေးပို့ထားတဲ့ ပုံနဲ့ ဝါသနာအကြောင်း စာသားကို ဂုဏ်ပြု ဖော်ပြပေးလိုက်ပါတယ်🥰😊

🔵ပုံများသည် ပေးပို့ထားသည့်အတိုင်း မူရင်းဖြစ်ပြီး၊ စာသားတွင်မူ စာလုံးပေါင်း သတ်ပုံနှင့် အဖြတ်အတောက်များ သင့်တော်သလို ပြင်ဆင်ထားသည်မှ အပ ကျန်စာများသည် ပေးပို့ထားသည့် မူရင်းအတိုင်း ဖြစ်ပါသည်✍️📖

❤️“ပန်းချီကို ဝါသနာပါပြီး လက်ရှိမှာလည်း Freelance Artist အနေနဲ့ကော၊ ပန်းချီဆရာမ အနေနဲ့ပါ လုပ်ကိုင်လျက်ရှိပါတယ်။

ကလေးတွေနဲ့အတူတူ ပန်းချီဆွဲရတာကို သဘောကျနှစ်သက်ပြီး ကလေးတွေအတွက် ချစ်စရာ နံရံပန်းချီလေးတွေ ဖန်တီးပေးရတာ အရမ်းပျော်ပါတယ်။
နံရံပန်းချီ ကာတွန်းရုပ်လေးတွေကြည့်ပြီး ပျော်နေတဲ့ကလေးလေးတွေမြင်ရရင် ကျေနပ်ပီတိဖြစ်ရပါတယ်။

နောက်ထပ်လည်း နံရံပန်းချီလေးတွေ ဆွဲပေးပြီး ကလေးလေးတွေအတွက် ပျော်ရွှင်စရာကောင်းတဲ့ ပတ်ဝန်းကျင်လေးတွေ အမြဲဖန်တီးပေးသွားပါဦးမယ်ရှင်”❤️

🟡၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလကနေ မတ်လ ၁၅ ရက်နေ့အထိ HRC က ပြုလုပ်ခဲ့တဲ့ “ဝါသနာရဲ့ ပုံရိပ်” အစီအစဥ်မှာ မိမိရဲ့ ဝါသနာကို အထင်ဟပ်...
20/03/2026

🟡၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလကနေ မတ်လ ၁၅ ရက်နေ့အထိ HRC က ပြုလုပ်ခဲ့တဲ့ “ဝါသနာရဲ့ ပုံရိပ်” အစီအစဥ်မှာ မိမိရဲ့ ဝါသနာကို အထင်ဟပ်နိုင်ဆုံး ပုံ (၃) ပုံစီကို ပေးပို့နိုင်ခဲ့တယ်လို့ HRC က ယူဆတဲ့သူ 4️⃣ ဦးကို ရွေးချယ်လို့ ပြီးသွားပါပြီ🙂😊

🟢အခုဆိုရင် အဲဒီသူတွေကို HRC ကနေ အကြောင်းကြားထားပြီးလို့ ဆုငွေ (၅) သောင်းကျပ်စီလည်း ပေးပို့နေပါတယ်💌

🔴အစီအစဥ်အတွက် ပုံပေးပို့သူ ၂၂ ဦးက မတူညီတဲ့ ဝါသနာအမျိုးမျိုးနဲ့ ပတ်သက်ပြီး ပုံတွေ ပို့ပေးခဲ့ကြတာမို့ HRC အနေနဲ့ သေချာစိစစ်ပြီး အချိန်ယူ ရွေးချယ်ခဲ့ရပါတယ်🤔💡

🔵ရွေးချယ်ခံခဲ့ရသူ ၄ ဦးရဲ့ ဝါသနာတွေကတော့
➡️နံရံတွင် ပန်းချီရေးဆွဲခြင်း
➡️ဓါတ်ပုံရိုက်ခြင်း
➡️Pipecleaner/chenille stem များဖြင့် လက်မှုပစ္စည်း ပြုလုပ်ခြင်း
➡️ခဲပန်းချီရေးဆွဲခြင်း

🟠မနက်ဖြန်ကစပြီး တစ်ဦးချင်းရဲ့ ပုံတွေနဲ့ သူတို့ ဝါသနာအကြောင်းရေးထားတဲ့ စာလေးတွေကို HRC page ကနေ ဖော်ပြပေးသွားမှာမို့ စောင့်မျှော်ကြည့်ပေးကြပါဦး📱💻🙎‍♂️🙍

🟡၁၁.၃.၂၀၂၆ (ဗုဒ္ဓဟူးနေ့) မှာ Soul Professional Cleaning Service ရဲ့ အဖွဲ့သားတွေကို HRC team ကနေပြီး Team Building worksh...
12/03/2026

🟡၁၁.၃.၂၀၂၆ (ဗုဒ္ဓဟူးနေ့) မှာ Soul Professional Cleaning Service ရဲ့ အဖွဲ့သားတွေကို HRC team ကနေပြီး Team Building workshop လေး လုပ်ပေးခဲ့ပါတယ်😊

🟢လူတွေအများကြီးနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တခု ဖြစ်လာတဲ့အခါ အဖွဲ့ရဲ့ ရည်မှန်းချက်တွေ၊ တန်ဖိုးတွေကို အဖွဲ့သားအားလုံး နားလည်သဘောပေါက်ဖို့ အရေးကြီးတဲ့အပြင်💯အချင်းချင်း နားလည်မှုရှိဖို့တွေ၊ ပြဿနာတခုဖြစ်လာရင် ဘယ်လို ဖြေရှင်းကြမလဲ၊ လက်ရှိအဖွဲ့ထဲမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာတွေကို သိဖို့လဲ လိုအပ်ပါတယ်👫👭

🔵ဒီ Team Building Workshop မှာ အဲဒီအချက်တွေကို တတ်နိုင်သမျှ ဖော်ထုတ်ဆွေးနွေးနိုင်ခဲ့ပါတယ်။ အဖွဲ့တခု အောင်မြင်ဖို့နဲ့ ရေရှည်တည်တန့်ဖို့ဆိုတာ အပေါ်ကအချက်တွေမှာ အများကြီး မူတည်တာပဲလေ🤔🥰

⚠️Reminder Alert!!!🟣“ဝါသနာရဲ့ ပုံရိပ်” ဆိုတဲ့ အစီအစဉ်လေးအတွက် ပါဝင်ချင်တဲ့သူတွေ ဓါတ်ပုံ (၃) ပုံ ပို့ပေးလို့ရမယ့် နောက်ဆု...
07/03/2026

⚠️Reminder Alert!!!
🟣“ဝါသနာရဲ့ ပုံရိပ်” ဆိုတဲ့ အစီအစဉ်လေးအတွက် ပါဝင်ချင်တဲ့သူတွေ ဓါတ်ပုံ (၃) ပုံ ပို့ပေးလို့ရမယ့် နောက်ဆုံးရက်ရောက်ဖို့ အချိန် (1️⃣) ပတ်ပဲ ကျန်ပါတော့တယ်😱

🟡ဓါတ်ပုံ (၃) ပုံ ပို့ပေးပြီး ကိုယ့်ဝါသနာလေး အကြောင်းပြောပြရုံနဲ့ ဆုငွေ ၅ သောင်းကျပ် ရနိုင်မယ့် အခွင့်အရေးကို ရယူဖို့ အချိန်က သိပ်မကျန်တော့ဘူးနော် 😊😊

🟢နောက်ဆုံး ပို့လို့ရမယ့်နေ့က မတ်လ (၁၅) ရက်နေ့ ဖြစ်တာမို့ အချိန်မကျော်ခင် ပို့ပေးကြဖို့တော့ လိုပါမယ်‼️

🔵စိတ်ဝင်စားတယ်၊ ပို့မယ်ဆိုရင် HRC ရဲ့ Viber နံပါတ်တွေ ဖြစ်တဲ့ 09253025353 နဲ့ 09965282363 တို့ကို အောက်ပါ အချက်တွေ ပို့ပေးရမှာပါ👇👇

➡️ဝါသနာအတွက် ဓါတ်ပုံ ၃ ပုံ
➡️ကိုယ့်ရဲ့ ဝါသနာက ဘာလဲ၊ အဲဒီဝါသနာက ဘယ်သူတွေကို ဘယ်လိုအကျိုးပြုနေသလဲ ဆိုတာကိုရေး
➡️ကိုယ့်ကို ဆက်သွယ်လို့ ရမယ့် ဖုန်းနံပါတ် နှင့်/သို့ Email

🟠အသေးစိတ်ကို သိချင်တယ်ဆိုရင် HRC ကို မေးလို့ရသလို မူရင်း ပို့စ် ဖြစ်တဲ့ ဒီလင့်ခ် မှာလည်း သွားကြည့်လို့ရပါတယ် 👇
https://www.facebook.com/hrcmyanmar/posts/pfbid0P6etmRigN9sdVAVf3Smj6MS1q4qNAuDtomxi9bmEg1Der2D6zx8fVTCyeBoqXwAcl

❤️“ပျော်ရွှင်စွာ ရှေ့သို့ လျှောက်လှမ်းကြပါစို့”❤️

🟢HRC ကနေ မနှစ်က ပြုလုပ်ခဲ့တဲ့ “ဝါသနာရဲ့ ပုံရိပ်” ဆိုတဲ့ အစီအစဉ်လေးကို ဒုတိယအကြိမ်အဖြစ် 2️⃣0️⃣2️⃣6️⃣ မှာ ပြုလုပ်မှာ ဖြစ်ပ...
11/02/2026

🟢HRC ကနေ မနှစ်က ပြုလုပ်ခဲ့တဲ့ “ဝါသနာရဲ့ ပုံရိပ်” ဆိုတဲ့ အစီအစဉ်လေးကို ဒုတိယအကြိမ်အဖြစ် 2️⃣0️⃣2️⃣6️⃣ မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ကိုယ့်ဝါသနာနဲ့ ဆိုင်တဲ့ ဓါတ်ပုံ‌လေးတွေ ရိုက်၊ စာလေးရေးပြီး ဆုငွေ ၅ သောင်းကျပ် ရနိုင်မယ့် အခွင့်အရေးမို့ စိတ်ဝင်စားကြမယ်လို့ ထင်ပါတယ်🥰

🟡ဒီအစီအစဥ်ကို 🩵ဝါသနာနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို လူတွေ ပိုသတိထားမိလာဖို့၊ လူတွေကြားမှာ ကောင်းမွန်တဲ့ ဝါသနာတွေ ပိုမို ပြန့်ပွားလာဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ HRC က ပြုလုပ်တာဖြစ်ပါတယ်📚

🟠အစီအစဉ်လေးကိုတော့ အခုကြေညာတဲ့ ဖေဖော်ဝါရီလ ၁၁ ရက်ကစပြီး မတ်လ ၁၅ ရက်နေ့ အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်

🟩ဒီ အစီအစဉ်မှာ ပါဝင်ချင်တယ်ဆိုရင် အောက်ပါအချက်တွေကို လုပ်ပေးရမှာပါ -
▶️ကိုယ်ရဲ့ ဝါသနာတစ်ခုကို ရွေး၊ အဲဒီဝါသနာကို ကိုယ်စားပြုတဲ့ ဓါတ်ပုံ ၃ ပုံ ရိုက် (အရင် အစီအစဥ်မှာ ဆုရခဲ့တဲ့ ပုံတွေကို နမူနာအနေနဲ့ ဒီပို့စ်မှာ ကြည့်လို့ရပါတယ်)
▶️ဓါတ်ပုံ ၃ ပုံနဲ့အတူ ကိုယ့်ရဲ့ ဝါသနာက ဘာလဲ၊ အဲဒီဝါသနာက ဘယ်သူတွေကို ဘယ်လိုအကျိုးပြုနေသလဲ ဆိုတာကိုရေး။
▶️အဲဒါတွေကို မတ်လ ၁၅ ရက် နောက်ဆုံးထားပြီး HRC ထံ ပို့ပေးရမှာပါ
▶️ယခင် အစီအစဥ်မှာ ပါဝင်ခဲ့သူတွေလည်း ဆုရခဲ့သူ ၄ ဦးကလွဲပြီး ပြန်လည် ပါဝင်လို့ရပါတယ်

🟦ဓါတ်ပုံရိုက်တဲ့အခါ ဖုန်းနဲ့ဖြစ်ဖြစ်၊ ကင်မရာနဲ့ ဖြစ်ဖြစ် ဘာနဲ့ ရိုက်ရိုက်ရပါတယ်။ ဒီအစီအစဉ်ဟာ ဓါတ်ပုံရိုက်တဲ့ နည်းပညာနဲ့ ကျွမ်းကျင်မှုကို အကဲဖြတ်တဲ့ အစီအစဉ်မဟုတ်တာကြောင့် ဓါတ်ပုံရဲ့ Resolution, ISO အစရှိတဲ့ နည်းပညာပိုင်းဆိုင်ရာ အချက်များကို ကန့်သတ်ထားခြင်း မရှိပါဘူး။ ဓါတ်ပုံတွေဟာ ကြည်လင်ပြတ်သားပြီး ကြည့်လို့ အဆင်ပြေရင်ရပါပြီ😊

🟧ကိုယ့်ဝါသနာကို ဘယ်လောက်အထိ ပုံဖော်နိုင်သလဲ၊ ကိုယ့်ဝါသနာရဲ့ မတူညီတဲ့ ရှုထောင့်အမြင်တွေကို ဘယ်လောက်အထိ မြင်နိုင်သလဲ၊ ကိုယ့်ဝါသနာအပေါ်မှာ ဘယ်လောက်အထိ စိတ်ပါဝင်စားမှု ရှိပြီး သူက လူတွေကို ဘယ်လိုအကျိုးပြုတယ်ဆို ပြောနိုင်သလဲ ဆိုတဲ့အချက်တွေကိုပဲ အဓိက ကြည့်သွားမှာ ဖြစ်ပါတယ်👀

🟤ဓါတ်ပုံ ၃ ပုံကို ရိုက်တဲ့အခါ အောက်ပါ စည်းကမ်းချက်များကို လိုက်နာရမှာ ဖြစ်ပါတယ်။
၁။ ဓါတ်ပုံ ၃ ပုံ အတိအကျ ပို့ပေးရမှာပါ။ ပိုတာ၊ လျော့တာ မဖြစ်ရပါဘူး။
၂။ ဓါတ်ပုံ ၃ ပုံလုံးက ဝါသနာတမျိုးထဲကိုပဲ ကိုယ်စားပြုတာ ဖြစ်ရပါမယ်။ မတူညီတဲ့ ဝါသနာတွေကို ရိုက်ထားတဲ့ ပုံတွေ ဖြစ်ရင် ထည့်သွင်းစဉ်းစားမှာ မဟုတ်ပါဘူး။
၃။ ဓါတ်ပုံတွေမှာ လူမျက်နှာ လုံးဝမပါရ ပါဘူး။ ဒါပေမယ့် လူရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ပါလို့ ရပါတယ်။ (ဥပမာ - လက်၊ ခြေထောက်၊ နောက်ကျော၊ ပါး စသည်ဖြင့်)
၄။ တိရစ္ဆာန်လေးတွေရဲ့ ပုံပါရင် သူတို့ထိခိုက်နစ်နာစေမယ့် အနေအထားနဲ့ မဖြစ်ရပါဘူး၊ သူတို့ အဆင်ပြေတဲ့ပုံ၊ ပျော်ရွှင်နေတဲ့ ပုံတွေပဲ ဖြစ်ရပါမယ်။
၅။ မိမိကိုယ်တိုင် ရိုက်ထားတဲ့ ပုံတွေ ဖြစ်ရပါမယ်။
၆။ AI နဲ့ ပြုပြင်ထားတဲ့ ပုံ၊ Software တွေ သုံးပြီး ပြုပြင်ထားတဲ့ ပုံတွေ မဖြစ်ရပါဘူး။
၇။ ဝါသနာကို ရွေးချယ်ရာမှာ HRC က အကျိုးမရှိသော ဝါသနာများလို့ သတ်မှတ်ထားတဲ့ ဝါသနာတွေ မဖြစ်ရပါဘူး (အသေးစိတ်ကိုတော့ HRC page မှာ ကြည့်နိုင်၊ မေးမြန်းစုံစမ်းနိုင်ပါတယ်)

🔸မတ်လ ၁၅ ရက်အထိ ပုံတွေ ပေးပို့ထားတဲ့သူတွေ ထဲက ၄ ဦးကို ရွေးချယ်ပြီး တဦးလျင် ၅ သောင်းကျပ် ဆုငွေအနေနဲ့ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

🟠ရွေးချယ်ခံရတဲ့ ပုံတွေကို HRC ရဲ့ page မှာ ပိုင်ရှင်ကို credit ပေးပြီး ပြန်တင်သွားဖို့ ရှိတာမို့ ဒီအစီအစဉ်အတွက် ပုံပေးပို့သူတိုင်းဟာ အဲဒီအချက်ကို သဘောတူပြီး ဖြစ်တယ်လို့ မှတ်ယူသွားမှာ ဖြစ်ပါတယ်🥰

🟢ပုံတွေကို ပေးပို့တဲ့အခါ HRC ရဲ့ Viber နံပါတ်တွေ ဖြစ်တဲ့ 09253025353 နဲ့ 09965282363 တို့ကို အောက်ပါ အချက်တွေ ပို့ပေးရမှာပါ။
➡️ဝါသနာအတွက် ဓါတ်ပုံ ၃ ပုံ
➡️ဝါသနာက ဘာလဲ၊ အဲဒီဝါသနာက ဘယ်သူတွေကို ဘယ်လိုအကျိုးပြုနေသလဲ ဆိုတဲ့ အချက်တွေ
➡️ကိုယ့်ကို ဆက်သွယ်လို့ ရမယ့် ဖုန်းနံပါတ် နှင့်/သို့ Email
❌တခြားနည်းနဲ့ ပေးပို့လာရင် ထည့်သွင်းစဉ်းစားမှာ မဟုတ်ပါဘူး။
📞☎️ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး သိလိုတာ၊ မေးချင်တာတွေ ရှိရင် HRC ရဲ့ page, Email နဲ့ Viber တို့က တဆင့် မေးလို့ ရပါတယ်

❤️“ပျော်ရွှင်စွာ ရှေ့သို့ လျှောက်လှမ်းကြပါစို့”❤️

Address

No. 102, 3rd Floor, 21 Street, Latha Township
Yangon
11141

Website

Alerts

Be the first to know and let us send you an email when Hobbyists for Resilience and Change - HRC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category