အကြွေပိုလှူ - Small Change Big Heart

အကြွေပိုလှူ - Small Change Big Heart Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from အကြွေပိုလှူ - Small Change Big Heart, Social service, 1119, Kone Baung Street, South Okkalapa Township, Yangon.

17/05/2025

လေလွင့်တိလေးများရဲ့ဘဝကို

သားကြောဖြတ်ပေးခြင်းဖြင့်

ကူညီကယ်တင်နိုင်အောင်

အကြွေပိုလှူကမ်ပိန်းမှာ

အတူပါဝင်ကြရအောင်

#အကြွေပိုလှူ

02/05/2025

MyPet အကြွေပိုလှူကမ်ပိန်းကနေ ငလျင်ဘေးသင့်ဒေသတွေမှာရှိတဲ့ အစားအစာအခက်အခဲဖြစ်နေတဲ့ တိလေးတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါတွေ မျှဝေလှူဒါန်းခဲ့ပါတယ်။🤗❤ 🐾

ပါဝင်လှူဒါန်းပေးကြသော တိချစ်သူ Pawrents တစ်ယောက်စီတိုင်းအား ကျေးဇူးတင်ဂုဏ်ပြုအပ်ပါသည်။🙏

#အကြွေပိုလှူ

ငလျင်ဘေးသင့် တိလေးများအတွက် အကြွေပိုလှူ ကမ်ပိန်းတွင် သိန်း(၁၃၀) ပါဝင်လှူဒါန်းလာသည့် Moochie 🐾ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ...
04/04/2025

ငလျင်ဘေးသင့် တိလေးများအတွက် အကြွေပိုလှူ ကမ်ပိန်းတွင် သိန်း(၁၃၀) ပါဝင်လှူဒါန်းလာသည့် Moochie 🐾

ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးသွားရတဲ့ မိသားစုဝင်တွေနဲ့ ဘေးဒုက္ခရောက်နေရတဲ့ တိလေးများအတွက် အများ​ပြည်သူနဲ့ထပ်တူ များစွာစိတ်မကောင်းဖြစ်ရပါတယ်..😔💔

အခုအချိန်မှာ ငလျင်ဒဏ်ကြောင့် စားစရာအခက်အခဲဖြစ်နေတဲ့ တိလေးတွေ၊ ပိုင်ရှင်မဲ့ဖြစ်သွားတဲ့ တိလေးတွေ၊ ဘေးဒုက္ခ​ရောက်နေတဲ့ တိလေးတွေအတွက် လိုအပ်ရာများကို "အကြွေပိုလှူ" ကမ်ပိန်းကနေ ပါဝင်အားဖြည့်လျှက် ရှိပါတယ်..💖

ယခုအခါ Moochie မှ ဘတ်(၁)သိန်းနှင့် ညီမျှသော မတည်လှူဒါန်းငွေ သိန်း(၁၃၀) တိတိကို အကြွေပိုလှူ ကမ်ပိန်းအတွက် ပါဝင် လှူဒါန်းလာပါသည်။

လက်ရှိ မြေပြင်မှာ ထိထိရောက်ရောက် ကူညီကယ်ဆယ်ပေးနေတဲ့ Let's Save The Strays International အဖွဲ့အစည်း၊ ကိုယ်တိုင်သွားရောက်ကြမည့် Pet Influencers များ၊ အခြားဒေသတွင်း လှူပ်ရှားနေသည့် အဖွဲ့အစည်းများနှင့် စနစ်တကျ ပူးပေါင်းချိတ်ဆက်ပြီး ငလျင်ဒဏ်ကြောင့် ဘေးဒုက္ခရောက်နေတဲ့ တိလေးများကို ကူညီနိုင်ရန် စီစဥ်လျက် ရှိပါတယ်။

ပါ၀င်လှူဒါန်းလိုသော Customers များအနေဖြင့် ပုံပါ CSR QR Scan (သို့) MyPet ဆိုင်ခွဲများ နှင့် Booboo ဆိုင်ခွဲများတွင် ပါ၀င်လှူဒါန်းနိုင်ပါသည်။

❤ ငလျင်ဘေးသင့်ဒေသများရှိ ပြည်သူများ၊ တိလေးများအားလုံး ဘေးကင်းလုံခြုံကြပြီး အမြန်ဆုံး ပြန်လည်ထူထောင်နိုင်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်.. 🙏🙏🙏

#အကြွေပိုလှူ #ငလျင် #ငလျင်ဘေးသင့်တိလေးများ

ငလျင်ဘေးသင့် တိလေးများအတွက် ပါဝင်လှူဒါန်းသွားမယ့် "အကြွေပိုလှူ ကမ်ပိန်း" 🐾ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ် စည်းစိမ်များ ဆုံး...
02/04/2025

ငလျင်ဘေးသင့် တိလေးများအတွက် ပါဝင်လှူဒါန်းသွားမယ့် "အကြွေပိုလှူ ကမ်ပိန်း" 🐾

ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးသွားရတဲ့ မိသားစုဝင်တွေနဲ့ ဘေးဒုက္ခရောက်နေရတဲ့ တိလေးများအတွက် အများ​ပြည်သူနဲ့ထပ်တူ များစွာစိတ်မကောင်းဖြစ်ရပါတယ်..😔💔

အခုအချိန်မှာ ငလျင်ဒဏ်ကြောင့် စားစရာအခက်အခဲဖြစ်နေတဲ့ တိလေးတွေ၊ ပိုင်ရှင်မဲ့ဖြစ်သွားတဲ့ တိလေးတွေ၊ ဘေးဒုက္ခ​ရောက်နေတဲ့ တိလေးတွေအတွက် လိုအပ်ရာများကို "အကြွေပိုလှူ" ကမ်ပိန်းကနေ ပါဝင်အားဖြည့်သွားဖို့ စီစဥ်နေပါတယ်..💖

🙏Kaniva နှင့် Booboo Cafe မှ အကြွေပိုလှူ အလှူငွေ သိန်း (၁၀၀) ကျပ်အား မတည်လှူဒါန်း ထားပါတယ်။

ပါ၀င်လှူဒါန်းလိုသော Customers များအနေဖြင့် ပုံပါ CSR QR Scan (သို့) MyPet ဆိုင်ခွဲများ နှင့် Booboo ဆိုင်ခွဲများတွင် ပါ၀င်လှူဒါန်းနိုင်ပါသည်။

❤ ငလျင်ဘေးသင့်ဒေသများရှိ ပြည်သူများ၊ တိလေးများအားလုံး ဘေးကင်းလုံခြုံကြပြီး အမြန်ဆုံး ပြန်လည်ထူထောင်နိုင်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်.. 🙏🙏🙏

#အကြွေပိုလှူ dog #ငလျင်

❝ 𝗠𝘆𝗣𝗲𝘁 အကြွေပိုလှူ ကမ်ပိန်းမှတဆင့် လမ်းဘေးတိလေးများ၏ ခိုကိုးရာမဲ့ ဘဝများအား မေတ္တာဖြင့် ကူညီလျှက်ရှိပါသည်။ ❞  ━━━━━━━━ ...
25/03/2025

❝ 𝗠𝘆𝗣𝗲𝘁 အကြွေပိုလှူ ကမ်ပိန်းမှတဆင့် လမ်းဘေးတိလေးများ၏ ခိုကိုးရာမဲ့ ဘဝများအား မေတ္တာဖြင့် ကူညီလျှက်ရှိပါသည်။ ❞

━━━━━━━━ ༺༻ ━━━━━━━━

🔰 𝗠𝘆𝗣𝗲𝘁 ရဲ့ အကြွေပိုလှူကမ်ပိန်းဆိုတာ ဘာလဲ?

ပိုင်ရှင်မဲ့တိလေးတွေကို Hooman တို့ ပေးတဲ့မေတ္တာတွေ လက်ဆင့်ကမ်း သယ်ဆောင်ပေးနေတဲ့ “အကြွေပိုလှူ” Campaign လေးကို သိကြတယ်မလား။
ဒီကမ်ပိန်းလေးက ၂၀၂၃၊ ဇန်နဝါရီလမှာ စတင်ခဲ့ပြီး အစွန့်ပစ်ခံတိလေးတွေအတွက် အမြဲအသင့် ရှိနေခဲ့ပါတယ်။

တိချစ်သူတို့ရဲ့ ပါဝင်လှူဒါန်းမှုတွေကြောင့် 𝗠𝘆𝗣𝗲𝘁 “အကြွေပိုလှူ” Campaign ကနေတဆင့် ရေဘေးသင့်တိလေးများ၊ မီးဘေးသင့်တိလေးများကယ်ဆယ်ရေးနဲ့ တိဂေဟာအသီးသီးကို အစာနှင့် ငွေကြေးထောက်ပံ့မှုများ မျှဝေလှူဒါန်းနိုင်ခဲ့ပါတယ်။ 🤗

အခုတစ်ခါမှာတော့ ပိုင်ရှင်မဲ့လေလွင့်တိလေးတွေအတွက် MyPet က ကျန်းမာရေးစောင့်ရှောက်မှုတွေပြုလုပ်ပေးနေတဲ့ 𝗟𝗲𝘁’𝘀 𝗦𝗮𝘃𝗲 𝗧𝗵𝗲 𝗦𝘁𝗿𝗮𝘆 - 𝗠𝘆𝗮𝗻𝗺𝗮𝗿 အဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး လမ်းဘေးတိလေးတွေအတွက်လိုအပ်တဲ့ သားဆက်ခြားခြင်းတွေ လုပ်ဆောင်နိုင်ဖို့ ကူညီထောက်ပံ့သွားမှာပါ။

🔰 𝗟𝗲𝘁’𝘀 𝗦𝗮𝘃𝗲 𝗧𝗵𝗲 𝗦𝘁𝗿𝗮𝘆 - 𝗠𝘆𝗮𝗻𝗺𝗮𝗿 က ဘယ်လို အဖွဲ့အစည်းမျိုးလဲ?

မြန်မာနိုင်ငံမှာရှိတဲ့ လေလွင့်တိလေးတွေအတွက်လိုအပ်တဲ့ သားဆက်ခြားပေးခြင်း၊ ခွေးရူးကာကွယ်ဆေးထိုးပေးခြင်း၊ အနာရောဂါ ကုသပေးခြင်း၊ ကင်ဆာဆေးသွင်းပေးခြင်းတွေကို အခမဲ့လုပ်ဆောင်ပေးနေပြီး လမ်းဘေးတိလေးတွေရဲ့ ခံစားနေရတဲ့ ဒုက္ခဝေဒနာတွေကို လျော့နည်းလာအောင် ပြုလုပ်ပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

သားဆက်ခြားခြင်းကိုသာ စနစ်တကျ လုပ်ဆောင်လိုက်မယ်ဆိုရင် လမ်းဘေးတိလေးတွေဟာ လူတွေနဲ့ ပိုယဥ်ပါးလာကြပြီး ခွေးရူးပြန်ရောဂါဖြစ်တာကိုလည်း လျှော့ချလာနိုင်မှာပါ။

တခြားသောကျန်းမာရေးကောင်းကျိူးတွေကိုလည်း ပိုင်ဆိုင်နိုင်မှာမို့ သူတို့လေးတွေရဲ့ဘဝမှာ နာကျင်ခြင်းတွေ မခံစားရတော့ဘူးပေါ့။ ❤

𝗟𝗲𝘁’𝘀 𝗦𝗮𝘃𝗲 𝗧𝗵𝗲 𝗦𝘁𝗿𝗮𝘆 - 𝗠𝘆𝗮𝗻𝗺𝗮𝗿 အဖွဲ့က လစဉ် အလေအလွင့် တိလေးပေါင်း အကောင် ၂၀၀ ကျော်လောက်ကို သားကြောဖြတ်ခြင်းအပြင် ကင်ဆာကုသပေးခြင်း၊ ခွေးရူးကာကွယ်ဆေး ထိုးပေးခြင်း၊ အရေပြားရောဂါ ကုသပေးခြင်း စတာတွေကို ပုံမှန် ပြုလုပ်ပေးလျှက်ရှိပါတယ်။

🔰 ဘယ်လိုပါဝင်လှူဒါန်းနိုင်မလဲ?

ဒီကမ်ပိန်းလေးမှာ ပါဝင်ချင်တယ်ဆိုရင်
𝗠𝘆𝗣𝗲𝘁 ရဲ့ ဆိုင်ခွဲ (၁၂) ဆိုင်နဲ့ 𝗕𝗼𝗼𝗯𝗼𝗼 (၅)ဆိုင်လုံးမှာ အကြွေပိုလှူ အလှူခံပုံးလေးတွေ ထားပေးထားပါတယ်။ အွန်လိုင်းကနေ ပါဝင်လှူဒါန်းလိုသူများအတွက်လည်း KPay Scan လည်း ရှိပါသေးတယ်။

တိလေးတစ်ကောင်စာ တာဝန်ယူပြီး ကယ်တင်လှူဒါန်းလိုသူများအနေနဲ့ တစ်ကောင်လျှင် (၁)သိန်းကျပ်နှုန်းဖြင့် ပါဝင်လှူဒါန်းနိုင်ပါတယ်။ အဆိုပါ (၁)သိန်းကျပ်ထဲမှာ သားဆက်ခြားခြင်းအပြင် ခွေးရူးကာကွယ်ဆေးထိုးပေးခြင်း အရေပြားရောဂါ ကုသပေးခြင်း စတဲ့ အရာများ အားလုံး ပါဝင်ပါတယ်။ ကလေးတစ်ကောင်စာ လှူဒါန်းသူများကိုလည်း Certificate လေးတွေ ထုတ်ပေးသွားမှာပါ။

တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် တစ်နှစ်တိတိ commit လုပ်ပြီးလည်း ပါဝင်လှူဒါန်းနိုင်ပါတယ်နော်။

ခိုကိုးရာမဲ့ လေလွင့်တိလေးတွေရဲ့ ဘဝတွေကို ကယ်တင်နိုင်ဖို့ “အကြွေပိုလှူ” Campaign လေးမှာ ပါဝင်လိုက်ရအောင်ပါ။🐾

#အကြွေပိုလှူ dog

24/02/2025
24/02/2025
24/02/2025
24/02/2025

နိုင်ငံတစ်ဝှမ်းမှ ရေဘေးသင့်ဒေသများရှိ တိလေးများအတွက်

❤️ 𝐌𝐲𝐏𝐞𝐭 ၏ “အကြွေပိုလှူ” ကမ်ပိန်း မှ မတည်ငွေ 1,000,000 ကျပ်
❤️ Booboo Café မှ လှူဒါန်းငွေ 500,000 ကျပ်တန်ဖိုးရှိ တိလေးအကောင်(၁၀၀)စာအတွက် အစာစို Can ဘူး (၁၀၀)
❤️ 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐏𝐚𝐰𝐬 မှ အလှူငွေ 500,000 ကျပ်နှင့်
❤️ရေဘေးသင့်အလှူကောက်ခံသည့် 13.09.2024 မှ ယနေ့ 16.09.2024 5PM အတွင်း 𝐌𝐲𝐏𝐞𝐭 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫𝐬 များထံမှ လှူဒါန်းငွေ 5,644,496 ကျပ်တိတိ လက်ခံရရှိခဲ့ပါသည်။

⭐️ အထက်ပါ လှူဒါန်းငွေများ အားလုံး
စုစုပေါင်း 7,644,496 ကျပ် မှ

📌 ROYAL HEART : Dog Shelter & Animal Rescue - Mandalay သို့ အလှူငွေ (၆)သိန်းကျပ်၊

📌 Alinn Yaung Cats Rescue and Shelter သို့ အလှူငွေ (၆)သိန်းကျပ်၊

📌 လိုအပ်သော ရေဘေးဒဏ်ခံဒေသရှိ တိလေးများနှင့် ပိုင်ရှင်မဲ့တိလေးများ ဆေးကုသကယ်တင်ပေးလျက်ရှိသည့် Ma Yadana Co Co နှင့် အဖွဲ့သို့ အလှူငွေ (၆)သိန်းကျပ်နှင့်အတူ 899,800ကျပ် တန်ဖိုးရှိ အစာစိုအစာခြောက်များ၊

📌 ကျောက်ဆည် နှင့် မြစ်သားမြို့ရှိ ရေဘေးဒဏ်သင့် တိလေးများအား ကိုယ်တိုင် အစာအာဟာရ လိုက်လံ ကျွေးမွေးပေးပါသော Ma Hay Thar Lin နှင့် အဖွဲ့သို့ အလှူငွေ (၅)သိန်းကျပ်၊

📌 ကျောက်ဆည် နှင့် မြစ်သားမြို့ဒေသများသို့ သွားရောက်လှူဒါန်းမည့် Sunshine လေးနှင့်မေမေ Sunshine - BC Volunteer သို့ အလှူငွေ (၅)သိန်းကျပ်နှင့်အတူ 899,800ကျပ် တန်ဖိုးရှိ အစာစိုအစာခြောက်များ၊

📌 ကလော နှင့် အင်းလေးဒေသများသို့ သွားရောက်လှူဒါန်းမည့် Lone Lone လေး၏ Page သို့ 899,800ကျပ် တန်ဖိုးရှိ အစာစိုအစာခြောက်များ၊

📌 ရေဘေးဒဏ်သင့် ဒေသများရှိ တိလေးများ နှင့် ရေလွှမ်းခံခဲ့ရသော ပဲခူးမြို့နေရာအချို့ရှိ တိလေးများအား အစာအာဟာရ ကျွေးရန် Ma Soe Pa Pa Soe @ Ma Pa Pa ထံသို့ အလှူငွေ (၃)သိန်းကျပ်

📌 တောင်ငူမြို့ နှင့် နေပြည်တော်ရှိ ရေဘေးဒဏ်သင့် တိလေးများအတွက် Ma Chit Thae Phyu Chit Thae Phyu Mk ထံသို့ အလှူငွေ (၃)သိန်းကျပ် တို့အား မျှဝေ လှူဒါန်းသွားပါမည်။

𝐌𝐲𝐏𝐞𝐭 ၏ “အကြွေပိုလှူ”ကမ်ပိန်းသည် မြန်မာနိုင်ငံတဝမ်းလုံးရှိ အကူအညီလိုအပ်နေသော ပိုင်ရှင်မဲ့၊ စွန့်ပစ်ခံ တိလေးများ အတွက် စောင့်ရှောက်ရေးဂေဟာများ၊ တိကယ်ဆယ်ရေးလုပ်ငန်းများအား ကူညီထောက်ပံ့​လိုသော ရည်ရွယ်ချက်ဖြင့် စတင်ထားသော ကမ်ပိန်းအစီအစဉ် ဖြစ်ပါသည်။

“အကြွေပိုလှူ”ကမ်ပိန်းတွင် ရန်ကုန် နှင့် မန္တလေးရှိ 𝐌𝐲𝐏𝐞𝐭 ဆိုင်ခွဲများရှိ အကြွေပိုလှူ Donation Box နှင့် MyPet CSR KBZ Pay သို့ လှူဒါန်းထားကြသော လှူဒါန်းငွေများအား စုစည်းကာ စဉ်ဆက်မပြတ် ခွဲဝေ လှူဒါန်းလျက်ရှိပါသည်။

ယခင်လှူဒါန်းမှုများသာမက ယခု ရေဘေးအလှူတွင်လည်း 𝐌𝐲𝐏𝐞𝐭 နှင့်အတူ စေတနာအပြည့်ဖြင့် အားတက်သရော ထည့်ဝင်ပေးကြသော 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫𝐬 တစ်ဦးတစ်ယောက်စီတိုင်းကို အထူးပင် လှိုက်လှဲစွာ ကျေးဇူးတင်ရှိအပ်ပါသည်။

လှူဒါန်းမှုမှတ်တမ်း Certificate များ၊ ထပ်တိုးရရှိသော အလှူငွေများနှင့် ထပ်မံလှူဒါန်းသွားမည့်နေရာများကိုလည်း ပြန်လည် ကြေညာပေးသွားမည် ဖြစ်ပါသည်။

လှုဒါန်းရန် လိုအပ်နေသော ရေဘေးသင့် ဒေသများရှိ အရေးပေါ် တိကယ်ဆယ်ရေး လုပ်ငန်းများအတွက်လည်း အကြံပြုပေးနိုင်ပါသည်။

☎️𝐌𝐲𝐏𝐞𝐭 𝐇𝐨𝐭𝐥𝐢𝐧𝐞: 09 9696 88088


#တိလေးတွေအတွက်အကောင်းဆုံး
#အကြွေပိုလှူ
#ရေဘေးသင့်အလှူ

24/02/2025

ရေဘေးသင့်ဒေသများမှ တိလေးများအား မေတ္တာဖြင့် ကယ်ဆယ်ပေးနေတဲ့ အဖွဲ့အစည်းများကို 𝐌𝐲𝐏𝐞𝐭 မိသားစုနဲ့ customers များ ပါဝင်ထားသော “အကြွေပိုလှူ” ကမ်ပိန်းမှ အလှူငွေ (၁၀)သိန်းကျပ်အား မျှဝေလှူဒါန်းသွားမှာ ဖြစ်ပါတယ်။

𝐌𝐲𝐏𝐞𝐭 နဲ့အတူ ပါဝင်လှူဒါန်းလိုတဲ့ Pawrents တို့အနေနဲ့ 𝐌𝐲𝐏𝐞𝐭 CSR ၏ KBZ Pay QR အား Scan ဖတ်၍သော်လည်းကောင်း၊ MyPet ဆိုင်ခွဲများတွင်သော်လည်းကောင်း ပါဝင်လှူဒါန်းနိုင်ပါသည်။

ဘေးအန္တရာယ်ကျရောက်နေသူများနဲ့ ခိုကိုးရာမဲ့တိလေးတိုင်း အမြန်ဆုံးဘေးကင်းနွေးထွေးကြပါစေ။ 🙏❤️

#အကြွေပိုလှူ

24/02/2025

Address

1119, Kone Baung Street, South Okkalapa Township
Yangon
11201

Alerts

Be the first to know and let us send you an email when အကြွေပိုလှူ - Small Change Big Heart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category