ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်း

  • Home
  • Myanmar
  • Yangon
  • ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်း

ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်း, Emergency rescue service, Yangon.

“ဤအသင်းသည်ကုသိုလ်မှလွဲ၍ အခြားမည်သည့်ခံစားခွင့်မှမရှိ”

အသင်းရုံးဖုန်း-09777397390
-09777397391

လူနာလမ်းကြောင်းများ
သွေးနှင့်အသက်ကယ်Oxygenများ
သဘာဝဘေး အန္တရာယ်များ နှင့်
နာရေးကူညီမူများအား
၂၄နာရီအခမဲ့ ကူညီပေးလျှက်ရှိပါသည်။

2027 AFC U20 Asian Cup Qualification- Development Phase Group(K) ပွဲစဉ်နောက်ဆုံးပွဲစဉ် အဖြစ်MYANMAR U20  vs MALDIVES U20...
06/09/2026

2027 AFC U20 Asian Cup Qualification- Development Phase Group(K) ပွဲစဉ်နောက်ဆုံးပွဲစဉ် အဖြစ်MYANMAR U20 vs MALDIVES U20 အသင်းတို့၏ ပွဲစဥ်ကိုလည်းကောင်း BRUNEI DARUSSALAM U20 vs SRI LANAK U20 ပွဲစဉ်တို့အား လူနာတင်ယာဥ်ကူညီဆောင်ရွက်ခြင်း
‎==================================
‎အာရှဘောလုံးအဖွဲ့ချုပ်မှကျင်းပသော 2027 AFC U20 Asian Cup Qualification- Development Phase Group(K) ပွဲစဉ်အား ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးအားကစားကွင်းတွင် ယနေ့ စက်တင်ဘာလ 6 ရက်နေ့တွင် ယှဥ်ပြိုင်သော MYANMAR U20 vs MALDIVES U20 အသင်းတို့၏ပွဲစဥ်အားလည်းကောင်း BRUNEI DARUSSALAM U20 vs SRI LANAK U20 ပွဲစဉ်တို့အား injury player များရှိခဲ့ပါက အချိန်နှင့်တပြေးညီ ဆေးကုသမှုခံယူနိုင်စေရန်အတွက် ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်းမှ လူနာတင်ယာဥ် ကူညီဆောင်ရွက်ပေးမှုနှင့်အတူ ပွဲစဥ်ဖြစ်မြောက်ရေးအတွက် လိုအပ်သည်များပါဝင်ကူညီဆောင်ရွက်ခဲ့ပါသည်

‎ပွဲပြီးဆုံးချိန်တွင် MYANMAR U20အသင်းမှ MALDIVES U29 အသင်းအား (၆) ဂိုး (၀) ဖြင့်လခဲ့ည်ကောင်း SRI LANAK U20 အသင်းမှ BRUNEI DARUSSALAM U20အား (၂)ဂိုး (၀)ဖြင့်အနိုင်ရရှိခဲ့ပါသည်။

‎🍀 ဤအသင်းကြီးတွင် ကုသိုလ်မှအပ အကျိုးခံစားခွင့်မရှိ 🍀

‎အသင်းမှတ်ပုံတင်အမှတ် -၆/သာကေတ/၀၁၉

‎ဆက်သွယ်ရန်ဖုန်းနံပါတ်
‎============================
‎09777397390
‎09777397391

‎အသင်းရုံးတည်နေရာ
‎===========================
‎ဝေဇယန္တာ လမ်းမကြီး
‎ဝေဇယန္တာ (၁၅) လမ်းနှင့် (၁၆) လမ်းကြား၊ ၆/အနောက်ရပ်ကွက်၊ သာကေတမြို့နယ်

‎ #ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်း
‎ #သတင်းနှင့်ပြန်ကြားရေး၂

‎တတိယအကြိမ်မြောက် ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ လှူဒါန်းကူညီခြင်း‎==================================‎‎ပေးဆပ်သူတို့နှလ...
03/09/2026

‎တတိယအကြိမ်မြောက် ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ လှူဒါန်းကူညီခြင်း
‎==================================

‎ပေးဆပ်သူတို့နှလုံးသား ပရဟိတအသင်း နှင့် ၇ ရက်သားသမီး များစုပေါင်းကာ တတိယအကြိမ်အဖြစ် ယမန်နေ့ ၂.၉.၂၀၂၆ ရက်နေ့တွင် ဧရာဝတီတိုင်း​ဒေသကြီး ကျောင်းကုန်းမြို့နယ် အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားနေသော အမှတ် (၃) ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု ၂၅၀ အတွက် ဆိုလာမီးလုံးများ၊ ရေသန့်၊ အသားတုများ၊ အသင့်စား အစားသောက်များ နှင့် လိုအပ်သည့် ထောက်ပံကူညီရေးပစ္စည်းများ နှင့်အတူ မြစ်ရိုးတလျှောက်ရှိ အိမ်ထောင်စုများအတွက် ဆိုလာမီးလုံးများ သွားရောက်လှူဒါန်း ကူညီနိိုင်ခဲ့သလို ရေကြည်မြို့နယ်၊ ဇရပ်လှကျေးရွာရှိ အိမ်ထောင်စု ၁၀၀ ခန့်အတွက် ဆိုလာမီးလုံးများနှင့် အထောက်ကူပြုပစ္စည်းများအား ထောက်ပံလှူဒါန်းကူညီနိုင်ခဲ့ပါတယ်ခဗျာ

‎ပါဝင်ကူညီလှူဒါန်းပေးပါသော အလှူရှင် တစ်ဦးတစ်ယောက်စီတိုင်းအား ကျေးဇူးအထူး တင်ရှိပါတယ်ခဗျာ

‎🍀 နတ် လူသာဓု ခေါ်စေသော် 🍀

#ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်း

01/09/2026

တတိယ အကြိမ်မြောက် အနေဖြင့် (၇) ရက်သားသမီးများနှင့် စုပေါင်းကာ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ရေဘေးသင့် ပြည်သူများအား ထောက်ပံ့လှူဒါန်းကူညီနိုင်ရန်အတွက် ယနေ့ နံနက် ၄ နာရီအချိန်မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီးမှထွက်ခွာခြင်း

#ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်း

ယနေ့ (၃၀.၈.၂၀၂၆) တနင်္ဂနွေနေ့တွင် ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်း နှင့်အတူ ဇင်္ဂမ လူမှုကူညီရေးအသင်း နှင့်(၇) ရက်သားသမီးမ...
30/08/2026

ယနေ့ (၃၀.၈.၂၀၂၆) တနင်္ဂနွေနေ့တွင် ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်း နှင့်အတူ ဇင်္ဂမ လူမှုကူညီရေးအသင်း နှင့်(၇) ရက်သားသမီးများ စုပေါင်းကာ တတိယအကြိမ်မြောက် ဧရာဝတီတိုင်းဒေသကြီး အတွင်းမှာ ရှိတဲ့ ရေဘေးသင့် ပြည်သူများအား ထောက်ပံ့လှူဒါန်းနိုင်ရန်အတွက် သာကေတမြို့နယ် အတွင်းရှိ ၇/အနောက်ရပ်ကွက်၊၇/အရှေ့ရပ်ကွက် ၊၁၀တောင်ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းမကြီး ၁၀၈တောင်ဘုရားအနီးတို့ တွင် အလှူခံရာ ပါဝင်လှူဒါန်းပေးကြပါသော အလှူရှင်တစ်ဦးတစ်ယောက်စီတိုင်းအား ကျေးဇူးအထူးပင်တင်ရှိအပ်ပါတယ်ခဗျာ...

ကြံတိုင်းအောင်၊ ဆောင်တိုင်းမြောက်ကြပါစေ ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝကြပြီး ကပ်ဆိုးဘေးအပေါင်းမှ ကျော်လွှားနိုင်ကြပါစေကြောင်း ပေးဆပ်သူတို့နှလုံးသား ပရဟိတအသင်း မှဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခဗျာ ၊ ပါဝင်ကူညီပေးကြပါသော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်စီတိုင်းကိုလ​ည်း ကျေးဇူးဥပကာရ တင်ရှိပါတယ်ခဗျာ

🍀 လူသားတွေကိုလူသားတွေက ကူညီကြပါစို့ 🍀

ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်း နှင့်အတူ ဇင်္ဂမ လူမှုကူညီရေးအသင်း နှင့်(၇) ရက်သားသမီးများ စုပေါင်းကာ တတိယအကြိမ်မြောက် ဧရ...
29/08/2026

ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်း နှင့်အတူ ဇင်္ဂမ လူမှုကူညီရေးအသင်း နှင့်(၇) ရက်သားသမီးများ စုပေါင်းကာ တတိယအကြိမ်မြောက် ဧရာဝတီတိုင်းဒေသကြီး အတွင်းမှာ ရှိတဲ့ ရေဘေးသင့် ပြည်သူများအား ထောက်ပံ့လှူဒါန်းနိုင်ရန်အတွက် သာကေတမြို့နယ် အတွင်းရှိ ၂ တောင်ရပ်ကွက်၊ ၂ မြောက်ရပ်ကွက်၊ ၁ ထူပါရုံရပ်ကွက် နှင့် ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်း အခြေစိုက်ရာ ၆/ အနောက်ရပ်ကွက် ဇမ္ဗူသီရိ လမ်းမကြီးထိပ်တွင် ယနေ့ တွင် အလှူခံရာ ပါဝင်လှူဒါန်းပေးကြပါသော အလှူရှင်တစ်ဦးတစ်ယောက်စီတိုင်းအား ကျေးဇူးအထူးပင်တင်ရှိအပ်ပါတယ်ခဗျာ...

ကြံတိုင်းအောင်၊ ဆောင်တိုင်းမြောက်ကြပါစေ ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝကြပြီး ကပ်ဆိုးဘေးအပေါင်းမှ ကျော်လွှားနိုင်ကြပါစေကြောင်း ပေးဆပ်သူတို့နှလုံးသား ပရဟိတအသင်း မှဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခဗျာ ၊ ပါဝင်ကူညီပေးကြပါသော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်စီတိုင်းကိုလ​ည်း ကျေးဇူးဥပကာရ တင်ရှိပါတယ်ခဗျာ

🍀 လူသားတွေကိုလူသားတွေက ကူညီကြပါစို့ 🍀

#ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်း
#သတင်းနှင့်ပြန်ကြာရေး၂

၆အနောက်ရပ်ကွက်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ၌ ပါဝင်ကူညီဆောင်ရွက်မှု======================...
28/08/2026

၆အနောက်ရပ်ကွက်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ၌ ပါဝင်ကူညီဆောင်ရွက်မှု
==================================================
​မိဘပြည်သူများ၏ ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ဘေးကင်းလုံခြုံရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လမ်းညွှန်မှု၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုတို့ဖြင့် အမှတ် (၆) အနောက်ရပ်ကွက်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သန့်ရှင်းရေး လုပ်ငန်းစဉ်များကို စုပေါင်းလုပ်ဆောင်ဆောင်ရွက်ခဲ့ကြပါသည်။

​အဆိုပါ ပြည်သူ့အကျိုးပြု ဆောင်ရွက်မှုတွင် ကျွန်တော်တို့ " #ပေးဆပ်သူတို့နှလုံးသား" ပရဟိတအသင်း မှလည်း မြို့နယ်ဌာနဆိုင်ရာများနှင့် လက်တွဲကာ သောက်သုံးရေတွင်း၊ ရေကန်များအတွင်း ကလိုရင်းဆေးခတ်ပေးခြင်း၊ ကြိုတင်ကာကွယ်ရေး ပစ္စည်းများ ဖြန့်ဝေပေးခြင်းနှင့် ရပ်ကွက်အတွင်း ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ကူညီ အားဖြည့်ဆောင်ရွက်ခဲ့ကြပါသည်။

မိဘပြည်သူများအနေဖြင့်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏာများ တွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်း ဆက်သွယ်ကုသမှု ခံယူကြပါရန် မေတ္တာရှေ့ထား၍ အသိပေး နှိုးဆော်အပ်ပါသည်🙏🙏🙏🙏🙏

#ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်း
#သတင်းနှင့်ပြန်ကြားရေး၂

လူနာလမ်းကြောင်းကူညီပို့ဆောင်ခြင်း=======================================၂၈.၈.၂၀၂၆(သောကြာ)ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံ...
28/08/2026

လူနာလမ်းကြောင်းကူညီပို့ဆောင်ခြင်း
=======================================
၂၈.၈.၂၀၂၆(သောကြာ)

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ် ၊ တောင်ဒဂုံမြနန္ဒာအိမ်ယာနေ အသက် (၆၀)နှစ်အရွယ် ‌ကင်ဆာရောဂါ (မ)လူနာအား ဆေးကုသမှုခံယူရန်အတွက် အကူအညီတောင်းဆိုချက်အရ ပေးဆပ်သူတို့နှလုံးသား ပရဟိတအသင်းမှ ကင်ဆာရောဂါ (မ)လူနာအား နေအိမ်မှ တောင်ဒဂုံကင်ဆာဆေးရုံသို့ နံနက်(10:30)နာရီအချိန်တွင် သွားရောက်ပို့ဆောင်ကူညီပေးခဲ့ပါတယ်ခင်ဗျာ။

ယာဉ်မောင်း ဦးကောင်းမြတ်
လမ်းကြောင်းတာဝန်ခံ ဦးမြင့်မောင်စိုး
Volunteer ဦးကြယ်စင်ခန့်

အသင်းအဖွဲ့မှတ်ပုံတင်အမှတ်(၆/သာကေတ/၀၁၉)

ပေးဆပ်သူတို့ နှလုံးသားပရဟိတအသင်းသို့ဆက်သွယ်၍ လှူဒါန်းလိုလျှင်ဖြစ်စေ၊အကူအညီတောင်းခံလိုလျင်ဖြစ်စေ

အောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်နိုင်ပါသည်

ဝေဇယန္တာ ၁၅လမ်းနှင့်၁၆လမ်းကြား၊၆/အနောက်ရပ်ကွက်၊သာကေတမြို့နယ်

09777397390 / 09777397391 (ရုံးဖုန်း)

09450221826 (ဥက္ကဌ)

🍀 ဤအသင်းကြီးတွင်ကုသိုလ်မှတခြား အကျိုးခံစားခွင့်မရှိ 🍀

#ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်း
#သတင်းနှင့်ပြန်ကြားရေး၂

ဟက်ဗီးဗက်ဒေးပါ ခဗျာ...ယနေ့ကျရောက်သော မွေးနေ့မှစ၍ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာဖြင့် ဘာသာ သာသနာ အကျိုး၊ ပရဟိတအကျိုး အား ဆထပ်တ...
28/08/2026

ဟက်ဗီးဗက်ဒေးပါ ခဗျာ...

ယနေ့ကျရောက်သော မွေးနေ့မှစ၍ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာဖြင့် ဘာသာ သာသနာ အကျိုး၊ ပရဟိတအကျိုး အား ဆထပ်တပိုး သယ်ပိုးထမ်းဆောင်နိုင်ပါစေခဗျာ...

သာယာပျော်ရွှင်သော နေ့ရက်များ ရရှိပိုင်ဆိုင်နိုင်ပါစေကြောင်း ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်း မှ ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ် ခဗျာ...

#ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်း

‎ယနေ့သည် ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့) ၊ ​(၆၅) နှစ်ပြည့် နိုင်ငံတော် ဘာသာနေ့ ဖြစ်ပါတယ်ခဗျာ... ‎‎နိုင်ငံသူ၊နိုင်ငံသားမျ...
28/08/2026

‎ယနေ့သည် ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့) ၊ ​(၆၅) နှစ်ပြည့် နိုင်ငံတော် ဘာသာနေ့ ဖြစ်ပါတယ်ခဗျာ...

‎နိုင်ငံသူ၊နိုင်ငံသားများ အားလုံး မေတ္တာဓာတ်များလွှမ်းခြုံကာ ကပ်ဆိုးဘေးအပေါင်းတို့မှလွတ်ကင်းနိုင်ကြပါစေ ကြောင်း ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်း မှ ဆုတောင်းမေတ္တာပို့သ အပ်ပါတယ် ခဗျာ

#ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်း

မြန်မာနေရှင်နယ်လိဂ်ရဲ့ သမိုင်းအစဥ်လာကြီးမားတဲ့ ရန်ကုန်ယူနိုက်တက် နှင့် ရှမ်းယူနိုက်တက် ပွဲစဥ် အား Structure (Medical cov...
25/08/2026

မြန်မာနေရှင်နယ်လိဂ်ရဲ့ သမိုင်းအစဥ်လာကြီးမားတဲ့ ရန်ကုန်ယူနိုက်တက် နှင့် ရှမ်းယူနိုက်တက် ပွဲစဥ် အား Structure (Medical cover) ကူညီဆောင်ရွက်ခြင်းနှင့် Injury Player များရှိလာပါက အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်နိုင်ရန် လူနာတင်ယာဥ်အသင့် အနေထားဖြင့် ကူညီဆောင်ရွက်ခြင်း

‎==================================

‎MFF Charity Shield 2026 ၏ ရာသီအကြို ကွင်းဖွင့် ဖလားပွဲစဥ်အား ယနေ့ ၂၅.၈.၂၀၂၆ ရက်နေ့တွင် သုဝဏ္ဏဘောလုံးကွင်း၌ ရန်ကုန်ယူနိုက်တက်အသင်း နှင့် ရှမ်းယူနိုက်တက်အသင်း တို့သည် အရှိန်ဟန်ကောင်းမွန်သော ပြိုင်ဆိုင်မှုအဖြစ် ယှဥ်ပြိုင် ကစားခဲ့ကြပြီးဖြစ်ပါသည်။

‎ပွဲစဥ်ပြီးဆုံးခါနီး 81' အရောက်တွင် ရှမ်းယူနိုက်တက်အသင်းမှ Edson Dos Santos Costa Junior ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် ရန်ကုန်ယူနိုက်တက်အသင်းအား အနိုင်ရရှိခဲ့ပါသည်။

‎ Charity Shield အားထိုက်တန်စွာကိုင်မြှောက်နိုင်ခဲ့သော ရှမ်းယူနိုက်တက်အသင်းအား ဂုဏ်ယူဝမ်းမြောက်စွာ ဂုဏ်ပြုအပ်သလို မြန်မာ့ဘောလုံးလောက အောင်မြင်တိုးတက်ရေးအတွက် ကျွန်တော်တို့ ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်း မှလည်း တထောင့်တနေရာမှ ပါဝင်ကူညီပေးခွင့်ရပါသောကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ တာဝန်ရှိသူများအား ကျေးဇူးအထူးပင်တင်ရှိပါတယ်ခဗျာ...



#ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်း

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share