Aung Thu Kha Private High School Students' Union

Aung Thu Kha Private High School  Students' Union အောင်သုခကိုယ်ပိုင်အထက်တန်းကျောင်းသားများသမဂ္ဂ၏သတင်းနှင့်ပြန်ကြားရေးစာမျက်နှာဖြစ်သည်။

အောင်သုခကိုယ်ပိုင်အထက်တန်းကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၏ မူဝါဒ ၆ချက်
၁။ အမျိုးသားရေး (ဝါ) အမျိုးသားလွတ်လပ်ရေးထိန်းသိမ်းကာကွယ်ရေး
၂။ ဒီမိုကရေစီရေး (ဝါ) စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး
၃။ ငြိမ်းချမ်းရေး
၄။ ဒီမိုကရေစီပညာရေး
၅။ ကျောင်းသားထုအခွင့်အရေး ကာကွယ်ရေး
၆။ နိုင်ငံတကာကျောင်းသားများနှင့် သွေးစည်းညီညွတ်ရေး။

25/05/2024
27/03/2024
12/02/2024

စကစရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းတာနဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ကြေညာချက်

ကြေညာချက်အမှတ် - ၃/ဗကသ/၂၀၂၄
ရက်စွဲ - ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်

၁။ ပြည်သူ့စစ်မှုထမ်းဥပ​ဒေ ပြဌာန်းတယ်ဆိုတာ တိုင်းပြည်ကို​ နောက်ထပ်ငရဲတွင်းတခုထဲကို တွန်းပို့လိုက်တာပဲဖြစ်တယ်။

၂။ ဒီဥပ​ဒေ​ကြောင့် ရဟန်းရှင်လူ မိဘပြည်သူ​တွေရဲ့​ သွေး​​၊ ချွေး၊ မျက်ရည်​တွေ ပိုပြီးကျ​ဆင်းကြရ​တော့မှာပါ။

၃။ အခန့်မသင့်ရင် လူမျိုး​ပေါင်းစုံ​​သွေးစည်းညီညွတ်​ရေး ပြိုကွဲတဲ့အထိ၊ လူ့အဖွဲ့အစည်း နာလန်မထူနိုင်တဲ့အထိ၊ ကျရှုံးနိုင်ငံဖြစ်သွားနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။

၄။​ တဖက်က​ပြောရရင်လည်း စကစရဲ့အကျပ်အတည်း​ပေါင်းစုံက မ​ဖြေရှင်းနိုင်​လောက်​အောင် ကြီးမားလာတာ ပိုပြီးသွေးရူး​သွေးတန်းနိုင်လာတာက အထင်အရှားပါပဲ။

၅။ အခက်အခဲ အကျပ်အတည်း​တွေထဲမှာပဲ ပြည်သူ့​လွတ်​မြောက်​ရေးတိုက်ပွဲ ပိုအား​ကောင်း​စေမယ့်အ​ခြေအ​နေနဲ့ အချက်အလက်တချို့လည်း သေချာ​ပေါက်ရှိ​နေပါတယ်။

၆။ စစ်အာဏာရှင်စနစ်ကို နှစ်​ပေါင်းများစွာဆန့်ကျင်ခဲ့တဲ့ ဗကသများအဖွဲ့ချုပ်အ​နေနဲ့ ဒီဥပ​ဒေကို စစ်သုံးစစ်ရဲ့ အသက်ဝိညာဥ်​တွေထဲကတခု၊ စစ်အာဏာရှင်စနစ်ရဲ့ ခံကတုတ်​တွေထဲကတခုလို့ သ​ဘောထားပြီး ပြည်သူလူထုနဲ့အတူလက်တွဲပြီး ​နောက်မဆုတ်တမ်း တိုက်ပွဲဝင်သွားမှာပါ။

၇။ ရဲဘော်အပေါင်းတို့ ပြည်သူအ​ပေါင်းတို့ နိုးနိုးကြားကြားရှိကြကုန်​လော့။

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

ရန်ကုန်တွင် ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီနှင့်ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ တို့ကပူးပေါင်း၍ စစ်အာဏာရှင်စနစ်ဆန့်...
04/01/2024

ရန်ကုန်တွင် ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီနှင့်ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ တို့ကပူးပေါင်း၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ် ။

၂၀၂၄ ဇန်နဝါရီ ၄ ။

ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ(SPTSC)၊ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊အထက(၆)ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) နှင့် အောင်သုခကိုယ်ပိုင်အထက်တန်းကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)တို့ ပူးပေါင်း၍ ယနေ့ ဇန်နဝါရီ၄ရက်နေ့တွင် '' ဖျာ '' သပိတ်စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ပါသည်။

ယနေ့ လွပ်လပ်ရေးနေ့တွင် '' လွတ်မြောက်ခြင်းအတွက် ရုန်းထွက် အာဏာရှင်ကို အဆုံးသတ် '' ဟူသောစာသားပါ '' ဖျာ '' များအားကိုင်ဆောင်၍ ကန်တော်ကြီးပန်းခြံတွင် စစ်အာဏာရှင်ဆန့်ကျင်းရေးလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ပါသည်။

#ရွှေပြည်သာပိတ်ကော်မတီ(SPTSC)
#ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)
#အောင်သုခကိုယ်ပိုင်အထက်တန်းကျောင်းသားများသမဂ္ဂ

ရွှေပြည်သာမြို့နယ် သပိတ်ကော်မတီမှ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ရန်ကုန် | နိုဝင်ဘာ ၂၁ရွှေပြည်သာမြို့နယ် သပိတ်...
21/11/2023

ရွှေပြည်သာမြို့နယ် သပိတ်ကော်မတီမှ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်

ရန်ကုန် | နိုဝင်ဘာ ၂၁
ရွှေပြည်သာမြို့နယ် သပိတ်ကော်မတီ နှင့်ရွှေပြည်သာမြို့နယ်ကျောင်းသားသမဂ္ဂ
မဟာမိတ်အဖွဲ့များပူပေါင်း၍
"သွေးမအေးဘူး ငါတို့အလှည့်ပြန်လာပြီ ၁၀၂၇ " ဆိုသည့်စာသားပါ စတေကာကမ်ပိန်း လှုပ်ရှားမှု ကို အင်းစိန်အကျဥ်းထောင်ရှေ့နှင့် ရွှေပြည်သာမြို့နယ်ရဲစခန်းအရှေ့ တို့တွင်စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့

(ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်) (အရေးတော်ပုံအောင်ရမည်။)
ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ

"လူထုအကျပ်အတည်းအရင်းခံ အာဏာရှင်စနစ်အမြစ်လှန်"ယနေ့အောက်တိုဘာ၇ရက်နေ့တွင်  "လူထုအကျပ်အတည်းအရင်းခံအာဏာရှင်စနစ်အမြစ်လှန်"စသည်...
07/10/2023

"လူထုအကျပ်အတည်းအရင်းခံ အာဏာရှင်စနစ်အမြစ်လှန်"

ယနေ့အောက်တိုဘာ၇ရက်နေ့တွင်
"လူထုအကျပ်အတည်းအရင်းခံအာဏာရှင်စနစ်အမြစ်လှန်"
စသည့်ခေါင်းစဉ်ဖြင့်

ရွှေပြည်သာသပိတ်ကော်မတီ၊
မြို့နယ်ကျောင်းသားများသမဂ္ဂ၊
အ.ထ.က(၁)ကျောင်းသားများသမဂ္ဂ၊
အ.ထ.က(၆)ကျောင်းသားများသမဂ္ဂ၊
အောင်သုခကိုယ်ပိုင်အထက်တန်းကျောင်းသားသမဂ္ဂ တို့မှပူးပေါင်း၍
စတေကာ နှင့် ပန်းဖလက်များကိုဖြန့်ဝေမှု့ကမ်ပိန်းတစ်အား ရန်ကုန်မြို့တစ်နေရာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ရှားမှု တစ်ရပ်ပြုလုပ်။

ရဲဘော်များကျဆုံးခဲ့သည့်နေရာ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ‌ရုံးနေရာ၌ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှား...
08/08/2023

ရဲဘော်များကျဆုံးခဲ့သည့်နေရာ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ‌ရုံးနေရာ၌ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၃ ဩဂုတ် ၈၊ ဗကသ

ဖက်ဆစ်တပ်၏ သတ်ဖြတ်မှုကြောင့် ဗကသရဲဘော်များ ကျဆုံးခဲ့ရသည့်နေရာ၊ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသော ဗကသရုံးတည်နေရာ၌ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က “၈ လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီး ၃၅ နှစ်ပြည့်” အထိမ်းအမှတ်အဖြစ် ယနေ့ ဩဂုတ်လ ၈ ရက်နေ၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #8888 #ဘုတလင်

“၈၈၈၈ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီး” (၃၅) နှစ်ပြည့်အထိမ်းအမှတ် ဗကသများအဖွဲချုပ်၏ သဘောထား ထုတ်ပြန်ကြေညာချက်ကြေညာချက်အမ...
08/08/2023

“၈၈၈၈ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီး” (၃၅) နှစ်ပြည့်အထိမ်းအမှတ် ဗကသများအဖွဲချုပ်၏ သဘောထား ထုတ်ပြန်ကြေညာချက်

ကြေညာချက်အမှတ် - ၇/ဗကသ/၂၀၂၃
ရက်စွဲ - ၂၀၂၃ ခုနှစ် သြဂုတ်လ ၈ ရက်

“၈၈၈၈ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီး” (၃၅) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သော်လည်း ဗမာပြည်၏ အဖိနှိပ်ခံပြည်သူလူထုတရပ်လုံးသည် ယနေ့အချိန်အထိ ဒီမိုကရေစီအခွင့်အရေးများ ပြည့်ပြည့်ဝဝ မရရှိ မခံစားရသေးသည့်အပြင် မင်းအောင်လှိုင် ဦးဆောင်သော ဖက်ဆစ်တပ်သည်လည်း ၂၀၀၈ စစ်ကျွန်အခြေခံဥပဒေ၏ လက်ဝေခံ အရပ်သားအစိုးရထံမှ အာဏာကိုပင် မတရားထပ်မံသိမ်းယူခဲ့ပြီး စစ်အာဏာရှင်စနစ်ကို ပြောင်ပြောင်တင်းတင်း ကျင့်သုံးထူထောင်လျှက်ရှိနေသည်။ ယနေ့အချိန်တွင် မင်းအောင်လှိုင် ဦးဆောင်သော ဖက်ဆစ်အုပ်စုသည် တပြည်လုံးရှိ ပြည်သူလူထုအား မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်း၊ မြို့ရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ စိုက်ပျိုးသီးနှံများအား အဓမ္မသိမ်းယူခြင်း/ဖျက်ဆီးခြင်း အစရှိသည့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များအား နေ့စဉ်ရက်ဆက် ဖျက်ဆီးသတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများအား ဆက်တိုက်ကျူးလွန်လျှက်ရှိသည်။
ယခုအချိန်ကာလတွင် ပြည်သူလူထုတရပ်လုံးမှ ပုံသဏ္ဍာန်မျိုးစုံဖြင့် တိုက်ပွဲဝင်နေသည့် နွေဦးတော်လှန်ရေးသည် “၈ လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီး” ၏ တိုက်ပွဲအခန်းဆက်ဖြစ်သည်။ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုကြီးတရပ်လုံး၏ မွန်းကျပ်နေသည့် အထွေထွေ အကျပ်အတည်းပေါင်းစုံတို့မှ တခုတည်းသော လွတ်မြောက်ရာ ထွက်ပေါက်လမ်းကြောင်းမှာ စစ်အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းရေး (စစ်သုံးစစ်ဖျက်သိမ်းရေး) ဖြစ်သည်။ ထိုကြောင့် စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တယား တိုဖြင့် အခိုင်အမာတည်ဆောက်ထားသည့် စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အလုံးစုံချုပ်ငြိမ်းရေးအတွက် အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုကြီးတရပ်လုံးအနေဖြင့် လေးနက်မှန်ကန်သည့် နိုင်ငံရေးယုံကြည်ချက်ကို ကိုင်စွဲကာ ပုံသဏ္ဍာန်မျိုးစုံ နည်းလမ်းပေါင်းစုံဖြင့် နောက်မဆုတ်စတမ်း ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ပွဲဝင်သွားကြပါရန် အလေးအနက် တိုက်တွန်နှိုးဆော်အပ်ပါသည်။
ကျွန်ုပ်တို့ ဗကသများအဖွဲချုပ် အနေဖြင့်လည်း အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုကြီးနှင့်အတူ တသားတည်းရပ်တည်ကာ တိုက်ပွဲပုံစံမျိုးစုံဖြင့် စစ်အာဏာရှင်စနစ် အလုံးစုံချုပ်ငြိမ်းရေး (စစ်သုံးစစ်ဖျက်သိမ်းရေး) အတွက် နောက်မဆုတ်စတမ်း ရွပ်ရွပ်ချွံချွံ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ကြေညာအပ်ပါသည်။

“မပြီးဆုံးသေးတဲ့ ၈ လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း”
“ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီး မုချအောင်ရမည်”

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

#ဗကသ #8888 #၈၈၈၈ #၈လေးလုံး

“မပြီးဆုံးသေးတဲ့ ၈ လေးလုံးလူထုလွတ်မြောက်ရေး ဒို့အတူရုန်း”ဗကသများအဖွဲ့ချုပ် #ဗကသ      #8888  #၈၈၈၈
07/08/2023

“မပြီးဆုံးသေးတဲ့ ၈ လေးလုံး
လူထုလွတ်မြောက်ရေး ဒို့အတူရုန်း”

ဗကသများအဖွဲ့ချုပ်
#ဗကသ #8888 #၈၈၈၈

04/08/2023

ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)ဖွဲ့စည်းခြင်း (၂)နှစ်ပြည့်ကျောင်းသား၊ပြည်သူများထံသို့ သဘောထားထုတ်ပြန်ကြေငြာခြင်း

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Aung Thu Kha Private High School Students' Union posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Aung Thu Kha Private High School Students' Union:

Share