Ayi

Ayi Woher kommen sie?

ကိုယ့်ဘဝအတွက် ကိုယ်ဟာ အမြဲတမ်း          ကြံ့ခိုင်သန်မာ ​နေရမယ်။​မောလာတဲ့အခါ စိတ်​ရော ကိုယ်ပါ အနားယူပြီး         ပြန်​ရှေ...
15/06/2026

ကိုယ့်ဘဝအတွက် ကိုယ်ဟာ အမြဲတမ်း
ကြံ့ခိုင်သန်မာ ​နေရမယ်။

​မောလာတဲ့အခါ စိတ်​ရော ကိုယ်ပါ အနားယူပြီး
ပြန်​ရှေ့ဆက်ကြမယ်။ ​အေး​ဆေး​ပေါ့...

crd...
..
ayi

တကယ်တော့လေ အဆင်မပြေရင် တယောက်တည်းငြိမ်နေလိုက်တာအကောင်းဆုံးပဲ ။ဘယ်သူ့စီကမှ နွေးထွေးမူကိုသွားမလိုချင်နဲ့ ကိုယ်ထင်သလိုဖြစ်မ...
25/03/2026

တကယ်တော့လေ အဆင်မပြေရင်
တယောက်တည်းငြိမ်နေလိုက်တာအကောင်းဆုံးပဲ ။
ဘယ်သူ့စီကမှ နွေးထွေးမူကိုသွားမလိုချင်နဲ့
ကိုယ်ထင်သလိုဖြစ်မလာရင် ပိုပြီးသိမ်ငယ်
သွားစေတယ် အဆင်မပြေတဲ့အရာက
ပိုပြီးအဆင်မပြေတော့ပဲ ဖိအားတွေပဲပိုများ
လိမ့်မယ် ပိုပင်ပန်းလိမ့်မယ်
အဆင်မပြေရင် တစ်ယောက်တည်း
ငြိမ်ကုတ်နေလိုက်
ဒါကပိုပြီးအလုပ်ဖြစ်လိမ့်မယ်
ဘယ်သူ့ကိုမှ မလိုအပ်လေ ပိုကောင်းလေပေါ့...

Crd

သင့်အိပ်မက်တွေကို လက်မလျှော့ခင် ဒီပုံပြင်လေးကို အရင်ဖတ်လိုက်ပါ✨နံနက်စောစော မြေပြင်ပေါ် နေရောင်ဖြာကျနေချိန်၊ ပုရွက်ဆိတ်မလ...
12/01/2026

သင့်အိပ်မက်တွေကို လက်မလျှော့ခင် ဒီပုံပြင်လေးကို အရင်ဖတ်လိုက်ပါ✨

နံနက်စောစော မြေပြင်ပေါ် နေရောင်ဖြာကျနေချိန်၊ ပုရွက်ဆိတ်မလေးတစ်ကောင် သူ့အိမ်ကနေ ထွက်လာခဲ့တယ်။

ပတ်ဝန်းကျင်က ဧရာမကြီးနေသလို ခံစားရတယ်။

နေ့သစ်တစ်နေ့ကို စတင်ဖို့ ရှေ့ဆက်လျှောက်တုန်း၊ တစ်ခုခုက သူ့ကိုရပ်လိုက်ရတယ်။

စပါးနှံကြီးတစ်ခု။

ကြမ်းတမ်းလေးလံပြီးသူ့ကိုယ်ထက် အဆပေါင်းများစွာ ကြီးမားနေတဲ့ အဲဒီစပါးနှံကြီးက သူမရှေ့မှာ။

သူမလေး ခဏလောက် ငေးကြည့်မိတယ်။

အတွင်းစိတ်က "ဒါ မင်းအတွက် ကြီးလွန်းတယ်" လို့ တိုးတိုးလေးပြောသံကြားတယ်။

ဒါပေမယ့် သူမ ချဉ်းကပ်သွားပြီးတွန်းကြည့်တယ်။

ဘာမှ မဖြစ်။

အပြည့်အစုံအားစိုက်ပြီး ဆွဲကြည့်တယ်။

ထပ်ပြီး ဘာမှ မထူးလာ။

ပုရွက်ဆိတ်မလေး အသက်ရှူမဝဖြစ်ကာ ရပ်နေမိတယ်။

တခြားပုရွက်ဆိတ်တွေက သူမကိုလှည့်တောင်မကြည့်၊ ကိုယ့်လမ်းကိုယ်ဆက်သွားနေကြတယ်။

ဘယ်သူမှ မရယ်ကြဘူး။
ဘယ်သူမှ သံသယမဖြစ်ကြဘူး။
ဒါပေမယ့် ဘယ်သူမှလည်း ကူမပေးကြဘူး။

ခဏလေးအတွင်း လက်လျှော့ဖို့က လွယ်နေသလိုပဲ။

ဒါပေမယ့် နောက်တော့ သူ့အတွင်းမှာ တစ်ခုခု ပြောင်းသွားတယ်။

ခြေထောက်လေးတွေကို မြေကြီးထဲထိုးစိုက်ပြီး ထပ်တွန်းကြည့်တယ်။

ဒီတစ်ကြိမ်တော့ စပါးမှုံက အနည်းငယ်လေး ရွေ့သွားတယ်။

ရပ်လိုက်၊ ခဏအသက်ရှူလိုက်၊ ထပ်တွန်းကြည့်လိုက်။
နောက်ထပ် နည်းနည်းလေး ရွေ့ပြန်တယ်။

ဒီလိုနဲ့ မိနစ်တွေကုန်သွားတယ်။
နေရောင်က မြင့်တက်လာတယ်။
ခြေထောက်လေးတွေ တုန်လာတယ်။
ကိုယ်လုံးက ကိုက်ခဲလာတယ်။
ပုရွက်ဆိတ်အိမ်က ဝေးကွာနေဆဲပဲ။

ခန္ဓာကိုယ်တစ်ခုလုံးက ရပ်ချင်နေပေမယ့်၊ သူမက အလျင်မမူဘူး။
ညည်းညူပြောဆိုတာမျိုး မလုပ်ဘူး။
စည်းကမ်းနဲ့ ဆက်လုပ်တယ်။
တစ်ခါတွန်း၊ တစ်ခါရှူ၊ တစ်လှမ်း။
ဒီလောက်ပဲဆိုပြီး။

အဝေးက တခြားပုရွက်ဆိတ်တစ်ကောင်က သူ့ကိုသတိထားမိတယ်။
ရပ်ပြီး တိတ်တဆိတ်ကြည့်နေတယ်။
နောက်ပြီး စကားမပြောဘဲနဲ့ သူ့ဘေးကပ်ပြီး ကူတွန်းပေး လိုက်တယ်။
ခဏအကြာမှာ နောက်တစ်ကောင် ပါလာပြန်တယ်။
နောက်ထပ်တစ်ကောင်။

စကားများများမပြော၊ အမိန့်မပေး၊ နားလည်မှုတစ်ခုတည်းနဲ့။
အတူတူတွန်းကြတယ်။
အတူတူဆွဲကြတယ်။
အတူတူ ရုန်းကန်ကြတယ်။

စပါးနှံက ပိုမြန်မြန်ရွေ့လာတယ်။
နောက်ဆုံးတော့ ညနေခင်းမှောင်စပြုတဲ့အချိန် စပါးနှံကြီးက ပုရွက်ဆိတ်အိမ်ဆီ ရောက်ရှိသွားတယ်။
ဒီနေ့စားစရာ၊ မနက်ဖြန်စားစရာ။
ရက်ပေါင်းများစွာအတွက် အစားအစာ ဖူလုံသွားပြီ။

ပုရွက်ဆိတ်မလေးက ပင်ပန်းနေပေမယ့် ပြုံးရီလျက် ရပ်နေမိတယ်။ စပါးနှံက လေးလို့မဟုတ်၊ တခြားသူတွေက ကူညီလို့မဟုတ်၊ သူမ သင်ယူလိုက်ရတဲ့ အတွေ့အကြုံကြီးကြောင့်ပါ။

စည်းကမ်းနဲ့ကြိုးစားခဲ့တဲ့ ခြေလှမ်းငယ်လေးတွေ၊ အသင်းအဖွဲ့နဲ့ မျှဝေလုပ်ဆောင်မှုတွေက လေးလံကြီးမားတဲ့ ပန်းတိုင်တွေကိုတောင် ရွေ့ရှားစေနိုင်တယ် ဆိုတာကိုပါ။

ဒါကြောင့် ဒီအချက်ကို မှတ်ထားပါ။
မင်းရဲ့အိပ်မက်က ကြီးမားလွန်းနေသလို ခံစားရတဲ့အခါ၊ တိုးတက်မှုက နှေးကွေးနေသလိုခံစားရတဲ့အခါ၊ ကိုယ်က အရာမထင်သလို ခံစားရတဲ့အခါ လက်မလျှော့လိုက်ပါနဲ့။

နောက်ထပ် ခြေလှမ်းငယ်လေး တစ်လှမ်းလှမ်းလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ အသေးစားအားထုတ်မှုတွေကို အထပ်ထပ်လုပ်သွားမယ်ဆိုရင် အရာရာတိုင်းကို ပြောင်းလဲနိုင်လို့ပါပဲ။

✨Hello It’s Xing Xing ✨မှ
ကူးယူထားပါသည်🙏

စိတ်တို တတ်တဲ့သူများ.....အတွက် ဖတ်ရန်✌️...ပုံCrd...🙏
11/01/2026

စိတ်တို တတ်တဲ့သူများ.....

အတွက် ဖတ်ရန်✌️
...

ပုံCrd...🙏

လူသစ်   စိတ်သစ်      ခွန်အားသစ်​တွေ နဲ့....​နေ့ရက်​တွေကို စတင်နိုင်ကြပါ​စေ...
05/01/2026

လူသစ်
စိတ်သစ်
ခွန်အားသစ်

​တွေ နဲ့....​နေ့ရက်​တွေကို စတင်နိုင်ကြပါ​စေ...

2026 မှာ အားလုံးကို အကြံပေးချင်တဲ့စကားတစ်ခုကတော့ မိမိကိုယ်ကိုပဲ focus ထားပြီးရှင်သန်ဖို့ပဲ။ ကိုယ်ဖြစ်ချင်တဲ့ အရာတွေ၊ကိုယ...
01/01/2026

2026 မှာ အားလုံးကို အကြံပေးချင်တဲ့စကားတစ်ခုကတော့ မိမိကိုယ်ကိုပဲ focus ထားပြီးရှင်သန်ဖို့ပဲ။

ကိုယ်ဖြစ်ချင်တဲ့ အရာတွေ၊ကိုယ်လုပ်ချင်တဲ့အလုပ်တွေကိုပဲ ခေါင်းထဲထည့်ပြီး ကိုယ်လိုချင်တဲ့လမ်းကိုသွားဖို့ ဖြေးဖြေးနဲ့မှန်မှန် ကြိုးစားသွား။

ကိုယ့်ရဲ့စိတ်ချမ်းသာမှု၊စိတ်အေးချမ်းမှုကို ဦးစားပေးပြီးရှင်သန်ပါ။ကိုယ့်ကိုရွေးချယ်တဲ့လူတွေကိုပဲ ရွေးချယ်ပါ။ ကိုယ့်ကိုမရေရာတဲ့ခံစားချက်ပေးတဲ့လူတွေဆီက ထွက်လာခဲ့ပါ။

လူတိုင်းက ကိုယ့်ကို မချစ်တာ ၊ မခင်တာ ၊ မကြည်ဖြူတာတွေကို လိုတာထက်ပိုပြီးအာရုံစိုက်မနေပါနဲ့။ လူတိုင်းမှာ Favorite ကိုယ်စီရှိတတ်ကြပြီး အဲ့ဒီfavorite က ကိုယ်မဟုတ်လည်း it doesn’t matter .

ဘဝမှာ မိမိရဲ့စိတ်အေးချမ်းသာယာမှုကအရေးအကြီးဆုံးပဲဆိုတာကိုမမေ့နဲ့။ ဘဝမှာ လုပ်ယူလို့မရတာလုပ်ယူလို့ရတာတွေရှိတယ်။ လုပ်ယူလို့မရတာက တစ်ယောက်ယောက်ရဲ့စိတ်ရင်းအမှန်၊ချစ်ခြင်းမုန်းခြင်းတွေဆိုတာ လုပ်ယူလို့မရဘူး။

လုပ်ယူလို့ရတာက ဖြစ်ချင်တာတွေ၊အိပ်မက်တွေဆိုတာကြိုးစားတည်ဆောက်ယူလို့ရတယ်။ Chase မလုပ်ရမဲ့အရာတွေကို Chase လုပ်ပြီး Chase လုပ်ရမဲ့အရာတွေကျ မchaseပဲမနေမိစေနဲ့။

အဓိကက ကိုယ့်ကိုယ်ကိုယ်မပျောက်ဆုံးစေနဲ့ပဲ။
2026 ဟာ အကောင်းဆုံးတွေသယ်ဆောင်လာမဲ့နှစ်တစ်နှစ်ထက် အကောင်းဆုံးလုပ်နိုင်တဲ့ နှစ်တွေထဲက တစ်ခုဖြစ်လာပါစေ

ဖတ်ပါ.....ထပ်ခါထပ်ခါ....ဖတ်ပါ...Photo crd🙏
29/12/2025

ဖတ်ပါ.....

ထပ်ခါထပ်ခါ....ဖတ်ပါ.
..

Photo crd🙏

ခုချိန်ကစပြီး မင်းအနေနဲ့ ဒီအချက်၃ ချက်ကိုပဲ အာရုံစိုက်ပါ- မင်းရဲ့ဘဝ - မင်းရဲ့ဝင်ငွေ-မင်းရဲ့စိတ်ခံစားမှု ၁။ မင်းရဲ့ဘဝ (Yo...
23/12/2025

ခုချိန်ကစပြီး မင်းအနေနဲ့ ဒီအချက်
၃ ချက်ကိုပဲ အာရုံစိုက်ပါ

- မင်းရဲ့ဘဝ
- မင်းရဲ့ဝင်ငွေ
-မင်းရဲ့စိတ်ခံစားမှု

၁။ မင်းရဲ့ဘဝ (Your Life)

မင်းဘဝကိုပဲ အပြည့်အဝ အာရုံစိုက်ပါ။ဝေဖန်မှုတွေ၊ထိုးနှက်မှုတွေ၊အထင်သေးမှုတွေ ဘေးချိတ်ထားလိုက်။ဘဝကို
ဘယ်လို တိုးတက်အောင် နေထိုင်မလဲ၊ကြိုးစားမလဲ၊ဘယ်လို ချစ်မလဲ ဒါပဲ ပိုတွေးပါ။လုပ်စရာရှိတာ
အချိန်မဆွဲဘဲ လုပ်ပါ။ဘဝကို
ဖြစ်သလို မနေပါနဲ့။နေလည်း
မနေသင့်ဘူးလေ။

၂။ မင်းရဲ့ဝင်ငွေ ( Your Income)

အရွယ်တစ်ခုရောက်လာရင် ပိုက်ဆံက အင်မတန် အရေးပါလာတယ်။
အများစုက money is eveything ဖြစ်လာတယ်။ပိုက်ဆံအပေါ် အခြေခံလာတယ်။ဝင်ငွေရှိဖို့
လိုတယ်။မကောင်းတဲ့အလုပ်တော့
မလုပ်နဲ့ပေါ့။အားမပေးဘူး။
လွယ်နေကျ အိတ်ထဲ ပိုက်ဆံ
ဖောင်းနေချိန် မင်းတစ်ကိုယ်လုံး
လွတ်လပ်ပေါ့ပါးနေလိမ့်မယ်။
အဲဒီ feeling ကို အမြဲရအောင်
လုပ်နေပါ။အလုပ် လုပ်ပါ။ပိုက်ဆံ
ရှာပါ။

၃။ မင်းရဲ့စိတ်ခံစားမှု( Your Emotions )

အရာရာမှာ လိုက်ခံစားမနေနဲ့။ဘာအကျိုးမှ မရှိဘူး။စိတ်ပင်ပန်းတာပဲ အဖတ်တင်တယ်။လူတိုင်းအတွက်
မင်းကိုယ်မင်း သိပ်အရေးပါတယ်
လုံးဝ မတွေးပါနဲ့။သာမန်လူတစ်ဦး
အဖြစ်ပဲ ခံယူထားပါ။နှိမ့်ချစွာ
ပြုမူ နေထိုင်ပါ။အတွေးများတာလည်း လျှော့ပါ။အချစ်အတွက်လည်း
သိပ်ခံစားမနေပါနဲ့။လူ့ဘဝက သိပ်တိုတယ်။ပျော်အောင် နေပါ။

အတိုချုံးပြန်ပြောမယ်။
မင်းဘဝကိုသာ ပိုဂရုစိုက်ပါ။
လုပ်စရာရှိတာ အကောင်းဆုံး လုပ်ပါ။ကောင်းတဲ့အလုပ် လုပ်ပြီး
ပိုက်ဆံရှာပါ။စိတ်ကို အထူးဂရုစိုက်ပါ။ကြင်နာ ပွေ့ဖက်ပေးပါ။
နောက်ထပ် ဒီစကားသုံးခွန်းလည်း
လိမ်မာစွာ လိုက်နာပါဦး။
မင်းအနား တစ်ချိန်လုံးရှိနေပေးသူကို မစွန့်ပစ်နဲ့။တန်ဖိုးထားပါ။
မင်းအနားရှိနေတာကို တန်ဖိုးမထားဘဲ မင်းကို ကောင်းစွာ မဆက်ဆံရင်
ဒီလူအနား မနေဘဲ စွန့်ခွါပါ။
တစ်ဖက်လူကို မင်းလိုချင်တဲ့ပုံစံ အတိုင်း ပြောင်းလဲနေထိုင်ဖို့ အတင်းမတောင်းဆိုနဲ့။မင်းကိုယ်တိုင် မင်းလိုချင်တဲ့ပုံစံအတိုင်း ဦးစွာ ပြုမူ နေထိုင်ပါ။

#ရယ်ပါချစ်ပါရှင်သန်ပါစာအုပ်မှ
#နူးနူးအောင်

1. SUCCESS2. LOVE3. PEACE​တွေ့ ရှိ....
23/12/2025

1. SUCCESS
2. LOVE
3. PEACE
​တွေ့ ရှိ....

21/12/2025

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Ayi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category