31/05/2026
အိမ်ခြံမြေ ဝယ်ယူတဲ့အခါ စာရွက်စာတမ်း စစ်ဆေးဖို့လိုအပ်နေပြီလား။ အိမ်ခြံမြေစာရွက်စာတမ်းတွေ စစ်ဆေးဖို့ ရှေ့နေတစ်ယောက်ကို ငှားရမ်းတာက အလုံခြုံဆုံးဆိုပေမယ့် ရှေ့နေခ (Professional Fees) တွေက တော်တော်လေး ဈေးကြီးပါတယ်။ အထူးသဖြင့် စာရွက်စာတမ်း အခြေခံစစ်ဆေးဖို့လောက်အတွက်နဲ့ ရှေ့နေခ အများကြီး အကုန်အကျ မခံချင်သူတွေအတွက် ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုက ကုန်ကျစရိတ် သက်သာပြီး အသင့်တော်ဆုံးပါပဲ။
ကျွန်တော်တို့ဆီမှာ ဘယ်လိုဝန်ဆောင်မှုတွေ ရနိုင်မလဲဆိုတော့
မူရင်းစာရွက်စာတမ်းများ စစ်ဆေးခြင်း: ရောင်းချသူ တင်ပြလာသော စာချုပ်စာတမ်းများ၊ ဂရန်၊ ပါမစ်များကို အတု/အစစ် မှန်ကန်မှု ရှိ/မရှိ စစ်ဆေးပေးခြင်း။
ပိုင်ဆိုင်မှု ရာဇဝင် (History) ခြေရာခံခြင်း: ယခင် ပိုင်ရှင်အဆက်ဆက် အရောင်းအဝယ် ပြုလုပ်ခဲ့သည့် စာချုပ်များ အဆက်အစပ် မှန်ကန်မှု ရှိ/မရှိ စစ်ဆေးပေးခြင်း။
အရှုပ်အရှင်း ကင်း/မကင်း စိစစ်ခြင်း အခြား ပိုင်ဆိုင်မှု အရှုပ်အရှင်းများ ရှိ/မရှိကို လေ့လာစုံစမ်းပေးခြင်း။
လက်တွေ့ကျသော အကြံဉာဏ်ပေးခြင်း: ဝယ်ယူပြီးပါက ရှေ့ဆက်လုပ်ဆောင်ရမည့် စာချုပ်ချုပ်ဆိုခြင်းနှင့် အမည်ပေါက်ပြောင်းခြင်း ကိစ္စရပ်များအတွက် လမ်းညွှန်အကြံပြုပေးခြင်း။
လူကြီးမင်းတို့ဝယ်ယူမယ့်အိမ်ခြံမြေရဲ့ လိုအပ်သောစာရွက်စာတမ်း ကိစ္စအဝဝ ကိုယုံကြည်စိတ်ချစွာအပ်နှံနိုင်ပါတယ်ခင်ဗျာ
ဆက်သွယ်ရန်ဖုန်း - 09677966733