Happy Birthday

Happy Birthday တစ်နေ့ နေ့ပေါ့.....

အဲ့တုန်းက ကမ္ဘာမှာလူဦးရေ ဘယ်လောက်ရှိလဲ ကျွန်တော် ဂရုမစိုက်ခဲ့ပါဘူး သူ့စိတ်ထဲလူဘယ်နယောက် ရှိလဲကိုပဲကျွန်တော်ဂရုစိုက်ခဲ့ပါ...
16/06/2026

အဲ့တုန်းက
ကမ္ဘာမှာလူဦးရေ ဘယ်လောက်ရှိလဲ
ကျွန်တော် ဂရုမစိုက်ခဲ့ပါဘူး

သူ့စိတ်ထဲလူဘယ်နယောက် ရှိလဲကိုပဲ
ကျွန်တော်ဂရုစိုက်ခဲ့ပါတယ် ။ ။

#ဂန္ဓမာ (၂၀၁၇ )

စောင့်နိုင်ရင် စောင့်ပေါ့လို့ မင်းပြောခဲ့လို့ငါစောင့်ခဲ့ပါတယ်။ဒါဟာရေခဲကို နေလှမ်းပြီးရေခဲခြောက်ဖြစ်လာမလားလို့မျှော်လင့်ခ...
15/06/2026

စောင့်နိုင်ရင် စောင့်ပေါ့လို့ မင်းပြောခဲ့လို့
ငါစောင့်ခဲ့ပါတယ်။
ဒါဟာရေခဲကို နေလှမ်းပြီး
ရေခဲခြောက်ဖြစ်လာမလားလို့
မျှော်လင့်ခဲ့ဘူးတဲ့ ကလေးတစ်ယောက်လိုပေါ့

-လင်းချမ်းလွန်း

“မင်းနဲ့ကိုယ်ပဲ သိတဲ့ကမ္ဘာ”မိုးမရွာခင်က လေညှင်းလေးလိုမင်းပြုံးတိုင်း ကိုယ့်စိတ်မှာ လာလာငြိတယ်။လမ်းပေါ်က လူသန်းပေါင်းများ...
14/06/2026

“မင်းနဲ့ကိုယ်ပဲ သိတဲ့ကမ္ဘာ”

မိုးမရွာခင်က လေညှင်းလေးလို
မင်းပြုံးတိုင်း ကိုယ့်စိတ်မှာ လာလာငြိတယ်။

လမ်းပေါ်က လူသန်းပေါင်းများစွာထဲ
မင်းကိုယ်သင်းရနံ့လေးပဲ ကိုယ်ရနေတယ်။

ကော်ဖီတစ်ခွက်ကို အတူသောက်ရင်း
ခွက်အောက်ခြေက နက်ရှိုင်းတဲ့
အချစ်တွေဆီ အတူသွားကြမယ်။

သံစဉ်လေးတွေမကြားရရင်
နှလုံးခုန်သံနဲ့ နီးကပ်ရာအရပ်ဆီ၊
မြန်မာဝတ်စုံလေးဖျားနာနေခဲ့ရင်
အဝါရောင်ဂါဝန်လေးရှိနေလိမ့်မယ်။

ဒီလိုပဲပေါ့အချစ်ရယ်
မျက်မှန်လေးပင့်တင်လိုက်ရင်
နှလုံးသားဟာ ဂျင်ကစားတယ်၊
ဘားခိုတယ် ၊ ဒိုက်ထိုးတယ်။

မင်းနဲ့ကိုယ်ပဲ ဒီကမ္ဘာမှာ
အကြိုက်ဆိုးမယ်၊
မောင်တစ်ထမ်းနဲ့ မယ့်ကိုကုန်းပိုးပါ့မယ်။

- သွယ်မြိတ်

မင်းကတော့ အမျှဝေပါတယ် ကိုယ်တိုင်က မကျွတ်လွတ်ချင်သေးလို့ နှုတ်ဆိတ်နေမိတာ ။-ခွန်းညိုသွေး-အထပ်ထပ်အခါခါ
13/06/2026

မင်းကတော့ အမျှဝေပါတယ်
ကိုယ်တိုင်က မကျွတ်လွတ်ချင်သေးလို့
နှုတ်ဆိတ်နေမိတာ ။

-ခွန်းညိုသွေး
-အထပ်ထပ်အခါခါ

အချစ်သည် ကောက်ကွေ့စွာ လာ၍ဖြောင့်တန်းစွာ ပြန်လေသည်။- စောကြည်ဖြူ
11/06/2026

အချစ်သည် ကောက်ကွေ့စွာ လာ၍
ဖြောင့်တန်းစွာ ပြန်လေသည်။

- စောကြည်ဖြူ

သူ့ဘယ်ဘက် ရင်အုံပေါ် ချစ်သူ့နာမည် စုတ်နဲ့ပေါက်မလို့ဆိုပဲ ကောင်လေး မင်းလို ယုံကြည်မှုမျိုး ငါတစ်ခါတစ်ခါ မှတ်မိသလိုပဲ-ကိုသ...
10/06/2026

သူ့ဘယ်ဘက် ရင်အုံပေါ်
ချစ်သူ့နာမည် စုတ်နဲ့ပေါက်မလို့ဆိုပဲ
ကောင်လေး မင်းလို ယုံကြည်မှုမျိုး
ငါတစ်ခါတစ်ခါ မှတ်မိသလိုပဲ

-ကိုသန်းထွန်း

ငါ့ညီရေ ဒီတစ်ခေါက်တော့ကော်ဖီတခွက်ပဲချကွာ မင်းအစ်မက အစ်ကို့ကိုစိတ်ဆိုးနေပုံရတယ်"တစ်သက်လုံး ဘယ်တော့မှပြန်လာမှာမဟုတ်တော့ဘူး...
19/05/2026

ငါ့ညီရေ ဒီတစ်ခေါက်တော့
ကော်ဖီတခွက်ပဲချကွာ
မင်းအစ်မက အစ်ကို့ကို
စိတ်ဆိုးနေပုံရတယ်
"တစ်သက်လုံး ဘယ်တော့မှပြန်လာမှာမဟုတ်တော့ဘူး''တဲ့ ။

-အလင်းသင်

ဝမ်းသာစရာပါပဲမင်းလည်းမင်းချစ်ရတဲ့သူကိုရှာတွေ့သွားခဲ့ပြီကိုယ်လည်း ဝဋ်ကျွတ်သွားပြီဒီသံသရာတော့ ကိုယ်တို့တကယ်ဝေးခဲ့ပြီ။- အင်...
18/05/2026

ဝမ်းသာစရာပါပဲ
မင်းလည်းမင်းချစ်ရတဲ့သူကို
ရှာတွေ့သွားခဲ့ပြီ
ကိုယ်လည်း ဝဋ်ကျွတ်သွားပြီ
ဒီသံသရာတော့ ကိုယ်တို့
တကယ်ဝေးခဲ့ပြီ။

- အင်ဂို

ခေတ်ပျက်ကြီးဆိုတော့ သံယောဇဥ်သမားတွေ အကျအဆုံး များပါတယ် ။ - ကောက်ကွေ့
17/05/2026

ခေတ်ပျက်ကြီးဆိုတော့
သံယောဇဥ်သမားတွေ
အကျအဆုံး များပါတယ် ။

- ကောက်ကွေ့

Address

Yagon

Website

Alerts

Be the first to know and let us send you an email when Happy Birthday posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Happy Birthday:

Share