အလင်းရောင် - ယဉ်ကျေးလိမ္မာဓမ္မစကူးလ်သင်တန်း
  • Home
  • Myanmar
  • Wetlet
  • အလင်းရောင် - ယဉ်ကျေးလိမ္မာဓမ္မစကူးလ်သင်တန်း
အလင်းရောင် - ယဉ်ကျေးလိမ္မာဓမ္မစကူးလ်သင်တန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from အလင်းရောင် - ယဉ်ကျေးလိမ္မာဓမ္မစကူးလ်သင်တန်း, Library, ချောင်းမကြီးရွာ, Wetlet.
''အိုးမဖုတ်ခင်၊ အိုးလုပ်စဉ်ဝယ်
အိုးတွင်ခတ်နှိပ်၊ တံဆိပ်မှတ်ကား
မပျက်မစဲ၊ အိုးပင်ကွဲလည်း
အမြဲတစေ၊ တည်ရှိနေသို့
ထွေထွေသွေးသား၊ ကလေးများ၌
ဘုရားတံဆိပ်၊ ဘာသာစိတ်ကို
ခတ်နှိပ်နိုင်မှ၊ သက်ဆုံးကျအောင်
ဗုဒ္ဓဝါဒီ၊ စွဲ၍တည်မည်
ကိုယ်စီခတ်နှိက်နိုင်စေသတည်း။ ။
(အရှင်ဇနကာဘိဝံသ)
ကိုယ်ခံအားကို မြင့်တက်စေတဲ့ ကြက်သွန်နီသံပုရာဆမ်း-------အလွန်ရိုးရှင်းပြီး လုပ်ရလွယ်ကူတဲ့ မီးဖိုချောင်ထဲက ဆေးနည်းတစ်မျိုး...
06/11/2017
ကိုယ်ခံအားကို မြင့်တက်စေတဲ့
ကြက်သွန်နီသံပုရာဆမ်း
-------
အလွန်ရိုးရှင်းပြီး လုပ်ရလွယ်ကူတဲ့ မီးဖိုချောင်ထဲက ဆေးနည်းတစ်မျိုးကို ကျန်းမာရေးသတင်းများစာမျက်နှာမှ မျှဝေပေးချင်ပါတယ်။ အဲဒါကတော့ ကြက်သွန်နီသံပုရာဆမ်း ဖြစ်ပါတယ်။
(၁) ကြက်သွန်နီကို ဖင်ဖြတ်၊ ခေါင်းဖြတ်၊ အခွံခွါပါ။
(၂) ပုံထဲကအတိုင်း အကွင်းလိုက် လှီးထားပါ။ ရေမဆေးပါနဲ့။
(၃) ကြက်သွန်နီပေါ်ကို သံပုရာသီးညှစ်ထည့်ပါ။
(၄) ချိုတဲ့အရသာပေါ်လာပါမည်။ မွန်တဲ့အနံ့များ ပျောက်သွားမည်။
(၅) ၄င်းကြက်သွန်နီသံပုရာဆမ်းကို မကြာခဏ စားပေးပါ။ ထမင်းနှင့်သော်၎င်း၊ အခြားအစားအစာများနှင့်သော်၎င်း တွဲစားနိုင်ပါသည်။
ဒီနည်းကတော့ ထမင်းစားခါနီး ၂ မိနစ်အတွင်း အလွယ်တကူ ပြုလုပ်၍ စားသုံးနိုင်တဲ့ အလွယ်နည်း ဖြစ်ပါတယ်။
ဒီထက်ပိုအချိန်ပေးပြီး လုပ်နိုင်ပါက ကြက်သွန်နီကို ပါးပါးလှီး၍ သံပုရာသီးညှစ်ထည့်၊ ဆား၊ ငရုတ်သီးစိမ်းတို့ကို အနည်းငယ်စီထည့်၍ ကြက်သွန်နီသုပ်ကို လုပ်၍ စားသုံးနိုင်ပါသည်။
ကြက်သွန်နီစားပြီး ပါးစပ်မနံအောင် မြေပဲဆန် ၃ စေ့ခန့် ၀ါးစားပါ။ ဖန်ရည်ရေနွေးကြမ်းဖြင့် ပလုတ်ကျင်းပါ။
ကြက်သွန်နီသံပုရာဆမ်းကို စားသုံးပေးခြင်းဖြင့်
(၁) ကိုယ်ခံအားကို မြင့်တက်စေမည်။
(၂)လေထဲတွင်ကူးစက်နိုင်သော တုပ်ကွေးစသည့်ရောဂါများကို ကာကွယ်ပေးနိုင်သည်။
(၃) ပိုးမွှားများကို သေစေနိုင်ပါသည်။
(၄) ဆီးချိုသွေးချိုရောဂါများကို သက်သာစေပါသည်။
(၅) ဂျိုင်းနံ့ဆိုးသူများ၊ ခံတွင်းနံ့ဆိုးသူများကို သက်သာစေပါသည်။
(၆) အိမ်ထောင်သည်များအတွက် ခွန်အားကို တိုးပွါးစေပါသည်။
(၇) ရင်ပူခြင်း၊ ရေငတ်ခြင်းများကို သက်သာပျောက်ကင်းစေပါသည်။
(၈) ခန္ဓာကိုယ်မှာ ပိုလျှံနေတဲ့ အဆီများကိုလည်း လျှော့ချပေးနိုင်ပါသည်။
ရိုးရှင်းလွယ်ကူသော ကြက်သွန်နီသံပုရာဆမ်းနည်းကို အလွယ်တကူ ပြုလုပ်၍ စားသုံးခြင်းဖြင့် ရောဂါများ သက်သာပျောက်ကင်းနိုင်ကြပါစေ။
စောနွဲ့ နေဆိုင်(ပူတာအို) - အင်းလေးမီဒီယာ
သက်ကြီးပူဇော်ပွဲနှင့် ဒါန!
19/10/2017
သက်ကြီးပူဇော်ပွဲနှင့် ဒါန!
20/09/2017
Blogger
သင့် သွေးပေါင်ချိန် ဘယ်လောက်ရှိနေပြီလဲ----------------အခမဲ့တိုင်ပင်ပါ... သင့်အတွက် OnDoctor! #ကျန်းမာရေး  #အမေးအဖြေ  #ကျ...
21/08/2017
သင့် သွေးပေါင်ချိန် ဘယ်လောက်ရှိနေပြီလဲ
----------------
အခမဲ့တိုင်ပင်ပါ... သင့်အတွက် OnDoctor!
#ကျန်းမာရေး #အမေးအဖြေ #ကျန်းမာရေးအမေးအဖြေ
11/08/2017
09/08/2017
၃. နေ ရောင်ခြည် ရ ပါ စေ။
၎. Antioxidants တွေ များ တဲ့ ဟင်းသီး ဟင်း ရွက် များများ စား ရ မှာ ဖြစ် ပါ တယ်။
[Unicode]
Pancreatic cancer မဖြစ် လာ ရ အောင် ကာ ကွယ် နည်း တွေ က တော့ ——-
၁. သကြားဓာတ် ကို လျော့ နိုင် သမျှ လျော့ ပါ။
၂. လေ့ ကျင့် ခန်း မှန်မှန် လုပ် ပါ။
၃. နေ ရောင်ခြည် ရ ပါ စေ။
ကျွန်မ တို့ အား လုံး ရဲ့ ဇာတ်လိုက် ဖြစ် သည့် VitaminD level ကို
အကောင်း ဆုံး အနေ အထား ( optimal level ) ဖြစ် အောင် ထား ရ ပါ မယ်။
ဒီ လို အနေ အထား မှာ ရှိ နိုင် မယ် ဆို ရင် ဒီ ကင်ဆာ ဖြစ် နှုံး ဟာ
၅၀% ကျ သွား ပါ တယ် လို့ပြော ပါ တယ်။
၄. Antioxidants တွေ များ တဲ့ ဟင်းသီး ဟင်း ရွက် များများ စား ရ မှာ ဖြစ် ပါ တယ်။
ဒီ network ကို သောက် ပေး နိုင် ရင် လဲ ကိုယ့် ကိုယ် ကို ကာ ကွယ် ရာ ရောက် ပါ တယ်။
Credit to To a Better Health
ပါးပြင်းလေးတော့ထောင်လိုက်ပါ━━━━━━━━━━━━━━━━━━━━━━(သိပ်အဓိပ္ပါယ်ရှိတဲ့ ပုံပြင်လေးတပုဒ် ပါ )တစ်ခါက တောရွာတစ်ရွာရဲ့အနီးမှာ အ...
28/07/2017
ပါးပြင်းလေးတော့ထောင်လိုက်ပါ
━━━━━━━━━━━━━━━━━━━━━━
(သိပ်အဓိပ္ပါယ်ရှိတဲ့ ပုံပြင်လေးတပုဒ် ပါ )
တစ်ခါက တောရွာတစ်ရွာရဲ့အနီးမှာ အင်မတန် ထူထပ်လှတဲ့ မြက်ရိုင်းပင်တွေ တောထ ပေါက်ရောက်နေခဲ့ပါသတဲ့..။ အဲဒီမြက်ရိုင်းအုပ်ထဲမှာတော့ အင်မတန် အဆိပ်ပြင်းတဲ့ မြွေဟောက် တစ်ကောင် နေထိုင်တယ်..။ အဲဒီမြွေဟောက်ဟာ အင်မတန်မှလည်း ဒေါသကြီးတဲ့အလျှာက် အနီးအနားဖြတ်သန်းသွားသမျှ ရွာသူရွာသားတွေကို အမြဲတမ်းလိုက်လံ ကိုက်ခဲပါသတဲ့။ အဲဒီလို ဖြတ်သန်းသွားတဲ့လူတွေတင် ကိုက်ရတာ မတင်းတိမ်နိုင်တာကြောင့်လည်း မြွေဆိုးဟာ ရွာထဲအထိ ၀င်ရောက်ပြီး အိမ်တိုင်ရာရောက်လိုက်လံ ပေါက်တဲ့အထိ ဖြစ်လာပါသတဲ့..။
အဲဒီလို ဆိုးလွန်းတဲ့မြွေကြောင့် ရွာသူရွာသားတွေဟာ အင်မတန်မှ စိတ်ဆင်းရဲသောက ရောက်ကြရပါသတဲ့..။ မိမိလယ်ယာကိုတောင် သွားရောက် မထွန်ရက်၊ မစိုက်ပျိုးရဲတဲ့အထိ ဖြစ်လာခဲ့ပြန်တယ်။ အဲဒီအခါမှာတော့ ရွာသားတွေ ကိုးကွယ်တဲ့ ရသေ့ကြီးဟာ မြွေဟောက် ရှိရာ မြက်ရိုင်းတောကို လာရောက်ခဲ့ပါသတဲ့..။ အဲဒီအခါမှာလည်း မြွေဟောက်ဟာ ရသေ့ကြီးကို ပေါက်သတ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပြန်တယ်။ ဒါပေမယ့်လည်း ထူးဆန်းစွာနဲ့ပဲ ရသေ့ကြီးဟာ တစ်စုံတစ်ရာမှ ထိခိုက်မှု မရှိတာကို မြွေဟောက်က တွေ့လိုက်ရတယ်။ အဲဒီအခါ မြွေဟောက်က အံ့သြတကြီးနဲ့ ဒီလိုမေးခဲ့တယ်
"ရသေ့.. သင်ဟာ ငါဘယ်လောက်ပေါက်ပေါက် မဖြုံဘူးပဲ..။ ဒီရွာထဲက လူတွေဆို ငါပေါက်လိုက်လို့ကတော့ ကွမ်းတစ်ရာညက်ဆို အသေပဲ။ ရသေ့က ဘယ်လို အစွမ်းတွေနဲ့ ဒီလိုနေနိုင်ရတာလည်း"
အဲဒီလို မြွေဟောက်ရဲ့အမေးစကားကို ကြားတဲ့အခါ ရသေ့ကြီးအေးချမ်းစွာနဲ့ ကဒီလိုဖြေလိုက်တယ်
"တကာမြွေဟောက်။ လောကမှာ မေတ္တာတရားထက် ခွန်အားကြီးမားတဲ့ အရာမရှိဘူး။ သည်းခံခြင်းတရားက ငါ့ကို ကာကွယ်ပေးထားတာပဲ"
အဲဒီလိုရသေ့ကြီး အေးချမ်းစွာဖြေကြားပုံကို မြင်တဲ့အခါ မြွေဟောက်ရဲ့ ဒေါသတွေ ပြေလျော့သွားပြန်တယ်။ အဲဒီနောက်မှာလည်း ရသေ့ကြီးဟာ မြွေဟောက်ကို သည်းခံခြင်းတရား၊ ဒေါသကို ငြိမ်းအေးစေခြင်း တရားတို့ကို ကောင်းစွာဟောပြခဲ့တယ်။ အဲဒီတရား အဆုံးမှာလည်း မြွေဟောက်ကို ဒီလိုပြောခဲ့တယ်။
"တကာမြွေဟောက် အသင်ဟာ အဆိပ်အားကိုးနဲ့ ရွာသားတွေကို ကိုက်ခြင်း၊ သူ့အသက်သတ်ခြင်း ဆိုတဲ့ အကုသိုလ်ကို အကြိမ်ကြိမ်ပြုမိနေတယ်။ အဲဒီအကုသိုလ်မဖြစ်အောင် စောင့်ထိန်းလော့"
အဲဒီအခါမှာတော့ မြွေဟောက်ဟာ အင်တင်တင်နဲ့ပဲ နောင်အခါ ရွာသားတွေကို မကိုက်တော့မယ့်အကြောင်း ရသေ့ကြီးကို ကတိပေးလိုက်တယ်။ အဲဒီလိုနဲ့မြွေဟောက်ဟာ ဒေါသထွက်လာတိုင်း တရားဓမ္မကို ဆင်ခြင်ပြီး သည်းခံတတ်လာတယ်။ ချုပ်တည်းတတ်လာတယ်။ အချိန်တွေကြာလာတဲ့အခါမှာတော့ မြွေဟောက်ဟာ သဘောကောင်းတဲ့ မြွေဟောက်တစ်ကောင် ဖြစ်လာပါသတဲ့..။
အဲဒီနောက်မှာတော့ ရွာသားတွေဟာ မြွေဟောက်ကို တွေ့မြင်ပေမယ့်လည်း အရင်တုန်းကလို ထွက်မပြေးတော့ဘဲ တရင်းတနှီး ရှိလာကြပါသတဲ့။
နောင်အခါမှာတော့ ရွာသားတွေဟာ တဖြည်းဖြည်း အတင့်ရဲလာပြန်တယ်။ သူတို့တွေဟာ မြွေဟောက်ကို တွေ့တဲ့အခါ.. အပေါ်ကတောင် ခွကျော်သွားကြပြန်တယ်။ ဒါပေမယ့်လည်း မြွေဟောက်ဟာ သည်းခံမြဲ သည်းခံနေပြန်တယ်။
တဖြည်းဖြည်းနဲ့ အချိန်တွေကြာလာပြန်တဲ့အခါ ရွာသားတွေဟာ မြွေဟောက်ကို တွေ့တဲ့အခါ ကျော်ခွတောင် မသွားတော့ပဲ မြွေဟောက်အပေါ်က တက်နင်းလျှောက်လှမ်း သွားကြပြန်တယ်။ အဲဒီအခါမှာလည်း မြွေဟောက်က သည်းခံမြဲသည်းခံနေခဲ့ရပြန်တယ်..။
အဲဒီလိုနဲ့နောက်ပိုင်းမှာတော့ ရွာသားတွေဟာ မြွေဟောက်ကို တက်နင်းသွားတဲ့အပြင် အမြီးနဲ့ ခေါင်းကိုပါ ကျောက်တုံးနဲ့ ဖိထားကြပြန်တယ်။ မြွေဟောက်က သည်းခံပြန်တယ်။
အဲဒီအခါ ရွာသားတွေက မြွေဟောက်ကို တွေ့တဲ့အခါ ကြိုးခွေလို ချည်ပြီး လိန်ကျစ်ခါ စနောက်ကြပြန်တယ်။ မြွေဟောက်ခမျာလည်း ကြိတ်မှိတ်ပြီး သည်းခံရပြန်တယ်။
နောက်ဆုံးမှာတော့ ရွာသားတွေဟာ မြွေဟောက်ကို ယူဆောင်ပြီး အမြီးက ကိုင်ကာ တစ်ယောက်တစ်လှည့် မွှေ့ယမ်း ဆော့ကစားကြပြန်သတဲ့..။ အဲဒီအခါမှာတော့ မြွေဟောက်ဟာ ဆက်လက် သည်းခံနိုင်ခြင်းမရှိတော့ဘဲ ရသေ့ကြီးရဲ့ ကျောင်းသင်္ခန်းကို သွားရောက်ပြီး ဒီလို အပြစ်တင်ခဲ့တယ်
"ရသေ့ကြီး ကျုပ်ဟာ အသင်ဟောပြတဲ့ တရားဓမ္မကို ဆင်ခြင်ပြီး သည်းခံခဲ့ပါတယ်။ ဒါပေမယ့် ဒင်းတို့ဟာ တဖြည်းဖြည်းနဲ့
ရောင့်တက်လာတယ်။ ခုဆို ကျုပ်ကို အမြီးက ကိုင်ပြီး မွှေ့ယမ်း ဆော့ကစားမှုကိုတောင် ပြုလုပ်နေကြတယ်။ အဲဒီတော့ ကျုပ် ဆက်ပြီး သည်းမခံနိုင်တော့ဘူး။ ရသေ့ကြီးပြောတော့ သည်းခံခြင်းသည် အောင်မြင်ခြင်းဆို၊ မေတ္တာရောင်ပြန်ဟပ်ဆို၊ ခုတော့ ရောင်ပြန်မဟပ်ပဲ ကြာရင် ကျုပ်သေတော့မယ်"
အဲဒီအခါ ရသေ့ကြီးက မြွေဟောက်ရဲ့ဖြစ်အင်ကို ကြည့်ပြီး အားပါးတရ ရယ်မောပြန်တယ်။ ပြီးတော့ ရသေ့ကြီးက ဒီလိုမိန့်လိုက်တယ်
"မြွေဟောက်.. သေချာနားထောင်လော့.. ငါက သင့်ကို မကိုက်ဖို့ပဲ ဆုံးမခဲ့တာ..။ ပါးပြင်းမထောင်ရဘူးလို့ မဆုံးမခဲ့ဘူး" တဲ့
ပုံပြင်လေးကိုတော့ ဒီနေရာမှာပဲ အဆုံးသတ်ထားပါတယ်။
တကယ်တော့ ကျွန်တော်တို့ဟာ ပုံပြင်ထဲက မြွေဟောက်လိုပဲ ဖြစ်ကြတယ်။
တစ်ခါတစ်လေ အလွန်အမင်းသဘောကောင်းခြင်းဟာ အန္တရာယ် ရှိတတ်တယ်ဆိုတာ သားသား/ မီးမီးတို့ကိုပြောပြထားဖို့လိုမယ်ထင်ပါတယ်။
နွေမင်းသစ်
------------------
27/07/2017
H1N1 /H3N2​နောက်ဆုံးသတင်း 26.7.2017ညရှစ်နာရီထိ
ချင်းပြည်နယ်မတူပီ
H1N1 positive 10
ရန်ကုန်ဆေးရုံကြီး
H1N1 positive 9
သုံးယောက်သေ
ရန်ကုန်ဆေးရုံသစ်ကြီး
H1N1 positive 1
ရန်ကင်းကလေးဆေးရုံ
H1N1 positive 1
H3N2 positive 1
ထားဝယ်မြို့
ကြက်ခြံ H5N1 positive
ကျောင်းတွေတပတ်ပိတ်ထား
26.7.2017
ည၈နာရီနောက်ပိုင်း
ပဲခူး H1N1 positive 1
သင်္ဃန်းကျွန်းစံပြဆေးရုံ
H1N1 positive 2(5နှစ်ကလေး./34နှစ်အမျိုးသား)
ပုသိမ်
H1N1 positive 4
မွန်ပြည်နယ်ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲ
နှင်းစုံကျေးရွာအုပ်စု မူလတန်းကလေးများ အဖျားကြီးပြီးခေါင်းကိုက်အန်နေကြောင်း သိရ
ကလေး ၂၆ထက်လဲ ပိုနိုင်
sources -MRTV ;DR Nay Thway ;Dr Suu Nwel Khin ;Hinthar Media
copy
cd
 #အသုံးများသော  #အတိုင်းအတာများ ***12လက်မ = 1 ပေ3ပေ = 1 ကိုက်22 ကိုက် = 1 သံကြိုး10 သံကြိုး = 1 ဖာလုံ8ဖာလုံ =1 မိုင်16ေ...
25/07/2017
#အသုံးများသော #အတိုင်းအတာများ ***
12လက်မ = 1 ပေ
3ပေ = 1 ကိုက်
22 ကိုက် = 1 သံကြိုး
10 သံကြိုး = 1 ဖာလုံ
8ဖာလုံ =1 မိုင်
16 အောင်စ = 1 ပေါင်
14 ပေါင် = 1 စတုန်
2 စတုန် = 1ကွာတ
4 ကွာတ = 1 ဟန်ဒရိတ်
20 ဟန်ဒရိတ်= 1 တန်
2 ရွေးကလေး = 1 ရွေးကြီး
4 ရွေးကြီး = 1 ပဲ
2 ပဲ = 1 မူး
2 မူး = 1 မတ်
2 မတ် = 1 ငါးမူး
2 ငါးမူး = 1 ကျပ်
16 ပဲ = 1 ကျပ်သား
၃၆ ပရမာဏုမြူ = ၁ အဏုမြူ
၃၆ အဏုမြူ = ၁ လိက္ခာမြူ
၇ လိက္ခာမြူ = ၁ သန်းဦးခေါင်း
၇ သန်းဦးခေါင်း = ၁ မုန်ညင်းလုံး
၃ မုန်ညင်းလုံး = ၁ နှမ်းလုံး
၎ နှမ်းလုံး = ၁ ဆန်လုံး
၎ ဆန်လုံး = ၁ ချင်းရွေး
၈ ချင်ရွေး = ၁ ပဲ
၅ ပဲ = ၁ မတ်
၂ မတ် = ၁ ငါးမူး
၂ ငါးမူး = ၁ ကျပ်
၅ ကျပ် = ၁ ပို
၂၀ ပို = ၁ ပိသာ
၃ လက်ဘက်ရည်ဇွန်း = ၁ စားပွဲဇွန်း
၂ စားပွဲဇွန်း = ၁ အရည်အောင်စ
၂လမြူ = ၁ လမြက်
၂လမြတ် = ၁ လမယ်
၂လမယ် = ၁စလယ်
၂စလယ် = ၁ခွက်(၄ဘူး)
၂ခွက် = ၁ပြည်(၈ဘူး)
၎ပြည် = ၁စိတ်
၂စိတ် = ၁ခွဲ
၂ခွဲ = ၁တင်း
၁တင်းခွဲ = ၁အိပ်
စပါး ၂၅တင်း = လှည်းတစ်စီးတိုက်
ဆန်တစ်အိပ် = ၁၀၈ ပေါင်
မြန်မာအတိုင်းအတာအခေါ်များ -
၁၀ ဆံချည် = ၁ နှမ်း
၆ နှမ်း = ၁ မုယော
၎ မုယော = ၁ လက်သစ်
၈ လက်သစ် = ၁ မိုက်
၃ မိုက် = ၁ တောင်
၎ တောင် = ၁ လံ
၇ တောင် = ၁ တာ
၂၀ တာ = ၁ ဥသာဘ
၂၀ ဥသာဘ = ၁ ကောသ
၎ ကောသ = ၁ ဂါဝုဒ်
၎ ဂါဝုဒ် = ၁ ယူဇနာ
၁ ယူဇနာ = ၁၂ မိုင် ၆ ဖာလုံ ၄ သံကြိုး
၁ တောင် =၁ ပေခွဲ
၁ လံ = ၆ ပေ
၁ မိုက် = ၆ လက်မ
၁ ထွာ = ၉ လက်မ
°F = 1.8 °C+32 (°F to °C)
K =°C +273 (K to °C )
Processor or Virtual Storage
1 Bit = Binary Digit
8 Bits = 1 Byte
1024(B) Bytes = 1 Kilobyte (KB)
1024(KB) Kilobytes = 1(MB) Megabyte
1024(MB) Megabytes = 1(GB) Gigabyte
1024(GB) Gigabytes = 1(TB) Terabyte
Disk Storage
1 Bit = Binary Digit
8 Bits = 1 Byte
1000 (B)Bytes = 1(KB) Kilobyte
1000(KB) Kilobytes = 1 (MB)Megabyte
1000(MB) Megabytes = 1(GB) Gigabyte
1000 (GB)Gigabytes = 1(TB) Terabyte
1000 millisecond = 1 second
1000000 microsecond = 1second
1000000000 nanosecond = 1second
1 kilohertz = 1000 hertz
1megahertz = 1000 kilohertz
1 gigahertz = 1000 megahertz
A1 594 x 841 mm 23.4 x 33.1 in
A2 420 x 594 mm 16.5 x 23.4 in
A3 297 x 420 mm 11.7 x 16.5 in
A4 210 x 297 mm 8.3 x 11.7 in
A5 148 x 210 mm 5.8 x 8.3 in
A6 105 x 148 mm 4.1 x 5.8 in
A7 74 x 105 mm 2.9 x 4.1 in
A8 52 x 74 mm 2.0 x 2.9 in
A9 37 x 52 mm 1.5 x 2.0 in
A10 26 x 37 mm 1.0 x 1.5 in
Letter 216 x 279 mm 8.5 x 11.0 in 1:1.2941
Legal 216 x 356 mm 8.5 x 14.0 in 1:1.6471
Units of Length
1 centimetre (cm)= 10 millimetres(mm)
1 metre(m) = 100 centimetres(cm)
1kilometre(km)= 1000 metres(m)
1Inch = 2.54 centimeter
1 m = 3.28 ft
1mile = 1.6090 Km
1 gram (g) = 1,000 milligrams(mg)
1 kilogram (kg) = 1,000 grams (g)
1 Liter (L) = 1000 grams(g)
1 Liter (L) = 1000 milliliter(ml)
1 Liter (L)=1.057 quarts(qt)
1 milliliter(ml) = 1 cubic centimeter (cc)
1 gram(g) = 1 cubic centimeter (cc)
1 pound (lb)= 453.59 grams(g)
2.21 pounds = 1 kilograms
၁ တန် = ၂၂၄၀ ပေါင်
၁ ပိသာ = ၃.၆ ပေါင်
ဘိလပ်မြေ၁ အိတ် = ၁၁၂ ပေါင်
1Gallon = 2 Viss ( ပိသာ )
1 gallon = 4 quarts
1 gallons = 3.785 liters
၁ ကျပ်သား = ၁၆.၃၂၉၃ ဂရမ်
Sand & Stone
၁ ကျင်း = ၁၀၀ ကုဗပေ
အလျားxအနံxအမြင့် မြှောက်ကာ ကျင်းဖွဲ့တွက်သည်။
Wood
1 ton = 50 cft
အသား ၅၀ကုဗပေ ကို တစ်တန် ဟုတွက်သည်။
လက်သမားတွက် သစ်တစ်တန်
ထု ၂၀ လက်မ × ဗြက် ၂၀ လက်မ ×အရှည် ၁၈ ပေ
(သို့)
၄၀၀ လက်မ × အရှည် ၁၈ ပေ
ကိုတစ်တန်ဟုတွက်သည်။
(ကျသင့်ငွေ=ထု×ဗြက်×အရှည်×1တန်တန်ဖိုး×အချောင်းရေ÷7200)
ဥပမာ 1တန် 720000ဖြင့် 4" 2" အရှည် 9ပေ အချောင်း 50 တန်ဖိုးရှာရန်
ကျသင့်ငွေ=4×2×9×720000×50÷7200 ကျပ်
=360000 ကျပ်
၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၁ ဧကရှိသော စတုရန်းပုံအနားတစ်ဖက် = ၂၀၈.၇၁ပေ(၂၀၉)
၁ ဧကရှိသော စတုရန်းပုံ ပတ်လည်အနား = ၈၃၄.၈၄ ပေ(၈၃၆)
"မြေဧက ဖွဲ့ နည်း - တွက်နည်းများ" (SV)
* တစ် ဧက = ၄၃၅၆၀ စတုရန်းပေ
တစ် ဟက်တာ = ၂.၄၇ ဧက
တစ် စတုရန်းမိုင် = ၆၄၀ ဧက
* လေးနားညီ စတုရန်း=
အလျား ၂၀၈.၇၁ ပေ x အနံ ၂၀၈.၇၁ ပေ။
* နှစ်နားညီ စတုဂံ = လျားxနံ ÷ 43560
* နှစ်နားပြိုင် တြာဗီဇီယံ =
ပြိုင်နား နှစ်ခုပေါင်း ÷၂ x နံ ÷ 43560
* တြိဂံ = ၀.၅xအခြေxအမြင့် ÷ 43560
* ထောင့်မှန် တြိဂံ -
အခြေxအမြင့် = ရလာဒ် ÷ ၂ ÷ 43560
* စက်ဝိုင်း -
အချင်းဝက်x အချင်းဝက်x 3.1416 ÷ 43560
(သို့)
စက်ဝိုင်း -
အချင်းxအချင်းx .၇၈၅၄ ÷ 43560
* ပုံသေ မြှောက်ကိန်း ၀.၇၈၅၄
ဝ.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို
(အနားလေးဖက်) ၄ နှင့်စားပြီး စတုရန်းကွက် ဖေါ်သည်။
အနားငါးမျက်နှာ ၆မျက်နှာနှင့် အနားများစွာ =
စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ် ပြီးတွက်
ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။
************************************
Credit........?
#အထွေထွေဗဟုသုတ
သမိုင်းဥာဏ်စမ်း**********၁ မြန်မာမင်းတွေထဲက မိဖုရားမပါရှိပဲ လူပျိုမင်းအဖြစ် ဘိတ်သိတ်ခံယူတဲ့မင်းက ဘယ်မင်းဖြစ်မလဲ  ?၂ မြန်...
23/07/2017
သမိုင်းဥာဏ်စမ်း
**********
၁ မြန်မာမင်းတွေထဲက မိဖုရားမပါရှိပဲ လူပျိုမင်းအဖြစ်
ဘိတ်သိတ်ခံယူတဲ့မင်းက ဘယ်မင်းဖြစ်မလဲ ?
၂ မြန်မာမင်းတွေထဲက မိဖုရားအများဆုံး
တော်ကောက်တော်မူသော မင်းကဘယ်မင်းဖြစ်မလဲ ?
၃ မြန်မာမင်းတွေထဲက အသက်အငယ်ဆုံး
မြို့တည်နန်းတည်မင်းက ဘယ်မင်းဖြစ်မလဲ ?
၎ မြန်မာမင်းတွေထဲက နန်းသက်အရှည်ဆုံးမင်းက
ဘယ်မင်းဖြစ်မလဲ ?
၅ မြန်မာမင်းတွေထဲက နန်းသက်အတိုဆုံးမင်းက
ဘယ်မင်းဖြစ်မလဲ ?
၆ မြန်မာမင်းတွေထဲက နယ်ပါယ်ဧရိယာ
အကျယ်အဝန်းဆုံး နိုင်ငံထူထောင်တာ
ဘယ်မင်းဖြစ်မလဲ ?
၇ မြန်မာမင်းတွေထဲက ဆိုးဆိုးဝါးဝါး
စိတ္တဇဝေဒနာဖြင့် ကံကုန်တဲ့မင်းက
ဘယ်မင်းဖြစ်မလဲ ?
၈ မြန်မာမင်းတွေထဲက ဘယ်မင်းလက်ထက်မှာ
ရာဇပလ္လင်ပေါ် မိဖုရားပါ အတူတွဲထိုင်မှု
စတင်ခဲ့သလဲ ?
၉ မြန်မာမင်းတွေထဲမှာ အသက်အငယ်ဆုံး
နန်းတတ်ခဲ့တဲ့မင်းက ဘယ်မင်းဖြစ်မလဲ ?
၁၀ မြန်မာမင်းတွေထဲက သားတော် သမီးတော်
အများဆုံးမင်းက ဘယ်မင်းဖြစ်မလဲ ?
----------------------
စိတ်ထဲ ဖြေကြည့်လို့ မရတဲ့အခါ
အောက်ပါ အဖြေများကို ဖတ်ပါ :)
အဖြေ
****
၁ မိဖုရားမပါပဲ ဘိတ်သိတ်ခံတဲ့မင်းက
တပင်​​ရွှေထီး တောင်ငူခေတ်
၂ မိဖုရားအများဆုံးတော်ကောက်တဲ့ မင်းက
ဘိုးတော်ဗဒုံမင်း ၅၄ပါး
(မှတ်ချက် - မင်းတုန်းမင်း ၅၀ပါး)
၃ အသက်အငယ်ဆုံး မြို့တည်နန်းတည်မင်းက
သတိုးမင်းဖျား အင်းဝမြို့တည် အသက် ၁၉နှစ်
(မှတ်ချက်-စစ်ကိုင်းမြို့တည် အသင်္ခယာစောယွန်း
အသက်၂၀နှစ်)
၎ အ​လောင်းစည်​သူ (၄၇၃-၅၂၉)
၅​ ဖောင်းကားစား​မောင်​​မောင်​ ၇ရက်
၆ ဘုရင့်​​နောင်
၇ သာယာဝတီမင်း
၈ ဘကြီးတော်စစ်ကိုင်းမင်း
(မိဖုရားခေါင်ကြီး နန်းမတော်မယ်နု)
၉ မင်းလှငယ် အသက် ၉နှစ် နန်းတတ်
(မှတ်ချက် နန်းစံ၃လ)
၁၀ ဘိုးတော်ဗဒုံမင်း သားတော် ၆၂
သမီးတော် ၅၆ ပေါင်း၁၁၈ယောက်
(မှတ်ချက် မင်းတုန်းမင်း သားတော် ၅၁
သမီးတော် ၆၆ ပေါင်း၁၁၇ယောက် )
ဖြစ်ပါသည်။ :)
ခွက်ဒစ် : ဘုန်းမင်းမြတ်
Credit to မှ တ် စု ကြ မ်း
Address
ချောင်းမကြီးရွာ
Wetlet
SHWEBO
Website
Alerts
Be the first to know and let us send you an email when အလင်းရောင် - ယဉ်ကျေးလိမ္မာဓမ္မစကူးလ်သင်တန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Share
Category