စစ်တွေကဗျာဝိုင်း

စစ်တွေကဗျာဝိုင်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from စစ်တွေကဗျာဝိုင်း, Sittwe.

(စစ်တွေကဗျာဝိုင်းမှ အထူးဝမ်းနည်းမိပါကြောင့်⭐⭐⭐⭐⭐ကဗျာဆရာမောင်ခိုင်အောင်(၂၇မေ၁၉၅၃ -၅မေ၂၀၂၅)ကဗျာဆရာ မောင်ခိုင်အောင်(ခေါ်) ဆ...
06/05/2025

(စစ်တွေကဗျာဝိုင်းမှ အထူးဝမ်းနည်းမိပါကြောင့်

⭐⭐⭐⭐⭐
ကဗျာဆရာမောင်ခိုင်အောင်
(၂၇မေ၁၉၅၃ -၅မေ၂၀၂၅)

ကဗျာဆရာ မောင်ခိုင်အောင်(ခေါ်) ဆရာဦးဦးလှစော ၏ မိသားစုရို့နန့်တတူ စစ်တွေကဗျာဝိုင်းမိသားစုမှ ထပ်တူဝမ်းနည်းမိပါကြောင့်

ဆရာမောင်ခိုင်အောင်(ခေါ်) ဦးဦးလှစော
ကောင်းရာမွန်ရာ ဘုံဌာနကို ရောက်ဟိနိူင်ပါစီကြောင့် အကျွန်ရို့ကဗျာဝိုင်းမိသားစုမှ ဆုတောင်းမေတ္တာပို့သ ပီးလိုက်ပါရေ

🫡ရက္ခိုင့်ရို့ ကြယ်တစ်ပွင့်ကြွီကျခြင်း🫡
( 27may1953 - 5may2025 )
🙏🙏🙏🙏🙏
#သတင်းရဟိမှု လိုင်းအခက်ခဲ့ကြောင့် အခုမှ postတင် ဝမ်းနည်းကြောင့် ပြောကြားရခြင်းအတွက် နားလည်းပီးကတ်ပါလို့ အနုအညွတ်တောင်းပန်အပ်ပါရေ

စစ်တွေကဗျာဝိုင်း မိသားစု
6may2025

Happy Birthday ပါ ဗဂျီး
08/11/2023

Happy Birthday ပါ ဗဂျီး

စစ်တွေမြို့အတွင်း ပြုလုပ် ကျင်းပလျက် ဟိမ့်သော #စစ်တွေကဗျာဝိုင်း ရေရှည် သက်ဝင် လှုပ်ရှားနိုင်ရေးအတွက်စေတနာ သဒ္ဓါ တရား ထက်...
15/10/2023

စစ်တွေမြို့အတွင်း ပြုလုပ် ကျင်းပလျက် ဟိမ့်သော
#စစ်တွေကဗျာဝိုင်း ရေရှည် သက်ဝင် လှုပ်ရှားနိုင်ရေးအတွက်

စေတနာ သဒ္ဓါ တရား ထက်သန်စွာဖြင့်
အလှူငွေ ၅၀၀၀ိ ကို ပါဝင်လှူဒါန်းပီးပါသော
#ဆရာသိန်းဝင်း(မာန်အောင်) အား
စစ်တွေကဗျာဝိုင်းတော်သူ/သားများမှ ဤဂုဏ်ပြုလွှာနှင့်အတူ
ဝမ်းမြောက်စွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

"ဆန္ဒနန့်ဘဝ တထပ်တည်း ကျနိုင်ပါစီဆရာ"

#စစ်တွေကဗျာဝိုင်း
#10.15.2023

စစ်တွေမြို့အတွင်း ပြုလုပ် ကျင်းပလျက် ဟိမ့်သော #စစ်တွေကဗျာဝိုင်း ရေရှည် သက်ဝင် လှုပ်ရှားနိုင်ရေးအတွက်နိန်ရာထိုင်ခင်း ခွင်...
09/10/2023

စစ်တွေမြို့အတွင်း ပြုလုပ် ကျင်းပလျက် ဟိမ့်သော
#စစ်တွေကဗျာဝိုင်း ရေရှည် သက်ဝင် လှုပ်ရှားနိုင်ရေးအတွက်

နိန်ရာထိုင်ခင်း ခွင့်ပြုပီးရေအပြင်
စေတနာ သဒ္ဓါ တရား ထက်သန်စွာဖြင့်
အလှူငွေ ၁၁၀၀၀၀ိ ကို ပါဝင်လှူဒါန်းပီးပါသော
#ဘဒ္ဒန္တသူရဓမ္မမဟာကုသလကျောင်းဆရာတော် အား
စစ်တွေကဗျာဝိုင်းတော်သူ/သားများမှ ဤဂုဏ်ပြုလွှာနှင့်အတူ
ဝမ်းမြောက်စွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

"ခန္ဓာကျန်းမာ စိတ်ချမ်းသာ၍
ဆန္ဒနန့်ဘဝ တထပ်တည်း ကျနိုင်ပါစီအသျှင်ဘုရား”🙏

#စစ်တွေကဗျာဝိုင်း
#9.9.2023

စစ်တွေကဗျာဝိုင်း ရည်ရှည် သက်ဝင် လှုပ်ရှားနိုင်ရေးအတွက်အလှူငွေများ လှူဒါန်းပီးပါသော ဆရာမ မေမြတ်အား  အထူးကျေးဇူးတင်လျက်ဤဂု...
08/10/2023

စစ်တွေကဗျာဝိုင်း
ရည်ရှည် သက်ဝင် လှုပ်ရှားနိုင်ရေးအတွက်
အလှူငွေများ လှူဒါန်းပီးပါသော
ဆရာမ မေမြတ်အား
အထူးကျေးဇူးတင်လျက်
ဤဂုဏ်ပြုလွှာဖြင့် မှတ်တမ်းတင်လိုက်ပါသည်။

#စစ်တွေကဗျာဝိုင်း

စစ်တွေကဗျာဝိုင်း အပတ်စိုင် (၂၀) ကြိမ်မြောက်ကို​ပြုလုပ်လားဖို့ ဖြစ်ရေအတွက်နန့်ကဗျာဆရာတိနန့်တကွ စာပီချစ်မြတ်နိုး များအားလု...
07/10/2023

စစ်တွေကဗျာဝိုင်း
အပတ်စိုင် (၂၀) ကြိမ်မြောက်ကို
​ပြုလုပ်လားဖို့ ဖြစ်ရေအတွက်နန့်
ကဗျာဆရာတိနန့်တကွ စာပီချစ်မြတ်နိုး များအားလုံးကို
တလေးတစား ဖိတ်ခေါ်လိုက်ရပါရေ။

စာပီအတွက် တစ်ဒေါင့်တစ်နိန်ရာက အကျိုးဖြစ်စီဖို့ ၊မိမိရို့၏ အတွေးတိ၊စိတ်ကူးတိကို နှီးနှောဖလှယ်ဖို့နန့် စာပီဗဟုသုတတိမျှဝီဖို့တွက် အကျွန်ရို့
စစ်တွေကဗျာဝိုင်း ကို တက်ရောက်ပီးကတ်ပါရန် ဖိတ်ခေါ်လိုက် ပါရေ။

စာပီချစ်အမျိုးတိအားလုံးကို လေးစားတန်ဖိုးထားလျှက်....

နက်ဖြန်ခါ စစ်တွေကဗျာဝိုင်းမှာ ဆုံတွိကတ်ပါမေ..။



#စစ်တွေကဗျာဝိုင်း

"ကဗျာဝိုင်း"*စာပီအတွက်၊ စိတ်ချင်းဆက်လို့တွဲလက်ခေါ်ယူ၊ ရင်ချင်းတူရေအားတူပြိုင်တွန်း၊ သုတလမ်းတွက်စိတ်စွမ်းဖြိူင်ဖြိုင်၊ အတ...
06/10/2023

"ကဗျာဝိုင်း"

*စာပီအတွက်၊ စိတ်ချင်းဆက်လို့
တွဲလက်ခေါ်ယူ၊ ရင်ချင်းတူရေ
အားတူပြိုင်တွန်း၊ သုတလမ်းတွက်
စိတ်စွမ်းဖြိူင်ဖြိုင်၊ အတွေးမြိုင်ရေစာပီဝိုင်း။

*ကဗျာသမား၊ တွေးစွမ်းအားနန့်
ရွီးသားမြောက်ပြောင်၊ စာကလောင်ရို့
အမှောင်လည်းကင်း၊ ပီတိခင်းကာ
ရင်တွင်းခိုင်ခိုင်၊ အပြုံးလှိုင်သောစာပီဝိုင်း။

*စာဖွဲ့ဋီကာ၊ ဥာဏ်အလွှာနန့်
ထူကာစပ်ပေါင်း၊ ကဗျာကောင်းရို့
ဟောင်းမလားအောင်၊ နိမိတ်ဆောင်ရ
ကလောင်နန်းဘုံ၊ ရသစုံရေစာပီဝိုင်း။


*တိုးတက်လို့လာ၊ ခေတ်ညီစွာတဖန်
မော်ဒန်ရှုဒေါင့်၊ ဟန်ဆင့်ဝင့်လို့
ရှေးတင့်ဂုဏ်မှန်၊ ကာရန်ကဗျာ
ဝီဆာဖူးညှင်း၊ မွှီးကြိုင်သင်းဖို့
စိတ်ချင်းဖလှယ်၊ အမြင်စုံရေစာပီဝိုင်း။

*စာချစ်သူရို့
မငြူမိုးဒဏ်၊ လီမင်းထံလေ့
အားမာန်ပေါင်းစု၊ ညီညာပြုလို့
ထုဆစ်စာပီ၊ ပိုလန်းစီရေး
မျှော်တွေးနောင်ခါ၊ စာပီလိုက်စား
လူငယ်မျိုးရို့
မှတ်သားလေ့လာ၊ နည်းယူလာဖို့
ကဗျာပန်းရို့ ဆန်းရေဝိုင်း
ကဗျာပန်းရို့ လန်းရေဝိုင်း။

ဦးကောဏ္ဍည(မြို့ဟောင်း)

27/09/2023

😍😍

Address

Sittwe

Telephone

+959453976426

Website

Alerts

Be the first to know and let us send you an email when စစ်တွေကဗျာဝိုင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share