စွပ်ကျယ်

စွပ်ကျယ် တောင်ကြီးမြို့တွင်းအလုပ်အကိုင်ရှာ?

14/12/2025

(14/12/2025)
တောင်ကြီးမြို့ပေါ်ရှိ အိမ်သုတ်‌ဆေးကုမ္ပဏီတခုတွင် မြို့တွင်း ပစ္စည်းပို့ ကားမောင်းရန် ။
Driver (ယဉ်မောင်း) - 1 ဦး အမြန် အလိုရှိပါသည်။
ဆက်သွယ်ရန်
09428319041
09450264383

05/11/2025
16/10/2025

တောင်ကြီးမြို့ပေါ်ရှိ အိမ်သုတ်‌ဆေးကုမ္ပဏီတခုတွင်အလုပ်လုပ်ရန်။ (16/10/2025)
Driver (ယဉ်မောင်း) - 1 ဦး အမြန် အလိုရှိပါသည်။
ဆက်သွယ်ရန်
09450264383

"ရေးချိန်တန်လို့ ရေးမိသွားတဲ့စာ"=====================ရန်ကုန်မှာ အသည်းရောင် အသားဝါ Aပိုးဖြစ်နေကြတဲ့သူတွေ အများကြီး တွေ့နေ...
26/02/2025

"ရေးချိန်တန်လို့ ရေးမိသွားတဲ့စာ"
=====================
ရန်ကုန်မှာ အသည်းရောင် အသားဝါ Aပိုး
ဖြစ်နေကြတဲ့သူတွေ အများကြီး
တွေ့နေရတယ်လို့ သတင်းထဲမှာ ဖတ်မိပါတယ်။

Food Safety and Hygiene နဲ့ ပတ်သက်လို့
စာတွေအများကြီးရေးဖူးသလို
ပဲပြား၊ပဲသွေး မုန့်ဟင်းခါးဖတ်၊တွေဈေးထဲဝင်ဖျက်ဆီးပြတာ အဖြေမဟုတ်၊
ထုတ်လုပ်သူနဲ့ စားသုံးသူတွေကို
အသိဉာဏ်မြှင့်ပေးရကြမယ့်အရာပါ လို့လည်း
စာတွေရေးခဲ့ဖူးတယ်။

နိုင်ငံတချို့မှာ
Food Hygiene and Safety ကို သင်ရိုးညွှန်းတွေထဲထည့်သင်သလို
ကိုယ့်နိုင်ငံမှာလည်း ကလေးငယ်တွေကို
သင်ကြားပြသပေးဖို့ လိုအပ်နေပြီလို့ မြင်တယ်။

စားသုံးသူအများကလည်း
အရသာကောင်းမွန်ခြင်းအပြင်
ဆိုင်က ချက်ပြုတ်လုပ်ကိုင်နေတဲ့ အစားအစာတွေ
သန့်ရှင်းမှုရှိမရှိ သတိထားဂရုစိုက်သင့်နေပါပြီ။

ခုစာက လမ်းဘေးဈေးသည်တွေကို
ထိခိုက်သလို
ဖြစ်သွားမှာ စိုးရိမ်ပေမယ့် ....
Knowledge မြင့်ပေးဖို့ ရေးမှဖြစ်မယ်ဆိုတဲ့
အတွေးနဲ့ ရေးလိုက်မိတာ။

အရင်တုန်းက အစားအစာတွေကို
လမ်းဘေးမှာထိုင်စားရတဲ့ Feeling နဲ့
လွတ်လပ်မှု အရသာကို
ကျွှန်တော်ကိုယ်တိုင်
နှစ်သက်ခဲ့ဖူးပါတယ်။

ပန်းခြံတခုရဲ့ အိမ်သာက ရေတွေနဲ့ အစားအသောက် အချဉ်ဖျော်တာတွေ၊
မုန့်လက်ဆောင်းဖတ် အရည်တွေထဲထည့်တာတွေ၊
ပန်းခြံလောင်းတဲ့ရေပိုက်တွေနဲ့
အစားအစာရောင်းမယ့်ပုံးတွေထဲ ဖြည့်နေကြတာတွေ၊
မြင်ဖူးသွားကတည်းက .....
မသန့်ရှင်းဖူးထင်တဲ့ ...လမ်းဘေးအစား အစာကို သတိနဲ့ရှောင်တယ်။
ပန်းကန်ဆေးတာတွေ ရေဘယ်လိုသုံးလည်းကြည့်တယ်။
ပုံးတခုထဲမှာပဲ ပန်းကန်အများကြီးထည့်ဆေးပြီး
စားဖို့ ပြန်သုံးနေတဲ့ ဆိုင်မျိုးကို ရှောင်တယ်။

စားဖိုမှူးတွေဟာ ချက်ပြုတ်ပြီး အစားအစာတွေကို
ပြင်ပအပူချိန်မှာ 2နာရီ အတွင်း
ရေခဲသေတ္တာ ထဲထားနိုင်အောင် စီမံကြရပါတယ်။
ဟိုတယ်၊စားသောက်ဆိုင်တွေမှာ
မီးအပူချိန်နဲ့ထားတဲ့ Buffet food တွေတောင်
၂နာရီဆို အသစ်လဲကြရတာပါ။

အပူချိန် (Temperature )ဟာ ချက်ပြုတ်မှု ၊ထားသိုမှု၊
အားလုံးအတွက်အရေးကြီးတာကြောင့်.....
Expired date မတိုင်မှီ အစားအစာတွေ
ပျက်စီးနေကြရတာလည်း( temperature)မမှန်တာတွေ
ဘက်တီးရီးယားတွေ တိုးပွါးလာတာတွေကြောင့်ဆိုတာ
သိထားကြရပါမယ်။

ချက်ပြုတ်မှုမရှိပဲ အသင့်စား ready to eat Food တွေဖြစ်တဲ့
ခေါက်ဆွဲသုပ်၊ကြာဇံသုပ်လို အစားအစာတွေကို
ပြင်ပအပူချိန်နဲ့ တနေ့လုံးရောင်းချစားသောက်နေကြတာဟာ food safety မရှိပါဘူး။
ဘက်တီးရီးယားတွေကြောင့် ရောဂါဖြစ်စေနိုင်ပါတယ်။
ကိုယ်ခံအားကောင်းနေချိန် မသိသာပေမယ့်
ကိုယ်ခံအားနည်းနေတဲ့အချိန် ၊အသက်အရွယ် ကြီးပြင်းလာတဲ့ အချိန်မှာ စုပြုံပြီး
ရောဂါ ခံစားရစေနိုင်တာပါ။

ငယ်ငယ်တုန်းက ရေခဲရေသည် တွေ
တွေ့ဖူးတယ်။
ရေခဲတုံးကြီးကိုခွဲ၊ ရေစစ်ထဲထည့် ပြီး
ရေခဲရေသောက်မယ့်လူလာရင် ....
အောက်ကခံပုံးထဲက ရေတွေနဲ့
သုံး၊လေးကြီမ်လောင်းချပြီး
ခွက်ထဲထည့် ပေးလိုက်တာမျိုး၊
သူများသောက်ပြီးသားခွက်ကို
တကြိမ်အသုံးပြုပြီးတိုင်း ဆပ်ပြာနဲ့ ပြန်ဆေးတာမျိုး
လုံးဝမတွေ့ဖူးခဲ့ဘူး။

တကယ်ဆို လမ်း ဘေး အစားအစာ ရောင်းချတဲ့
ခွက်တွေ၊ပန်းကန်‌ တွေကို
ဆပ်ပြာနဲ့ဆေးကြောတောင်၊
သေချာပြောင်စင်အောင်မဆေးရင် Chemical Hazard လို့ခေါ်တဲ့
ဆပ်ပြာမှာပါဝင်တဲ့ ဓါတုဆေးအကြွင်းအကျန်
အန္တရာယ်တွေနဲ့ စားသုံးသူကို ဘေးဥပါဒ် ရောဂါရစေနိုင်သေးတာ။

ကိုယ်တိုင် ရေခဲထုတ်တဲ့‌ နေရာမှာ
အလုပ်လုပ်ခဲ့ဖူးတယ်။

ရေခဲတုံးစက် တွေ အကြောင်း
အကြမ်းရေးပြရရင်
ရေကို သံပုံးရှည်တွေထဲ ပိုက်နဲ့ဖြည့်ပြီး
စက်တွေမောင်းတဲ့အချိန်
ရွှံ့ရေလို အဝါရောင် နမိုးနီးယား အငွေ့နဲ့ ရေတွေ
ဝေ့ဝိုက်ပြီး သံပုံးထဲက ရေကို ရေခဲတုံးဖြစ်အောင်လုပ်ပေးထားတာ။
သံပုံးရှည်တွေကို ရေအခဲလုပ်တဲ့ကန်ထဲ ပြန်ထည့် ရတဲ့ အခါ စက်သီးနဲ့ မပြီး ရွေ့
အောက်ခံရေကြောင့် ပေါ့နေတဲ့ သံပုံးကိုခြေထောက်နဲ့ ဖိနင်းပြီး ရေခဲမယ့် သစ်သားကွက် အကန့်ထဲ ဖိချရတယ်။

ပြီးမှ ‌အပေါ်က ကြမ်းကွက် သစ်သား အဖုံးကို
ပြန်အုပ်ပေးကြရသလို ....
သစ်သားကြမ်း အဖုံးအုပ်ပြီးတဲ့ အခါ ကိုယ်ခဲထားတဲ့ ကြမ်းပြင်အကန့်ကို မှတ်ထားပြီး
ရေခဲနိုင်တဲ့ အချိန်မှ ပြန်ဖော်ကြရတာ။

အဲ့မှာ ပြောပြချင်တာက ရေခဲပုံးတွေကို ကန်ထဲဖိနင်းချရတဲ့အခါ အေးလွန်းလို့ ဖိနပ်စီးထားတဲ့ ခြေထောက်နဲ့
ဖိကြရတယ်။
တခါတရံ ဖိနပ်ကျွတ်သွားရင် ရေခဲပုံး၊ရေခဲကန်ထဲက မနည်းပြန်ဆယ်ရတယ်။

ရေခဲတွေကို သံချွှန်နဲ့ချိတ်
ကားပေါ် အတင်အချ အသွင်းအထုတ်လုပ်တော့လည်း အဖုံးသစ်သားကြမ်းခင်းတွေပေါ်ပဲ။
ကားပေါ်တင်တော့လည်း ညစ်ပတ်နေတဲ့ ကားကြမ်းပြင်ပေါ်။
ရေခဲပုံးအုပ်ထားတဲ့ ကြမ်းခင်းတွေကိုနင်းထားတဲ့ ရွှံခြေရာတွေ အညစ်အကြေးတွေကို
ရေပိုက်နဲ့ ပြန်ဆေးကြရတဲ့အခါ ညစ်ပတ်တဲ့ရေတွေကျသွားတာကလည်း
ရေခဲကန်နဲ့ သံပုံးတွေထဲကိုပဲ။
အဲ့လောက်ဆို ရေခဲတုံးကြီးတွေဟာ ဘယ်လောက် ညစ်ပတ်မှန်း သိလောက်ပါပြီ။
(ငယ်ငယ်ကစားခဲ့ဖူးတဲ့ အချိုရည်ဆမ်း၊နို့ဆီဆမ်းတဲ့ ရေခဲခြစ်တွေ ပြန်သတိရသွားတယ်)

ဟိုတယ်တွေ၊ သင်္ဘောပေါ်တွေမှာဆိုလည်း
ရေသန့် ရေခဲတုံးတွေ စက်ထဲကထုတ်ရင် ....
လက်အိတ်စွပ်ရသလို
sanitizing လုပ်ထားတဲ့ ခွက်တွေနဲ့ ကိုင်တွယ်ခပ်ယူမှု၊
အပတ်စဉ် စက်သန့်ရှင်းရေး ....
အစစအရာရာ
အတော်သတိထား ဂရုစိုက် ကိုင်တွယ် ထုတ်လုပ်ကြရတာမျိုး။

အချို့ဈေးတွေမှာ ဈေးသည်တွေ
ကိုယ့်ကလေးငြိမ်အောင် သား၊ငါးတွေ သယ်တဲ့ဆီကရေခဲတုံးက အပဲ့တွေ
ကျွေးထားတာမြင်ရရင် ရင်နာရတယ်။

အသိပေးဖြန့် ဝေမှုလည်းမရှိ ...
မသိနားမလည်၊အသိချို့ယွင်းမှုကြောင့်
မလုပ်သင့် မဖြစ်သင့်တာတွေ နဲ့ ရောဂါတွေကို
ကိုယ့်ပြည်သူတွေခံနေကြရတာမျိုး။

နောက်တခုက...
အလှူတွေမှာ ချက်ပြုတ်တာတွေစားပြီး...
လူအများအပြား ဆေးရုံတင်ကြရတာမျိုးတွေဟာ
Food poisoning အစာအဆိပ်သင့်တာမျိုးကြောင့်
မဟုတ်ပဲ
မသန့်ရှင်းတဲ့ ရေကြောင့် ဖြစ်ကြရတာမျိုး
ပိုများပါတယ်။

မသန့်ရှင်းတဲ့ ရေလို့ ဆိုရာမှာ ....
ကိုယ်ခပ်ယူတဲ့၊ ရေတွင်း၊ရေကန်ထဲက ရေတွေပါသလို
ခပ်ယူသိုလှောင်တဲ့ စဉ့်အိုး၊တိုင်ကီ၊ရေပုံးတွေကြောင့်ပါ ဖြစ်နိုင်ကြတာ သတိပြုကြရမှာပါ။

မသန့်ရှင်းတဲ့ရေတွေကြောင့် ဖြစ်နိုင်တဲ့ ရောဂါတွေမှာ...
ဝမ်းပျက်ဝမ်းလျှောရောဂါတွေ၊
ကာလဝမ်းရောဂါတွေ၊
အသည်းရောင် အသားဝါရောဂါတွေ၊
ပိုလီယိုရောဂါ၊
အူရောင်ငမ်းဖျား ရောဂါမျိုးတွေ
အများဆုံးတွေ့ကြတာ။

အတွေးအခေါ်ပညာရှင်ကြီး
ကွန်ဖြူးရှပ်ရေးတဲ့ စာလေးထဲကလို
"ဘာအလုပ်ကိုပဲလုပ်လုပ်
မိမိကိုယ်တိုင် ချစ်မြတ်နိုးတန်ဖိုးထား
ဂရုစိုက်ဖို့ လိုပါတယ်" ဆိုတဲ့
စာသားလေးအတိုင်း....
လမ်းဘေးဈေးသည်ပဲဖြစ်ဖြစ်၊
စားဖိုမှူးပဲဖြစ်ဖြစ် အစားအသောက်နဲ့
အသက်မွေးဝမ်းကြောင်းပြုသူတွေ၊ကိုင်တွယ်နေရသူတွေဟာ...
အစားအသောက် အရသာ အပြင်
သန့်ရှင်း၊အန္တရာယ်ကင်းမှုကိုပါ
ဂရုစိုက်ဖို့လိုပါတယ်။

ဟိုတယ်တွေ၊ နိုင်ငံခြားသင်္ဘောတွေ မှာတောင်
အသုံးပြုတဲ့ရေသန့်တွေကို
RO (Reverse Osmosis )စနစ်ဖြတ်ပြီး
ရေသန့်စင်ခြင်းကို နေ့စဉ်စစ်ဆေး တိုင်းတာ
ယူနေကြရတာမို့....
လမ်းဘေး အစားအသောက်ရောင်းတဲ့
ဆိုင်လေးတွေကိုလည်း
ရေသန့်ဗူးထဲက ရေတွေနဲ့
ချက်ပြုတ်ပြင်ဆင်ပေးနိုင်ကြဖို့
မျှော်လင့်မိပါရဲ့......

ကိုယ်တိုင်လည်း စားသောက်ဆိုင်ဖွင့်ထားတဲ့
စားဖိုမှူးတယောက်မို့ အပိုပေးတဲ့ ဟင်းချိုကအစ
ရေသန့်ဗူး ရေနဲ့ပဲ အသုံးပြုပါတယ်။
ရေသန့်ကို ကျိုချက်မသောက်သုံးသင့်ဘူးဆိုတဲ့
သတင်းအမှားကလည်း ပြည်သူတွေကြား
ပျံ့ခဲ့ဖူးတာမို့.....
နိုင်ငံတကာဟိုတယ်‌၊စားသောက်ဆိုင်တွေ၊အပျော်စီးသင်္ဘောတွေမှာ...
ရေသန့်ကို အစားအစာတွေချက်ပြုတ်တဲ့အခါ သုံးစွဲကြရပြီး....
ကျိုချက် သောက်သုံးလို့ အန္တရာယ်မရှိကြောင်း ရေးခဲ့ဖူးပါတယ်။
..........................

ပုံလေးက.....
ပို့စ်တခုရဲ့အောက်မှာ ကွန်မန့်လေးတွေ့လို့
ယူသုံးထားပါတယ်။

(၂၅.၂.၂၅ .....အမှတ်တရ.....ရေးမိရေးရာ.....
သန်းကြွယ်)
...........................

တော်တော်လေး သုံးလို့ အဆင်ပြေတဲ့ လောင်စာတောင့် ကုန်ကျစရိတ်သက်သာတယ်
19/12/2024

တော်တော်လေး သုံးလို့ အဆင်ပြေတဲ့ လောင်စာတောင့် ကုန်ကျစရိတ်သက်သာတယ်

#လောင်စာတောင့်ဆိုဒ်စုံတောင်ကြီး
ဆိုဒ်အကြီး /ပုံမှန်ဆိုဒ် လိုချင်တာရပြီ ။
အိမ်အရောက်ပို့ပေးပါသည်။
ပို့ခ အနီးအဝေးအလိုက် အနည်းငယ်သာ ယူပါသည်။
အကြီးဆိုဒ် မျိုး ရချင်တဲ့သူတွေအတွက်လဲ
ဆိုဒ်အခဲ ကြီးရပါပြီ ။

အကြီး ဆိုဒ် တအိတ် (30)ခဲပါသည်။ (စားသောက်ဆိုင်သုံး)
ပုံမှန် ဆိုဒ်တအိတ် (40)ခဲပါသည်။ (အိမ်သုံး)

နှစ်သက်ရာ ဆိုဒ်များလိုသလောက်ရရှိနိုင်ပါပြီခင်ဗျ။

#လောင်စာတောင့်သုံးသင့်သည့်အချက်များ

မီးတောက်အားကောင်း အသုံးခံ၊ ထင်းမီးသွေးအစားထိုးလောင်စာတောင့်လေးတွေ လက်လီလက်ကားရပါပြီ။
ထင်း မီးသွေးတို့ထက် အသုံးခံ ကုန်ကျစရိတ်သက်သာလို့အိမ်စရိတ်အတွက် တွက်ခြေလဲကိုက်တာပေါ့။
ထင်းတို့မီးသွေးတို့ သုံးတာထက် အားသာချက်တွေကလဲ အများကြီးဗျို့။
၁။ မီးခိုးငွေ့မထွက်
၂။ မီးတောက်အားကောင်း သုံးစွဲရ ကြာချိန်မြင့်။
၃။ပြာမကြွေ ပြာမထွက်။
၄။အိမ်စရိတ်ပိုသက်သာ။
၅။သုံးစွဲချိန်မ‌ပေတတ်မညစ်ပါတ်တာမို့အိမ်သန့်ရှင်း။
၆။မီးမပေါက်မီးပွားမထွက်။
၇။အခန်းတွင်းအပူချိန်ညီမျှ‌အောင်ထိန်းသိမ်းထားနိုင်သဖြင့်အသက်ကြီးဖိုးဖွား၊ကလေးငယ် ၊လူမမာတို့အတွက်အထူးသုံးစွဲရန်သင့်ခြင်း။(မီးလှုံခြင်း)
၈။ အနံ့မရှိအနံ့ဆိုးမရှိခြင်း။
၉။ ကြက်မီးကိုင်ရန်အင်မတန်သင့်တော်။
ရေးရင်တော့အများကြီးပဲဗျ။
လိုအပ်လိုဆက်သွယ်မှာယူချင်တယ်ဆိုရင်တော့
အောက်ပါဖုန်းနံပါတ်လေးတွေကိုဆက်သွယ်လိုက်ပါဗျို့။
နယ်ဝေးကားတင်ပေးပါသည်။
09775990299
09779389930
ကံသာရပ်ကွက်၊တောင်ကြီးမြို့။

20/10/2023
17/02/2023

တစ်လမှ လစာငွေ နှစ်သိန်းသာရသောအဖေက
ဒီဟောပြောပွဲကို သွားနားထောင်ရင်
ကျနော့်ကို မုန့်ဖိုး တစ်သိန်းပေးမယ်လို့
စည်းရုံးထားတယ်လေ။

လက်မှတ်ကြေးက တစ်စောင်ကို တစ်သောင်းနှုံး၊လက်မှတ်ငါးစောင်ဖြတ်ပေးလိုက်တယ်။
ကျနော့်ရဲ့ ဆိုးဖော်ဆိုးဖက်
သူငယ်ချင်းတွေအတွက်ရောပေါ့။

ဒီနေ့ ဒီဟောပြောပွဲကို
တက်ရောက်ကြားနာခဲ့ခြင်းဟာ
ဘဝမှာ အမှန်ဆုံးအလုပ်တစ်ခုဖြစ်မယ်ဆိုတာ
ကျနော်မသိသေးဘူး။

ခန်းမထဲမှာ လူတွေအပြည့်ပဲ။

တချို့က မိသားစုလိုက်။
တချို့က စုံတွဲခုတ်လာကြတယ်။
တချို့က ကျနော်တို့လို ဘော်ဒါအဖွဲ့။

စင်ပေါ်ကို လူတစ်ယောက် တက်လာတယ်။

မျက်နှာက ပြုံးပြုံးရွှင်ရွှင်နဲ့…
ထူးထူးခြားခြားတောက်ပနေတာက
သူ့ရဲ့ ယုံကြည်မှုရှိတဲ့ ဟန်ပန်ပဲ။

နိုင်ငံသိ ကျော်ကြားအောင်မြင်သူဆိုတော့လည်း
ဒီလို confidence ရှိနေတာ မဆန်းပါဘူး။
ဒါပေမယ့် သူက ဟိတ်ကြီးဟန်ကြီးမဟုတ်ဘူး။တကယ်ကို ပေါ့ပေါ့ပါးပါးနဲ့။
ဂျင်းဘောင်းဘီဝတ်ထားတယ်။
တီရှပ်တစ်ထည်ဝတ်ထားတယ်။

မြန်မာ့အဆင့် ၁သူဌေးကြီးလို့
ဘယ်သူထင်မှာလဲ။
"မင်္ဂလာပါ။ကျနော် ကျော်စွာပါ။”
မိတ်ဆက်ပုံက ဒီလောက်ပဲ။

နိုင်ငံတော်က ချီးမြှင့်ထားတဲ့
သူဌေးဘွဲ့ကို သူမရွတ်ပြဘူး။

"ကျနော်က ဟောပြောချင်တာမဟုတ်ဘူးဗျ။
ပြောပြချင်တာ။ဒီနှစ်ခုမတူဘူးနော်။
အပေါ်စီးကနေသင်ကြားပေးချင်တာမဟုတ်ဘူး။နှလုံးသားက လာမယ့်စကားတွေကို
နှလုံးသားထဲ တိုက်ရိုက် မျှဝေပေးချင်တာ။

ကျနော်က စကားပြောသိပ်ကောင်းတာတော့ မဟုတ်ဘူး။ဒါကြောင့် ရူပါနဲ့ပဲ ထိန်းထားရတာ။
အောင်မြင်တဲ့ နိဒါန်းပဲလား။

လေးလံခမ်းနားတဲ့ ဘွဲ့တံဆိပ်တွေနဲ့ သီရိသုဓမ္မ
ဘာညာသူဌေးကြီးက ဒီလို ပေါ့ပေါ့ပါးပါးလေး အရွှန်းဖောက်တော့ ပရိတ်သတ်က ပြုံးစိပြုံးစိ
ဖြစ်သွားတယ်။

"ကျနော်က သူဌေးဖြစ်နည်းကို ဟောပြောမှာ မဟုတ်ဘူးနော်။ကျနော့်ညီ ကျနော့်ညီမတွေလို လူငယ်တွေအတွက် ဘဝနေနည်းလေး
အကြံပြုချင်တာပါ။

တစ်ခါက ဘုရင်ကြီးတစ်ပါးက အမတ်တွေကို
ပြောတယ်။ကမ္ဘာအရပ်ရပ်က
လူသားသမိုင်းတွေကို လေ့လာချင်တယ်တဲ့။
အဲ့ဒိခေတ်က စာရွက်မပေါ်သေးလို့
ဆိတ်သားရေ၊နွားသားရေမှာ
စာရေးနေရတဲ့ခေတ်လေ။
ဘုရင့်နန်းတော်ရှေ့မှာ
လှည်းအစီးထောင်ပေါင်းများစွာဟာ
သားရေပြားတွေတင်ပြီး ရောက်နေတယ်။

ဘုရင်က အံ့သြတကြီးနဲ့
"အဲ့ဒါဘာတွေလဲ”ဆိုတော့ အမတ်ကြီးက
ကမ္ဘာအရပ်ရပ်က လူသားသမိုင်းတွေကို
သုံးနှစ်သုံးမိုးပြုစုထားတာပါတဲ့။

"ငါဘယ်လိုလုပ် ဖတ်နိုင်မှာလဲ အမတ်ကြီးရဲ့။
ခပ်တိုတိုလေး ပြန်ပြုစုပေး”

အဲ့ဒီအချိန်မှာ အမတ်ကြီးက သူဆောင်ယူလာတဲ့ သားရေပြားချပ်လေးကို ပေးလိုက်ရင်း

"ဒါကမ္ဘာအရပ်ရပ်က လူသားသမိုင်းပါ
အရှင်မင်းကြီး”

မင်းကြီးမျက္မှောင်ကုပ်သွားတယ်။
လူသားသမိုင်းတဲ့။ရေးထားတော့
စာကနှစ်ကြောင်းတည်း။

"သူတို့ မွေးဖွားလာကြသည်။
သူတို့ သေဆုံးသွားကြသည်။”

အဲ့ဒါဘဝပဲ။

နိဒါန်းက မွေးဖွားခြင်း။နိဂုံးက
သေဆုံးခြင်း။သတ္တဝါတိုင်း အတူတူချည်းပဲ။

ကျနော်လည်း ဒီမွေးဖွားခြင်းနဲ့ သေဆုံးခြင်းရဲ့
ကြားကာလမှာ ရုန်းကန်ရွေ့လျားနေတဲ့
လူတစ်ယောက်ပဲ။ကျနော်ဘယ်လိုနေခဲ့လဲ။

ကျနော်လည်း ညီလေးတို့ ညီမလေးတို့လို ကျောင်းသားလူငယ်ဘဝကိုဖြတ်သန်းခဲ့ဖူးတယ်။ဆိုးခဲ့ဖူးတယ်။တေခဲ့ဖူးတယ်။ပေခဲ့ဖူးတယ်။

ဘဝမှာ ကြက်ခြေခက်တွေ အပြည့်နဲ့။

ဘဝပျောက်လောက်အောင်တော့
မဆိုးခဲ့ဘူးပေါ့။ကျနော့်အဖေကမှာတယ်။

မင်းကြိုက်သလောက်ပျော်ပါ။ဒါပေမယ့်
အိမ်ကိုတော့ ရောက်အောင်ပြန်ခဲ့ပါတဲ့။

ဒါကို ဒဿနတစ်ခုလို့ ကျနော်မသိဘူး။

အခွင့်အရေးတစ်ခု၊လွတ်လပ်ခွင့်တစ်ခုလို့ပဲ
ထင်ခဲ့တာလေ။ညလုံးပေါက် ဂစ်တာတွေတီး၊
သီချင်းတွေဆို၊ဘော်ဒါတွေနဲ့မူးယစ်ပျော်ပါး။
မနက်လေးနာရီလောက်မှ အိမ်ပြန်ဖြစ်တဲ့
နေ့တွေက မနည်းလှဘူး။

ရက်တွေကြာလာတော့ အဖေက ပြောတယ်။

"သား ကြိုက်သလောက်ပျော်ပါ။
သားအပျော်ကြူးတာနဲ့
တိုက်ရိုက်အချိုးတူစွာ အဖေတို့
စိတ်ပူရတယ်။ဒါကြောင့် ဘယ်အချိန်ပဲဖြစ်ဖြစ်
သားအတွက် ဘေးကင်းမယ့် ဒီအိမ်လေးမှာ
တစ်ထောက်ပြန်နားပါသား။

သားဘယ်နေရာမှာမူးမှောက်ပြီး အိပ်ပျော်နေမလဲ။ဘယ်နေရာမှာ ရန်တွေဖြစ်ပြီး
အရိုက်အနှက်ခံနေရမလဲ။ဖေဖေတို့
စိတ်ပူနေရတယ်။

မနက်လင်းလို့ အိပ်ရာပေါ်မှာ ဘေးကင်းကင်းနဲ့ အိပ်မောကျနေတဲ့ သားကိုမြင်မှ အဖေတို့
တစ်ရက်စာ စိတ်အေးရတယ်”တဲ့

ကျနော်မသိခဲ့ဘူး။

ကျနော့်ရဲ့ ပျော်ပါးခြင်းဟာ မိဘကို စိတ်ပူပန်စေတယ်ဆိုတာ ကျနော်မသိဘူး။ကျနော်ပဲ ပျော်ချင်တာ။ကျနော့်တစ်ကိုယ်စာလေးပဲ ကျနော်တွေးခဲ့တာ။

အဲ့ဒီနောက်ပိုင်း တော်ရုံတန်ရုံအကြောင်းမရှိရင်
ကျနော့်အိမ်ပြန်ချိန်တွေ ဥာဉ့်မနက်တော့ဘူး။
ကျနော့်ကြောင့် မိဘကို စိတ်ပူစေမယ့်
ဘေးကို အတတ်နိုင်ဆုံးအေးစေခဲ့တယ်။

အမေကတော့ အဖေ့ကို ပြောတယ်။

"ရှင့်နည်းက စွန့်စားလွန်းရာမကျဘူးလား။
၂နှစ်နီးပါးလောက် သားလေးကို ပရမ်းပတာ လွှတ်ပေးခဲ့တာ အန္တရာယ်သိပ်များတယ်။
ဒီကြားထဲ တစ်ခုခုဖြစ်သွားတဘယ့်နှယ့်လုပ်မလဲ”တဲ့။

ကျနော့် စိတ်ထဲမှာစူးစူးနင့်နင့်နားလည်လိုက်
တာက မိဘအိမ်ဆိုတာ သားသမီးတွေအတွက် လုံခြုံဘေးကင်းရာအရပ်ပဲ။
ညီလေးတို့ ညီမလေးတို့လည်း လူငယ်ပီပီ
ရူးမိုက်ပျော်ပါးချင်လိမ့်မယ်။
ပျော်ပါးဖူးလိမ့်မယ်။

ဒါပေမယ့်

မိဘတွေဘက်က ဝင်တွေးကြည့်ပါ။
မင်းတို့အတွက် မိဘအိမ်ဟာ ဘေးကင်း
လုံခြုံရာအရပ်ပဲ။
ရောက်အောင်ပြန်ပါ။

ကျနော်ဒုတိယနှစ်ရောက်တော့ ရည်းစားရနေပြီ။အရူးအမဲသား စားရသလိုပေါ့ဗျာ။
အခုမှ ဣတ္ထိယနဲ့ ထိတွေ့ဖူးတော့
ကြားလေသွေးရင်တောင်
ဝေးတယ်လို့ ထင်မိတာမျိုး။

တစ်ရက် အဖေက မေးတယ်။

" သား ချစ်သူရပြီလား”တဲ့
"ဟုတ်ကဲ့”လို့ ဖြေတော့
"မင်းဘယ်မှာ နေမလဲ။ဘာအလုပ်လုပ်စားမလဲ။
မင်းဘဝရည်မှန်းချက်က ဘာလဲလို့
မေးတယ်။မေးခွန်းက ရိုးရှင်းသလောက်
အဖြေကသိပ်ခက်တယ်။ခက်တာထက်ကို
ပိုပါတယ်။အဖြေက ရှိကိုရှိမနေတာ။
အဖေက ဘာမှဆက်မမေးတော့ဘူး။

ဟုတ်တယ်။

ဒါက အဖေ ကျနော့်ကို မေးရမယ့်မေးခွန်း
မဟုတ်ဘူး။ကျနော့်ကို ကျနော်မေးရမှာ။
ငါဘာအလုပ်လုပ်မှာလဲ။
ငါ့ရည်မှန်းချက်ကဘာလဲ။
ကိုယ်လျှောက်မယ့်လမ်းတောင် ကိုယ်မဖောက်ရသေးတဲ့အဖြစ်ပါ။
တကယ်က လမ်းပျောက်နေတာမဟုတ်ဘူး။
လမ်းကို မရှိခဲ့တာ။

ညီလေးတို့ ညီမလေးတို့မှာရော
ရည်မှန်းချက်လမ်းတွေ ရှိကြပြီလား။

ဒီလိုနဲ့ စီးပွားရေးဘက်ကို အထူးပြုလေ့လာမယ်
ဆိုပြီး စီးပွားရေးဘက်ကို စလေ့လာတယ်။
စာတွေဖတ်တယ်။ကိုယ်ပိုင်လုပ်ငန်း
လုပ်နေကြတဲ့သူတွေကို အောက်ကျို့ခံပြီး
မေးခွန်းတွေမေးတယ်။သင်ယူတယ်။

ပညာရှာ ပမာ သူတောင်းစားမဟုတ်လား။

သိလိုသူက မာန်ချထားရတယ်။
ပြဿနာ အသစ်တစ်ခု ထပ်တွေ့လာပြန်ရော။

သမီးရည်းစားပြဿနာပါ။

ရွေးချယ်ခဲ့တုန်းက ရုပ်ရည်ကြိုက်လို့ ရွေးခဲ့တာလေ။သူ့အကျင့်၊သူ့စရိုက် ဘာကိုမှ လေ့လာပြီး ကြိုက်ခဲ့တာမဟုတ်ဘူး။

သူကျနော့်ကို ဖြတ်သွားပြီး နောက်တစ်ယောက်
တွဲသွားတယ်။
လူလည်း ရူးမလိုလို ကြောင်မလိုလို
ဖြစ်သွားသေးတယ်။
သစ္စာမရှိတဲ့ မိန်းမဘာညာပေါ့။ကျိမ်စာတွေတိုက်။အသဲတွေကွဲ၊အရက်တွေမူး။

အဲ့ဒီအချိန်မှာ အဖေကထပ်မေးတယ်။

"သူ့မှာ မင်းကို ဖြတ်ဖို့အခွင့်ရေးမရှိဘူးလား”တဲ့

ဟုတ်တယ်။ဘာစာချုပ်စာတမ်းမှ
ရှိတာမဟုတ်ဘူး။

တစ်သက်လုံးလက်တွဲပါမယ်လို့လည်း
ကတိမပေးထားဘူး။

ကျနော့်ကို သူ မလိုချင်တော့ရင်၊မလိုအပ်တော့ရင် လမ်းခွဲဖို့ သူ့မှာ အခွင့်အရေးရှိနေတာပဲ။
ကျနော်လက်ခံပေးလိုက်တယ်။

နောက်တစ်ခါများတော့ ရည်းစားထားမယ်ဆိုရင်
သူ့ဘက်ကိုလည်း သေချာလေ့လာမယ်။
ကိုယ့်ဘက်ကလည်း သေချာပြင်ဆင်မယ်။
ဒီလိုတွေးဖြစ်လာတယ်။

တစ်သက်လုံး ကိုယ့်အိပ်ရာဘေးမှာ ထားရမယ့် အမျိုးသမီး၊ကိုယ့် အိမ်ရှင်မဖြစ်လာမယ့် အမျိုးသမီးကို တွေ့ကရာမရွေးချယ်မိဖို့
ကိုယ့်ကိုယ်ကို ပြန်သတိပေးရတယ်။

ညီလေးတို့ ညီမလေးတို့ရော ကိုယ့်ကြင်ဖော်ကို ရွေးချယ်တဲ့အခါ စိတ်ခံစားချက်အတိုင်း
ရွေးလိုက်တာလား။ဥာဏ်နဲ့ရော
ပိုင်းခြားစီစစ်ဖြစ်လား။

နောက်တစ်ကြိမ်ရွေးချယ်မှုကတော့
ကျနော့်အတွက် အကောင်းဆုံးဖြစ်ခဲ့တယ်။
အခုလက်ရှိ အိမ်သူသက်ထားပါပဲ။

လူနှစ်ယောက်ချိတ်ဆက်ဖို့ အတွက် တစ်ခုတည်းသော လိုအပ်ချက်က နားလည်မှုပဲ။
သူ့အပြစ် ကိုယ့်အပြစ်၊သူ့အမှား ကိုယ့်အမှား
သူ့အဆိုး ကိုယ့်အဆိုး၊သူ့အားနည်းချက် ကိုယ့်အားနည်းချက်ကို အပြန်အလှန် နားလည်ပေး
ခဲ့ကြတယ်။

ဖုန်းတစ်လုံး အားသွင်းဖို့ adapterလိုတယ်
မဟုတ်လား။Adapterဆိုတာ powerကိုမပေးဘူး။
Powerကိုလည်းမယူဘူး။ပေးသူနဲ့ ယူသူကြားမှာ အဆင်ပြေအောင် ချိန်ညှိပေးတဲ့
deviceတစ်ခုပဲ။
နိုင်ငံရဲ့ power supply systemက 220AC
ဖုန်းကလိုချင်တာ 5amp(အမ်ပီယာ) current.
Adapterမခံဘဲ တိုက်ရိုက် joinလိုက်ရင် ဖုန်းပဲ ဂိသွားလိမ့်မယ်။

ဒါဟာ ပေးသူရဲ့အမှားမဟုတ်သလို ယူသူရဲ့ အားနည်းချက်လည်း မဟုတ်ဘူး။

မတူညီ ကွဲလွဲခြင်းသာ။နားလည်မှု adapterလည်း ကြားခံလိုက်တော့ အပေးအယူမျှတသွားရော။

ဒါကြောင့် ညီလေးတို့
ညီမလေးတို့ ပေါင်းသင်းဆက်ဆံတဲ့အခါ

သူငယ်ချင်းအချင်းချင်းပဲဖြစ်ဖြစ်၊မိဘနဲ့ပဲဖြစ်ဖြစ်၊ချစ်သူချင်းပဲဖြစ်ဖြစ် နားလည်မှုရှိကြပါ။

နားလည်မှုမရှိဘဲ ပေါင်းစပ်လို့ လုံးဝမရဘူး။

အဆီအငေါ်မတည့်ရင် နှစ်ဦးနှစ်ဖက် ထိခိုက်ရ
တတ်တယ်။မိဘက adapterမခံဘဲ 220AC voltageပေးလိုက်လို့ လောင်ကျွမ်းသွားတဲ့
ပျက်စီးသွားတဲ့ ဖုန်းလိုမျိုး သားသမီးတွေ
ဘယ်လောက်တောင် ရှိနေမလဲ။

ဒီလိုနဲ့ စီးပွားရေးကို အစပြုရင်း ဖြတ်လမ်းနည်း
တွေနဲ့ အောင်မြင်ချင်လာတယ်။

သူဌေးကြီးတစ်ယောက်ကို မေးဖူးတယ်။

အောင်မြင်ဖို့ အမြန်ဆုံးနည်းပြောပြပါလို့။

သူဌေးကြီးဖြေသွားတာ သိပ်လှတာပဲ။

သမိုင်းဖြစ်ရပ်လေးတစ်ခုနဲ့ ဥပမာပေးသွားတာ။

ညီတို့ ညီမတို့ကို ဗဟုသုတအဖြစ်၊message
တစ်ခုအဖြစ် မျှဝေချင်ပါတယ်။

မက္ဆီဒိုးနီးယား စစ်ဘုရင် အလက်ဇန်းဒါး
သေဆုံးပြီးနောက္မှာ သူပိုင်တဲ့နယ်မြေတွေကို
သူ့စစ်သူကြီးတွေက ခွဲဝေယူတယ်။

အီဂျစ်မြေကိုယူတဲ့ တော်လမီ ၁ လက်ထက်မှာ
ဘုရင် တော်လမီက Geometryပညာရှင်
ယူကလစ်ဆီက geometryပညာကို အလွယ်သင်ဖို့ ကမ်းလှမ်းတယ်။

ယူကလစ်ရဲ့အဖြေက သိပ်ရိုးရှင်းတယ်။
သိပ်ရဲရင့်တယ်။

"Geometryပညာကိုသင်ဖို့ ရှင်ဘုရင်အတွက်
အထူးနည်းလမ်းမရှိပါဘူး”တဲ့။

ဒါကြောင့် ကျနော်တို့ ဘယ်ပညာကိုပဲ
သင်ယူသည်ဖြစ်ဖြစ် ဝီရိယထည့်ဖို့လိုတယ်။

ခြေထောက်ကနေ ခြေလှမ်းဖြစ်ပြောင်းသွားတာ ဝီရိယကြောင့်ပဲ။ဦးတည်ရာကို ရွေးချယ်တာက
ဥာဏ်ရည်ပေါ့။လျှောက်လမ်းမှာ
ခလုတ်မထိ ဆူးမငြိဖို့က သတိတရားရဲ့
လုပ်ဆောင်ချက်။

ဒီလိုနဲ့ စီးပွားရေးတစ်ခုကို ဇောက်ချလုပ်ဖြစ်
လာတယ်။အတော်အတန်
အောင်မြင်လာတယ်။

ကျနော်နဲ့ ခင်မင်လာတဲ့ သူဌေးကြီးတစ်ယောက်က ကျနော့်ကိုမေးတယ်။ စာဖတ်ဖြစ်လားတဲ့။
အချိန်လည်း သိပ်မအားတာနဲ့ မဖတ်ဖြစ်ဘူးလို့ ပြောတော့

သူဌေးကြီးက

"မင်းအလုပ်ချိန်တွေက ဘယ်လောက်တောင်
တန်ကြေးရှိနေလို့ စာမဖတ်ရတာလဲ။
မင်းရဲ့ နှစ်နာရီလုပ်အားခက တစ်သိန်းလား
နှစ်သိန်းလား။

စာတစ်ပုဒ်ကပေးမယ့် အသိတရားက မင်းရှာနိုင်တဲ့ ငွေထက် အမြဲတန်ဖိုးကြီးတယ်ဆိုတာ မှတ်ထား”တဲ့

တပည့်လိုဖြစ်နေလို့ ခပ်ကြမ်းကြမ်းပြောတယ်
ထင်ပါတယ်။

နောက် လေသံပျော့သွားပြီး

"ငါ့ညီ ကျော်စွာ ဘေဂိတ်ကြရဲ့ တစ်နာရီလုပ်အားခက တို့ထက် အပုံကြီးသာလိမ့်မယ်။
ဒါပေမယ့် ဘေဂိတ်ဇောက်ချလုပ်နေတာ
စာဖတ်ခြင်းပဲ။

လင်ကွန်းကပြောတယ်။ကျုပ်ကို သစ်ပင်ခုတ်ဖို့ အချိန် ခြောက်နာရီပေးရင် လေးနာရီက
ပုဆိန်သွေးနေမှာတဲ့။ငါတို့ အလုပ်လုပ်နေတယ်
ဆိုတာ ဥာဏ်ပုဆိန်နဲ့ သစ်ပင်ခုတ်နေတာ။

စာဖတ်တယ်ဆိုတာ

အဲ့ဒီဥာဏ်ပုဆိန်ကို
သွေးနေရတာ။မင်းပုဆိန်သွေးဖို့ မပျက်ကွက်နဲ့။ပုဆိန်တုံးလာလိမ့်မယ်”တဲ့။

ဒီတော့ ညီလေးတို့ ညီမလေးတို့ကို
ကျနော်ကပြောမယ်။

ကျနော့်အဆင့်နဲ့ အချမ်းသာဆုံးသူဌေးဖြစ်နေရတာ
ကျနော်ဂုဏ်မယူဘူး။
ကျနော့်ထက် ပိုချမ်းသာတဲ့သူပေါ်
လာလို့လည်း
ကျနော်စည်းစိမ်လျော့မသွားဘူး။

နံပါတ် တစ်ဖြစ်နေခြင်းက နှိုင်းရတန်ဖိုးပါ။

ပကတိမှမဟုတ်တာ။

ကျနော်ထက် ပိုချမ်းသာသူပေါ်လာရင်
ကျနော်ထက်ပိုပြီး နိုင်ငံသားတွေကို
အလုပ်အကိုင် အခွင့်အလမ်းတွေ
ဖန်တီးပေးနိုင်လိမ့်မယ်။

ကျနော့်နိုင်ငံကြီး
ဒီထက်ပိုတိုးတက်လာလိမ့်မယ်။
ကျနော်မျှော်လင့်တယ်။

ညီတို့ ညီမတို့လည္း
ပျော်ကြပါ။ဒါပေမယ့် ဘေးကင်းပါစေ။
ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းပါ။

ဒါပေမယ့် ရည်မှန်းချက်ရှိပါစေ။

ချစ်ကြပါ။ဒါပေမယ့် နားလည်မှုရှိပါစေ။
အလုပ်လုပ်ကြပါ။

ဒါပေမယ့်
စာဖတ်ဖို့ အချိန်ရှိပါစေ။
အောင်မြင်ခြင်းမှာ ဂုဏ်ယူကြပါ။ဒါပေမယ့်
မာန်မာနတော့ ကင်းပါစေ။

နိုင်ငံအနာဂတ်အတွက် ညီတို့ညီမတို့ ကိုပဲ
ကျနော်က အားကိုးမျှော်လင့်နေမှာပါ။

ဟုတ်ကဲ့ ကျနော့် စကားကို စိတ်ဝင်တစား နားထောင်ပေးကြလို့ ကျနော် ကျော်စွာက
အားလုံးကို ကျေးဇူးတင်ပါတယ်။

လူကြီးမင်းတို့ ဝယ်ယူလာတဲ့ လက္မှတ်တွေကို
အရောင်းကောင်တာမှာ ဝယ်စျေးအတိုင်း
ပိုက်ဆံပြန်ထုတ်သွားလို့ရပါတယ်။

ဒီနေ့ စကားပွဲလေးဟာ ငွေကြေးအကျိုးအမြတ် လိုချင်လို့ လုပ်တဲ့စကားပွဲမဟုတ်ဘူး။

ဒါပေမယ့် လေးနက္မှု့တစ်ခုရချင်လို့ စည်းစနစ်ကျချင်လို့ ငွေနဲ့ ရောင်းတဲ့သဘောပါ။

လူကြီးမင်းတို့ ငွေပြန်မထုတ်လိုဘူးဆိုရင်လည်း
ဒီငွေတွေဟာ မိဘမဲ့ကလေးကျောင်းကို
အလှုငွေအဖြစ် ရောက်ရှိသွားမှာပါ။

ငွေတစ်သောင်းဟာ တချို့လူတွေအတွက်
သိပ်များနေသေးတဲ့ ပမာဏမို့လို့ ထုတ်ယူမယ်
ဆိုရင်လည်း နားလည်ကြည်ဖြူမှာပါ။”

လက်ခုပ်သံများ မစဲအောင် ထွက်ပေါ်လာသည်။

ကျနော်နဲ့ ကျနော့်သူငယ်ချင်းတစ်သိုက်လည်း လက်ခုပ်ကို အားရပါးရတီးဖြစ်ခဲ့သည်။

တကယ့် ဂါရဝလက်ခုပ်သံပါ။
မုဒိတာလက်ခုပ်သံပါ။
ကျေးဇူးတင်တဲ့ လက်ခုပ်သံပါ။

အိမ်အပြန်လမ်းမှာ ခြေလှမ်းတွေ
တက်ကြွနေသည်။ဘယ်နှစ်ကြိမ်မှန်းမသိ
ကျေနပ်ပြုံးတွေ ပြုံးမိနေသည်။

လက္မှတ်ငါးစောင်အတွက် ငွေငါးသောင်းကို
ကျနော်တို့ ပြန်မထုတ်ယူဖြစ်ခဲ့ပါ။

အဖေပေးမယ့် ငွေတစ်သိန်းလည်း ကျနော်
မလိုချင်တော့။

ကျေးဇူးပါ ဖေဖေရယ်လို့
လိပ်ပြာသန့်သန့်ပြောနိုင်ဖို့
ငွေတစ်သိန်းကြောင့် အပျက်စီးမခံနိုင်ပါ။

နိုင်ငံအတွက်၊မိဘအတွက်၊မိမိအတွက်
အသုံးကျတဲ့ နိုင်ငံသားအဖြစ်၊သားသမီးကောင်းအဖြစ်၊လူသားကောင်းအဖြစ် ကျနော်စတင်
ရတော့မယ်။


-crd

မြင်ဆရာ ကိုမျိုးထွန်း Emperor (ပရဟိတစာပေ) ကိုလဲလေးစားကျေးဇူးတင်ပါတယ်ခင်ဗျာ။

ပြည်လည်မျှဝေပါသည်။

Address

Taunggyi

Telephone

09420742894

Website

Alerts

Be the first to know and let us send you an email when စြပ္က်ယ္ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category