26/10/2017
အ ဆောက် အ ဦး များ ကို RC (Reinforced Concrete) သံ ကူ ကွန် က ရစ် ဖြင့် အ များ ဆုံး ဆောက် ကြ သည်။သံ က ဆန့် အား (tensile force) ကို ခံ နိုင် သည်။ကွန် က ရစ် က ဖိ အား (compressive force) ကို ခံ နိုင် သည်။ထို့ ကြောင့် ဖိ အား ရော ၊ ဆန့် အား ပါ ခံ နိုင် စေ ရန် သံ နှင့် ကွန် က ရစ် ကို တွဲ သုံး ခြင်း ဖြစ် သည်။
ကွန် က ရစ် လောင်း သည့် အ ခါ သံ ချောင်း များ ကို ကွန် က ရစ် ထဲ တွင် မြှုပ် ပြီး လောင်း သည်။ထို့ ကြောင့် Formwork ဆင် ပြီး သွား သည် နှင့် အား ဖြည့် သံ ချောင်း များ ကို အင် ဂျင် နီ ယာ တွက် ချက် ပေး ထား သော Design အ တိုင်း ဆင် ရ ပါ သည်။
အ ရပ် အ ခေါ် အား ဖြည့် သံ ချောင်း များ ကို Rebar ဟု ခေါ် သည်။ Reinforced Bar ကို Rebar ဟု အ တို ကောက် ခေါ် ခြင်း ဖြစ် သည်။
ကွန် က ရစ် လောင်း သည့် အ ဆောက် အ ဦ မှန် သ မျှ Formwork ရိုက် ရ ပါ သည်။ Formwork ရိုက် ရာ တွင် အ ထပ် သား နှင့် ၃”x ၂” , ၄” x ၂” သစ် သား များ ကို သုံး ပါ သည်။ Formwork ကို ထောက် ပေး ထား သည့် ငြမ်း စင် ကို မူ သစ် သား ဖြင့် သုံး သ လို သ တ္တု (သံ ၊ ဒန်) များ ဖြင့် လည်း သုံး တတ် ကြ ပါ သေး သည်။
Formwork = အ ဆောက် အ ဦ တစ် ခု ဆောက် လုပ် ခြင်း ၌ ကွန် က ရစ် လောင်း ရာ တွင် လို အပ် သော ပုံ သ ဏ္ဍန် ရ စေ ရန် သစ် သား များ ဖြင့် ဆင် ထား သော ပုံ လောင်း ခွက် (ကြမ်း ခင်း လောင်း ရန် အ တွက် Table Form , တိုင် လောင်း ရန် အ တွက် Column Form , ဓာ တ် လှေ ခါး နံ ရံ များ လောင်း ရန် အ တွက် Jump Form , နံ ရံ များ လောင်း ရန် အ တွက် Wall Form များ ကို သုံး ကြ ပါ သည်။
Formwork ကို ထောက် ပေး ထား သော အောက် ဘက် မှ ငြမ်း စင် ကို False Work or Shoring ဟု ခေါ် ပါ သည်။