17/01/2026
💯အလုပ်ရသွားပြီးနောက် ကုမ္ပဏီဘက်ကို အလုပ်ကိုလက်ခံမယ်/ လက်မခံဘူး အကြောင်းပြန်တာ အရမ်းကို အရေးကြီးပါတယ်။💯
ဒီနေ့မှာတော့ အလုပ်ရပြီးနောက် သတိထားရမဲ့ အချက်လေးတွေကို ပြောပြသွားချင်ပါတယ်
✅ကျေးဇူးတင်ကြောင်း
ပထမဆုံးအနေနဲ့ အလုပ်ခန့်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းမေးလ်ကို မဖြစ်မနေပို့ရပါမည်။
✅အလုပ်ခန့်စာကိုလက်ခံကြောင်းပြန်လည်ပို့ခြင်း
အလုပ်ခန့်စာကိုလက်ခံကြောင်း ပြန်လည်ပေးပို့ရမည့်ရက်နှင့်အချိန်ကို သေချာလိုက်နာပါ။
အလုပ်ခန့်စာကို သေချာစွာစိစစ်ပြီးမှ အလုပ်ကိုလက်ခံမလား/မလက်ခံဘူးလားကို ဆုံးဖြတ်ပါ။
အလုပ်ခန့်စာထဲမှာပါတဲ့အကြောင်းအရာတွေကို နားမလည်ပါက အလုပ်ခန့်ပေးတဲ့ကုမ္ပဏီကို အားမနာပဲ မေးပါ။
မေးချင်တဲ့အချက်များတဲ့အခါ 内定面談လုပ်ပေးဖို့တောင်းဆိုပါ။
အလုပ်ခန့်စာကို ကြည့်ရမည့်အချက်များ
・သတ်မှတ်ထားတဲ့ အလုပ်ဝင်ရက်မှာ အလုပ်စဝင်နိုင်လား
→တကယ်လို့ သတ်မှတ်ထားတဲ့ရက်မှာ မဝင်နိုင်ရင် အလုပ်မလက်ခံမှီ ကုမ္ပဏီဘက်ကို ဆွေးနွေးပါ။
・လစာ (သတ်မှတ်ထားတဲ့အချိန်ပိုကြေး ပါနေလား/မပါဘူးလား)
・အလုပ်ခန့်အပ်သည့်အမျိုးအစား (အမြဲတမ်းဝန်ထမ်းလား/စာချုပ်ဝန်ထမ်းလား)
・Supportပေးမည့်အချက်များ (လေယာဥ်လက်မှတ်၊ အိမ်ပြောင်းစရိတ်များကို မည်သူမှ ကုန်ကျခံမည်လဲစသည်ဖြင့်)
・Allowance (အိမ်လခများ၊ အချိန်ပိုကြေးများစသည်ဖြင့်)
✅အလုပ်လက်ခံမည်ဖြစ်ကြောင်း တရားဝင်ပြောကြားပြီးနောက်တွင် မရှောင်မလွှဲနိုင်သော အကြောင်းပြချက်မဟုတ်ပါက Cancelလုပ်ခြင်းကို မပြုလုပ်သင့်ပါ။
→အလုပ်ခန့်မည့်ကုမ္ပဏီဘက်မှ အလုပ်ဝင်ဖို့အတွက် အမျိုးမျိုးသော Processများ စတင်လုပ်ဆောင်နေပြီ ဖြစ်သောကြောင့် ကိုယ်ကအနှောင့်အယှက်ပေးသလိုဖြစ်သွားနိုင်ပါတယ်။
✅အလုပ်ခန့်စာကို လက်ခံပြီးနောက် Cancelလုပ်လည်း ရတယ်လို့ တွေးနေသူရှိကောင်းရှိနိုင်သော်လည်း ဂျပန်မှာကတော့ အလွန်ပင် မကောင်းသောလုပ်ရပ်ဖြစ်ပါတယ်။
အခြေအနေပေါ်မူတည်ပြီး တရားရင်ဆိုင်ရတာမျိုးလည်း ရှိကောင်းရှိနိုင်ပါတယ်။
✅တခြားကုမ္ပဏီတွင် အလုပ်လျှောက်ထားခြင်းများနှင့်ပတ်သက်၍
တခြားကုမ္ပဏီတွင်လည်း အလုပ်လျှောက်ထားတာရှိပြီး Resultသိပြီးမှ အကြောင်းပြန်ချင်ပါက အကြောင်းပြန်ရမည့်Deadlineကို နောက်ဆုတ်ပေးနိုင်/မနိုင် ကုမ္ပဏီဘက်ကို ညှိနှိုင်းပါ။
✅အလုပ်လက်ခံပြီးပါက တခြားကုမ္ပဏီများကို သေချာပေါက် Cancelကြောင်း အကြောင်းကြားပါ။
✅လက်ရှိအလုပ်တွင် လုပ်ရမည့်အရာများ
အလုပ်သစ်ကအလုပ်ကိုလက်ခံမည်ဟု ဆုံးဖြတ်ပြီးသွားသောအခါ လက်ရှိအလုပ်ကိုအမြန်ဆုံး အလုပ်ထွက်စာတင်ပါ။
→ကိုယ်လုပ်နေတဲ့အလုပ်များကို Hand overပေးရမည်ဖြစ်သောကြောင့် တတ်နိုင်သလောက် ကြိုပြီးတင်ထားပါ။
✅အလုပ်သစ်မှာဝင်မယ်လို့ ကတိပေးထားတဲ့ရက်ကို ဝင်နိုင်အောင် လက်ရှိကုမ္ပဏီနဲ့ညှိပါ။
※ကတိပေးထားတဲ့ရက်မှာ ဝင်နိုင်အောင်လုပ်ပါ။ အလုပ်ကိုလက်ခံပြီးနောက် အလုပ်ဝင်မည့်ရက်ကို ပြောင်းတာက ကုမ္ပဏီအတွက် အရမ်းအခက်အခဲဖြစ်ပါတယ်။
✅မိမိခွင့်ရက်ကျန်နေသေးတာမျိုးရှိရင်လည်း လက်ရှိလုပ်နေတဲ့ ကုမ္ပဏီကို သုံးလို့ရ/မရကို တခါတည်းမေးပါ။ (ပုံမှန်သုံးလို့ရပါတယ်။)
အလုပ်ထွက်တဲ့အခါမှာ လုပ်ရမဲ့အချက်တွေကို သေချာလေးလက်စသတ်ထားပါ။
✅အလုပ်စမဝင်ခင် Flow
ကုမ္ပဏီဘက်က ညွှန်ကြားတဲ့ လိုအပ်တဲ့စာရွက်စာတမ်းတွေကို သတ်မှတ်ထားတဲ့အချိန်အတွင်း တင်ပေးပါ/ ပို့ပေးပါ။
အလုပ်ရပြီးနောက်လည်း ကုမ္ပဏီနှင့် မေးလ်အသွားအလာများကို Polite formများနှင့် ပို့ပေးပါ။
ကုမ္ပဏီဘက်က တောင်းဆိုတဲ့ကိစ္စများကို တတ်နိုင်သလောက်မြန်မြန်နှင့်မှန်မှန် လုပ်ဖို့လိုပါတယ်။ Replyပြန်ဖို့ နောက်ကျခြင်း၊ သေချာမဖတ်ပဲမှားသွားခြင်းတို့ဖြစ်ပါက
အလုပ်မဝင်ခင်ကတည်းက မိမိရဲ့Imageက ကျသွားမည်ဖြစ်ပါတယ်။ နားမလည်တာကို မေးလည်းကိစ္စမရှိတဲ့အတွက် ဆက်စပ်မေးပေးပါ။
အဆင်ပြေပြေနှင့်အလုပ်သစ်ကိုစဝင်ဖို့အတွက် ကုမ္ပဏီဘက်ကတောင်းဆိုတဲ့ ကိစ္စများကို ဦးစားပေးပြီး အမှားမရှိအောင်လုပ်ပေးပါ။
⭕️အရေးကြီးသော အချက်များ
မိမိဆန္ဒအတိုင်း အလုပ်ကိုလက်ခံပါ။
မိမိဆန္ဒအတိုင်းပြောခဲ့တဲ့ ကတိကို သေချာပေါက်တည်ပါ။
အချိန်ကိုလေးစားပါ။
နိုင်ငံခြားကနေလာမည့်သူတွေအနေနဲ့ ဂျပန်ရဲ့လုပ်ငန်းခွင်၊ နေထိုင်မှုဘဝကို တခါတည်းကြိုတွေးထားပါ။
တခြားဆောင်းပါးများဖတ်လိုပါက -
https://www.risefor-career.com/live-learn-lead
Design your own Career, RISE for Career.
゚viralシviralシfypシ゚viralシalシ