Aung Ko Latt-အောင်ကိုလတ်Thar Latt

  • Home
  • Myanmar
  • Pye
  • Aung Ko Latt-အောင်ကိုလတ်Thar Latt

Aung Ko Latt-အောင်ကိုလတ်Thar Latt We need democracy ❤❤❤
အချစ်က ပျားရည်😁
Arsenal fan
ရုန်းမကန်နဲ့ကုန်းခံ😂🤣🌐🤝 i want to Democracy

25/11/2023

မအလ ရေပြေးနေရပီး😂😂
Like and follow

25/11/2023

tiktok ကိုအများဆုံးသုံးတဲ့နိုင်ငံ
like and follow လုပ်ပေးပါဗျ

31/10/2023

တစ်နိုင်ငံလုံး တွန်းကြမယ် ဖတ်စစ် စစ်တပ်ကို အရေးတော်ပုံအောင်ရမည်

30/10/2023

အသဲပေးခဲ့ ❤❤

ညောင်လေးပင်ခရိုင်တွင် စစ်တပ်နှင့် KNLA တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု...
30/10/2023

ညောင်လေးပင်ခရိုင်တွင် စစ်တပ်နှင့် KNLA တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထောင်နှင့်ချီသော ပြည်သူများ ထွက်​ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ အောက်တိုဘာ ၃၀

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်တွင် စစ်တပ်နှင့် KNLA တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထောင်နှင့်ချီသော ပြည်သူများ ထွက်​ပြေး တိမ်းရှောင်နေရကြောင်း ကေအဲန်ယူ-ဗဟို က ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် အကြမ်ဖက် စစ်တပ်၏ ဒုံစရစ်တပ် ခမရ-၅၈၉၊ စကခ-၂၁ ဗန်းမော် လက်အောက်ခံ ရွှေက္ကူတပ် ခမရ−၆၀၂ တို့မှ စစ်သားများက ကေအဲန်ယူ−မူးမြို့နယ်အတွင်းရှိ သပြေညွှန့်စခန်း၊ မိုးပျံစခန်း တို့ကို လာရောက် ပူးပေါင်းခဲ့ကြောင်း သိရသည်။

ယင်းနေ့ ည ၈ နာရီကျော်ခန့်တွင် သပြေညွှန့်စခန်းနှင့် ရဲစခန်း တို့ရှိ အကြမ်းဖက် စစ်သားများက လက်နက်ကြီး ၂ လုံးဖြင့် ပြည်သူများ နေထိုင်ရာ ကျေးရွာများကို ပစ်ခတ်ခဲ့ပြီး ကျောက်ကြီးပေါက် ကျေးရွာဘေးတွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ပေါက်ကွဲပြီးနောက် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ ၃ လက်အောက်ရှိ တပ်ရင်း တပ်ဖွဲ့များ၊ ပူးပေါင်းတပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်ကောင်စီတပ်များ အကြား တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ လက်နက်ကြီး ပစ်ခတ်မှုနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သောကြောင့် ကျောက်ကြီးပေါက်ကျေးရွာ၊ ဆမ်မန်းပေါက်ကျေးရွာ၊ သပြေညွန့်ကျေးရွာ၊ ရွှေပြည်သာကျေးရွာ၊ လေလံကုန်းကျေးရွာတို့မှ ပြည်သူ ၂၀၅၂ ဦးသည် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပြီး အစားအစာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာ ၂၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၃၅၁ က နိုတောတာ (မရမ်းစိန်လေး) ကျေးရွာကို လက်နက်ကြီး ၅ လုံးဖြင့် ပစ်ခတ်ခဲ့သည့်အချိန်မှစ၍ ကျေးရွာနေ ပြည်သူ ၄၀၄ ဦးသည် ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိချိန်ထိ နေရပ် မပြန်နိုင်သေးသောကြောင့် နေရာထိုင်ခင်း၊ အစားအစာနှင့် ကျန်းမာရေးအတွက် ဆေးဝါးများ အစရှိသည့် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိသည်ဟု မူးမြို့နယ်အရေးပေါ် ကူညီ ကယ်ဆယ်ရေး ကော်မတီက ထုတ်ပြန်ထားသည်။

ညောင်လေးပင်ခရိုင် (ခလယ်လွီထူ) အတွင်း နေထိုင်သည့် ပြည်သူလူထုများသည် အကြမ်းဖက် စစ်ကောင်စီ၏ အုပ်ချုပ်မှုကို လက်မခံသည့်အတွက် မြို့နယ်အဆင့်နှင့် ကျေးရွာအဆင့် တို့တွင် အင်းအိုင်ကော်မတီ၊ ကူးတို့ကော်မတီ၊ ကူးသန်းရောင်းဝယ်ရေးကော်မတီ၊ ပညာရေးကော်မတီ၊ ကျန်းမာရေးကော်မတီ၊ အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ၊ မြေယာကော်မတီ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ အစရှိသည်ဖြင့် ကော်မတီ ၈ ခုကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ထိုသို့ ဖွဲ့စည်းပြီးသည့်နောက် ကေအဲန်ယူ-ညောင်လေးပင် ခရိုင်မှ ၎င်းကော်မတီများကို ဦးဆောင်ပြီး လက်တွဲလုပ်ဆောင်လျက်ရှိသောကြောင့် ခလယ်လွီထူခရိုင်တွင် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိသော ပြည်သူလူထုများကို အကူအညီများပေးရေးလုပ်ငန်းများလုပ်ဆောင်လိုလျှင် ကေအဲန်ယူ-ဗဟိုထံမှ ခွင့်ပြု ချက် ရယူပြီးမှသာလျှင် တရားဝင်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ကေအဲန်ယူ-ဗဟို က ထုတ်ပြန်ထားသည်။

ခရီးသွားရင်အဖွဲ့လိုက် ဓါတ်ပုံရိုက်ဖို့ခေါ်နေသော ကင်မရာမန်း ......ကင်မရာရှေ့ ရပ်ရမှာ ရှက်နေသော မိမိ ... 🤣
30/10/2023

ခရီးသွားရင်အဖွဲ့လိုက် ဓါတ်ပုံရိုက်ဖို့ခေါ်နေသော ကင်မရာမန်း ......

ကင်မရာရှေ့ ရပ်ရမှာ ရှက်နေသော မိမိ ... 🤣

29/10/2023
29/10/2023

အနာဂတ် ကမ္ဘာ VOA

ရက်ပေါင်းက ၁၀၀၀ ရှိခဲ့ပြီ။ ပေးဆပ်နေကြရတဲ့ တန်ဖိုးရှိလှတဲ့ အသက်နဲ့ ဘဝတွေက သောင်း၊ သိန်းချီလုပြီ။သိန်းဂဏန်း ပမာဏရှိတဲ့လူတွ...
29/10/2023

ရက်ပေါင်းက ၁၀၀၀ ရှိခဲ့ပြီ။

ပေးဆပ်နေကြရတဲ့ တန်ဖိုးရှိလှတဲ့ အသက်နဲ့ ဘဝတွေက သောင်း၊ သိန်းချီလုပြီ။
သိန်းဂဏန်း ပမာဏရှိတဲ့လူတွေ ကြိုးစားနေကြတာက
သန်းပေါင်းများစွာသော သူတွေ လွတ်မြောက်ကြဖို့ပါ။

ချိန်ခွင်လျှာ တစ်ဖက်စောင်းလို့ အဆပေါင်းများစွာ လျော့နည်းနေသော်ငြား
ရဲရဲတောက်သတ္တိတွေနဲ့ သွေးစိမ်း ရှင်ရှင်ထွက်နေတဲ့ နှလုံးသားထဲက
ဖက်ဒရယ်အလင်းတန်း ဟာ ပိတ်မှောင်နေတဲ့ မြန်မာပြည်ကြီးကို
မကြာခင်မှာ အလင်းပေးနိုင်တော့မှာ။

နွေဦးဘဏ်ကလည်း ဘဏ္ဍာရေးလမ်းမကြီးမှ
အားလုံးနဲ့အတူတူ ပါဝင် ချီတက်နေတာဖြစ်သလို

တစ်ဦးနဲ့တစ်ဦးလည်း လက်တွဲညီ ဖေးမကူလို့
နိုင်ရာတာဝန် ထမ်းရွက်ကြရင်း
မဝေးတော့တဲ့ ဖက်ဒရယ်ပန်းတိုင်ဆီသို့
အတူတူ လျှောက်လှမ်းကြရအောင်။

ပန်းတိုင်ရှိရင် ခရီးရှိမယ်။ အိမ် ... အတူတူ ပြန်ကြရအောင်။

www.springdevelopmentbank.com

◼️မြဝတီမင်းကြီးဆရာတော် လွန်တော်မူခြင်း ၁ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်ခဲ့၂၇ အောက်တိုဘာ ||| နွေဦးအသံ ||| လွတ်မြေ...
29/10/2023

◼️မြဝတီမင်းကြီးဆရာတော် လွန်တော်မူခြင်း ၁ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်ခဲ့

၂၇ အောက်တိုဘာ ||| နွေဦးအသံ |||

လွတ်မြောက်နယ်မြေတနေရာရှိ ဘုန်းကြီးကျောင်းတခုတွင် မြဝတီမင်းကြီးဆရာတော် ဘဒ္ဒန္တ အရှင်အရိယဝံသာဘိဝံသ ( သ.စ.အ ဓမ္မာစရိယ ) ဝဋံသကာ လွန်တော်မူခြင်း ၁ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို သံဃာတော်အချို့နဲ့ တပည့်ဒါယိကာ ဒါယိကာမတွေက အောက်တိုဘာ ၂၇ ရက်မှာ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်သူတွေအနေနဲ့ ဓမ္မ ကို အဓိက ကိုးကွယ်ဆည်းကပ်ကြဖို့ ညွှန်ကြားလေ့ရှိတဲ့ မြဝတီမင်းကြီးဆရာတော် ဘဒ္ဒန္တ အရိယဝံသာ ဘိဝံသ (သ.စ.အ) ဓမ္မာစရိယ ဝဋံသကာ ဟာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်၊ ည ၊ ထိုင်းစံတော်ချိန် (၁၀:၄၅) နာရီမှာ ဘဝနတ်ထံပျံလွန်တော်မူခဲ့ပါတယ်။

မြဝတီမင်းကြီးဆရာတော်ရဲ့ "အန္တိမ အဂ္ဂိ စျာပန အစီအစဥ်" ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်မှာ ကျင်းပပြုလုပ်ခဲ့ပြီး အရိုးအိုးကိုတော့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၁)ရက်မှာ စေတီငယ်အတွင်း ဌာပနာ ထည့်သွင်းကာ ယာယီထိန်းသိမ်းထားသလို နွေဦးတော်လှန်ရေး အောင်မြင်ပြီး တိုင်းပြည်လွတ်လပ်သွားတဲ့အခါ မန္တလေးမြို့ရှိ မြဝတီမင်းကြီးကျောင်းတိုက်သို့ ပြန်လည်ပို့ဆောင်သွားမှာ ဖြစ်တယ်လို့ အသိပေးကြေညာခဲ့တာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring




✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

Address

Salangor
Pye
@2135M+3

Alerts

Be the first to know and let us send you an email when Aung Ko Latt-အောင်ကိုလတ်Thar Latt posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Aung Ko Latt-အောင်ကိုလတ်Thar Latt:

Share