07/07/2026
#လူ့သဘာဝနှင့်လောကဓံ
လောကမှာ အနက်ရှိုင်းဆုံး ပင်လယ်ကို
တိုင်းတာလို့ ရနိုင်ပေမယ့်၊
အနက်ရှိုင်းဆုံး လူ့စိတ်ကိုတော့
ဘယ်လိုမှ တိုင်းတာလို့ မရနိုင်ပါဘူး။
လူဆိုတဲ့ သတ္တဝါက
တော်တော်ကို နားလည်ရ ခက်ပါတယ်။
ကိုယ့်အပေါ် မကောင်းဘူးလို့ ထင်ထားတဲ့သူက
ကောင်းရင် ကောင်းတတ်ပြီး၊
ကောင်းတယ်လို့ ထင်ရတဲ့သူကလည်း
ကောင်းချင်မှ ကောင်းတတ်ပါတယ်။
အချို့လူတွေရဲ့ ရှေ့မှာ
အမှန်တရားကို ဖွင့်ပြောလို့ မရသလို၊
အချို့ကျပြန်တော့လည်း
အမှန်တရားကို အပ်ကြောင်းထပ်အောင်
ရှင်းပြမှ နားလည်ကြပါတယ်။
သူတို့ရဲ့ အကြောင်းစရိုက်ကို သိလို့
ဝေးဝေးက ရှောင်ဖယ်နေပြန်ရင်လည်း
မိသားစုကြားထဲအထိ ပါလာပြီး
သွေးခွဲချင်ကြသေးတာ။
ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေပြန်ရင်လည်း
'ငပေါကြီး' လို့ မြင်တတ်ကြပြီး၊
ကိုယ့်ဘာသာ အေးအေးဆေးဆေး နေပြန်ရင်လည်း
'ဘဝင်မြင့်တယ်' လို့ စွပ်စွဲတတ်ကြပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားရှင်က
'အကြောင်းကြောင့် အကျိုးဖြစ်တယ်' လို့
သစ္စာတရားကို ဟောကြားခဲ့ပေမယ့်၊
သူတို့ခေါင်းထဲမှာတော့
'သူများအကြောင်းကြောင့် ကိုယ့်မှာ အကျိုးဖြစ်နေရတယ်'
ဆိုပြီး အပြစ်ပုံချဖို့ပဲ သိကြပါတယ်။
သူတစ်ပါးရဲ့ ကောင်းကွက်တွေကို
ပြောနေကြလားဆိုတော့လည်း မဟုတ်ပြန်ဘူး၊
ကောင်းတာမှန်သမျှ ဖယ်ထုတ်ပြီး
မကောင်းတာတွေကိုပဲ ကောက်နုတ်ချက် ထုတ်နေကြတာပါ။
ဒါဟာ... ကျွန်မ နားလည်သလောက်
လောကအလယ်က 'လူ' ဆိုတဲ့ သတ္တဝါတွေရဲ့
တကယ့် အရှိတရားပါပဲ။
ဒီစာစုလေးကိုဖက်မိတဲ့သူတွေကော
လူတွေအကြောင်းကိုရင်ဖွင့်ချင်ရင်ဖွင့်ခဲ့လို့ရပါတယ်နော်
© ကျွန်မရဲ့ကိုယ်ပိုင်စာစု - All Rights Reserved.
(မူရင်းရေးသားသူအမည်ဖြင့်သာ လွတ်လပ်စွာ Share နိုင်ပါသည်)
#ဆောင်းစေတမာန်နှင်း
#စာစုများ
```