G&B- Online Delivery Service

G&B- Online Delivery Service This page is helping for customer who ordered the items through internet and giving
the door to door service to all

မနူဟာဘုရား************မနူဟာဘုရားသည် ပုဂံညောင်ဦးမြို့နယ် မြင်းကပါကျေးရွာတွင်တည်ရှိပြီး ခရစ်နှစ် {၁၀၅၉} ခုနှစ်တွင် မနူဟာမ...
18/01/2023

မနူဟာဘုရား
************
မနူဟာဘုရားသည် ပုဂံညောင်ဦးမြို့နယ် မြင်းကပါကျေးရွာတွင်တည်ရှိပြီး ခရစ်နှစ် {၁၀၅၉} ခုနှစ်တွင် မနူဟာမင်းကြီးတည်ထားကိုးကွယ်ခဲ့သောဘုရားကြီးဖြစ်သည်။ ဘုရားတည်စဥ်က မနူဟာမင်းကြီးသည် မိမိ၏ မနောမယ လက်စွပ်ကို မြင်းကပါသူဌေးထံရောင်း၍ ဘုရားကြီးအားတည်ထားခဲ့သည်ဟုဆိုသည်။ အဆိုပါဂူဘုရားကြီးသည် ကုလားကျောင်းခံဖြစ်၍ ပစ္စယံများပေါ်တွင် ဗောဓိပက္ခိတရား ၃၇ပါးနှင့် စေတီငယ် ၃၇ဆူ ကိုတည်ထားခဲ့သည်။ ဘုရားအတွင်းတွင် ထိုင်တော်မူ ဘူမိဖဿမုဒြာဆင်းတုတော်ကြီးတစ်ဆူနှင့် ဘေးနှစ်ဘက်တွင် အရံဆင်းတုတော် နှစ်ဆူတည်ရှိသည်။ ဘုရားကြီး၏အနောက်ဘက်လိုဏ်ဂူတော်အတွင်းတွင် ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မူ ရှင်ပင်သာလျောင်းဆင်းတုတော်ကြီးတစ်ဆူအားတည်ထားကိုးကွယ်ထားသည်။ဘုရားကြီး၏ရှေ့တန်ဆောင်းအတွင်း မြသပိတ်ကြီးနှင့် အရှေ့တောင်ဘက်တန်ဆောင်းတွင်နတ်နန်းရှိပြီး
တောင်ဘက်တန်ဆောင်အတွင်း၌ သထုံဘုရင်မနူဟာမင်းနှင့်မိဖုရားကြီးနဂ်လာဒေဝီရုပ်ထုကိုလည်းတွေ့မြင်နိုင်ပါသည်။

မနူဟာဘုရားပွဲနှင့်နှစ်စဥ်ရိုးရာ ဓလေ့များ
**************************************
မြင်းကပါအရပ်ရှိသထုံမင်းကြီးတည်ထားကိုးကွယ်ခဲ့သော မနူဟာဟာဘုရားပွဲကြီးကို နှစ်စဥ် တော်သလင်းလဆန်း ၁၄/၁၅ ရက်များတွင်စည်ကားသိုက်မြိုက်စွာကျင်းပလျှက်ရှိသည်။
ရိုးရာဓလေ့ဖြင့် ဇာတ်ပွဲများကပြဖျော်ဖြေခြင်း ၊ အရုပ်သွန်းပွဲများ ၊ ရက်ကွက်အငြိမ့်များ ၊ ငါးချဥ်များထိုး၍နီးစပ်ရာဆွေမျိုးမိတ်ဆွေများအားဝေငှပေးကမ်းခြင်း၊ ဆွမ်းတော်ကြီးလင်ဗန်းခင်းခြင်း ၊ အာရုံလှည့်လှည်ခြင်း ၊ သပိတ်ကြီးအားဆွမ်းလောင်းခြင်း ၊ သက်ကြီးရွယ်အိုများအားကောင်းမှုကုသိုလ်ပြုခြင်း၊ ငွေသွန်းတီးဝိုင်းများဖြင့်ဖျော်ဖြေခြင်း စသည်ဖြင့်စည်ကားသိုက်မြိုက်လှသည်။
ဘုရားပွဲမရောက်မှီ ၁၀ရက်ခန့်တွင်အရုပ်များချိုးလုပ်ကြသည်။ တော်သလင်းလဆန်း ၉/၁၀ရက်မှစ၍ ဘုရားပွဲတွင်းအထိ ရိုးရာငါချဥ်များထိုးများ ဝေငှပေးကမ်းကြသည်။ တော်သလင်းလဆန်း ၁၃ရက်နေ့ညတွင် မနူဟာဘုရားကြီးရက်ကွက်ဆိုင် ၃ ရက်ကွက်မှ ရက်ကွက်အလိုက်အငြိမ့်များဖြင့်စည်ကားစွာ ကပြဖျော်ဖြေပေးကြသည်။ တော်သလင်းလဆန်း ၁၄ရက်နေ့မနက်တွင် အာရုံလှည့်လည်ခြင်းနှင့် ဆွမ်းတော်ကြီးလင်ဗန်းများတွင် အသီးနှံစားသောက်ကုန်ဝတ္တုငွေများအား ရက်ကွက်အလိုက် တန်ဆောင်းများတွင် ကပ်လှူပူဇော်ကြသည်။
၁၄ရက်နေ့ နေ့ခင်းပိုင်းတွင် အရုပ်သွန်းပွဲများနှင့် အရမ်းစည်ကားလျက်ရှိပြီး နီးစပ်ရာဒေသများမှလာရောက်ကြည့်ရှုကြသည်။ ပုဂံဒေသတွင် အစည်ကားဆုံးနှင့်အကြီးမားဆုံးအရုပ်သွန်းပွဲကျင်းပရာဘုရားပွဲကြီးဖြစ်သည်။
တော်သလင်းလဆန်း ၁၄/၁၅/၁ ရက်နေ့ထိညပိုင်းများတွင်ဇာတ်ပွဲများဖြင့်သုံးရက်တိုင်တိုင်ကပြလျှက်ရှိသည်။
တော်သလင်းလဆန်း ၁၅ရက်တွင်လည်း မနက်ပိုင်းတွင် သပိတ်ကြီးဆွမ်းလောင်း၍ရွာထဲရွာအတွင်းရှိသက်ကြီးရွယ်အိုးများအားအလှူဒါနပြုကြသည်။ညနေပိုင်းတွင် ငွေသွန်းများ တူရိယာတီးဝိုင်းများဖြင့်လည်း ဖျော်ဖြေလျက်ရှိသည်။ညဘက်များတွင် ပွဲစျေးဆိုင်များဖြင့်ပြည့်လျှက် ညပွဲစျေးလျှောက်ရင်း ဇာတ်ပွဲများအားလည်းကြည့်ရှုနိုင်ပါသည်။

G&B Door To Door Delivery Service(၁) Online  Shopping လုပ်ကိုင်သူများအနေဖြင့် မိမိတို့ထံ မှာယူသည့် ကုန်ပစ္စည်းများ ၀ယ်ယူ...
26/04/2022

G&B Door To Door Delivery Service
(၁) Online Shopping လုပ်ကိုင်သူများအနေဖြင့် မိမိတို့ထံ မှာယူသည့် ကုန်ပစ္စည်းများ ၀ယ်ယူသူလက်ထံ အမြန်ရောက်ရှိရေး အတွက် G&B Door To Door Delivery Service ၀န်ဆောင်မှုပေးပါရစေ။
(၂) ယာဉ်ကြောပိတ်ဆို့မှုကြောင့် မိမိတို့ ကုန်ပစ္စည်း ၀ယ်ယူသူထံ အလျင်အမြန်အရောက်နှေးလို့ စိတ်ညစ်နေတဲ့ Online Shopping လုပ်ကိုင်သူတွေ စိတ်ညစ်နေပါသလား G&B Door To Door Delivery Service က ကူညီပါရစေ။
(၃) လက်ရှိ နာမည်ကြီး Online Shopping တွေကို နေချင်းပြီး ၀န်ဆောင်မှု ပေးနေတဲ့ G&B Door To Door Delivery Service က လူကြီးမင်းတို့ထံမှာယူတဲ့ ကုန်ပစ္စည်းတွေကို ပို့ဆောင်ပေးနေပါပြီ။
(၄)Online Shop ဒီနေ့အပ် မနက်ဖြန် မှာယူသူလက်ထဲ အရောက် ထည့်ပေးဖို့ G&B Door To Door Delivery Service က ကူညီပါရစေ။
(၅) ချိုသာတဲ့စျေးနှုန်း မြန်ဆန်တဲ့ ၀န်ဆောင်မှု လမ်းကြောင်းကျွမ်းကျင် သူတွေက ကုန်ပစ္စည်းတွေကို မှာယူသူလက်ထဲအရောက်ပို့ပေးနေ တာ ကြောင့် မိမိတို့ Online Shop စျေးကွက်မှာ နာမည်ရစေရန် အတွက် G&BDelivery Service က ကူညီဆောင်ရွက်ပေးပါရစေ
လူကြီးမင်းတို့ အနေဖြင့် မိမိတို့ Online Shop ကုန်ပစ္စည်းများကို မှာယူသူလက်ထဲ အမြန်ရောက်ရှိရေးအတွက် G&BDelivery Service နှင့် ဆက်သွယ်လိုပါက ဖုန်းနံပါတ် 09254947780၊ 09799856292 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

ပုဂံဆောင်းက အပြောင်းအလဲမြန်တယ်မိုးနှောင်းလို့ မြူတွေ​ကျ  နှင်းဝေတဲ့ဆောင်းအစမှာ  #မင်းနန်သူရွာလေးက သိပ်ကိုလှနေတာ...   ဟို...
02/11/2021

ပုဂံဆောင်းက အပြောင်းအလဲမြန်တယ်
မိုးနှောင်းလို့ မြူတွေ​ကျ နှင်းဝေတဲ့ဆောင်းအစမှာ #မင်းနန်သူရွာလေးက သိပ်ကိုလှနေတာ...
ဟိုးမှာတွေ့လား မြူတွေဆိုင်းနေလေရဲ့....
လွမ်းနေကြတယ်မလား...?

ပုဂံ-လွမ်းစရာဌာနေ

G&B ရဲ့ ပရိတ်သတ်ကြီး အလုပ်တွေမအားလို့ လိုင်းမသုံးဖြစ်ဘူး။ ယုကြည်စွာအပ်နှံပေးသည့် Online Shop များ ယခုကာလ အရောင်းအဝယ်ကောင...
14/09/2021

G&B ရဲ့ ပရိတ်သတ်ကြီး အလုပ်တွေမအားလို့ လိုင်းမသုံးဖြစ်ဘူး။ ယုကြည်စွာအပ်နှံပေးသည့် Online Shop များ ယခုကာလ အရောင်းအဝယ်ကောင်းကြပါစေဗျာ။

20/04/2021

"Covid က သန္ဓေပြောင်းသွားပါပြီ။"
အိန္ဒိယ၊ယိုးဒယား၊ဂျပန် တို့မှာ တနေ့ကူးစက်နူံး လူထောင်နဲ့ချီ၍ ကူးစက်နေပါသည်။
မြန်မာပြည်သူပြည်သားများအထူးဂရုစိုက်နေထိုင်ကြဘို့သတိပေးလိုပါသည်။
ယခုအချိန်မှာဖြစ်လျှင်ရှေ့တန်းမှတိုက်ပွဲဝင်၊ကာကွယ်၊ကုသပေးမည့် သူရဲကောင်းဆရာဝန်၊ကျန်းမာရေးဝန်ထမ်းအင်အား အလွန်နည်းနေပါသည်။

အထူးဂရုပြုပေးပါ။
အရင်ကာကွယ်ဆေးလည်း
နိုင်ချင်မှနိုင်ပါလိမ့်မယ်။
ဒီအချိန်မှာ မဖြစ်တာအကောင်းဆုံးပါပဲ။

အရင် Covid လက္ခဏာက
ဖျားမယ်၊ အနံ့ပျောက်မယ်၊
ချောင်းဆိုးခေါင်းကိုက်၊
အသက်ရှူကြပ်မယ်။

သန္ဓေပြောင်း Covid က
ထိုင်း 🇹🇭 မှာရှိနေပြီး
လက္ခဏာတွေက ခေါင်းကိုက်၊
ကိုယ်လက်ကိုက်ခဲ၊မျက်စိနာ၊
လည်ချောင်းယောင်၊ ဝမ်းလျော၊
လက်ဖြားခြေဖြားတွေပြာ၊
အရေပြားယားယံခြင်း
စတာတွေဖြစ်လာပါတယ်။

ဒီတော့ အစစအရာရာ ဂရုစိုက်ကြပါ။

Mask တက်ပါ။ လက်ဆေးပါ။
မလိုအပ်ရင် အပြင်မထွက်ပါနဲ့။






ကိုဗစ်ကာလမကုန်ဆုံးခင် သယ်ယူပို့ဆောင်ရေးအတွက်ဆို G&B ကို သတိရပေးပါနော်

ဆန္ဒပြပွဲတစ်ခုတွင် မပါဝင်မီ မိမိ၏ စမတ်ဖုန်းကို လုံခြုံအောင်လုပ်ရန် နည်းလမ်း ၁၀ ခု ၁။ စခရင်လော့ခ် ချထားပါ။  ၂။ ဖုန်းကို b...
31/03/2021

ဆန္ဒပြပွဲတစ်ခုတွင် မပါဝင်မီ
မိမိ၏ စမတ်ဖုန်းကို လုံခြုံအောင်လုပ်ရန်
နည်းလမ်း ၁၀ ခု

၁။ စခရင်လော့ခ် ချထားပါ။

၂။ ဖုန်းကို backup လုပ်ထားပါ။

၃။ ဘက္ထရီအားအပြည့်ရှိမရှိ စစ်ဆေးပါ။

၄။ အရေးကြီးသောအချက်များ ဥပမာ (အရေးပေါ်ဆက်သွယ်ရမည့်ဖုန်းနံပတ်များ)ကို စာရွက်ပေါ်တွင်ချရေးထားပါ။

၅။ ဖုန်းထဲတွင် ဘေလ်ဖြည့်ထားပါ။

၆။ မည်သည့် အက်ပ်များသုံးမည်ကို ရွေးထားပါ။

၇။ ဖုန်းထဲတွင် သိမ်းဆည်းထားနိုင်သော storage အလုံအလောက်ရှိမရှိ စစ်ပါ။

၈။ ဖုန်းကို သိုသိုသိပ်သိပ်သုံးနိုင်ရန် ဖြတ်လမ်း shortcuts များကို သိအောင်လုပ်ထားပါ။

၉။ ဖုန်းပျောက်လျှင် ပြန်ရှာနိုင်ရန် “Find your phone” ကို ဖွင့်ထားပါ။

၁၀။ ဖုန်းကင်မရာကိုသုံးစဉ် မီးပွင့်သွားလျှင် ကိုယ့်ကို သတိထားမိသွားနိုင်သည်ကို သတိပြုပါ။

ဖုန်းကို ဆွဲလုခံရလျှင် ဖွင့်ကြည့်၍မရအောင် ဖုန်းကိုပိတ်ထားလျှက် ကင်မရာကိုသုံးပါ။

ဓာတ်ပုံ၊ဗီဒီယိုများကို မရှယ်ခင် လူပုံများမမှတ်မိနိုင်စေရန် မျက်နှာကို ဝါးပေးထားပါ။






#မြန်မာပြည်အေးချမ်းပါစေ

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၀-၈-၂၀၂၀) ရက်နေ့၊ နံနက် ၈:၀၀)နာရီ‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗...
20/08/2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၂၀-၈-၂၀၂၀) ရက်နေ့၊ နံနက် ၈:၀၀)နာရီ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂) ဦးတွေ့ရှိရပါသည်။

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅) ဦးတွေ့ရှိရပါသည်။
14/08/2020

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅) ဦးတွေ့ရှိရပါသည်။

အာနန္ဒာဘုရားသမိုင်း  ပုဂံ‌ရောက်ဖူးသူတိုင်း အနန္ဒာဘုရားကို ဖူးမျှော်ဖူးကြပါတယ်။ အထင်ကရဖြစ်တဲ့အထဲမှာလဲ အပါ၀င်ပါပဲ။ပုဂံမြို...
03/05/2020

အာနန္ဒာဘုရားသမိုင်း
ပုဂံ‌ရောက်ဖူးသူတိုင်း အနန္ဒာဘုရားကို ဖူးမျှော်ဖူးကြပါတယ်။ အထင်ကရဖြစ်တဲ့အထဲမှာလဲ အပါ၀င်ပါပဲ။ပုဂံမြို့ဟောင်းအရှေ့ဘက် သရပါတံခါးမ၀င်မီ အထင်အရှားတွေ့ရသော ဘုရားကြီးဖြစ်သည်။
ကျန်စစ်မင်းကြီးက ဂန္ဓမာဒနတောင် နန္ဒမူလိုဏ်မှ ပုဂံသို့ ကြွလာကြကုန်သော ရဟန္တာရှစ်ပါးအား နန္ဒမူလိုဏ်ဂူပုံတော်တူကောင်းမှုတော်တစ်ဆူ တည်လိုသောကြောင့် မည်သို့သော ပုံသဏ္ဍန်မျိုး သင့်လျော်ပါမည့်အကြောင်း လျှောက်ထားရာဘရဟန္တာ ရှစ်ပါးက နန္ဒမူလိုဏ်ဂူပုံစံအတိုင်း ဖန်းဆင်း၍ ပြသဖြင့် ၎င်းအတိုင်း အားရနှစ်ခြိုက်စွာဖြင့်တည်ရာ နောင်အခါ နန္ဒမူ မှ နန္ဒာ၊ နန္ဒာ မှ အာနန္ဒာ ဖြစ်လာသည်ဟုဆိုသည်။
တချို့ကမူ အနန်(ဒ်)ဟူသော သသ်ကရိုက် ဘာသာအဓိပ္ပာယ်၊ အလွန်လှပသောဟူ၍ အနန်(ဒ်)မှ အာနန္ဒာ ဖြစ်လာသည်ဟု ဆိုသည်။
တချို့ကမူ အနန္တပညာဟူသော ပဠိစကားမှ အာနဒ္ဒ ဖြစ်လာသည်ဟု ဆိုသည်။
အာနန္ဒာဘုရားကြီးကို ကောဇောသက္ကရာစ် ၄၅၂ ခုနှစ် ၊ခရစ်သက္ကရာဇ် ၁၀၉၀ တွင် ကျန်စစ်မင်းကြီးက တည်ထားကိုးကွယ်ခဲ့သည်။
ဘုရားကြီး၏ ပန္နက်ပုံစံမှာ ဘဂ်လားဒေ့ရှ် ရှိ ပါဟာပူစေတီနှင့် ဗန်ကောက်မြို့ အနောက်ဘက်ရှိ ဒွာရာ၀တီမြို့ဟောင်းအနီးမှ နခွန်ပထွန်စေတီနှင့် ဆင်တူသည်။အာရုံခံလေးဘက်၌ ကြက်‌ခြေခတ်သဏ္ဍန် ဖြစ်သောကြောင့် ထိုပန္နက်ပုံဘုရားမျိုး ပုဂံတွင် အာနန္ဒာ နှင့် ဓမ္မရံကြီး နှစ်ဆူသာရှိသည်။ ဘုရားအကျယ်အ၀န်း တစ်ဖက်ထိပ်မှ တစ်ဖက်ထိပ်အထိ ၂၈၉ ပေရှိသည်။ အမြင့်မှာ အောက်‌ခြေမှ ကြာမှောက်လှန်အထိ ၁၆၈ ပေ၊ တံတိုင်းအကျယ်အ၀န်းမှာ အရှေ့အနောက် ၅၉၆ ပေ တောင်မြောက် ၅၉၂ ပေ ရှိသည်။
စေတီတစ်သောင်း မုခ်ပေါင်းတစ်ထောင်၊ လမ်းသုံးမြောငါဟူသော အဆိုအရ စေတီတစ်သောင်းမှာ တံတိုင်းပတ်လည်အတွင်းလိုဏ်မုခ်ကပ်များတွင် စေတီပေါက်ထားပီး ဘုရားကြီး၏ စေတီအရံများနှင့် တွက်သော် တစ်သောင်းရှိနိုင်ပေသည်။
မုခ်ပေါင်းတစ်ထောင်မှာလည်း ကွမ်းထောင့်လေးမျက်နှာတွင်ရှ်ိသော မုခ်ကပ်ချိုင့်များ စက်ြန်ပတ်လမ်းနှစ်ခုဝဲယာ နံရံရှိ မုခ်ကပ်များနှင့် အာရုံခံ လေးဘက် အတွင်းရှိ မုခ်ကပ်အချိုင့်များဖြစ်သည့် ၎င်းမုခ်ကပ်များကြောင့် ဘုရားအတွင်း ပဲ့တင်သံ၊ လိုဏ်သံများ မကြားရတော့ပေ။လမ်းသုံးမြှောင့်တွင် အတွင်း‌ဆုံးပတ်လမ်းသည် ရဟန်းသံဃာများ လှည့်ပတ်ပူဇော်ရန် ဒုတိယအလယ်ပတ်လမ်းမှာ မင်းညီမင်းသားများအတွက်ဖြစ်ပြီး အပြင်ပတ်လမ်းမှာ သာမန် လူပုဂ္ဂိုလ်တို့ ကုသိုလ်ယူလှည့်လည်ဖူးမျှော်ရန်ဖြစ်သည်။
စဉ့်လက်ရာမှာလည်း အစုံဆုံးဘုရားဖြစ်သည်။အကောင်းဆုံး ကျောက်ဆစ်လက်ရာမှာ အဝိဓူရေ ဗုဒ္ဓ၀င်ခန်း အခန်း(၈၀)ရှိသည်။သဲကျောက် တစ်လုံး တည်းသားများဖြင့် ထုထားသည့် မုဒြာဟန်အမျိုးမျိုး ဗုဒ္ဓဆင်းတုတော်များ ပုဇော်ထားသည်။ လေးမျက်နှာ မတ်ရပ်ကိုယ်တော်ကြီး လေးဆူအနက် မြောက်ဘက်မျက်နှာတွင် ကကုသန္ဓ စကားသား ဖြင့် ထုထားသော (ကကုသန်) ၂၈၊ အမြင့်ရှိပြီး ၁၉၀၆ ခုနှစ်က သက်န်းအတွန့်များ ထည့်၍ ပြန်လည်မွန်းမံသော ပုဂံ ရှေးဟောင်းဘုရားဖြစ်သည် ။ အရှေ့ဘက်ဂေါဏာမနဘုရားမှာ မူလစန္ဒကူးသား ဖြစ်ပြီး မူလဘုရားကြီး မီးခပျက်စီးသောကြောင့် ၁၈၆၇ ခုနှစ် ပုဂံ၀န်ဦးဖိုးမဖျ ကျွန်းသားဖြင့် အစားထိုးပြုလုပ်ခဲ့သည်။တောင်ဘက် ကဿပဘုရားမှာမူ ထင်းရှူးသားနှင့် ထုလုပ်ထားပြီး မူလအတိုင်းပင်ရှိသည်။ အနောက်ဘက်ဘဂေါတမမှာမူ ရွှေ၊‌ငွေ၊ကြေး၊သံခဲ ပါသော ပဉ္စလောဟာဖြင့် သွန်းလုပ်ခဲ့သော်လည်း မီးခသဖြင့် မူရင်းမရှိတော့ဘဲ သစ်သားဖြင့် အစားထိုးပြီး ၁၈၉၂ ခုနှစ်တွင် ပုဂံမြို့မှ ကုန်သည် ဦးစံငြိမ်း မှ မွမ်းမံပြင်ဆင်ခဲ့သည်။မူလဆင်းတုတော်ကြီးနှစ်ဆူဖြစ်သော တောင်ဘက်နှင့် မြောက်ဘက် ဆင်းတုတော်ကြီးနှစ်ဆူမှာ သစ်သားတစ်လုံးတည်းဖြင့် ထုလုပ်ထားပြီး ပုံတော်မှာ အနီးမှမော့၍ ဖူးလျှင် မျက်နှာတော် တည်ကြည်ပြီး အာရုံခံနောက်ဘက်သို့ တဖြည်းဖြည်း ဆုတ်ကာအဝေးမှလှမ်း၍ဖူးမြော်လျှင် မျက်နှာ တော်မှာပြုံးနေသော ထူးခြားချက်ကို တွေ့ရပေသည်။
သက္ကရာဇ် ၄၅၂ ခု၊ ရွှေစည်းခုံပြီးသည်နှင့် အာနန္ဒာဘုရားကြီး တည်ဆောက်ရန် နေရာကို သိကြားမင်းကိုယ်တိုင် ကျန်စစ်သားမင်းကြီးအား ညွှန်ပြသည်။ဖိနပ်အတောင် ၆၀၊ရေထွက်အောင်တူး၍ ရေမှ သံတောင် ၃၀ နဂါးရစ်ကျောက်တို့ကို စီခင်းသည်။ ၎င်းကျောက်အထက်အတောင် ၃၀ ဥမင်တိုက်ဌာပနာရန်ပြုသည်။ ပန်းရံတို့မှာ ကံကျွေး(၄၀၀၀)၊ဗိသုကာ(၄၀၀)ရှိသည်။လက်ခ ရွှေ(၄၀၀၀၀၀)ပေးရသည်ဟုဆိုသည်။ ဌာပနာတိုက်အား တစ်မျက်နှာလျှင် ရဟန္တာ (၁၀)ပါးစီ စောင့်ကြပ်ရသည်။စတုလောကပါလ နတ်မင်းကြီးလေးပါးတို့ လေးမျက်နှာ၌ စောင့်ရသည်။ဝိသကြုံနတ်သားလည်းလေးမျက်နှာကို စောင့်ကြပ်ရသည်။ပင်လယ်ပြင်၌ရှိသော နဂါးရစ်ကျောက်တို့အား သိကြားမင်း အမိန့်ဖြင့် ၀ဿ၀ရောနတ်ဘီလူး၊ အာဠာ၀ကနတ်ဘီလူး၊ ကုမ္ဘာန် လေးထောင်နှင့် သယ်ယူကြရသည်။အလယ်မဏ္ဏိုင်ဖျော်သော သရွတ်မှာ ရက္ခိုက်ဘီလူးတို့ သယ်ပေးသော သီတာမြစ်ရေ နှင့် ဂန္ဓမာဒနတောင်မြေ၊ ဗောဓိမြေတို့ကိုရောပြုသည်။ထိုသို့ စီမံခြင်းမှာ ဧရာ၀တီမြစ်ရေ တိုက်စားခြင်းမပြုနိုင်ရန်ဟုဆိုသည်။
Photo credit

03/05/2020

G&B Door To Door Delivery Service

(၁) Online Shopping လုပ်ကိုင်သူများအနေဖြင့် မိမိတို့ထံ မှာယူသည့် ကုန်ပစ္စည်းများ ၀ယ်ယူသူလက်ထံ အမြန်ရောက်ရှိရေး အတွက် G&B Door To Door Delivery Service ၀န်ဆောင်မှုပေးပါရစေ။

(၂) ယာဉ်ကြောပိတ်ဆို့မှုကြောင့် မိမိတို့ ကုန်ပစ္စည်း ၀ယ်ယူသူထံ အလျင်အမြန်အရောက်နှေးလို့ စိတ်ညစ်နေတဲ့ Online Shopping လုပ်ကိုင်သူတွေ စိတ်ညစ်နေပါသလား G&B Door To Door Delivery Service က ကူညီပါရစေ။

(၃) လက်ရှိ နာမည်ကြီး Online Shopping တွေကို နေချင်းပြီး ၀န်ဆောင်မှု ပေးနေတဲ့ G&B Door To Door Delivery Service က လူကြီးမင်းတို့ထံမှာယူတဲ့ ကုန်ပစ္စည်းတွေကို ပို့ဆောင်ပေးနေပါပြီ။

(၄)Online Shop ဒီနေ့အပ် မနက်ဖြန် မှာယူသူလက်ထဲ အရောက် ထည့်ပေးဖို့ G&B Door To Door Delivery Service က ကူညီပါရစေ။

(၅) ချိုသာတဲ့စျေးနှုန်း မြန်ဆန်တဲ့ ၀န်ဆောင်မှု လမ်းကြောင်းကျွမ်းကျင် သူတွေက ကုန်ပစ္စည်းတွေကို မှာယူသူလက်ထဲအရောက်ပို့ပေးနေ တာ ကြောင့် မိမိတို့ Online Shop စျေးကွက်မှာ နာမည်ရစေရန် အတွက် G&BDelivery Service က ကူညီဆောင်ရွက်ပေးပါရစေ

လူကြီးမင်းတို့ အနေဖြင့် မိမိတို့ Online Shop ကုန်ပစ္စည်းများကို မှာယူသူလက်ထဲ အမြန်ရောက်ရှိရေးအတွက် G&BDelivery Service နှင့် ဆက်သွယ်လိုပါက ဖုန်းနံပါတ် 09254947780၊ 09799856292၊ 09450025116၊ တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

မနေ့ညက မီးပျက် စာရင်းသွင်းရမယ့်ပစ္စည်းတွေကများတော့ အတော်လေးခေါင်းနောက်သွားတယ် ဒီည မီးမပျက်ပါစေနဲ့ဗျာ
22/11/2016

မနေ့ညက မီးပျက် စာရင်းသွင်းရမယ့်ပစ္စည်းတွေကများတော့ အတော်လေးခေါင်းနောက်သွားတယ် ဒီည မီးမပျက်ပါစေနဲ့ဗျာ

27/10/2016

ရန်ကုန်မြို့တွင်း မည်သည့်နေရာမဆို G& B Delivery Services က အိမ်အရောက်ဝန်ဆောင်မှုပို့ဆောင်ပေးနေပါပြီ။ လူကြီးမင်းတို့ ရောင်းချမည့် အွန်လိုင်းကုန်ပစ္စည်းများကို အမြန်ဆုံးနေစဉ် ၀န်ဆောင်မှုပေးလျက်ရှိပါသည်။ ဆက်သွယ်ရန် 09254947780

Address

Bo Gyoke
Pazundaung
11171

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

09799856292

Website

Alerts

Be the first to know and let us send you an email when G&B- Online Delivery Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to G&B- Online Delivery Service:

Share