03/04/2026
အမှတ်(၁) စစ်ဒေသ
မကွေးတိုင်း ၊ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်
ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပေါက်-ပကဖ)
တိုက်ပွဲသတင်း ထုတ်ပြန်ချက်
ရက်စွဲ ။ ။၂၀၂၆ ခုနှစ် ဧပြီလ ၃ ရက်
၂၀၂၆ ခုနှစ် မတ်လ ၉ ရက်တွင် ဆိပ်ဖြူမြို့နယ် ကပစ -၂၂ မှ ထွတ်လာသော အင်အား ၇၀၀ ခန့် နှင့် ယာဥ်တန်း ၁၅၀ ကျော်ပါ စစ်ကြောင်းသည် ပေါက်မြို့နယ် တောင်ပိုင်း သို့ စတင်ဝင်ရောက် လာခဲ့သည်။ အဆိုပါ ယာဥ်တန်းနှင့် စစ်ကြောင်းသည် ဆိပ်ဖြူမြိူ့နယ် ကပစ -၂၂ မှ ပေါက်မြို့နယ် သို့ ပေါက်-ဆိပ်ဖြူ ၊ ပုသိမ်-မုံရွာ လမ်းပိုင်းအတိုင်း ဝင်ရောက်လာခဲ့ပြီး ပေါက်မြို့ ကပစ ၂၄ ၊ပေါက်မြို့နှင့် ပေါက်မြို့နယ် အတွင်းရှိ ပသစ ကျေးရွာများအား ရိက္ခာ ၊ခဲယမ်း ဖြည့်တင်းရန် ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ စစ်ကြောင်းဝင်ရောက်လာသော လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူပိုင် စျေးဆိုင်များ၊ ပြည်သူပိုင် ပစ္စည်းများအား ယူဆောင်ခြင်းနှင့် အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုခြင်းများ ပြုလုပ်လျှက်ရှိသော စကစ စစ်ကြောင်းအား ပေါက်- ပကဖနှင့် မဟာမိတ်အဖွဲ့များဖြစ်သော မြိုင်-ပကဖ၊ ဆိပ်ဖြူ-ပကဖ၊ MGY PDF တို့နှင့် ပူးပေါင်းပြီး ထိတွေ့တိုက်ပွဲများ ဖော်ဆောင်ခဲ့ပါသည်။
တိုက်ပွဲဖြစ်စဥ် - ၁
၂၀၂၆ ခုနှစ် မတ်လ ၁၁၊၁၂၊၁၃၊ ၁၄ ရက် တွင် ဆိပ်ဖြူ ကပစ-၂၂ မှ ထွတ်လာသော စကစ စစ်ကြောင်းအား ၄ ရက် တိတိ အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ပြီး ပုသိမ်-မုံရွာ လမ်းပိုင်း ၊ ဒေသ အခေါ် သုံးနယ်ဆုံ အနီး ၊ ဒီးဒုတ်ကွင်း ပသစ ကျေးရွာအနီး လမ်းဆုံနှင့် တယ်ပင်ကန် ကျေးရွာတောင်ဘက် လမ်းဆုံ အနီး ထိတွေ့တိုက်ပွဲ ၄ ကြိမ်ခန့် ထိတွေ့ဖြစ်ပွားမှု အပြင် မိုင်းဆွဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။
ထိတွေ့ တိုက်ပွဲ ဖြစ်စဥ်အတွင်း အကြမ်းဖက် စကစ တပ်သား ၂ဦး သေဆုံးပြီး၊ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိကြောင်း မျက်မြင်တွေ့ရှိရပြီး စကစ ယာဥ်တန်းမှ ကား ၂ စီး ပျက်စီးမှု ရှိခဲ့ပြီး မိမိတပ်မှ Drone ၂ စီး ပျက်စီးခဲ့ပြီး ရဲဘော်တစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့သည်။
တိုက်ပွဲ ဖြစ်စဥ် ၂
၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက် ဆိပ်ဖြူ -ကပစ ၂၂ မှ ထွတ်လာသော ယာဥ်တန်း ယာကြီးပြင်ပသစ ရွာအနီး ရောက်ရှိနေစဥ် ယာကြီးပြင် ပသစ ရွာနှင့် ပေါက်မြို့အကြား အုန်းတောတံတား အနီး ရှေ့ပြေးကင်းယူထားသော စကစ ကင်းအား ဝင်ရောက်ပစ်ခတ်ခဲ့သည်။ အဆိုပါတိုက်ပွဲ အတွငိး အကြမ်းဖက် စကစ ၂ ဦး သေဆုံးပြီး MA1 တစ်လက် သိမ်းဆည်းရရှိခဲ့ပြီး မိမိရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့သည်။
တိုက်ပွဲ ဖြစ်စဥ် ၃
၂၀၂၆ ခုနှစ် မတ်လ ၂၆ ရက် ပေါက်မြို့နယ် အတွင်း ဝင်ရောက်လာတဲ့ စကစ စစ်ကြောင်းနှင့် ရိက္ခာယာဥ်တန်း ပေါက်မြို့မှ ပင်တောင်ရွာသို့သွားလာနေစဥ် ယာဥ်တန်း လုံခြုံရေးယူထားသော နောက်ချန် စကစ စစ်ကြောင်းအား တောင်ချို ကျေးရွာအနီး ထိတွေ့ဖြစ်ပွားပြီး အကြမ်းဖက် စကစ ၄ ဦးသေဆုံး ပြီး မိမိတပ်မှ ရဲဘော် တစ်ဦး ထိခိုက်ဒဏ်ရာ( ပြင်းထန် ) ရရှိခဲ့ရသည်။
တိုက်ပွဲဖြစ်စဉ် (၄)
၂၀၂၆ခုနှစ် မတ်လ ၂၆ ရက် တွင်ပေါက်မြို့နယ်အတွင်းမှ ပေါက်တောင်ပိုင်း ပျုရွာများသို့ ရိက္ခာပို့ရန်ထွက်လာသောစစ်ကြောင်းကို လယ်လမ်းကျေးရွာနှင့် သရဖီကျေးရွာများကြားတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါသည်။ အဆိုပါတိုက်ခိုက်မှု့ကြောင့် စခ ဘက်မှ ၁၀ ဦးထပ် မနည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါသည်။
တိုက်ပွဲ ဖြစ်စဉ် (၅)
၂၀၂၆ ခုနှစ် မတ်လ ၂၈ ရက်တွင် ပေါက်တောင်ပိုင်းပျုရွာများသို့ ရိက္ခာပို့ရန်ထွက်လာသော စခ ယာဉ်တန်း စစ်ကြောင်းသည် လယ်လမ်းကျေးရွာနှင့် သရဖီကျေးရွာ ကြားအရောက်တွင် မိမိတို့ တော်လှန်ရေး အင်အားစုမှ ကြားဖြတ် ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။ တိုက်ပွဲဖြစ်ပွားချိန် ၂ နာရီခန့်ကြာမြှင့်ခဲ့ပြီး စခ ဘက်မှ ၅ ဦး သေဆုံးပြီး ၂၀ ဦးထပ်မနည်း ဒဏ်ရာ ရရှိခဲ့ကာ ကားတစ်စီး မီးလောင်ပျက်စီးခဲ့ပါသည်။ မိမိရဲဘော်များ အထိခိုက်မရှိကြောင်းအသိပေးအပ်ပါသည်။
၎င်းတိုက်ခိုက်မှုများကို -
ပေါက်မြို့နယ် ပကဖ ၊ မြိုင်မြို့နယ် ပကဖ၊ ဆိပ်ဖြူမြို့နယ် ပကဖ၊ ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော်ကျားဇိုး မိုင်းအဖွဲ့ နှင့် MGY PDF တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့