16/09/2026
ငါးသိုင်းချောင်းမြို့သည် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ယခုအခါ မြို့တွင်းရေကျဆင်းသော ရပ်ကွက်များ၊ လမ်းများတွင် ကျန်ရှိခဲ့သော အမှိုက်များနှင့် ရေဝင်ရောက်လျက်ရှိသော ရပ်ကွက်များ အမြန်ဆုံးရေကျဆင်းနိုင်ရေး ရေစီးဆင်းနေသည့်လမ်းကြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ကျုံပျော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ရေကြည်မြို့နယ်စည်ပင်သာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ငါးသိုင်းချောင်းမြို့ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ပြည်သူများစုပေါင်း၍ လူအင်အား၊ စက်ယန္တရားဖြင့် ဆောင်ရွက်နေမှုများအား တိုင်းစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး၊ကျုံပျော်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌတို့မှ အနီးကပ်ကြပ်မတ်၍ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား မှာကြားခဲ့ပြီး ငါးသိုင်းချောင်းစည်ပင်သာယာရေးအဖွဲ့ရုံး၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသူများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခြင်း၊ ထမင်းထုပ်များ ပေးဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
စက်တင်ဘာ ၁၆ ၂၀၂၆