16/06/2025
စစ်ကောင်စီတပ်က ဂွ-ငါးသိုင်းချောင်းလမ်းပိုင်းရှိ အဓိက အရေးပါသည့် ရေနံ့သာဂိတ်၊ စက်စက်ယို လမ်းဆုံဂိတ်တို့ကို အထိုင်ချ ပိတ်ဆို့ ထားပြီး ငါးသိုင်းချောင်းမြို့တည်ရှိရာ ငဝန်မြစ် အနောက်ဘက်ကမ်း ဒေသကို ဖြတ်လေးဖြတ် စစ်ဆင်ရေး ဆင်ထားသည်ဟု ထိုဒေသ အခြေစိုက် ဧရာဝတီလူငယ်များသမဂ္ဂ (AYU) ၏ ပြောရေးဆိုခွင့်ရှိသူ ယောနသံ က ပြောသည်။
“ဒေါင့်ကြီးရွာက ရွာကျောင်းဘုန်းကြီးကျောင်းမှာလည်း စစ်တပ်က အထိုင်ကျပြီး ပိတ်ဆို့ ခံစစ်ပြင်နေတယ်။ ငါးသိုင်းချောင်းမြို့နဲ့ ရေကြည်မှာလည်း လူငယ်တွေကို ဧည့်စာရင်းစစ်ပြီး ပေါ်တာဆွဲတာတွေ ဖမ်းဆီးပြီး ရှေ့တန်းပို့တာတွေရှိတယ်” ဟု ၎င်းက ပြောသည်။
“အဓိကက တိုက်ပွဲဧရိယာအနီးက ကျေးရွာတွေက စစ်ရှောင်ရတယ်။ ငါးသိုင်းချောင်း၊ ရေကြည်နှင့် ကျုံပျော်မြို့ပေါ်တွင်ကို စစ်ဘေးရှောင် ပြောင်းရွေ့နေကြသူတွေလည်း ၂၀၀ ဝန်းကျင်ရှိတယ်။ ကျန်တဲ့ရွာ တွေက ပြည်သူတွေကတော့ ရွာနီးခြောက်စပ်နဲ့ ရိုးမတောင်ခြေအနီးကိုပဲ စစ်ရှောင်ကြရတာ”
အဆိုပါ တိုက်ပွဲများကြောင့် ငါးသိုင်းချောင်း၊ရေကြည်နှင့်ကျုံပျော်မြို့များတွင် စစ်ရှောင်များ တိုးလာပြီး ဆေးဝါးနှင့် ရိက္ခာများ လိုအပ်နေသည်ဟု ၎င်းက ဆက်ပြောသည်။
https://www.facebook.com/share/p/1CDE3KFgub/
AA ထိုးစစ်ကြောင့် ရေကြည်အမြောက်တပ် လက်နက်ကြီးများ ကျုံပျော်သို့ ပြောင်းရွှေ့
------------------------
ဧရာဝတီတိုင်း ရေကြည်မြို့အမြောက်တပ်မှ လက်နက်ကြီးများကို နေရာရွှေ့လိုက်ပြီ ဖြစ်ပြီး ထိုးစစ်ဆင်ခံနေရမှုမှာ တပ်ရင်းဌာနချုပ်၏ အဓိကကျသည့်နေရာဖြစ်သည့် ဗဟိုကင်းအထိ ရောက်သွားပြီဖြစ်သည်။
ဂွ-ငါးသိုင်းချောင်းလမ်းမပေါ်တွင်တည်ရှိနေရာ အမြောက်တပ်ကို သိမ်းပိုက်နိုင်ပါက ဧရာဝတီတိုင်း -ပဲခူးတိုင်း-မကွေးတိုင်းတို့ကို ချိတ်ဆက်ထားသည့် ပုသိမ်-မုံရွာလမ်းပိုင်းကို တော်လှန်ရေး တပ်ဖွဲ့များက ထိန်းချုပ်နိုင်သွားမည်ဖြစ်သည်။
၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှ စတင်သော ထိုးစစ်အတွင်း AA သည် ရခိုင် ၁၄ မြို့နယ်နှင့် ချင်း ၁ မြို့နယ်ကို သိမ်းပိုက်နိုင်ခဲ့ပြီနောက် ရိုးမနှင့်ထိစပ်နေသော ရခိုင်ပြင်ပဒေသ များဖြစ်သော ဧရာဝတီ၊ မကွေးနှင့် ပဲခူးတိုင်းတို့တွင်ပါ စစ်ရေးလှုပ်ရှားနေသည်။
အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/64358/