Ayeyarwaddy ECD, 2022

Ayeyarwaddy ECD, 2022 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ayeyarwaddy ECD, 2022, Government Organization, ပုသိမ်-ဝါးယားချောင်းလမ်း၊ ရွှေမြင်တင်ကျေးရွာအုပ်စု, Pathein.

၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးဆုရရှိခဲ့သည့် အမည်စာရင်း ထုတ...
29/05/2026

၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးဆုရရှိခဲ့သည့် အမည်စာရင်း ထုတ်ပြန်ခြင်း

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့ဆု၊ ကျေးရွာဆု ၊ စက်ရုံ / လုပ်ငန်းဆု ရရှိခဲ့သ...
29/05/2026

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့ဆု၊ ကျေးရွာဆု ၊ စက်ရုံ / လုပ်ငန်းဆု ရရှိခဲ့သည့် အမည်စာရင်း ထုတ်ပြန်ခြင်း

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆု- Regional  Clean and Green School Award - 2026 ရရ...
29/05/2026

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆု-
Regional Clean and Green School Award - 2026 ရရှိခဲ့သည့် ကျောင်းများအမည်စာရင်း ထုတ်ပြန်ခြင်း

၂၇-၅-၂၀၂၆ ရက်နေ့နံနက် (၁၀:၀၀)နာရီအချိန်တွင်ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ည...
27/05/2026

၂၇-၅-၂၀၂၆ ရက်နေ့နံနက် (၁၀:၀၀)နာရီအချိန်တွင်ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယခုနှစ် ဆောင်ပုဒ်ဖြစ်သော 'ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့’(A global Call For Climate Action) ဆောင်ပုဒ်ပိုစတာကို ဟင်္သာတခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးအရှေ့တွင်လည်းကောင်း၊ဟင်္သာတမြို့အဝင် နတ်မော်လမ်း ဂေါက်ကွင်းအရှေ့တွင် လည်းကောင်း၊ ဟင်္သာတမြို့ ဟင်္သာအဝိုင်းပတ်အရှေ့တွင်လည်းကောင်း အများပြည်သူအသိပညာမျှ‌ဝေသည့်အနေဖြင့် မြေစိုက်ပိုစတာများ စိုက်ထူခဲ့ပါသည်။

၂၇-၅-၂၀၂၆ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၆ ခ...
27/05/2026

၂၇-၅-၂၀၂၆ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်ဖြစ်သည့် "A Global Call for Climate Action" " ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်း​ဆောင်ရွက်စို့" ပိုစတာများအား မြို့တော်ခန်းမရှေ့၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ ပုသိမ်မြို့၊ ရွှေဝတ်မှုံရပ်ကွက်ရှိ ရွှေရုပ်တုလမ်းဆုံ၊ မြန်မာသစ်လုပ်ငန်း၊ ဒုတိယအထွေထွေမန်နေဂျာရုံးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးစသည့် နေရာများ၌ မြေစိုက်ပိုစတာများ စိုက်ထူခြင်းတို့ဆောင်ရွက်ခဲ့ပါသည်။

၂၀၂၆ ခုနှစ် အမျိုးသားအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်​သော​ကျောင်းဆု (မူလတန်းအဆင့် -ပထမဆု) ရရှိခဲ့သည့် ရေကြည်မြို့နယ်၊ အ....
26/05/2026

၂၀၂၆ ခုနှစ် အမျိုးသားအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်​သော​ကျောင်းဆု (မူလတန်းအဆင့် -ပထမဆု) ရရှိခဲ့သည့် ရေကြည်မြို့နယ်၊ အ.မ.က ( ​ရောင်ပစ်ကွင်း) နှင့် (အလယ်/အထက်တန်းအဆင့်- အထူးဆု (၁)) ရရှိခဲ့သည့် မအူပင်မြို့နယ်၊ အ.ထ.က ​(လက်ပံကျွန်း) တို့အား အထူးပင်ဂုဏ်ယူ၀မ်း​​မြှောက်အပ်ပါသည်။

၂၀၂၆ ခုနှစ် အမျိုးသားအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော စက်ရုံ/ လုပ်ငန်းဆု ရရှိခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး၊ မအ...
26/05/2026

၂၀၂၆ ခုနှစ် အမျိုးသားအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော စက်ရုံ/ လုပ်ငန်းဆု ရရှိခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ Shwe Wah Nadi Agriculture Co.,Ltd ၏ ဆန်စပါးကြိတ်ခွဲသန့်စင်ထုတ်လုပ်ခြင်းလုပ်ငန်းအား အထူးပင်ဂုဏ်ယူဝမ်းမြှောက်အပ်ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊  မအူပင်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ      ဦးဇင်ကိုကိုမင်း(ဒုတိယဦးစီးမှူး) ဦးဆောင်၍ ရက...
26/05/2026

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ
ဦးဇင်ကိုကိုမင်း(ဒုတိယဦးစီးမှူး) ဦးဆောင်၍ ရက်(၁၀၀) စီမံချက်အရ (၂၆.၅.၂၀၂၆) ရက်နေ့၊ နံနက်(၈:၀၀)နာရီအချိန်တွင် မအူပင်မြို့၊ဗိုလ်ချုပ်ကြေးရုပ်လမ်းဆုံ၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးလှုပ်ရှားမှုအနေဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ ဗဟုသုတများတိုးပွါးစေရန် ရည်ရွယ်၍ " ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့" ခေါင်းစဉ်ဖြင့် အများပြည်သူ(၁၅၀)ဦးအားအသိပညာ‌‌ ပေးလက်ကမ်းစာ‌စောင်များဖြန့်‌‌ဝေခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊  မအူပင်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ      ဦးဇေယျာဖြိုး (ဒုတိယဦးစီးမှူး)သည် ရက်(၁၀၀)စီ...
25/05/2026

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ
ဦးဇေယျာဖြိုး (ဒုတိယဦးစီးမှူး)သည် ရက်(၁၀၀)စီမံချက်အရ (၂၅.၅.၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မအူပင်ခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာဗဟုသုတများတိုးပွါးစေရန် ရည်ရွယ်၍ " မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်" ခေါင်းစဉ်ဖြင့် အသိပညာ‌‌ပေးစကားဝိုင်း (Talk Show) ပြုလုပ်ခဲ့ပါသည်။

(၂၅-၅-၂၀၂၆)ရက်နေ့၊ နေ့လယ် (၁:၀၀)နာရီအချိန်တွင် ရက် (၁၀၀)စီမံချက်အရ ပုသိမ်မြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာ၊ ဓမ္မဗိမာန်ဓမ္မ...
25/05/2026

(၂၅-၅-၂၀၂၆)ရက်နေ့၊ နေ့လယ် (၁:၀၀)နာရီအချိန်တွင် ရက် (၁၀၀)စီမံချက်အရ ပုသိမ်မြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာ၊ ဓမ္မဗိမာန်ဓမ္မာရုံ၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိသိင်္ဂီသက်က ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် "ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့" ခေါင်းစဥ်ဖြင့် ကျေးရွာသူ/သား စုစုပေါင်း (၈၀)ဦးခန့်တို့အား အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အသိပညာပေး Video ပြသခြင်းနှင့် WED အထိမ်းအမှတ် အမှတ်တရဘောပင်များ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

(၂၅-၅-၂၀၂၆) ရက်နေ့၊ နံနက်(၉:၀၀) နာရီအချိန်တွင်ရက် (၁၀၀) စီမံချက်အရ ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊ပတ်ဝန်းကျင်ထိန်းသိမ...
25/05/2026

(၂၅-၅-၂၀၂၆) ရက်နေ့၊ နံနက်(၉:၀၀) နာရီအချိန်တွင်ရက် (၁၀၀) စီမံချက်အရ ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ ဟင်္သာတမြို့နယ်၊ မြေဒူးကျေးရွာအတွင်းရှိ ကျေးရွာနေပြည်သူ (၂၀)ဦး အား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးတက်လာစေရန်ရည်ရွယ်၍ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းမှ "ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတုပြောင်းလဲခြင်း" ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

Address

ပုသိမ်-ဝါးယားချောင်းလမ်း၊ ရွှေမြင်တင်ကျေးရွာအုပ်စု
Pathein
10011

Telephone

+959799798741

Website

Alerts

Be the first to know and let us send you an email when Ayeyarwaddy ECD, 2022 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Ayeyarwaddy ECD, 2022:

Share