Ayeyarwady Region Government

Ayeyarwady Region Government ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းမြေမြှုပ်ပွဲတက်ရောက်၊ ‌နွားမွေးမြူရေးခြ...
01/06/2026

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းမြေမြှုပ်ပွဲတက်ရောက်၊ ‌နွားမွေးမြူရေးခြံသို့ သွားရောက်စစ်ဆေး

ပုသိမ် ဇွန် ၁

၂၀၂၆-၂၀၂၇ခုနှစ်၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းမြေမြှုပ်ပွဲကို ယနေ့နံနက်ပိုင်းက ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာရှိ တောင်သူဦးနိုင်ဝင်းဆွေ၏ စိုက်ဧက (၂.၅၀)ဧကတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ‌ဌာနဆိုင်ရာများ၊ တောင်သူများနှင့်အတူ တက်ရောက်အားပေးကြည့်ရှုခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းမြေမြှုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ကာ တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးသီးနှံများ အထွက်နှုန်း တိုးတက်စေရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)နှင့် သဘာဝမြေဩဇာနှင့် ဇီဝမြေဩဇာများကို အချိုးကျထည့်သွင်းအသုံးပြုစေရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူများအား သွင်းအားစုများပံ့ပိုးပေးနေမှုများကို ဆွေးနွေးပြောကြားခဲ့ကာ တောင်သူများ၏တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးသိုင်းချောင်းမြို့၊ မအူကုန်ကျေးရွာအုပ်စု၊ ဒေါင့်မှန်ကုန်းကျေးရွာရှိ “ဇာမဏီ” ဒေသနွားနှင့် အသားတိုးနွားမွေးမြူရေးခြံသို့ သွားရောက်၍ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများဖြင့် ဇီဝမြေဩဇာ ထုတ်လုပ်မှု၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရမှုအခြေအနေများကို မေးမြန်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အဆိုပါနွားမွေးမြူရေးခြံတွင် ဒေသနွားနှင့် အသားတိုးနွား အကောင်ရေစုစုပေါင်း (၁၃၇)ကောင်မွေးမြူထားရှိမှုများကို ကြည့်ရှုအား‌ပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်ဟင်္သာတမြို့သူနာပြုသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် နဝမအကြိမ်သူနာပြု-သားဖွ...
01/06/2026

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်ဟင်္သာတမြို့သူနာပြုသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် နဝမအကြိမ်သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲအခမ်းသို့ တက်ရောက်

ပုသိမ် ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့သူနာပြုသင်တန်းကျောင်းတွင်နဝမအကြိမ်သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သူနာပြု-သားဖွားသင်တန်းသား၊ သတန်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယနေ့ ဟင်္သာတသူနာပြုသင်တန်းကျောင်းမှ သစ်လွင် သူနာပြုမောင်မယ် (၅၀) ဦးအား သူနာပြု-သားဖွား ဒီပလိုမာအောင်လက်မှတ်များကို အပ်နှင်းပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ သူနာပြု-သားဖွား ဒီပလိုမာ(၃)နှစ် သင်တန်းကို အောင်မြင်ပြီးမြောက်ခဲ့ကြသော မျိုးဆက်သစ် သူနာပြု မောင်/မယ်များအနေဖြင့် တာဝန်ချထားရာ ကျန်းမာရေးဌာနများတွင် မိမိတို့သင်ယူတတ်မြောက်သည့် ပညာအဆင့်အလိုက် မကျန်းမာသူများကို မိမိတို့ ကိုယ်တိုင်စောင့်ရှောက် ခွင့်ရကြပြီ ဖြစ်ပါကြောင်း ဂုဏ်ပြုအမှာစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သစ်လွင်သူနာပြု မောင်မယ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး သစ်လွင်သူနာပြု မောင်မယ်များနှင့် မိဘများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ကျန်းမာရေးဝန်ကြီးဌာနမှ  အထူးကုဆေးကုသရေးအစီအစဉ်ဖြင့် ဒေသခံပြည်သူများအား လာရောက်...
31/05/2026

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်
ကျန်းမာရေးဝန်ကြီးဌာနမှ အထူးကုဆေးကုသရေးအစီအစဉ်ဖြင့် ဒေသခံပြည်သူများအား လာရောက်ဆေးကုသပေးသည့် ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများနှင့်တွေ့ဆုံ

ပုသိမ် မေ ၃၁

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ယနေ့ မွန်းလွဲပိုင်းတွင် ပုသိမ်ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာနမှ အထူးကုဆေးကုသရေးအစီအစဉ်ဖြင့် ဒေသခံပြည်သူများအား လာရောက်ဆေးကုသပေးသည့် ပါမောက္ခ/အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ “ ဒေသခံပြည်သူများအား လာရောက်ဆေးကုသပေးသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများကို ကျေးဇူးတင်ရှိပါကြောင်း၊ ဆေးကုသပေးရာတွင်လည်း လစ်ဟာမှုများမရှိအောင် တာဝန်ရှိသူအားလုံးက ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ပြည်သူများကလည်း အားကိုကြီးစွာဖြင့် လာရောက်ပြသကြသခဲ့ပြီး စေတနာအရင်းခံ၍ ကုသပေးသည့် ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများကို ကျေးဇူးတင်ပါကြောင်း” ပြောကြားခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများက အထူးကုဆေးကုသရေးအစီအစဉ်ဖြင့် လူနာ (၈၁၈) ဦးအား အခမဲ့ဆေးကုသပေးခြင်းကို မေလ(၃၀)ရက်နေ့မှ (၃၁)ရက်နေ့အထိ နှစ်ရက် စမ်းသပ်ကုသပေးခဲ့ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် CHANGAN SMILING FACE (ပုသိမ်)ကားအရောင်းပြခန်းအားတက်ရောက်ဖွင့်လှစ်ပုသိမ်       ...
31/05/2026

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် CHANGAN SMILING FACE (ပုသိမ်)ကားအရောင်းပြခန်းအားတက်ရောက်ဖွင့်လှစ်

ပုသိမ် မေ ၃၁

CHANGAN SMILING FACE(ပုသိမ်)ကားအရောင်းပြခန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်-မုံရွာလမ်းမကြီး၊ တိုင်းဒေသကြီးလွှတ်တော်ရုံးရှေ့ရှိ အဆိုပါအရောင်းပြခန်းတွင် ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးသိန်းထွန်း၊ ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူCHANGAN SMILING FACE (ပုသိမ်)ကားအရောင်းပြခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ အရောင်းပြခန်းတွင် ပြသထားသည့် မော်တော်ယာဉ်များကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် CHANGAN Myanmar HQ Management ဒါရိုက်တာနှင့် CHANGAN Smiling Face ပိုင်ရှင်တို့က CHANGAN၏ Core Values၊ Dealer Network & Distribution Channel အကြောင်း၊ CHANGAN Smiling Face၏ အောင်မြင်မှုမှတ်တိုင်များ နှင့်ထုတ်ကုန်များ၊ ဝန်ဆောင်မှုများအကြောင်းကို ရှင်းလင်းတင်ပြခဲ့ပြီး ကြွရောက်ပေးကြသော ဧည့်သည်တော်များနှင့် အမေးအဖြေများ ပြုလုပ်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ပုသိမ်မြို့၊ မိဂဒါဝုန်ကျောင်းတော်ကြီး မိုးကုတ်ဝိပဿနာပဋိပတ္တိသာသနာ့ရိပ်သာ ...
30/05/2026

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ပုသိမ်မြို့၊ မိဂဒါဝုန်ကျောင်းတော်ကြီး မိုးကုတ်ဝိပဿနာပဋိပတ္တိသာသနာ့ရိပ်သာ ဦးစီးပဓာနနာယက နယ်လှည့်ဓမ္မကထိက တိုင်းသံဃနာယက (ဥက္ကဋ္ဌ) မဟာဒွါရ (မဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ) ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တပညာသိရီအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများက အထူးကုဆေးကုသရေးအစီအစဉ်ဖြင့် ပ...
30/05/2026

တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများက အထူးကုဆေးကုသရေးအစီအစဉ်ဖြင့် ပြည်သူများအား အခမဲ့ဆေးကုသပေးနေမှုများကို ကြည့်ရှုအားပေး

ပုသိမ် မေ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ကြီး ဌာနမှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများက အထူးကုဆေးကုသရေး အစီအစဉ်ဖြင့် ပြည်သူများအား အခမဲ့ဆေးကုသဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် လာရောက်၍ ဆေးကုသမှုခံယူသည့် ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ အားပေးစကား များပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ယင်းနောက် ပါမောက္ခ ဒေါက်တာနွယ်နွယ် ပါမောက္ခ/ဌာနမှူး(နှလုံးဆေးကု)၊ ဒေါက်တာချိုမာ တွဲဖက်ပါမောက္ခ (ဆီးချိုနှင့်ဟော်မုန်း)၊ ပါမောက္ခဒေါက်တာသန်းသန်းအေး ပါမောက္ခ/ဌာနမှူး/ ဒေါက်တာစန္ဒာဝင်း တွဲဖက်ပါမောက္ခ(အစာအိမ်နှင့်အူလမ်းကြောင်း)၊ ဒေါက်တာဇွန်သင်း အထူးကုဆရာဝန်ကြီး (ကင်ဆာဆေးပညာ)၊ ဒေါက်တာယဉ်မွန်သန့် ပါမောက္ခ/ဌာနမှူး (ရင်ခေါင်းဆေးကု)၊ ဒေါက်တာ စိန်ဝင်း အထူးကုဆရာဝန်ကြီး (ဦးနှောက်နှင့်အာရုံကြောခွဲစိတ်)၊ ပါမောက္ခ ဒေါက်တာစမ်းဦး ပါမောက္ခ/ဌာနမှူး(ဦးနှောက်နှင့်အာရုံကြောဆေးကု)၊ ဒေါက်တာခင်နွယ်ဦး အထူးကုဆရာဝန်ကြီး (ကလေးသွေးဗေဒ)၊ ဒေါက်တာအေးမူစန်း အထူးကုဆရာဝန်ကြီး(ကလေး)၊ ဒေါက်တာ သုနန္ဒာအောင် အထူးကုဆရာဝန်ကြီး(အသည်းဆေးကု)၊ ဒေါက်တာစုသက်ကို တွဲဖက်ပါမောက္ခ (ဆီးနှင့်ကျောက်ကပ်ဆေးကု) ဆရာဝန်ကြီးများက ပြည်သူများအား ကျန်းမာရေးစောင့်ရှောက် ဆေးကုသပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား ပြည်သူများ စိတ်အေး ချမ်းစွာ ဆေးကုသမှုခံယူနိုင်ရေး၊ ဆေးရုံ အတွင်း/အပြင် သန့်ရှင်းသာယာမှုရှိစေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများပိုမိုဆောင်ရွက်နိုင်စေရေးမှာကြားခဲ့သည်။ အဆိုပါ အခမဲ့ ကျန်းမာရေးစောင့်ရှောက်ဆေးကုသပေးခြင်းကို ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် ယခုလ (၃၀) ရက် နေ့မှ (၃၁)ရက်နေ့အထိနှစ်ရက်ကြာ ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီး များက ကုသပေးသွားမည်ဖြစ်သည်

 #ပြည်သူသို့အသိပေးနှိုးဆော်ခြင်း
30/05/2026

#ပြည်သူသို့အသိပေးနှိုးဆော်ခြင်း

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဇောတိကကမ်းလွန်ဖွံ့ဖြိုးရေးစီမံကိန်း(Phases 1A - 16) နှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထ...
29/05/2026

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဇောတိကကမ်းလွန်ဖွံ့ဖြိုးရေးစီမံကိန်း(Phases 1A - 16) နှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်းဆိုင်ရာများ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့တက်ရောက်

ပုသိမ် မေ ၂၉

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်သည့် E Guard Enviromental Services မှ ဇောတိက ကမ်းလွန်ဖွံ့ဖြိုးရေးစီမံကိန်း(Phases 1A - 16) နှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ် ခြင်းလုပ်ငန်းဆိုင်ရာများ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ရာ ကုမ္ပဏီမှတာဝန်ရှိသူများက မုတ္တမပင်လယ်ကွေ့ရှိ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုလုပ်ငန်းများ၊ ဇောတိကသဘာဝဓာတ်ငွေ့ ဖွံ့ဖြိုးရေးစီမံကိန်းတွင် လက်ရှိလုပ်ဆောင် နေသော လုပ်ငန်းများနှင့် ထပ်တိုးလုပ်ဆောင်မည့်လုပ်ငန်းများ၊ စီမံကိန်းတွင်ပါဝင်မည့် လုပ်ငန်း စဉ်များ၊ လူမှုရေးတာဝန်ယူမှုလုပ်ငန်းများ၊ PTTEPI မှ မုတ္တမကမ်းလွန်လုပ်ကွက် M9 တွင် ဆောင်ရွက်လျက်ရှိသည့် ဇောတိကကမ်းလွန်ဖွံ့ဖြိုးရေးစီမံကိန်း(Phases 1A-1G) အတွက် EIA လုပ်ဆောင်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြမှုနှင့် တက်ရောက်လာသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၏ ဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က“စီမံကိန်း နှင့်ပတ်သက်သည့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်းများအား သတ်မှတ်ကာလ အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်၊ လုပ်ငန်းဆောင်ရွက်မှုနှင့် တိုးတက်မှုများကိုလည်း တင်ပြရန်”မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကျင်းပရန် ပြင်ဆင...
29/05/2026

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကျင်းပရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး

ပုသိမ် မေ ၂၉

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံးသို့ရောက်ရှိ၍ တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကျင်းပရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက လွှတ်တော်အစည်းအဝေးကျင်းပရန် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လွှတ်တော်ရုံး ပရဝဏ်အတွင်း သန့်ရှင်းရေး၊ လျှပ်စစ်မီးရရှိရေး၊ မီဒီယာများသတင်းရယူနိုင်ရေး၊ လွှတ်တော်ရုံး အတွင်း လုံခြုံရေးချထားမှုများနှင့် လွှတ်တော်ကိုယ်စားလှယ်များအား ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် တိုင်းဒေသကြီးအဆင့်  မြစိမ်းရောင်ကျေးရွာစီမံကိန်းသုံးသပ်ဆွေးနွေးပွဲအခမ်းအနားတက...
29/05/2026

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် တိုင်းဒေသကြီးအဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းသုံးသပ်ဆွေးနွေးပွဲအခမ်းအနားတက်ရောက်

ပုသိမ် မေ ၂၉

တိုင်းဒေသကြီးအဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းသုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်၊ ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျော့ချ နိုင်ရန်နှင့် တိုးပွားလာသည့် ရန်ပုံငွေများကို ကျေးရွာအတွက်အမှန်တကယ်လိုအပ်သည့် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကျေးရွာမှကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ ကျေးလက်လူထုစွမ်းဆောင်ရည် တိုးတက်လာစေရန်နှင့် မမျှော်မှန်းနိုင်သည့် ဘေးအန္တရာယ်များ ကျရောက်လာပါက တုန့်ပြန်မှုအားကောင်းသည့် လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်း သုံးသပ်ဆွေးနွေးပွဲတွင် အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်ပြီးစီမံကိန်းကို ဆက်လက်ဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းသုံးသပ်အကြံပေးကြရန်နှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေး စိတ်စေတနာအပြည့်ဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရန်”ပြောကြားပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း ဂုဏ်ထူးဆောင်ဆု၊ စံပြကျေးရွာဆုနှင့် ဂုဏ်ပြုဆုရရှိသည့် ကျေးရွာ များကို ဆုများချီးမြှင့်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တိုင်းဒေသကြီးအတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်ခဲ့မှုမှတ်တမ်းများနှင့် ခရိုင်အလိုက်ပြသ ထားသော ပြခန်းများအား ကြည့်ရှုအားပေးခဲ့သည်။

Address

Pathein

Alerts

Be the first to know and let us send you an email when Ayeyarwady Region Government posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Ayeyarwady Region Government:

Share