LaymyoChin Dictionary

LaymyoChin Dictionary Khuihpawi sen u byaih,
Phung Lawng Khui ah sawlam ,mlymlawt nak a khui he cya khanglum hmuh phaw seh

16/08/2024

လျှပ်တစ်ပြက် အတွေးတစ်ခု ဝင်လာလို့....

လေးမြို့ဘာသာစကားနဲ့
"ဝါးချွန်" ကိုဘယ်လိုရေးမလဲ့။
ဘယ်လိုပဲ့ ပေါင်းစပ် ရာခိုင်နှုန်းအထိ တူနိင်တဲ့ စာပေ အရေးအသားအတွက် မရနိင်ပါ။

WAW = ဝါး
HUM = ချွန်
ဟူ၍သာ အနီးစပ်ဆုံး ရေးသားရပေမယ်။
အခြားဒေသလူမျိုးစုအတွက်တော့ မှန်ချင်မှ မှန်မှာပါ။

hum ဆိုတာ ဟုန် ဟုသာ အသံထွက်ဆိုပြီး ခွန်ထက်သည် ဆိုတဲ့ စကားလုံးကို မနီးစပ်သေးပါ။

ဘယ်လိုပဲ့ဖြစ်ဖြစ် ထိုစကားလုံးဖြင့် ချွန်ထက်သည် ကို ရေးဖန်များလာရင် မြင်ဖူး စကားလုံးဖြစ်လို့ ကွတ်တိ အဓိပ္ပာယ် သဘောပေါက်ကြမှာပါ။

မကြာသေးခင် အချိန်တုန်းကPlay Store ပေါ်မှာ app update ထုတ်ဖို့ လုပ်ခဲ့ပါတယ်။ဒါပေမယ့် Google team က ဖြုတ်ချတာ ခံခဲ့ရပါတယ်။...
09/08/2024

မကြာသေးခင် အချိန်တုန်းက
Play Store ပေါ်မှာ app update ထုတ်ဖို့ လုပ်ခဲ့ပါတယ်။
ဒါပေမယ့် Google team က ဖြုတ်ချတာ ခံခဲ့ရပါတယ်။ အကြောင်းရင်းတွေက
1> users app data မယူသုံးထားလည်း data deletion form ဖြည့်ထားရမယ် နှင့်
2> android version အမြှင့် အထိ တိုးလုပ်ဖို့ ဆိုတာပဲ့။

၆ ကြိမ် အထိ release ထုတ်ခဲ့ပေမယ့် ပြန်ပြန် ဖြုတ်ချနေရလို့ update မရနိင်သေးပါ။

တောင်တန်းကြီးရယ်...လေးမြို့မြစ်ရယ်...ရွာလေးတွေရယ် လွမ်းလိုက်တာ
10/05/2024

တောင်တန်းကြီးရယ်...
လေးမြို့မြစ်ရယ်...
ရွာလေးတွေရယ် လွမ်းလိုက်တာ

 #စက်တင်ဘာ လ ကနေ  #မတ် လ အထိ ညတိုင်း English ဘာသာအတွက် အချိန်ပေးပြီး လုပ်ပေးတဲ့ ယောက်ဖ ထွန်း ကို ကျေးဇူးတင်ပါတယ်။  Contr...
05/03/2024

#စက်တင်ဘာ လ ကနေ #မတ် လ အထိ ညတိုင်း English ဘာသာအတွက် အချိန်ပေးပြီး လုပ်ပေးတဲ့ ယောက်ဖ ထွန်း ကို ကျေးဇူးတင်ပါတယ်။

Contributors

22/02/2024
Application contributors အတွက် ပါဝင်လိုသူများ အောက်ပါအတိုင်း လုပ်ဆောင်ပြီး ပါဝင်နိင်ပါမည်။(Application ၏ Contributors နေ...
07/02/2024

Application contributors အတွက် ပါဝင်လိုသူများ အောက်ပါအတိုင်း လုပ်ဆောင်ပြီး ပါဝင်နိင်ပါမည်။
(Application ၏ Contributors နေရာတွင် ပုံ ပါ နာမည်အားမှတ်တမ်းတင်ပေးပါမည်။)
ဤဖောင် ဖြည့်စွက်သူသည် မည်သူဖြစ်ကြောင်း မသိနိင်သော်လည်း ကျွန်ပ်တို့ ဆက်သွယ်ပြီးပါက သင်၏ နာမည် နှင့် ပုံ အားပေးပို့ရပါမည် မှတ်တမ်းတင်ပေးပါမည်။

မည်သူမဆို၊ မည်သည့်လူမျိုးမဆို ပါဝင်နိင်ရန် ကျွန်ပ်တို့ ကြိုဆိုပါတယ်။ အောက်ပါလခ့်ကို နှိပ်ပါ

https://forms.gle/gbcgPqRtT4fUsrjBA

Application အတွင်း သုံးစွဲသူဖက်မှ အကြံပေးခြင်း၊ Error များ report လုပ်နိင်ရန် နှင့် အခြား ထည့်သွင်းလိုသော အစိတ်အပိုင်းမျ...
07/02/2024

Application အတွင်း သုံးစွဲသူဖက်မှ အကြံပေးခြင်း၊
Error များ report လုပ်နိင်ရန် နှင့် အခြား ထည့်သွင်းလိုသော အစိတ်အပိုင်းများ၊ စာပေ ပြုပြင်ခြင်းများ၊ မွမ်းမံလိုသော အစိတ်အပိုင်း နေရာများကို ထည့်သွင်းနိင်ရန် အောက် ပါပုံ အတိုင်းလုပ်ဆောင်နိင်ပါတယ်။

https://github.com/hleihzue/LaymyoChin-Dictionary

(တရားဝင် အကောင့်တစ်ခုဖြစ်ပြီး ပြုပြင်ထားသော နေရာများကို ဒီမှာ အချိန်ပြည့်စောင့်ကြည့်နိင်ပါမည်။)

ရွာကို အဆက်အသွယ်ရကြလား။
29/01/2024

ရွာကို အဆက်အသွယ်ရကြလား။

လည်မြို (Lemro) မြစ်အစပြုရာဒေသအလှ(ပလက်ဝ-ဆမီး-မတူပီ-မင်းတပ် လမ်းပိုင်း)၉၊ ဇွန်လ ၂၀၂၀ ရက်နေ့က ကိုယ်တိုင်ရိုက်ကူးသည်။
28/01/2024

လည်မြို (Lemro) မြစ်အစပြုရာဒေသအလှ
(ပလက်ဝ-ဆမီး-မတူပီ-မင်းတပ် လမ်းပိုင်း)

၉၊ ဇွန်လ ၂၀၂၀ ရက်နေ့က ကိုယ်တိုင်ရိုက်ကူးသည်။

 #ပလက်၀သည် ချင်းပြည် ====================(By Dr. Suikhar)နိဒါန်း Arakan Army (AA) ပေါ်ပေါက်လာပြီးနောက် အထူးသဖြင့် AA နှင...
28/01/2024

#ပလက်၀သည် ချင်းပြည်
====================
(By Dr. Suikhar)
နိဒါန်း

Arakan Army (AA) ပေါ်ပေါက်လာပြီးနောက် အထူးသဖြင့် AA နှင့် စစ်တပ် တိုက်ပွဲဖြစ်လာ
ပြီးနောက် ရခိုင်လူမျိုးများသည် ပလက်၀ကို မိမိတို့၏နယ်မြေဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်။
ရခိုင်လူမျိုးများမှ ပလက်၀သည် မိမိတို့၏နယ်မြေဖြစ်သည်ဟု အသံထွက်ပေါ်လာခြင်းသည်
ယခု၌သာမဟုတ်ပဲ ယခင်ကတည်းကပင်ဖြစ်သည်။ Free Ranger Burma (FRB) မှ ထုတ်ဝေ
သော ၄င်းတို့၏လှုပ်ရှားမှုစာစောင်တွင်ပလက်၀သည်ရခိုင်ပြည်နယ်ဖြစ်သည်ဟုဖော်ပြခဲ့ဖူးသည်။
မိမိတို့ချင်းလူမျိုးမဟုတ်သော တခြားလူမျိုးများမှ FRB ကို ယင်းသို့ဖော်ပြခြင်းသည်မှားနေကြောင်း
ထောက်ပြပြီးသည့်နောက်ပိုင်းတွင် FRB မှထုတ်ဝေသောစာစောင်တိုင်းတွင် ပလက်၀သည်
ချင်းပြည်နယ်ဖြစ်သည်ဟု ပြန်လည်ရေးသားဖော်ပြသည်။ AA သည်ပလက်ဝြမို့နယ်ရှိအချို့သော
ကျောင်းများ၏ ဆိုင်းဘုတ်တွင်ရေးထားသော ချင်းပြည်နယ်ကို ပယ်ဖျက်ပြီး ရခိုင်ပြည်နယ်ဟု
အစားထိုးရေးသားခဲ့ကြသည်။ မကြာသေးမှီကာလတွင် Panglong မြို့၌ကျင်းပသော Ethnic
Youth Conference တွင် Arakhan National Party ခေါင်းဆောင်တစ်ဦးဖြစ်သော
ဒေါက်တာအေးမောင်မှ “၁၉၅၃-၅၄ ခုနှစ်တွင်မိမိတို့ရခိုင်လူမျိုးများ၏တောင်တန်းဒေသဖြစ်သော
ပလက်၀ကို Chin Special Division သို့လွှဲအပ်ခဲ့သည်” ဟုပြောကြားခဲ့သည်။ Facebook ပေါ်တွင်
သော်လည်းကောင်း၊ အခြားမီဒီယာများတွင်သော်လည်းကောင်း ဖတ်ရှုပါက စိတ်စွဖွယ်ရာ
ကောင်းလှပါသည်။ ရခိုင်လူမျိုးများမှ ပလက်၀သည် မိမိတို့၏နယ်မြေဖြစ်သည်ဟု အဓိကကိုင်စွဲ
ထားသောအချက်မှာ “ပလက်၀သည် Arakan Hills Tract အတွင်းတွင် တည်ရှိသည်” ဟူ၍
ဖြစ်သည်။ ရခိုင်ဘုရင်လက်ထက်တွင် တည်ရှိခဲ့သည်ဟူ၍လည်း တချို့လူတွေကပြောကြသည်။

အင်အားကိုအသုံးပြုသောစနစ် (Might is right)
“Might is right” ဆိုသည်မှာ အတိုချူံးအားဖြင့် “အင်အားကြီးသောသူမှ တရားသည်ဖြစ်စေ၊
မတရားသည်ဖြစ်စေ သူလုပ်ချင်သောအရာအားလုံးကို အင်အားသုံး၍ လုပ်ပိုင်ခွင့်ရှိသည်” ဟု
ဆိုလိုသည်။ တခြားနည်းဖြင့်ဖော်ပြမည်ဆိုပါက အင်အားအသုံးပြုပြီး အုပ်ချုပ်မင်းမူသောစနစ်ကို
ဆိုလိုခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်ဖြစ်ပွားသည်အထိ“Might is right” စနစ်ကို ကမ္ဘာတစ်ဝှမ်း
တွင်ကျင့်သုံးခဲ့သည်။ ပြည်ထောင်စုမြန်မာသမိုင်းကိုလေ့လာကြည့်ပါကလည်း အင်အားကြီးသော
လူမျိုးမှ အင်အားနည်းသောလူမျိုးကို သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။ ရခိုင်လူမျိုးများ
သည်လည်း ကိုယ့်မင်းကိုယ့်ချင်းဖြင့်အုပ်ချုပ်သော တိုင်းပြည်ရှိခဲ့သော်လည်း ဗြိတိသျှလက်ထက်
မတိုင်မီ၁၇၈၄ ခုနှစ်တွင်ဗမာ့ဘုရင်မှ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ဗြိတိသျှနှင့် ဗမာတိုက်ပွဲ (First
Anglo-Burmese War) ကာလတွင်ရခိုင်ပြည်နယ်ကို ဗမာ့ဘုရင်စစ်ရှူံးကြေး (War Reparation)
အဖြစ် အင်္ဂလိပ်လက်ထဲသို့ ပေးအပ်ခဲ့သည်။ ဤသို့ဖြင့် ၁၈၂၆ ခုနှစ်တွင် ရခိုင်ပြည်နယ်သည်
အင်္ဂလိပ်လက်အောက်တွင်တစ်ဖန်ရောက်ရှိခဲ့သည်။
အင်္ဂလိပ်လက်ထက်မတိုင်မီ ယနေ့ပြည်ထောင်စုမြန်မာနိုင်ငံတွင်နေထိုင်ကြသောလူမျိုးများအနက်
မွန်နှင့် ရခိုင်များမှအပ တခြားလူမျိုးများသည် ကိုယ့်မင်းကိုယ့်ချင်းစနစ်ဖြင့်အုပ်ချုပ်သော
လွတ်လပ်သည့်နိုင်ငံများ ဖြစ်ခဲ့ကြသည်။ အင်္ဂလိပ်သည် သီပေါမင်းအုပ်ချုပ်ခဲ့သောဗမာပြည်ကို
၁၈၈၅ ခုနှစ်တွင် အပြီးတိုင်သိမ်းပိုက်ခဲ့သည်။ သီပေါမင်းကိုလည်း ဖမ်းဆီးခဲ့ပြီး အိန္ဒိယနိုင်ငံသို့
ပြည်နှင်ဒဏ်ပေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုမြန်မာနိုင်ငံတွင်နေထိုင်ကြသော တခြားလူမျိုး
များကိုလည်း အင်္ဂလိပ်မှ တဆင့်ပြီးတဆင့်တိုက်ခိုက်ခဲ့သည်။ မိမိတို့ချင်းလူမျိုးများကိုလည်း ၁၈၉၀
ခုနှစ်မှစတင်၍ တိုက်ခိုက်ခဲ့သည်။
ဗြိတိသျှကိုလိုနီ
ဗြိတိသျှကိုလိုနီလက်ထက်တွင် ယနေ့ Pakistan, India, Bangladesh, Sri Lanka နှင့်
ပြည်ထောင်စုမြန်မာနိုင်ငံ စသည့်နိုင်ငံများသည် ဗြိတိသျှ-အိန္ဒိယဟူ၍ အုပ်ချုပ်မှုယူနစ်တစ်ခု
အောက်၌ ရှိခဲ့ကြသည်။ အင်္ဂလိပ်လက်ထက်တွင် အုပ်ချုပ်ရေးစနစ်အမျိုးမျိုးဖြင့် အုပ်ချုပ်ခဲ့သည်။
၁၉၃၇ ခုနှစ်မှာ ဗြိတိသျှ အိန္ဒိယကို ဗြိတိသျှ-အိန္ဒိယနှင့် ဗြိတိသျှ-ဗမာဟူ၍ (Burma Act 1935
အတိုင်း) ခွဲခြမ်းခဲ့သည်။ ဗြိတိသျှသည် မတူကွဲပြားသောအကြောင်းများကြောင့် ယနေ့
ပြည်ထောင်စုမြန်မာနိုင်ငံကို မတူကွဲပြားသောအုပ်ချုပ်ရေးစနစ်(၃)မျိုးဖြင့် အုပ်ချုပ်ခဲ့သည်။

ပထမစနစ်ဖြစ်သော Ministerial Burma (Proper Burma ဟူ၍လည်းခေါ်သည်။) အောက်တွင်
တနင်္သာရီ၊ ရခိုင်၊ ပဲခူးနှင့် ဧရာ၀တီဟူ၍ တိုင်းဒေသ (၄) ခုရှိခဲ့သည်။ တောင်တန်းဒေသ (Frontier
Areas) သို့မဟုတ် Scheduled Areas အောက်တွင်ရှမ်း၊ ကချင်နှင့် ချင်း လူမျိုးများနေထိုင်ရာ
ဒေသများပါ၀င်သည်။ ကယားပြည်နယ်သည် မည်သူ့ကိုလိုနီအောက်တွင်မျှ မရှိခဲ့သော်လည်း
ဗြိတိသျှအစိုးရမှစောင့်ရှောက်ခဲ့သောလွတ်လပ်သည့်တိုင်းပြည်အဖြစ်ရပ်တည်ခဲ့သည်။
တောင်တန်းဒေသများ (Frontier Areas)
ဗြိတိသျှမြန်မာကိုလိုနီအောက် တောင်တန်းဒေသဆိုသည်မှာ Ministerial or proper Burma
ထဲတွင်မပါပဲ ကယားပြည်နယ်ကဲ့သို့လည်း လွတ်လပ်သောဒေသမဟုတ်သည့် ကျန်နယ်မြေများကို
ဆိုလိုခြင်းဖြစ်သည်။ တောင်တန်းဒေသ (Frontier Areas) သက်မှတ်ခဲ့ရခြင်း၏နောက်ကွယ်တွင်
အကြောင်းအမျိုးမျိုးရှိခဲ့သည်။ ဗြိတ်ိသျှမှ ယင်းတောင်တန်းဒေသကို သိမ်းပိုက်စဉ်ကာလတွင်ဗြိတိ
သျှနယ်ချဲ့များနှင့် သက်ဆိုင်ရာတောင်တန်းဒေသရှိခေါင်းဆောင်များအကြား သဘောတူညီချက်
အတိုင်း စီမံခန့်ခွဲအုပ်ချုပ်ခြင်းဖြစ်သည်။ ထို့အပြင် တောင်တန်းဒေသတွင် နေထိုင်ကြသောလူမျိုး
အချို့သည် ယင်းနယ်မြေနှင့်ဆက်စပ်လျက်ရှိသော မြေပြန့်ရှိတခြားလူမျိုးများအား သွားရောက်
တိုက်ခိုက်လျက်ရှိသောကြောင့် တောင်တန်းဒေသတွင်နေထိုင်ကြသောလူမျိုးများမှ မြေပြန့်ဒေသ
၀င်ရောက်ကျူးကျော်တားဆီးနိုင်ရန်အလို့ငှာ ဥပဒေများပြုလုပ်ခဲ့သည်။ ချင်းလူမျိုးများအတွက်
Chin Hills Regulation Act (1896) ဟူ၍ ဥပဒေတစ်ခုပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေအတိုင်း
ဗြိတိသျှတို့က အုပ်ချုပ်ခဲ့သည်။ ယင်းဥပဒေသည် Mizoram ပြည်နယ်ကိုသော်လည်းကောင်း၊
နာဂတောင်တန်းကိုသော်လည်းကောင်း လွှမ်းခြုံခဲ့သည်။ လွတ်လပ်ရေးရရှိပြီးနောက် ယင်းဥပဒေ
ကိုအသုံးပြုပြီး အခြားလူမျိုးများ တောင်ပေါ်ဒေသသို့ ၀င်ရောက်နေထိုင်ခြင်းကိုတားဆီးရန်အတွက်
အသုံးပြုခဲ့သည်။ အိန္ဒိယနိုင်ငံရှိ Nagaland နှင့် Mizoram ပြည်နယ်တို့တွင်လည်း ၄င်းဥပဒေကိုယနေ့အထိ ဆက်လက်ကျင့်သုံးနေဆဲဖြစ်သည်။ တခြားလူမျိုးများမှ Nagaland နှင့် Mizoram
ပြည်နယ်သို့ သွားရောက်လိုပါက Inner Line Permit ရှိမှသာ သွားရောက်လည်ပတ်ခွင့်ရှိသည်။
တောင်တန်းဒေသများသည်အပိုင်း (၁) နှင့် (၂) ဟူ၍ နှစ်မျိုးနှစ်စားရှိသည်။ တောင်တန်းဒေသ
များတွင် ဘုရင်ခံ၏အကြံပေးချက်ဖြင့် မိမိတို့၏ဓလေ့ထုံးတမ်းအရ တင်မြှောက်သောသူကြီး
(Traditional Chief) မှ တိုက်ရိုက်အုပ်ချုပ်ခဲ့သည်။ Ministerial Burma တွင်မူ ဗြိတိသျှအစိုးရမှ
တိုက်ရိုက်အုပ်ချုပ်သည်။

တောင်တန်းဒေသတွင်နေထိုင်သောချင်းလူမျိုးများ
ရှေးပဝေသနီကတည်းကပင် ချင်းလူမျိုးများသည် ယနေ့ပြည်ထောင်စုမြန်မာနိုင်ငံတွင် အနှံ့အပြား
နေထိုင်ခဲ့ကြသည်။ အချို့သည် မြေပြန့်၌သော်လည်းကောင်း (ဥပမာအားဖြင့်အရှိုချင်း)၊
အချို့သည် တောင်ပေါ်ဒေသ၌သော်လည်းကောင်း၊ အချို့သည် မြစ်ချောင်းဘေး၌သော်လည်း
ကောင်း ပြန့်နှံ့နေထိုင်ခဲ့ကြသည်။ ထို့ကြောင့် တောင်တန်းဒေသ (Frontier Areas) ရှိ ချင်းလူမျိုး
များကို Chin Hills District နှင့် Arakan Hill Tracts ဟူ၍ နယ်မြေနှစ်ခုခြမ်းပြီးအုပ်ချုပ်ခဲ့သည်။
Frontier Areas Committee of Enquiry (FACE) ၏ အစီရင်ခံစာအရ နေရာအကျယ်အ၀န်းနှင့်
လူဦးရေ (၁၉၄၁ ခုနှစ်သန်းခေါင်စာရင်းအရ) သည်အောက်ပါအတိုင်းဖြစ်သည်။ (ဤသန်းခေါင်
စာရင်းသည် ၁၉၄၁ ခုနှစ်တွင် ကောက်ခဲ့သောသန်းခေါင်စာရင်းဖြစ်သော်လည်း ဒုတိယကမ္ဘာစစ်
ကာလတွင်အချက်အလက်အားလုံးပျောက်ဆုံးခဲ့သဖြင့် ၁၉၃၁ ခုနှစ်သန်းခေါင်စာရင်းကိုအခြေခံ
ပြီး ၁၉၄၁ ခုနှစ်တွင်လူဦးရေတိုးပွားလာနိုင်သည့်ထင်မြင်ချက်ဖြင့်ပြုစုခြင်းဖြစ်သည်။)

Chin Hills District
နယ်မြေအကျယ်အ၀န်း - ၁၀,၃၃၇ စတုရန်းပိုင်
လူဦးရေစုစုပေါင်း - ၁၈၆,၀၀၀
လူမျိုးအလိုက်လူဦးရေ
ချင်းလူမျိုး - ၁၈၃,၇၆၈ or ၉၈.၈%
အခြားလူမျိုးများ - ၂,၂၃၂ or ၁.၂%
“Kanpalet Subdivision in the south of the District has close ties with the neighboring
Chin population in Ministerial Burma” ဟူ၍ ၄င်း၏အောက်တွင်ရေးသားဖော်ပြထားသည်။
ထို့ကြောင့် Chin Hills District အပြင် အချို့ချင်းလူမျိုးများသည် Ministerial Burma ထဲတွင်
နေထိုင်ကြသည်ဟုဆိုနိုင်သည်။
Arakan Hill Tracts
နယ်မြေအကျယ်အ၀န်း - ၃၅၄၃ စတုရန်းမိုင်
လူဦးရေ - ၃၄,၀၀၀
ချင်းလူမျိုး - ၂၅၇၇၂ or ၇၅.၈%
အခြားလူမျိုးများ - ၄၆၂၄ or ၁၃.၆%
ဗမာလူမျိုးအုပ်စု - ၃၅၇၀ or ၁၀.၆%
“The Burma Group of the population who are Arakanese Buddhists nearly all live in
southern part the tract bordering to Arakan Division.” ဟူ၍ ၄င်း၏အောက်တွင်ထပ်မံ
ရေးသားဖော်ပြထားသည်။ အခြားလူမျိုးများဟုသုံးနှုန်းသောစကားလုံးသည် မည်သည့်လူမျိုးကို
ရည်ညွှန်းခြင်းဖြစ်ကြောင်း မသိရှိသော်လည်း Arakan Hills Tract တွင် ရခိုင်လူမျိုးသည်
စုစုပေါင်းလူဦးရေ၏ ၁၀% သာဖြစ်ကြောင်း ဖော်ပြထားသည်။
အထက်ပါအချက်အလက်များကိုကြည့်ရမည်ဆိုပါက သိသာထင်ရှားသည်မှာ တောင်တန်းဒေသ
(Frontier Areas) ရှိ “Arakan Hills Tract” ဟူသောဝေါဟာရသည် ပထဝီဆိုင်ရာအမည်
၀ိသေသသာဖြစ်ပြီး ရခိုင်နယ်မြေနှင့် ပတ်သက်ခြင်းလုံး၀မရှိပေ။ Arakan Hills Tract သည်
ချင်းပြည်အတွင်းတွင်တည်ရှိပြီး ဘိုးဘွားစဉ်ဆက်ကတည်းကပင်ချင်းလူမျိုးများနေထိုင်ရာနယ်မြေ
ဖြစ်သည်။
တောင်တန်းဒေသစုံစမ်းစစ်ဆေးရေးကော်မတီ၏အစီရင်ခံစာ
Frontier Areas Committee of Enquiry (FACE)
ပင်လုံစာချုပ်နှင့်ပတ်သက်၍ ဆွေးနွေးကြရာတွင်စာချုပ်တစ်ခုတည်းကိုသာ ရည်စူးပြီးပြောဆိုဆွေး
နွေးလျက်ရှိကြပါသည်။ ပင်လုံစာချုပ်သည် သီးသန့်ဖြစ်ရှိရပ်တည်သောစာချုပ် (Standalone
Agreement) မဟုတ်ပဲ အခြားစာချုပ်၊ စာရွက်စာတမ်းများနှင့် ဆက်နွယ်တည်ရှိသောစာချုပ်
ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလိပ်အစိုးရထံသို့ လွတ်လပ်ရေးတောင်းဆိုသောအခါ
Proper Burma အတွက်သာမဟုတ်ပဲ ဗြိတိသျှ-ဗမာ တစ်ခုလုံး လွတ်လပ်ရေးရရှိရေးအတွက်
တောင်းဆိုခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့သည် Proper Burma သာ ကိုယ်စားပြုသည်
ဖြစ်ပြီး တောင်တန်းဒေသ (Frontier Areas) ကို ကိုယ်စားပြုခြင်းမရှိခဲ့ချေ။ ရှမ်းစော်ဘွားများက
ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့သည် မိမိတို့လူမျိုးကို ကိုယ်စားပြုခြင်းမရှိခဲ့ကြောင်း ဗြိတိသျှထံသို့
သတင်းပို့ခဲ့ကြသည်။ ထို့ကြောင့် ဗြိတိသျှ-ဗမာ လွတ်လပ်ရေးနှင့်ပတ်သက်၍ တောင်တန်းဒေသ
(Frontier Areas) ရှိ အခြားလူမျိုးများ၏သဘောထားနှင့် ရွေးချယ်မှုအတွက်သော်လည်းကောင်း၊
ကြားဖြတ်အစိုးရကိစ္စနှင့်သော်လည်းကောင်း၊ အခြားကိစ္စနှင့်သော်လည်းကောင်း သိရှိနိုင်ရန်
ဆောင်ရွက်ရမည့်လုပ်ငန်းများကို အောင်ဆန်း-အက်တလီစာချုပ် (အပိုဒ်-၈) တွင် ထည့်သွင်း
ရေးသားခဲ့သည်။ ပင်လုံစာချုပ်သည် ဗမာအစိုးရကိုယ်စားလှယ် ဗိုလ်ချုပ်အောင်ဆန်းနှင့်
တောင်တန်းဒေသ (Frontier Areas) တွင် နေထိုင်ကြသောလူမျိုးများ၏ ကိုယ်စားလှယ်
ခေါင်းဆောင်များအကြား ချုပ်ဆိုထားသောသဘောတူညီချက်ဖြစ်သည်။ Frontier Areas
Committee of Enquiry (FACE) ကိုလည်း အောင်ဆန်း-အက်တလီစာချုပ်အရ ဖွဲ့စည်းခဲ့ခြင်း
ဖြစ်သည်။ Frontier Areas Committee of Enquiry (FACE) ၏အဓိကရည်ရွယ်ချက်မှာ
တောင်တန်းဒေသ (Frontier Areas) တွင်နေထိုင်ကြသောလူမျိုးများသည်Proper Burma နှင့်
မည်ကဲ့သို့ ပူးပေါင်းမည်နည်း၊ အတိုချူံးအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရမည့်
အချက်အလက်များကိုသိရှိနိုင်ရန်အတွက်စုံစမ်းခြင်းဖြစ်သည်။

Frontier Areas Committee of Enquiry (FACE) သည်တောင်တန်းဒေသ (Frontier Areas)မှ
ကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့နှင့်မေမြို့တွင်ပြုလုပ်ကျင်းပခဲ့သည်။ Chin
Hills District ကိုယ်စားလှယ်များကို မေမြို့၌တွေ့ဆုံခဲ့ပြီး Arakan Hills Tract မှ ကိုယ်စားလှယ်
များအား ရန်ကုန်၌ တွေ့ဆုံခဲ့သည်။ Frontier Areas Committee of Enquiry (FACE) သည်
Arakan Hills Tract မှကိုယ်စားလှယ်များအား အောက်ပါအတိုင်း အဖွဲ့ (၄) ဖွဲ့ခွဲ၍ တွေ့ဆုံခဲ့
သည်။

(က) Khumi and Lakher Chins- 1) Htat Ling 2) Tung Aung 3) Htin Kon
4) Pat Wai 5) Theitu
(ခ) Lanpu Mro Chins: 1) Lampu
(ဂ) Muang Hmyar Lemro Chin: 1) Mang Hmyar
(ဃ) Arakan Hills Tract A.F.P.F.L: 1) Tun Mra 2) Saw Hla
Frontier Areas Committee of Enquiry (FACE) ၏ အစီရင်ခံစာကို အတိုချူံးအားဖြင့်ဖော်ပြရ
သော် “Arakan Hills Tract မှ ချင်းလူမျိုးကိုယ်စားလှယ်များသည် Chin Hills District နှင့်
ပူးပေါင်းရန်လိုလားသည်။ မြောက်ပိုင်းချင်းလူမျိုးများ၏ တင်ပြချက်များအတိုင်း သဘောတူသည်။
ဖက်ဒရယ်ပြည်ထောင်စုတွင် ပြည်နယ်တစ်ခုအဖြစ်ရပ်တည်မည်ဆိုပါကလည်း ကန့်ကွက်ရန်မရှိပါ။

သို့ရာတွင် Akyab (စစ်တွေ) District နှင့် ပူးပေါင်းရန်ကိုမူ လုံး၀ကန့်ကွက်သည်” ဟူ၍တင်ပြခဲ့ကြ
သည်။ ထို့အပြင် Khumi နှင့် Lakher Chins ကိုယ်စားလှယ်များမှ ဆက်လက်တင်ပြရာတွင်
“ဤတွေ့ဆုံဆွေးနွေးပွဲသို့ မရောက်လာခင် မိမိတို့ဒေသ၏ဌာနချုပ်ဖြစ်သော ပလက်၀တွင် လူထု
တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး ယင်းတွေ့ဆုံပွဲတွင် Akyab (စစ်တွေ) district နှင့် မပူးပေါင်းရန် လူထုမှ
သဘောတူဆုံးဖြတ်ခဲ့ကြသည်။” ဟုထည့်သွင်းပြောကြားခဲ့ကြသည်။ သို့သော်Arakan Hills Tract
A.F.P.F.L မှ တင်ပြရာတွင် “ကျွန်ုပ်တို့သည် ဗမာအဖွဲ့ဖြစ်သော ရခိုင်လူမျိုးများဖြစ်ကြသည်။
Burma Ministerial နှင့် ပူးပေါင်းရန်လိုလားသည်။ မိမိတို့အတွက် သီးသန့်ခရိုင်ဖွဲ့စည်းရန်
မလိုအပ်ပါ” ဟု၄င်းတို့၏ သဘောထားကိုတင်ပြခဲ့ကြသည်။
(တောင်တန်းဒေသစုံစမ်းစစ်ဆေးရေးကော်မတီ၏အစီရင်ခံစာ စာမျက်နှာ ၉၂-၉၈)
အထက်ပါ တောင်တန်းဒေသစုံစမ်းစစ်ဆေးရေးကော်မတီ၏အစီရင်ခံစာကို ကြည့်ရှုပါက Arakan
Hill Tract ရှိချင်းလူမျိုးများသည် တခြားဒေသတွင်နေထိုင်သော ချင်းလူမျိုးများနှင့်အတူတကွ
ပူးပေါင်းနေထိုင်ရန် ဆန္ဒရှိကြသည်။ သို့သော် ရခိုင်လူမျိုးများကမူ ဗမာလူမျိုးများနှင့်အတူ
နေထိုင်ရန်တင်ပြခဲ့ကြသည်။ ဒုတိယအနေဖြင့် ပလက်၀သည်Arakan Hills Tract ရှိချင်းလူမျိုး
များ၏အဓိကဌာနချုပ်အဖြစ်သက်မှတ်ခဲ့ကြသည်။ Akyab (စစ်တွေ) district သို့မဟုတ်ရခိုင်နှင့်
ပူးပေါင်းနေထိုင်ရန် ခေါင်းဆောင်ကိုယ်စားလှယ်များသာမက လူထုကလည်း မလိုလားခဲ့ကြပေ။

တတိယအနေဖြင့် Frontier Areas Committee of Enquiry (FACE) နှင့် တွေ့ဆုံဆွေးနွေးပွဲသို့
တက်ရောက်ခဲ့ကြသောချင်းလူမျိုးကိုယ်စားပြုခေါင်းဆောင်များသည်Ram Uk Bawi (TraditionalChief) ဖြစ်ကြသော်လည်း၊ ရခိုင်လူမျိုးကိုယ်စားပြုကိုယ်စားလှယ်များသည် A.F.P.F.L ပါတီ
ကိုယ်စားပြုကိုယ်စားလှယ်များသာဖြစ်ကြသည်။ ၄င်းတို့သည် ကိုယ်စားပြုမှုအဆင့်အတန်းအရ
လည်းကွာခြားကြသည်။ Arakan Hills Tract ၌ နေထိုင်ခဲ့သော ရခိုင်လူမျိုးများသည်
ကုလားတန်မြစ်ကမ်းနံဘေးတစ်လျှောက်တွင်နေထိုင်ကြပြီး ငါးဖမ်းလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်း
ဖြင့် အသက်မွေး၀မ်းကျောင်းပြုလုပ်သူများဖြစ်ကြပြီး၊ မြို့ရွာအတည်တကျ တည်ထောင်ခြင်းမရှိပဲ
ရွှေ့ပြောင်းသွားလာသူများဖြစ်သောကြောင့်Traditional Chief လည်းမရှိပေ။

နိဂုံးချုပ်
အင်္ဂလိပ်လက်ထက်မတိုင်မီ ယနေ့ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်းအရ သော်လည်းကောင်း၊
အင်္ဂလိပ်အုပ်ချုပ်မှုသမိုင်းအရသော်လည်းကောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအရသော်လည်း
ကောင်း -
(က) ရခိုင်လူမျိုးများသည်၁၇၈၄ နောက်ပိုင်းတွင်တိုင်းပြည်မဲ့ဘ၀သို့ရောက်ရှိခဲ့သည်။
(ခ) Arakan Hills Tract သည်ပထဝီအမည်ဝိသေသသာဖြစ်ပြီး ရခိုင်အုပ်ချုပ်သော
သို့မဟုတ်ရခိုင်နယ်မြေနှင့်လုံး၀သက်ဆိုင်ခြင်းမရှိခဲ့ပေ။
(ဂ) ယနေ့ချင်းပြည်နယ်နယ်နိမိတ်သည်Chinland တစ်ခုလုံးကိုလွှမ်းခြုံခြင်းမရှိပေ။
(ဃ) မိမိတို့ချင်းလူမျိုးများကို တောင်တန်း၊ မြစ်ချောင်း၊ အင်းအိုင်များကသော်လည်း
ကောင်း၊ ဘာသာစကားနှင့် ဓလေ့ထုံးတမ်းများကသော်လည်းကောင်း တခြား
လူမျိုးများကသော်လည်းကောင်း ခွဲခြမ်းနိုင်မည်မဟုတ်ပေ။
တနည်းအားဖြင့်ဖော်ပြရပါက ပလက်၀သည်ရခိုင်နှင့် ပထဝီအရသော်လည်းကောင်း၊ မျိုးရိုးဇာတိ
အရသော်လည်းကောင်း၊ ဘာသာစကားနှင့် ရိုးရာဓလေ့ထုံးတမ်းအရသော်လည်းကောင်း
ဆက်နွယ်မှုလုံး၀မရှိပေ။ ထို့ကြောင့် ပလက်၀သည်၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှစပြီး ယနေ့ထိ
တိုင်Chin Special Division/Chin State တွင်ပါ၀င်နေခြင်းဖြစ်သည်။ ရခိုင်လူမျိုးများသည်၁၉၇၄
ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းပြီးမှသာ ပြည်နယ်ရရှိခဲ့ခြင်းဖြစ်သည်။ ပလက်၀သည်ချင်းပြည်။

ခူမီးမိဒီယာ

ချင်းအမျိုးသမီးပျိုလေးတွေကို ချစ်ကြိုက်နေကြတဲ့သူတွေကတော့ ဒီလိုမျိုး  #နွားနောက် အကြီးကြီး နက်တင်တောင်းနိင်အောင် အလုပ်ကြိ...
28/01/2024

ချင်းအမျိုးသမီးပျိုလေးတွေကို ချစ်ကြိုက်နေကြတဲ့သူတွေကတော့ ဒီလိုမျိုး #နွားနောက် အကြီးကြီး နက်တင်တောင်းနိင်အောင် အလုပ်ကြိုးစားရဦးမှာပါ။

#စကားကြွင်း
Without ME 😅

Address

LaymyoChin
Paletwa
07071

Alerts

Be the first to know and let us send you an email when LaymyoChin Dictionary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to LaymyoChin Dictionary:

Share

Category