27/05/2026
နွေရာသီ ၃ လတာအတွင်း အင်္ဂလိပ်စာစွမ်းရည်ကို မြှင့်တင်ပေးခဲ့သည့် ဆရာမ Tr. JJ 👩🏼🏫
အားလုံးပဲ မင်္ဂလာပါရှင့်။
ကျွန်မတို့ရဲ့ Bamboo Delight Summer Youth Camp 2026 ရဲ့ စာသင်နှစ်ကတော့ အခုဆိုရင် နောက်ဆုံးအပတ်ကို ရောက်ရှိလို့လာပါပြီ။ ကျောင်းတွေလည်း ပြန်ဖွင့်တော့မှာဖြစ်တဲ့အတွက် ဒီနွေရာသီ ၃ လတာကာလပတ်လုံး အချိန်ပေးပြီး အင်္ဂလိပ်စာကို စနစ်တကျ သေချာသင်ကြားပေးခဲ့တဲ့ Tr. JJ (Tr. Wint Thawdar Maung) ကို အထူးပင် ကျေးဇူးတင်ရှိကြောင်း ပထမဆုံး ပြောပါရစေရှင်။
ဆရာမက ကျွန်မတို့ရဲ့ Junior ကျောင်းသား၊ ကျောင်းသူများကို English Speaking & Listening ပိုင်းကို အဓိကထားပြီး သင်ပြပေးခဲ့ပါတယ်။ ရိုးရိုးစာရေးစာဖတ် ပုံစံမျိုးတင်မဟုတ်ဘဲ စကားပြောခြင်း (Speaking) အပိုင်းကို အဖွဲ့လိုက်လေ့ကျင့်တာမျိုး၊ မိမိရဲ့ တွဲဖက် (Partner) နဲ့ အပြန်အလှန် ပြောဆိုလေ့ကျင့်တာမျိုးတွေပါ ပြုလုပ်ပေးခဲ့ပါတယ်။ ဒါ့အပြင် English ဝေါဟာရ (Vocabulary) အသစ်တွေကိုလည်း အသေးစိတ် သေချာသင်ပြပေးပြီး၊ စာကြောင်းတွေ ဖတ်တဲ့အခါမှာလည်း အသံထွက် (Pronunciation) မှန်ကန်အောင် သေချာလေး ပြုပြင်တည့်မတ်ပေးခဲ့ပါတယ်။
ဆရာမရဲ့ စနစ်တကျ သင်ကြားပြသမှုကြောင့် ဂျူနီယာလေးတွေအနေနဲ့ English Speaking ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ ပိုမိုကျွမ်းကျင်စွာ ပြောဆိုတတ်လာပြီး၊ ဝေါဟာရအသစ်တွေကိုလည်း သိရှိကာ လက်တွေ့စကားပြော လေ့ကျင့်တဲ့အချိန်တွေမှာ ကောင်းမွန်စွာ အသုံးချနိုင်လာကြပါတယ်။ အခုလို စိတ်ရှည်လက်ရှည်နဲ့ သေသေချာချာ သင်ပြပေးခဲ့တဲ့အတွက် ဆရာမကို ကျွန်မတို့ Bamboo Delight Summer Youth Camp နဲ့အတူ ကျောင်းသား၊ ကျောင်းသူလေးများ အားလုံးကနေ အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင့်။ စာသင်တာချည်းမဟုတ်ပဲ အကုန်လုံးနဲ့အတူတူ ဂစ်တာတီး သီချင်းဆိုခဲ့တဲ့ အမှတ်တရတွေကိုလည်း ကျွန်မတို့ အမြဲတမ်း အမှတ်ရနေမှာပါ။
ဆရာမကို ကျွန်မတို့ Bamboo Delight ကနေပြီးတော့လည်း လာလည်ဖို့အတွက် အမြဲတမ်း ကြိုဆိုလျက်ရှိပါတယ်ရှင်။ နောင်နှစ်တွေမှာလည်း အသစ်အသစ်သော ဗဟုသုတတွေကို ကျွန်မတို့ဆီ ပြန်လည်လာရောက် မျှဝေပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင့်။ ❤️🌱
-Content by Alaina