Department of Myanmar Examinations - မြန်မာနိုင်ငံစာစစ်ဦးစီးဌာန

  • Home
  • Myanmar
  • Naypyidaw
  • Department of Myanmar Examinations - မြန်မာနိုင်ငံစာစစ်ဦးစီးဌာန

Department of Myanmar Examinations - မြန်မာနိုင်ငံစာစစ်ဦးစီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ တရားဝင်စာမျက်နှာ
(1)

AI ခေတ်တွင် ကြေညာချက်အတုအပ လုပ်ရန် စက္ကန့်ပိုင်းသာ လိုပါတယ်။ အတုအပ ဖန်တီးရန် အင်မတန်လွယ်ကူသော ခေတ်မှာ သတင်းအကြောင်းအရာ တ...
27/05/2026

AI ခေတ်တွင် ကြေညာချက်အတုအပ လုပ်ရန် စက္ကန့်ပိုင်းသာ လိုပါတယ်။ အတုအပ ဖန်တီးရန် အင်မတန်လွယ်ကူသော ခေတ်မှာ သတင်းအကြောင်းအရာ တစ်ခုကိုနဲ့ ပတ်သက်လာရင်
တီဗီမှာ ကြေညာတာကို မိမိမျက်စေ့နဲ့ မြင်လိုက်ရပြီလား
ရေဒီယိုမှာ ကြေညာတာကို မိမိနားနဲ့ ကြားလိုက်ရပြီလား
သတင်းစာမှာပါတာကို မိမိလက်ထဲကိုင်ဖတ်လိုက်ရပြီလား
Website မှာ ကြေညာတာကို ကိုယ်တိုင်ဝင်ကြည့်လိုက်တာလား
မိမိတွေ့ရတဲ့ သတင်းအကြောင်းအရာက Official Social Media Page မှာ တင်ထားတာ တွေ့လိုက်ပြီလား
မည်သည့်သတင်းဖြစ်စေ မိမိအသိဉာဏ်ပညာဖြင့် ချင့်ချိန်သုံးသပ် ယုံမှတ်ကြရန် ဖြစ်ပါတယ်။

အောင်စာရင်းထုတ်ပြန်ကြေညာခြင်းနှင့်စပ်လျဉ်း၍ ယခင်နှစ်ကစာသားများအတိုင်း ရက်စွဲပြောင်းပြီး ကြေညာရန် အစီအစဉ်မရှိပါ။ မတူညီသော...
26/05/2026

အောင်စာရင်းထုတ်ပြန်ကြေညာခြင်းနှင့်စပ်လျဉ်း၍ ယခင်နှစ်ကစာသားများအတိုင်း ရက်စွဲပြောင်းပြီး ကြေညာရန် အစီအစဉ်မရှိပါ။ မတူညီသော ထုတ်ပြန်ကြေညာချက် ဖြစ်ပါလိမ့်မယ်။ ထို့ကြောင့် ယခင်နှစ်က ကြေညာချက်နဲ့ တစ်ထပ်တည်း ဆင်တူ၊ ရက်စွဲပဲ ပြင်ထားရင် အတုလို့သာ မှတ်လိုက်ပါ။ အတုတွေလာပြပြီးဟုတ်လား မမေးပါနှင့်၊ လုံးဝ လုံးဝမဟုတ်ပါ။
ရုပ်မြင်သံကြား၊ သတင်းစာ၊ ရေဒီယိုနှင့် ဒီ Page မှာ ကြေညာထားတာ မြင်မှ သေချာပြီလို့ မှတ်ကြပါစေကြောင်း ထပ်လောင်းအသိပေးအပ်ပါသည်။

မြန်မာတစ်နိုင်ငံလုံးသိအောင် မျှဝေကြဦး။
26/05/2026

မြန်မာတစ်နိုင်ငံလုံးသိအောင် မျှဝေကြဦး။

23/05/2026

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်

ယနေ့ အမေးရှိကြသောကြောင့် အဖြေသိနိုင်ရန် ထပ်မံ မျှဝေဖော်ပြအပ်ပါသည်။
23/05/2026

ယနေ့ အမေးရှိကြသောကြောင့် အဖြေသိနိုင်ရန် ထပ်မံ မျှဝေဖော်ပြအပ်ပါသည်။

Knowledge_Corner၂၀၂၆-၂၀၂၇ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေးသီတင်းပတ် မကြာမီစတင်တော့မည်။ ပထမဦးဆုံး ကျောင်းအပ်ကြရမည့် သူငယ်တန်း...
23/05/2026

Knowledge_Corner
၂၀၂၆-၂၀၂၇ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေးသီတင်းပတ် မကြာမီစတင်တော့မည်။ ပထမဦးဆုံး ကျောင်းအပ်ကြရမည့် သူငယ်တန်း သို့မဟုတ် ပထမ တန်းကလေးများ၏ အချက်အလက်များသည် ကျောင်းအပ်စဉ် ကတည်းက ပြည့်စုံမှန်ကန်ဖို့ အင်မတန် အရေးကြီးသည်။ ပထမဦးဆုံး ကျောင်းအပ်စဉ်က ကျောင်းဝင် အချက် အလက်များကို ထိုကလေး၏ ပညာသင်ယူမှုကာလတစ်လျှောက် ဆက်တိုက်အသုံးပြုသွားမည် ဖြစ်သောကြောင့် မိမိ ကလေး၏ အချက်အလက်များ မှန်ကန်စေဖို့ မိဘများက အထူးသတိပြုသင့်သည်။ အချို့မိဘများသည် သတ်မှတ် အသက် မပြည့်သောကြောင့် ကျောင်းအပ်လို့ရင်ပြီးရော မွေးသက္ကရာဇ်လိမ်ပြီးအပ်ကြသည်၊ ဖခင် မိခင်အမည်များကို တရားဝင် မှတ်ပုံတင်ထဲက အမည်မဟုတ်ဘဲ အရပ်ထဲခေါ်သည့် အမည်များဖြင့် အမှုမှတ်မဲ့ ကျောင်းအပ်ကြသည်၊ အဖေရင်း အမေရင်း အမည်မသုံးဘဲ အဘိုးအဘွားအမည်များကို ဖခင်၊ မိခင်အမည်အဖြစ် ကျောင်းအပ်ကြသည်။ ကျောင်းအပ်စဉ် ခဏတော့ အဆင်ပြေကောင်း ပြေနိုင်သည်။ ကျောင်းအပ်စဉ်က အမည်၊ မွေးသက္ကရာဇ်တွေက တစ်မျိုး၊ နိုင်ငံသား စိစစ်ရေးကတ်ပြုလုပ်ချိန်မှာ မွေးစာရင်းပါ အချက်အတိုင်း နောက်တစ်မျိုး မူကွဲများဖြစ်သွားလျင် ချက်ခြင်း လက်ငင်း မသိသာသော်လည်း နောင်တစ်ချိန်မှာ ထိုစဉ်က သတိမမူခဲ့သည်များအတွက် အလုပ်ပိုများ လုပ်ကြရသည်။ မှတ်ပုံတင်မှာ ပါတဲ့အချက်တွေနဲ့ ပညာရေးဆိုင်ရာ အထောက်အထား အချက်အလက်တွေ မတူလို့ဆိုတာမျိုးတွေ ဖြစ်လာတတ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားသည့်အခါ ဖြည့်စွက်ရသည့် စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားပါ အမည်၊ မွေးသက္ကရာဇ်နှင့် အခြားအချက်အလက်များကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးက ကျောင်းဝင် စာရင်းပါ အချက်အလက်များနှင့် တိုက်ဆိုင်စိစစ်၍ အတည်ပြုပေးရသည်။ ထို ဖြေဆိုခွင့်လျှောက်လွှာပါ အချက်အလက် များနှင့် ဖြေဆိုခွင့်ကတ်ပြားများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် တစ်သက်တာ မှတ်တမ်းတင် သိမ်းဆည်းထားသည်။ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး၍ အောင်လက်မှတ်ထုတ်ပေးသည့်အခါ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတွင် သိမ်းဆည်း ထားသော အဆိုပါ အထောက်အထားမှတ်တမ်းများအတိုင်းသာ စိစစ်၍ ထုတ်ပေးသည်။ တက္ကသိုလ်ဝင် စာမေးပွဲ အောင်လက်မှတ်ပါ အချက်အလက်များကို မည်သည့်အကြောင်းပြချက်၊ မည်သည့်နည်းလမ်းနှင့်မျှ ပြင်ဆင်ခွင့်မရှိတော့ ပေ။ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပေးသည့် အောင်လက်မှတ်သည် အချက်အလက် အထောက်အထား မှတ်တမ်း အရ အင်မတန် ခိုင်မာသည်ဟု သတ်မှတ်ထားသည်။ ကျောင်းနေ ကျောင်းတက်စဉ်ကာလ တစ်လျှောက်လုံး သတိမမူ သတိမပြုခဲ့သည့် အမှားများသည် နောင်တစ်ချိန်မှာ အခက်အခဲဖြစ်လာနိုင်သည်။

မိဘများအနေဖြင့် မိမိကလေး ကျောင်းအပ်စဉ်ကတည်းက အမည်၊ မွေးသက္ကရာဇ် အချက်အလက်တွေ ပြည့်စုံ မှန်ကန်အောင် အထူးဂရုပြု ဖြည့်စွက်အပ်နှံပြီး မိမိကလေး တစ်သက်တာ အဆင်ပြေစေရေး ဆောင်ရွက်နိုင်ကြရန် ဗဟုသုတ ကဏ္ဍမှ မျှဝေအပ်ပါသည်။

နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သော အခြေခံပညာဦးစီးဌာန၏ Placement Test (အထူးအစီအစဉ်)အကြောင်း ဆောင်းပါးကို အများပြည်သ...
22/05/2026

နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သော အခြေခံပညာဦးစီးဌာန၏ Placement Test (အထူးအစီအစဉ်)အကြောင်း ဆောင်းပါးကို အများပြည်သူ သိရှိနိုင်စေရန် ပြန်လည်မျှဝေအပ်ပါသည်။

 #ဗဟုသုတကဏ္ဍ
22/05/2026

#ဗဟုသုတကဏ္ဍ

နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအ...
21/05/2026

နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ်
၂၅-၅-၂၀၂၆ မှ ၃၁-၅-၂၀၂၆ ထိ

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ နှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြ...
20/05/2026

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ နှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်မည့်ရက်ကို တရားဝင်ကြေညာထားခြင်း မရှိသေးပါ။

The schedule for the release of the 2026 Matriculation Examination results has not yet been officially announced. This i...
19/05/2026

The schedule for the release of the 2026 Matriculation Examination results has not yet been officially announced. This information is being re-shared for awareness regarding the announcement of the examination results.

Address

Office No. 52
Naypyidaw
15011

Opening Hours

Monday 09:30 - 16:30
Tuesday 09:30 - 16:30
Wednesday 09:30 - 16:30
Thursday 09:30 - 16:30
Friday 09:30 - 16:30

Alerts

Be the first to know and let us send you an email when Department of Myanmar Examinations - မြန်မာနိုင်ငံစာစစ်ဦးစီးဌာန posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share