06/04/2026
ဆိုတာ "လူတိုင်းကြည့်လို့ရပြီး
ဖျက်လို့မရတဲ့ ဒီဂျစ်တယ် မှတ်တမ်းစာအုပ်" လို့အလွယ်မှတ်နိုင်ပါတယ်။ ဒေတာတွေကိုဗဟိုစက်တစ်ခုတည်းမှာ သိမ်းမထားဘဲ ကွန်ရက်ထဲက ကွန်ပျူတာအားလုံးမှာ တစ်ပြိုင်တည်း ပွားပြီးသိမ်းထားတဲ့စနစ် ဖြစ်ပါတယ်။
နားလည်လွယ်အောင် ဥပမာ တစ်ခုနဲ့ကြည့်ရအောင်-
ရွာတစ်ရွာမှာ ရွာလူကြီးတစ်ယောက်တည်းက စာရင်းမှတ်တာမျိုး (Centralized) မဟုတ်ဘဲ ရွာသားတိုင်းဆီမှာ စာရင်းစာအုပ်တစ်အုပ်စီ ရှိနေတာနဲ့ တူပါတယ်။
◾️ တစ်ယောက်ယောက်က ငွေလွှဲရင် ရွာသားအားလုံးကို အော်ပြောရပြီး အားလုံးက ကိုယ့်စာအုပ်ထဲမှာ လိုက်မှတ်ကြပါတယ်။
◾️တစ်ယောက်ယောက်က စာရင်းခိုးပြင်ရင် တခြားသူတွေရဲ့ စာအုပ်နဲ့ တိုက်စစ်လိုက်ရုံနဲ့ အလိမ်အညာမှန်း သိသာသွားပါတယ်။
◾️မှားသွားရင်တောင် အဟောင်းကို ဖျက်လို့မရဘဲ "ပြင်ဆင်ချက်" အဖြစ် မှတ်တမ်းအသစ်ပဲ ထပ်တိုးလို့ရပါတယ်။
Blockchain ကဘယ်လိုအလုပ်လုပ်သလဲဆိုရင်
Blockchain ဆိုတဲ့ နာမည်အတိုင်း အချက်အလက်တွေကို Block (အကွက်) လေးတွေအဖြစ် သိမ်းပြီး Chain (သံကြိုး) လို ချိတ်ဆက်ထားတာပါ။
အကွက်တိုင်းမှာ သူ့ရဲ့ ကိုယ်ပိုင် Hash (လက်ဗွေရာ) ပါသလို ရှေ့ကအကွက်ရဲ့ လက်ဗွေရာလည်း ပါဝင်ပါတယ်။
အကယ်၍ ဒေတာတစ်ခုကို သွားပြင်လိုက်ရင် လက်ဗွေရာ ပြောင်းသွားမှာဖြစ်လို့ နောက်ကချိတ်ထားတဲ့ သံကြိုးတွေပါ ပြုတ်ကုန်ပြီး အတုမှန်း ချက်ချင်းသိသာသွားစေပါတယ်။
လက်တွေ့အသုံးချမှုနယ်ပယ်များ
* ငွေကြေး: ဘဏ်မလိုဘဲ တိုက်ရိုက်ငွေလွှဲခြင်း (Bitcoin)။
* ထောက်ပံ့ပို့ဆောင်ရေး: ပစ္စည်းတစ်ခုရဲ့ မူလအစကနေ လက်ရှိနေရာအထိ အတိအကျ ခြေရာခံခြင်း။
* ကျန်းမာရေး: လူနာမှတ်တမ်းများကို လုံခြုံစွာ သိမ်းဆည်းမျှဝေခြင်း။
* အိမ်ခြံမြေနှင့် မဲပေးခြင်း: စာချုပ်စာတမ်းနှင့် မဲစာရင်းများကို အလိမ်အညာမရှိစေရန် မှတ်တမ်းတင်ခြင်း။
အားသာချက်များ:
* ဒေတာကို ဖျက်လို့၊ ပြင်လို့မရခြင်း။
* ကြားခံလူမလိုတဲ့အတွက် ကော်မရှင်ခသက်သာပြီး အချိန်ကုန်သက်သာခြင်း။
* လူတိုင်း မှတ်တမ်းကို တိုက်စစ်ကြည့်ရှုနိုင်ခြင်း။
စိန်ခေါ်မှုများ:
* လျှပ်စစ်မီး အလွန်အမင်း သုံးစွဲရခြင်း။
* မှားယွင်းမှတ်တမ်းတင်မိရင် ပြန်ဖျက်ဖို့ မဖြစ်နိုင်သလောက် ခက်ခဲခြင်း။
* အစိုးရများအနေနဲ့ စည်းမျဉ်းသတ်မှတ်ရန် စိန်ခေါ်မှုရှိနေခြင်း။
အနာဂတ်အလားအလာ အနေနဲ့က Blockchain ဟာ အနာဂတ်မှာ ရှေ့နေမလိုဘဲ အလိုအလျောက် အလုပ်လုပ်မယ့် Digital Contracts (စမတ်စာချုပ်များ)၊ မှတ်ပုံတင်နဲ့ လိုင်စင်တွေကို ဖုန်းထဲမှာတင် သိမ်းထားနိုင်မယ့် Digital ID စနစ်တွေနဲ့ အဖိုးတန်ပစ္စည်းတွေကို ဒီဂျစ်တယ်ရှယ်ယာအဖြစ် ခွဲဝေရင်းနှီးမြှုပ်နှံတဲ့စနစ်တွေအထိ ကျယ်ပြန့်လာနိုင်ပြီး လူသားတို့ရဲ့ နေ့စဉ်ဘဝကို အကြီးအကျယ် ပြောင်းလဲပစ်မယ့် နည်းပညာတစ်ခု ဖြစ်တယ်လို့ဆိုကြပါတယ်။
“လေ့လာ သင်ယူသမျှပညာရပ်နှင့် မျှဝေသမျှအကြောင်းအရာတို့သည် လူသားတို့အကျိုးအတွက်အထောက်အပံ့တခုမျှဖြစ်ရပါလို၏။”
==========================
Disclaimer: ဤစာတွင် ဖော်ပြထားသော အချက်အလက်များသည် ဗဟုသုတရရှိစေရန် လေ့လာသိရှိရမှုများကို မျှဝေခြင်း (Knowledge Sharing) သက်သက်သာ ဖြစ်ပါသည်။ မည်သည့်အဖွဲအစည်းကိုမျှ ကိုယ်စားပြုခြင်းမရှိပါ။
#နည်းပညာ