28/01/2021
လုပ်ငန်းအကောင်အထည်ဖော်ရာတွင် မူအရမဖြစ်မနေလိုက်နာရမည့်အလုပ်ဘောင် (Mandates)။ ။
အမျိုးသားမြေဥပဒေအခြေခံရမည့်မူများ
(Policy Mandates)
၁။ အမျိုးသားမြေအသုံးချမှုမူဝါဒ
၂။ ၂၀၁၈၊ အောက်တိုဘာ အမျိုးသားမြေအသုံးချမှုကောင်စီမှ ပြုလုပ်ခဲသည့် လူထုဖိုရမ်မှအားလုံး သဘောတူခဲ့သည့်အချက်များ။
၃။ ၂၀၁၉၊ မတ် ၁ ရက် အမျိုးသားလွှတ်တော်မှတစ်ခဲနက်အတည်ပြုခဲ့သည့်အဆို
၄။ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြည်ထောင်စုသဘောတူစာချုပ်ပါ သဘောတူညီချက်များ
[၂၀၂၁၊ ဇန်နဝါရီလ၊ ၇ ရက်၊ အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏တတိယအကြိမ် အစည်းအဝေးတွင် - လုပ်ငန်းကော်မတီဥက္ကဋ္ဌ ၊ ပြည်ထောင်စုရှေ့နေချုပ် မှ လမ်းညွှန်ချက် ။ ။ ၂၁ ရာစုပင်လုံညီလာခံတွင်မြေယာကဏ္ဍနှင့်စပ်လျဥ်းသည့် ဆုံးဖြတ်ချက်များကို ပြည်ထောင်စုလွှတ်တော်တွင်အတည်ပြုထားချက် များ၊ ၂၀၂၀ အလွန်ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင်မြေယာကဏ္ဍနှင့်စပ်လျဉ်း၍ အစိုးရ၊ တပ်မတော်၊ EAO များဆက်လက်ဆွေးနွေးမည့် အချက်များ၊ ယင်းဆွေးနွေးချက်များအား နောက်လာမည့်ပင်လုံညီလာခံများတွင် ဆင်လက်အတည်ပြုနိုင်မည် ဖြစ်ပြီး၊ ၎င်းတို့သည် အမျိုးသားမြေဥပဓေမူကြမ်းရေးရာတွင်ထည့်သွင်းရမည့်အချက်များဖြစ်လာမည်ဖြစ်သည်။]
စီမံကိန်းလျာထားအလုပ်ဘောင် (Operation Scope)
၁။ ကော်မတီများ၊ အဖွဲ့များဖွဲ့စည်းမိန့် အမိန့်ကြော်ငြာစာတွင်ပြဌာန်းထားသည့် လုပ်ငန်းတာဝန်များ
၂။ လုပ်ငန်းကော်မတီမူလလုပ်ငန်းစီမံချက် (တတိယအကြိမ်အစည်းအဝေး ၇၊၁၊၂၀၂၁ အရ ပြင်ဆင်ပြီး