Myanma Petroleum Products Enterprise - MPPE

  • Home
  • Myanma Petroleum Products Enterprise - MPPE

Myanma Petroleum Products Enterprise - MPPE Myanma Petroleum Products Enterprise, Myanmar

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၏ နိုင်ငံပိုင် စက်သုံးဆီအရောင်းဆိုင်(၁၂)ဆိုင်မ...
12/10/2016

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၏ နိုင်ငံပိုင် စက်သုံးဆီအရောင်းဆိုင်(၁၂)ဆိုင်မှ ပြည်တွင်းထုတ်ဓာတ်ဆီ နှင့် ဒီဇယ်ဆီများကို ပုဂ္ဂလိကသို့ ၁-၁၀-၂၀၁၆ ရက်နေ့မှစ၍ ရောင်းချပေးမည်ဖြစ်ပါသဖြင့် အောက်ပါဇယားပါ အရောင်းဆိုင်များနှင့် ယှဉ်တွဲဖော်ပြပါဈေးနှုန်းများအတိုင်း လွတ်လပ်စွာဝယ်ယူနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်-

29/06/2016

လေယာဉ်ဆီဌာန(၁၁)ခုအား ဖက်စပ်လုပ်ငန်းအဖြစ် ပြောင်းလဲဆောင်ရွက်
နိုင်ရေးအတွက် Subscription Agreement လက်မှတ်ရေးထိုး
ဆောင်ရွက်ခြင်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ မြန်မာ့ရေနံထွက်ပစ္စည်း
ရာင်းဝယ်ရေးလုပ်ငန်း၏လေယာဉ်ဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချခြင်း
လုပ်ငန်းမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ မင်္ဂလာဒုံလေယာဉ်ဆီဌာနခွဲ၏
လေယာဉ်ဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို ဖက်စပ်လုပ်ငန်း
အဖြစ် စင်္ကာပူနိုင်ငံ Puma Energy Group Pte.Ltd. နှင့် အကျိုးတူ ပူးပေါင်း
ဆောင်ရွက်ပြီး National Energy Puma AviationServices Co., Ltd.
အမည်ဖြင့် လေယာဉ်ဆီဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းအား ၁-၁၀-၂၀၁၅ရက်နေ့မှ
စတင်ဆောင်ရွက်လျက်ရှိပြီး ကျန်လေယာဉ်ဆီဌာန(၁၁)ခုကိုလည်း အဆိုပါ
ကုမ္ပဏီအမည်ဖြင့်ပင် ၁၅-၇-၂၀၁၆ ရက်နေ့မှစ၍ ဖက်စပ်လုပ်ငန်းအဖြစ်
ပြောင်းလဲဆောင်ရွက်နိုင်ရေးအတွက် Subscription Agreement ကို
၂၉-၆-၂၀၁၆ ရက်နေ့တွင်နှစ်ဖက်တာဝန်ရှိသူများမှ မြန်မာ့ရေနံထွက်ပစ္စည်း
ရောင်းဝယ်ရေးလုပ်ငန်း(ရုံးချုပ်)နေပြည်တော်၌ လက်မှတ်ရေးထိုးဆောင်ရွက်
ခဲ့ကြပါသည်။

၂။ ဆက်လက်၍ ဖက်စပ်လုပ်ငန်းဆောင်ရွက်သွားမည့် လေယာဉ်ဆီဖြည့်
တင်းမည့်ဌာနများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ် ဌာနအမည်

၁ တံတားဦးလေယာဉ်ဆီဌာနခွဲ
၂ မြစ်ကြီးနားလေယာဉ်ဆီဌာနစိတ်
၃ ဟဲဟိုးလေယာဉ်ဆီဌာနစိတ်
၎ စစ်တွေလေယာဉ်ဆီဌာနစိတ်
၅ ထားဝယ်လေယာဉ်ဆီဌာနစိတ်
၆ မြိတ်လေယာဉ်ဆီဌာနစိတ်
၇ မော်လမြိုင်လေယာဉ်ဆီဖြည့်စခန်း
၈ ကော့သောင်းလေယာဉ်ဆီဖြည့်စခန်း
၉ ပျဉ်းမနားလေယာဉ်ဆီဖြည့်စခန်း
၁၀ တာချီလိတ်လေယာဉ်ဆီဖြည့်စခန်း
၁၁ ကျောက်ဖြူလေယာဉ်ဆီဖြည့်စခန်း

03/02/2016

#စက်သုံးဆီရောင်းဈေးနှုန်းများပြင်ဆင်သတ်မှတ်ခြင်း
စွမ်းအင်ဝန်ကြီးဌာနမှ စက်သုံးဆီတစ်ဂါလန်ရောင်းဈေးနှုန်းများအား ၁-၂-၂၀၁၆ ရက်နေ့ မှစ၍ အစိုးရအဖွဲ့အစည်း၊ ဌာနဆိုင်ရာများသို့ အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်-

စဉ် စက်သုံးဆီအမျိုးအစား ရောင်းဈေးနှုန်း(ကျပ်/ဂါလန်)

၁။ ပြည်တွင်းထုတ်ဓာတ်ဆီ ၂,၄၅၀
၂။ ဓာတ်ဆီ 92 Ron ၂,၅၀၀
၃။ ဒီဇယ်ဆီ ၂,၂၅၀

31/03/2015

Address

Building No. 6

Alerts

Be the first to know and let us send you an email when Myanma Petroleum Products Enterprise - MPPE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myanma Petroleum Products Enterprise - MPPE:

  • Want your organization to be the top-listed Government Service?

Share