ကရုဏာရှင်လူငယ်များအသင်း - မြောင်းမြမြို့

  • Home
  • Myanmar
  • Myaungmya
  • ကရုဏာရှင်လူငယ်များအသင်း - မြောင်းမြမြို့

ကရုဏာရှင်လူငယ်များအသင်း - မြောင်းမြမြို့ ကရုဏာဖြင့်လောကကိုပြုစုအံ့

30/08/2022

ကရုဏာရှင် လူငယ်များအသင်း (၁၂) နှစ်ပြည့် နှစ်ပတ်လည်နေ့ (30-08-2010 _ 30-08-2022)

၂၀၁၀ ပြည့်နှစ်၊ ဩဂုတ်လ( ၃၀) ရက်နေ့ ကရုဏာရှင်အသင်းဟာ မြောင်းမြမှာ စတင်သန္ဓေတည်ခဲ့ပါသည်။ မြောင်းမြရဲ့ ဝေဒနာတွေကို မျှဝေခံစားရင်း ကရုဏာရဲ့ ဝေဒနာစုဘူးလေးဟာ တစ်နှစ်ထက်တစ်နှစ် ကြီးမားလာခဲ့ပါတယ်။ ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း မြောင်းမြသားတွေဟာ ကရုဏာရဲ့ ရပ်ဝန်းလေးကို ကာယအား၊ ဥာဏအား၊ ဓနအားတွေနဲ့ ရေလောင်းပေါင်းသင်ပေးခဲ့ပါတယ်။ ဒီရပ်ဝန်းလေးကနေ ကိုယ်ချင်းစာတရားတွေ မြို့ပေါ် ကျေးလက် မြောင်းမြတစ်ခွင် စီးဆင်းရစ်ခဲ့ကြတယ်။ ရောဂါအန္တရာယ် ကပ်တိုင်းဟာ မြောင်းမြကိုလာချင်ရင် မြို့အဝင်မှာ ကရုဏာရှင်တွေ့နဲ့ စီးချင်းတွေ့ရမတဲ့လေ…ကနေ့အချိန်တော့ ကျွန်တော်တို့ မြောင်းမြကို အားနာနေမိပါတယ်။ မြောင်းမြကျန်းမာပါစ_ မြောင်းမြအဆင်ပြေပါစ_မြောင်းမြဟာ မြောင်းမြပီသပါ​စေ။
ကျွန်တော်တို့အားလုံးရဲ့ မြို့လွမ်းဝေဒနာဟာ အိမ်လွမ်းရတာထက် ပိုကဲနေမလား….မြို့ပျောက်နေတဲ့ လူငယ်တွေဟာ အုန်းပင်တွေရှိတဲ့ အရပ်ကိုမျက်နှာမူရင်း အုန်းပင်တွေရှိတဲ့ မြို့ကိုလွမ်းနေကြတယ်။

ကျွန်တော်တို့တွေ ခဏခဏ အိမ်မက်မက်ကြပါတယ်။ ငြိမ်သက်နေရင်းနဲ့ ဝုန်းခနဲ့ ဝုန်းခနဲ့ ထလှုပ်ရှားရတက်တဲ့ ရုံးခန်းလေးအကြောင်းတွေပေါ့။ အဲ့ဒီနေ့က အိမ်မက်ထဲမှာ သွေးလှူရှင် ရှာနေကြတယ်_ လူနာတင်ကားတွေ တဝီဝီမောင်းနေကြတယ်_ ဆေးရုံကြီးရှေ့မှာ မနက်တမောင်း ညနေတမောင်း အာဟာရတွေ မောင်းနေကြတယ်_ ဆေးရုံကြီးထဲ ဟိုအဆောင် သည်အဆောင်ကူးပြီး ဆေးလိုတဲ့ လူနာတွေ ဆေးလှူနေကြတယ်_ မြို့အစွန် ချောင်းအစပ်က ရေမျောကမ်းတင် အလောင်းတစ်လောင်းကို သယ်တဲ့အဖွဲ့က သယ်ကြတယ်_ အိမ်မက်တွေပါပဲ။ အိမ်မက်ဆိုတာလဲ အနာဂတ်မဟုတ်ပါလား။ တရုန်းရုန်းနဲ့ ငါတို့အားလုံး မြောင်းမြမှာပြန်ဆုံကြအုန်းမှာပါ။
တို့တွေဟာ လောကဓမ္မကို နှလုံးသွင်းတယ်။ လောကမှာ မရှိမဖြစ်ဆိုတာမရှိ တို့အသိုက်အဝန်းလေးမရှိသည့်တိုင် မြောင်းမြဆိုသောအရပ်မှာ မေတ္တာ၊ ကရုဏာ၊ စေတနာမျိုးစေ့တွေ ပေါလှပါတယ်။ ကောင်းကောင်းပေါက်ရောက်ရှင်သန်ကြီးထွားနိုင်တဲ့ မြေလည်းရှိပါတယ်။

ကရုဏာရှင်လူငယ်များအသင်းရဲ့ ၁၂ နှစ်ပြည့် နှစ်ပတ်လည်မှာ မြို့ပျောက်နေတဲ့ လူငယ်တွေက ဆုတောင်းလိုက်ပါတယ်။

“နှလုံးစိတ်ဝမ်းငြိမ်းချမ်းပါစေ မြောင်းမြရေ”

_ တို့ညီအစ်ကို မောင်နှမတွေ တရုန်းရုန်းနဲ့ မြောင်းမြမှာ ပြန်ဆုံကြပါစို့

29/08/2021

အသင်းတည်ထောင်ခြင်း

၁၁ နှစ်ပြည့် သောနေ့ ဖြစ်ပါတယ်။

ချစ်ခင်ရတဲ့ ညီအစ်ကိုတွေ

စုစုစည်းစည်းနဲ့ ပရဟိတအလုပ်တွေ အမြန်ဆုံး

ပြန်လည်ဆောင်ရွက်နိုင်ကြပါစေ။

Happy Birthday CYA

၁၄.၃.၂၀၂၁ မြောင်းမြမြို့ "ထူး" အထူးကုဆေးရုံမှ အရေးပေါ်လိုအပ်နေသောသွေး(၃)လုံးအား #ကိုကျော်ဇင်ဦး              O သွေး #မခိ...
14/03/2021

၁၄.၃.၂၀၂၁ မြောင်းမြမြို့ "ထူး" အထူးကုဆေးရုံမှ အရေးပေါ်လိုအပ်နေသောသွေး(၃)လုံးအား
#ကိုကျော်ဇင်ဦး O သွေး
#မခိုင်မြတ်သွယ် O သွေး
#မချိုမာဝင်း B သွေး တို့မှလှူဒါန်းပေးခဲ့ပါသည်။

* ကရုဏာ * " အရေးပေါ်ပရဟိတ " (အခမဲ့) ဆေးခန်း အတွက် #စိန်နဂါးရွှေဆိုင်မိသားစုမှ အလှူတော်ငွေ ၃၀၀၀၀၀(သုံးသိန်း) #ရွှေကျား လ္...
14/03/2021

* ကရုဏာ * " အရေးပေါ်ပရဟိတ "
(အခမဲ့) ဆေးခန်း အတွက်

#စိန်နဂါးရွှေဆိုင်မိသားစုမှ
အလှူတော်ငွေ ၃၀၀၀၀၀(သုံးသိန်း)

#ရွှေကျား လ္ဘက်ခြောက်မိသားစုမှ
အလှူငွေ ၅၀၀၀၀(ငါးသောင်းကျပ်)

#ဦးစိုးဝင်း+ဒေါ်မြမြဦး
ထွန်းတောက်အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးမိသားစု
အလှူတော်ငွေ ၃၀၀၀၀(သုံးသောင်း)

#မအေးစန္ဒာ မိသားစုမှ
အလှူတော်ငွေ ၅၀၀၀၀(ငါးသောင်း)ကျပ်တိတိကို

စေတနာ သဒ္ဒါ တရားထက်သန်စွာဖြင့် လှူဒါန်းပါသည်။

ဤကောင်းမှုကုသိုလ်ကြောင့်အလှူရှင် မိသားစု တို့သည်
စိတ်၏ချမ်းသာ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေ။
ကပ်ရောဂါဘေးအပေါင်းမှလည်းကင်းဝေးပါစေ ။

ဆေးခန်းဖွင့်ချိန်
မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီထိ
နေုလည် ၁ နာရီ မှ ညနေ ၃ နာရီထိ

လူမျိုးမရွေး ဘာသာမရွေး
မည်သူမဆို ဆေးကုသမှု "အခမဲ့"
ခံယူနိုင်ပါသည်။

#* ကရုဏာ * "အရေးပေါ် ပရဟိတ "
(အခမဲ့) ဆေးကုခန်း
မြို့မပရိယတ္တိစာသင်တိုက် ၊ရွှေသာလျောင်းဘုရားဝန်း
အထက် ၈ လမ်း မြောင်းမြမြို့

10.3.2021 * ကရုဏာ * " အရေးပေါ်ပရဟိတ " (အခမဲ့) ဆေးခန်း အတွက် # Mr Kevin Yeo+Cindy မအေးမူမူကျော် မိသားစု(Singapore )မှ အလှ...
10/03/2021

10.3.2021
* ကရုဏာ * " အရေးပေါ်ပရဟိတ "
(အခမဲ့) ဆေးခန်း အတွက်

# Mr Kevin Yeo+Cindy မအေးမူမူကျော် မိသားစု
(Singapore )မှ အလှူတော်ငွေ ၁၀၀၀၀၀(တစ်သိန်း)

#ဦးဗိုလ်ထွေး+ဒေါ်သင်းကြူကြူ သား
မောင်မင်းဇင်ဗိုလ်သော် မိသားစုမှ
အလှူငွေ ၅၀၀၀၀(ငါးသောင်းကျပ်)

#ဒေါ်အေးသန်း စမ်းချောင်း အလှူတော်ငွေ ၁၀၀၀၀
(တစ်သောင်း) တိတိကို

စေတနာ သဒ္ဒါ တရားထက်သန်စွာဖြင့် လှူဒါန်းပါသည်။

ဤကောင်းမှုကုသိုလ်ကြောင့်အလှူရှင် မိသားစု တို့သည်
စိတ်၏ချမ်းသာ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေ။
ကပ်ရောဂါဘေးအပေါင်းမှလည်းကင်းဝေးပါစေ ။

ဆေးခန်းဖွင့်ချိန်
မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီထိ
နေုလည် ၁ နာရီ မှ ညနေ ၃ နာရီထိ

လူမျိုးမရွေး ဘာသာမရွေး
မည်သူမဆို ဆေးကုသမှု "အခမဲ့"
ခံယူနိုင်ပါသည်။

* ကရုဏာ * "အရေးပေါ် ပရဟိတ "
(အခမဲ့) ဆေးကုခန်း
#မြို့မပရိယတ္တိစာသင်တိုက် ၊ရွှေသာလျောင်းဘုရားဝန်း
အထက် ၈ လမ်း မြောင်းမြမြို့

၁၀.၃.၂၀၂၁ "ထူး"အထူးကုဆေးရုံမှ လူနာဒေါ်လှရင်နုအတွက် သွေးလှူရှင် ကိုမျိုးကိုကိုဦးမှလည်း(A)သွေး တစ်လုံးလှူဒါန်းပေးခဲ့ပါသည်...
10/03/2021

၁၀.၃.၂၀၂၁
"ထူး"အထူးကုဆေးရုံမှ လူနာဒေါ်လှရင်နုအတွက် သွေးလှူရှင် ကိုမျိုးကိုကိုဦးမှလည်း(A)သွေး တစ်လုံးလှူဒါန်းပေးခဲ့ပါသည်။

၁၀.၃.၂၀၂၁ "ထူး" အထူးကုဆေးရုံတွင် သွေးသွင်းရန်လိုအပ်နေသော လူနာကိုအောင်ကိုကို အတွက် စောဆန်းဒေး မှ (A)သွေး တစ်လုံးအား လှူဒါ...
10/03/2021

၁၀.၃.၂၀၂၁
"ထူး" အထူးကုဆေးရုံတွင် သွေးသွင်းရန်လိုအပ်နေသော လူနာကိုအောင်ကိုကို အတွက် စောဆန်းဒေး မှ (A)သွေး တစ်လုံးအား လှူဒါန်းပေးပီး
လူနာကိုအောင်ကိုကို အတွက် သွေးစစ်ခ များကိုလည်း ကူညီထောက်ပံ့ပေးခဲ့ပါသည်။

9.3.2021 * ကရုဏာ * " အရေးပေါ်ပရဟိတ " (အခမဲ့) ဆေးခန်း အတွက် #ဒေါ်ခင်အေး မှ အလှူတော်ငွေ ၂၀၀၀၀(နှစ်သောင်း) #မနန့်ဇင်မာအေးအေ...
09/03/2021

9.3.2021
* ကရုဏာ * " အရေးပေါ်ပရဟိတ " (အခမဲ့) ဆေးခန်း အတွက်

#ဒေါ်ခင်အေး မှ အလှူတော်ငွေ ၂၀၀၀၀(နှစ်သောင်း)

#မနန့်ဇင်မာအေးအောင် မှ
အလှူငွေ ၃၀၀၀၀(သုံးသောင်းကျပ်)တိတိကို

စေတနာ သဒ္ဒါ တရားထက်သန်စွာဖြင့် လှူဒါန်းပါသည်။

ဤကောင်းမှုကုသိုလ်ကြောင့်အလှူရှင် မိသားစု တို့သည်
စိတ်၏ချမ်းသာ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေ။
ကပ်ရောဂါဘေးအပေါင်းမှလည်းကင်းဝေးပါစေ ။

ဆေးခန်းဖွင့်ချိန်
မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီထိ
နေုလည် ၁ နာရီ မှ ညနေ ၃ နာရီထိ

လူမျိုးမရွေး ဘာသာမရွေး
မည်သူမဆို ဆေးကုသမှု "အခမဲ့"
ခံယူနိုင်ပါသည်။

* ကရုဏာ * "အရေးပေါ် ပရဟိတ "
(အခမဲ့) ဆေးကုခန်း
#မြို့မပရိယတ္တိစာသင်တိုက် ၊ရွှေသာလျောင်းဘုရားဝန်း
အထက် ၈ လမ်း မြောင်းမြမြို့

7.3.2021ဒေါ်လှယဥ်နု အတွက်ကိုအောင်အောင်ထွန်း            A သွေး    နှင့်မနန္ဒာသိန်းလွင်ကို                 A သွေး    တို့မ...
07/03/2021

7.3.2021
ဒေါ်လှယဥ်နု အတွက်
ကိုအောင်အောင်ထွန်း A သွေး နှင့်
မနန္ဒာသိန်းလွင်ကို A သွေး တို့မှ လှူဒါန်းခဲ့ပါသည်။

6.3.2021 ရက်နေ့ေသားလေး စောဘားရက် အတွက်ကိုထက်ပိုင်ရှိင်းမှ...........Aသွေးမှလှူဒါန်းပေးပါသည်။
07/03/2021

6.3.2021 ရက်နေ့
ေသားလေး စောဘားရက် အတွက်
ကိုထက်ပိုင်ရှိင်းမှ...........Aသွေးမှ
လှူဒါန်းပေးပါသည်။

၅.၃.၂၀၂၁ "ကရုဏာ"အရေးပေါ် ပရဟိတ ဆေးခန်း===================ယနေ့ အထိလူနာ များကို အခမဲ့ နေ့စဥ်ကျန်းမာရေးစောင့်ရှောက်ကုသပေးလျ...
05/03/2021

၅.၃.၂၀၂၁ "ကရုဏာ"
အရေးပေါ် ပရဟိတ ဆေးခန်း
===================

ယနေ့ အထိလူနာ များကို အခမဲ့ နေ့စဥ်
ကျန်းမာရေးစောင့်ရှောက်ကုသပေးလျက်ရှိပါသည်။

ဆေးခန်းဖွင့်ချိန်---
မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ
နေ့လည် ၁ နာရီ မှ ညနေ ၃ နာရီ အထိ

ယနေ့အလှူရှင်
ဦးသန်းအောင်(မြင်းကကွင်း)မှ
ကရုဏာဆေးခန်းအတွက်
အလှူတော်ငွေ ၂၀၀၀၀၀ (နှစ်သိန်း)ကျပ်

မောင်ဇေယျာလင်းထွန်း+မလင်းလင်းထက် တို့မှ
ကရုဏာဆေးခန်းအတွက်
အလှူတော်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်
လှူဒါန်းပါသည်။

အားလုံး ကျန်းမာ ချမ်းသာ ဘေးဘယာ
ကင်းဝေးပီးလိုအင်ဆန္ဒများပြည့်စုံကြပါစေ။

ဆေးခန်းနေရာ
မြိုမ စာသင်တိုက် ရွှေသာလျောင်းဘုရားဝန်း
အထက် ၈ လမ်း မြောင်းမြ

ကရုဏာဆေးခန်းမှ ဗိုက်ကြီးသည်တဦးအား ပုသိမ်စစ်ဆေးရုံသို့ကူညီပို့ဆောင်ပေးဆေးဝါးထောက်ပံ့မှုပါကူညီပေးလိုက်ပါသည်။လွယ်လွယ်ကူကူမ...
05/03/2021

ကရုဏာဆေးခန်းမှ ဗိုက်ကြီးသည်
တဦးအား ပုသိမ်စစ်ဆေးရုံသို့ကူညီပို့ဆောင်ပေး
ဆေးဝါးထောက်ပံ့မှုပါကူညီပေးလိုက်ပါသည်။

လွယ်လွယ်ကူကူမွေးဖွားနိုင်ပီး
ကျန်းမာပါစေ လိုအင်တွေပြည့်ဝပါစေဗျာ။

Myaungmya

Address

Sangaung Main Street
Myaungmya
10211

Telephone

+959252299114

Website

Alerts

Be the first to know and let us send you an email when ကရုဏာရှင်လူငယ်များအသင်း - မြောင်းမြမြို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ကရုဏာရှင်လူငယ်များအသင်း - မြောင်းမြမြို့:

Share

Category