လေ့လာစရာ သင်္ဂဟ, သဒ္ဒါ

လေ့လာစရာ သင်္ဂဟ, သဒ္ဒါ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from လေ့လာစရာ သင်္ဂဟ, သဒ္ဒါ, Library, Venerable Cakka, Mrauk-oo.

&&&..ကာရက ဟူသည်......ဗဟုသုတ ဟင်းပေါင်းအိုးကြီး ...&&&" ဝိဘတျတ္ထ အခန်း” ဟု ခေါ်ဝေါ်,သမုတ်ထားကြသော ကာရက အခန်းသည် ===သမ္ဗန္ဓ ဉာ...
12/01/2019

&&&..ကာရက ဟူသည်......
ဗဟုသုတ ဟင်းပေါင်းအိုးကြီး ...&&&

" ဝိဘတျတ္ထ အခန်း” ဟု ခေါ်ဝေါ်,
သမုတ်ထားကြသော ကာရက အခန်းသည် ===

သမ္ဗန္ဓ ဉာဏ်, နိဿယဉာဏ် တို့ကို ရင့်သန် စေနိုင်၍ ........
ပါဠိ..မှ..... မြန်မာ..သို့...ဘာသာပြန်လိုသော ပုဂ္ဂိုလ်များအတွက်........
လေ့လာစရာ ဘာသာပြန်နည်း ,
မြန်မာဂတိ နည်းများ ၊

မြန်မာ..မှ... ပါဠိ...သို့....
ကူးပြောင်းလိုသော ပုဂ္ဂိုလ်များအတွက်လည်း...
ပါဠိ ရေးဟန်, ရေးနည်း,
ပါဠိဂတိနည်း များ ၊

ဤသို့ .....
မြန်မာဂတိ, ပါဠိဂတိ နည်းတို့ဖြင့်
ပြည့်သိပ် နေရကား
ဘာသာဗေဒ လေ့လာလိုသူများတို့၏
စိတ်နှလုံးကို ရွှင်ပြုံးစေနိုင်မည်မှာ
အမှန်ပင် ဖြစ်သည် ။

ဤမျှလောက်ထိ ........
တန်ဖိုးအနဂ္ဃ ကြီးမားသော
ကာရက...ဟင်းပေါင်းအိုးကြီးကို
ခိုင်မြဲသော သဒ္ဓါ,
ခိုင်မြဲသော ဝီရိယ,
ခိုင်မြဲသော ဆန္ဒ တို့ဖြင့်.....
လေ့လာသင့်ပါကြောင့်.....။

>> အကယ်၍
သင်ဟာ ပါဠိ / မြန်မာ
စာပေတွေကို.....
လေ့လာနေတဲ့သူ ဖြစ်နေပါလျှက်
"ဗဟုသုတဟင်းပေါင်းအိုးကြီး” ဖြစ်တဲ့
ဤ ကာရက အခန်းကို......သာ....
မျက်နှာ တလွဲ လုပ်မိသွားမည်
ဆိုပါက............
သင်ဟာ............... ပါပဲ...လို့
ဆိုရ ပါတော့မည် ဖြစ်ပါကြောင်း ။

ဤ ပို့စ်ဖြင့် ကာရက အခန်းကို
ရေးသား, ပို့ချ တော်မူခဲ့ ကြသော
ထိုထို ဆရာမြတ် အပေါင်းတို့ကို၎င်း ၊

ဆက်လက်
ရေးသား, သင်ကြား ပို့ချ,
လေ့လာနေကြသော ပုဂ္ဂိုလ်အပေါင်း
တို့ကို၎င်း.......
လေးမြတ်စွာဖြင့် ပူဇော်အပ်ပါသည် ။

By Cakka
( 7, 1, 19)

@@@ နတ် အာယု ဟောကိန်း... @@@ဤ ပို့စ်သည်......နတ်သမီးတွေ မကြာမကြာ လာ၍ဗေဒင် အမေးခံရနေရသော အရှင်မြတ်တို့နှင့်,အသင်း/ အစိုးရ...
06/01/2019

@@@ နတ် အာယု ဟောကိန်း... @@@

ဤ ပို့စ်သည်......
နတ်သမီးတွေ မကြာမကြာ လာ၍
ဗေဒင် အမေးခံရနေရသော အရှင်မြတ်တို့နှင့်,
အသင်း/ အစိုးရ စာမေးပွဲ သမားတွေ အတွက်.... ရယ်ရွယ်၍
နတ် အာယု ဟောကိန်းမူ တခုအဖြစ်
တင်ပြ အပ်ပါသည် ။
( 😁😁😁😁😁😁😁😁😁 )

[ ဦးစွာ သိမှတ်ရန်များ ]

နတ် သက်တမ်း တွက်ရာ၌.........

၁။ မိမိ နတ် (ဘုံ)၏ သက်တမ်း
ဖြင့် သော်၎င်း ၊
၂။ အခြားသော နတ်(ဘုံ) တို့၏
သက်တမ်း ဖြင့် သော်၎င်း ၊
၃။ လူ... တို့၏ သက်တမ်း
ဖြင့် သော်၎င်း ၊

ဤသို့ နတ်သက်တမ်း
တွက်နည်း ဟောနည်း...
(၃)မျိုး အထိ.....
ရှိ နေပါ ကြောင်းကို၎င်း ။

ထို့အပြင်.....
" လူ့မှာ တရာ၊ နတ်မှာ တစ်ရက် ” ...ဟု၎င်း ၊

" လူ့ဘောင် နှစ် တစ်ရာ၊
နတ်မှာ... တမိုးသောက် ၊
နိုင်းထောက် လူ့သက် ....ဟု၎င်း ၊

" နတ်သက် နှစ်ဆ ၊ လူ့ ...လေးဆ ၊
ရှည်ကြ...ထက်နတ်တိုင်း ”...ဟု၎င်း ၊
စကားရိုး စကားလာများ ......နဲ့.....

@@ လူ့ အသက် အနှစ်(၅၀)သည်...
စတုမဟာရာဇ်နတ်ဘုံ အတွက်.. ၁..ရက် သာ ဖြစ်နေပါသည် ။

စတုမဟာရာဇ်နတ်တို့၏ (၂)ရက်သည်...
တာဝတိံသာနတ်တို့အတွက်
(၁)ရက်သာ ဖြစ်သည် ။

ထို့အတူ........
ကြွင်း အထက်နတ်တို့၏ ...
ရက်...အရေအတွက် တို့ကိုလည်း
(၂) ဆ ....တက်ပေးရပါမည် ။

ဤသည်တို့ကား................
နတ်သက် တွက်ကိန်း, ဟောကိန်း
အတွက်...ဦးစွာ သိမှတ်ရန်များ
ဖြစ်ပါသည်။

ဤနတ်သက်တမ်း
တွက်ကိန်း, ဟောကိန်း တို့သည်......
နည်းနာနိဿယတွေ အဖုံဖုံ,
နာနာစရိယတွေ ထူပြော
နေ , တတ်ပါသည်။

တပည့်တော်များအတွက်.......
အဆင်ပြေစေသည့် မူ..ကိုသာ
ရွေးထုတ်၍....
ဓမ္မဒါန ပြုလိုက်ပါသည် ။

[ ကျက်မှတ်ရန် ]

(ဆောင်)
ဘုံ ကာမ မှာ ၊ နှစ်...ဖြင့်သာနှင့် ၊
ပ-ဈာန် သင်္ချေ ၊ ကြွင်းဝယ် ဘုံမှာ ၊
မဟာကပ္ပ ၊ ရေတွက်ရရိုး ၊ဥဒါန်းထိုးခဲ့၊

မှတ်စွဲ တဖြာ....ရေတွက်ရာဝယ်...
ကိုယ့်အောက်, ကိုယ့် သက် ၊
လူ့ သက် တမျိုး ၊ တွက်ရိုး နတ်သက်၊
သုံးနည်းထွက် ကောက် ..... ၊
ကိုယ့်အောက် ဒေဝ ၊ မနုဿ...ဖို့ ၊
မြှောက်ရိုး..၄..ချည်း ၊
တနည်း ကိုယ့်သက် ၊
မြှောက်လျှက်..၂...သာ ၊

တည်ကိန်း မှာကား.......
ကိုယ့်အောက်, ကိုယ့်သက် ၊ ဤနှစ်ချက်မူ ၊
တည်ယူ..ကိုယ့် အောက် ၊
သက်တမ်း...ကောက်စေ ၊
တထွေ မနုဿာ ၊ တွက်စစ် ပါလည်း
၊၎င်း အောက်နတ် ၊ရလျှက်_လူ့သက်၊
တည်ကိန်း ထွက်လာ ၊
အချုပ်မှာမူ.....
နတ်မူ....ငါးရာ ၊ သချင်္ာ..တစ်, နှစ် ၊ လေး, ရှစ် ...သဟဿာ ၊
တည်ကိန်း .....လာသည် ၊
လူ့မှာ .....လူ့ချင်း တည်း ။
( နော တက္က)

မေးခွန်း (၂)မျိုး သတိပြုပါ
=================

၁။ (..ဘုံ ဟု ဝိသေသနပုဒ်, မပါသော)
သာမည မေးခွန်း ။

ဤ မေးခွန်းအတွက်......
မိမိဘုံသက် / ကိုယ့်ဘုံ သက်တမ်း...
ကိုသာ ဖြေဆိုရပါမည် ။

၂။ ( မည်သည့် ဘုံဟု...ဝိသေသန
တပ်၍ မေးသော)
ဝိသေသ မေးခွန်း ။

ဤ မေးခွန်းအတွက်...........
ဝိသေသနကို ရှု၍ , မေးခွန်းနှင့်အညီ
ဖြေဆိုကြရပါမည် ။
[ သင်ကြားနည်း...ဒု...နှာ ၁၆၅.. ရှုပါ ]

ဥပမာ ။

(မေး) ယာမာနတ်တို့၏ သက်တမ်းကို
နတ် အရေအတွက်အားဖြင့်......
ဖြေဆိုပြပါ ။

(မေး) ယာမာနတ်တို့၏ သက်တမ်းကို
တာဝတိံသာ နတ်တို့၏ အရေအတွက် အားဖြင့် ဖြေဆိုပြပါ ။

သုခိတာ ဟောထ သဗ္ဗဒါ!!!
( အညတရ ဘိက္ခု)

@@@ ဘဝင်စိတ် အကြောင်း @@ဖားအောက်ဆရာတော်ကြီးရှင်းလင်း, ဟောပြတော် မူပါသည် ။ #ဘ၀င်စိတ်ဆိုတာဘာလဲ?🔸🔸🔸🔸🔸🔸🔸🔸ဘ၀င် = ဘ၀င်္ဂ = ဘ၀ + ...
01/01/2019

@@@ ဘဝင်စိတ် အကြောင်း @@

ဖားအောက်ဆရာတော်ကြီး
ရှင်းလင်း, ဟောပြတော် မူပါသည် ။

#ဘ၀င်စိတ်ဆိုတာဘာလဲ?
🔸🔸🔸🔸🔸🔸🔸🔸
ဘ၀င် = ဘ၀င်္ဂ = ဘ၀ + ဘင်္ဂ = ဘ၀မှာ စိတ်အစဉ် မပြတ်စဲရေးအတွက် ဘ၀ရဲ့ အကြောင်းတရားအဖြစ်နှင့် ဖြစ်ပေါ်နေတဲ့ ၀ိပါက်စိတ်တစ်မျိုး ဖြစ်ပါတယ်၊ ပဋိသန္ဓေစိတ်နှင့် မျိုးတူစိတ် ဖြစ်ပါတယ်။ ဒီဘ၀င်စိတ်ဟာ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ အ၀ိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်းတရားတွေကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်တစ်မျိုး ဖြစ်ပါတယ်။ လူသားတွေအတွက် ကွက်ပြောမယ်ဆိုလျှင် အတိတ်သင်္ခါရ-ကံတွေဟာ ကုသိုလ်သင်္ခါရကံတွေသာ ဖြစ်ကြပါတယ်။

ဘ၀တစ်ခုမှာ ခေါင်ဆုံးဖြစ်တဲ့ ဘ၀င်စိတ်ကို ပဋိသန္ဓေစိတ်, နောက်ဆုံး ဖြစ်တဲ့ ဘ၀င်စိတ်ကိုတော့ စုတိစိတ်လို့ ခေါ်ပါတယ်။ ပဋိသန္ဓေနှင့် စုတိ အကြား ဘ၀တစ်လျှောက်မှာ ၀ီထိစိတ် မဖြစ်လျှင် ဒီဘ၀င်စိတ်တွေက ဖြစ်နေကြပါတယ်။ အချို့သောပဋိသန္ဓေနှင့် အချို့သောပဋိသန္ဓေနှင့်ကပ်နေတဲ့ ဘ၀င်ကလွဲလျှင် ''အကယ်၍ မရဏာသန္နဇောရဲ့အာရုံက ရုပ်တရားဖြစ်နေလို့ရှိလျှင် မရဏာသန္နဇောရဲ့ နောင်မှာလည်း စုတိစိတ် ကျခဲ့မယ်ဆိုလျှင် ပဋိသန္ဓေအာရုံ, ယင်းပဋိသန္ဓေနှင့်ကပ်နေတဲ့ အချို့သောဘ၀င်အာရုံတွေဟာ ယင်းသက်တမ်းမကုန်ဆုံးသေးတဲ့, မရဏာသန္နဇောရဲ့အာရုံဖြစ်တဲ့ ရုပ်ကိုပဲ ဆက်လက်ပြီး အာရုံပြုကြပါတယ်။ ဒီလိုရုပ်အာရုံမျိုးဖြစ်လျှင်တော့ ပဋိသန္ဓေနှင့် ယင်းဘ၀င်အချို့တို့ရဲ့အာရုံကို ပစ္စုပ္ပန်လို့ပဲ ပြောရပါတယ်။''

ပဋိသန္ဓေ ဘ၀င် စုတိစိတ်တို့က ယေဘုယျအားဖြင့် အတိတ်ဘ၀က သေခါနီးကာလမှာ မရဏာသန္နဇောက ယူထားခဲ့တဲ့ အာရုံကိုပဲ သိပါတယ်၊ အာရုံပြုနေပါတယ်။

ဥပမာ
အတိတ်ဘ၀ သေခါနီးကာလမှာ မရဏာသန္နဇောက ၀ိပဿနာကုသိုလ်ဇောဖြစ်လို့ အထက်ကပြောခဲ့တဲ့ သောတာနုဂတသုတ္တန်မှာ လာရှိတဲ့အတိုင်း သင်္ခါရတရားတို့ရဲ့ အနိစ္စအချက်ကို အာရုံပြုနေတယ် ဆိုကြစို့၊ ယခု လက်ရှိဘ၀ပဋိသန္ဓေ ဘ၀င် စုတိတို့ကလည်း အဲဒီသင်္ခါရတရားတို့ရဲ့ အနိစ္စ အချက်ကိုပဲ အာရုံပြုပါတယ်၊ သိနေပါတယ်၊ ပစ္စုပ္ပန်အာရုံဟူသမျှကိုတော့ မသိပါဘူး။
ဒီဘ၀င်ကိုပဲ မနောဒွါရလို့ သုတ္တန်နည်းအရ ခေါ်ဆိုပါတယ်။

ဒီဘ၀င်ကို ခုလို ဈာန်အင်္ဂါတွေကို သိမ်းဆည်းတော့မည့် ယောဂီက လှမ်းပြီး အာရုံယူလိုက်တဲ့အခါ သိမ်းဆည်းလိုက်တဲ့အခါ ဘယ်လိုတွေ့တတ်သလဲ? ဒီအပိုင်းကိုတော့ ရှင်းပြဖို့ လိုပါလိမ့်မယ်။

ဒီဘ၀င်ကို အင်္ဂုတ္တိုရ်ပါဠိတော်မှာ (အံ-၁-၉။) ဘုရားရှင်က -
{ ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ။} (အံ-၁-၉။)
ဒီလို ဟောကြားထားတော်မူပါတယ်။

အဋ္ဌကထာကလည်း -စိတ္တန္တိ ဘ၀င်္ဂစိတ္တံ။ (အံ-ဋ္ဌ-၁-၄၅။)

ဒီလို ဖွင့်ဆိုထားပါတယ်။ ဒီဖွင့်ဆိုချက်အရ အထက်ပါ ပါဠိတော်မှာ လာရှိတဲ့ စိတ္တ ( = စိတ်)အရ ဘ၀င်စိတ်ကို ရည်ညွှန်းကာ ဘုရားရှင် ဟောကြားတော်မူတယ်လို့ သိရပါတယ်။ ဒီဘ၀င်စိတ်က ဘယ်လို သဘောရှိသလဲ? #ပဘဿရံ = ပြိုးပြိုးပြက် တလက်လက် တောက်ပတယ်လို့ ဒီလို ဘုရားရှင်က ဟောကြားထားတော်မူပါတယ်။

ဒီလိုဆိုလျှင် စိတ်မှာ အရောင်ရှိပါသလားလို့တော့ မေးစရာရှိတယ်။ အရောင်တော့ မရှိပါဘူး။ (အံ-ဋ္ဌ-၁-၄၅။)

သို့သော် စိတ်သည် တစ်နည်းပြောလျှင် ဘ၀င်စိတ်အ၀င်အပါဖြစ်တဲ့ ဟဒယ၀တ္ထုရုပ်ကို မှီတွယ်ဖြစ်နေတဲ့ စိတ်သည် စိတ္တဇရုပ်ကို ဖြစ်စေနိုင်တဲ့ စွမ်းအား ရှိပါတယ်။ ဒီစိတ်ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်ကလာပ်တွေကို ဓာတ်ခွဲကြည့်လိုက်လျှင် ကလာပ်တစ်ခုတစ်ခုမှာ ပထ၀ီ အာပေါ တေဇော ၀ါယော ၀ဏ္ဏ ဂန္ဓ ရသ သြဇာဆိုပြီး သဘောတရား (၈)မျိုးစီ ရှိတတ်ပါတယ်။ စိတ် တစ်ခုတစ်ခုဟာ စိတ္တဇရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်စေနိုင်တဲ့ စွမ်းအား ရှိတယ်။ အထူးသဖြင့် ခုပြောနေတဲ့ သမထဘာဝနာစိတ်တို့လို အဆင့်အတန်းမြင့်နေတဲ့ စိတ်မျိုးတွေ, နောက်ပြောမည့် ၀ိပဿနာစိတ်မျိုးတွေဟာ စိတ္တဇ ရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိပါတယ်။ အထူးသဖြင့် သမထဘာဝနာစိတ် ၀ိပဿနာဘာဝနာစိတ်တို့လို အဆင့်အတန်း မြင့်မားနေတဲ့ စိတ်တွေကြောင့် ဖြစ်ပေါ်သွားကြတဲ့ စိတ္တဇရုပ်ကလာပ်တွေမှာ ပါဝင်တဲ့ ၀ဏ္ဏဓာတ် = ( ရူပါရုံ)ဟာ #ဘာသုရရူပ = အလွန်တောက်ပတဲ့သဘော ရှိပါတယ်၊ (မဟာဋီ-၂-၄၂၈-၄၂၉။)

သမထဘာဝနာစိတ် ၀ိပဿနာဘာဝနာစိတ်တို့နှင့် ယှဉ်တွဲနေတဲ့ဉာဏ်က ထက်လျှင်ထက်သလို ပိုတောက်ပတဲ့သဘော ရှိပါတယ်။ အလားတူပဲ ဘ၀င်စိတ်ကလည်း စိတ္တဇရုပ်ကလာပ်တွေကို ဖြစ်စေနိုင်တော့ ဒီဘ၀င်စိတ်ကြောင့် ဖြစ်ပေါ်တဲ့ စိတ္တဇရုပ်ကလာပ်တိုင်းမှာ ပါဝင်တဲ့ ၀ဏ္ဏဓာတ် =
( ရူပါရုံ)ဟာလည်း တောက်ပတဲ့သဘော ရှိတတ်ပါတယ်၊ ဘ၀င်စိတ်နှင့် ယှဉ်တွဲနေတဲ့ဉာဏ်က ထက်လျှင်ထက်သလို နုံ့လျှင်လည်းနုံ့သလို တောက်ပတဲ့သဘောတော့ ရှိပါတယ်။

ဒီနေရာမှာ ဘ၀င်စိတ်ကို ဖြစ်စေတတ်တဲ့အကြောင်းရင်းကံနှင့် ယှဉ်တွဲနေတဲ့ဉာဏ်က ထက်လျှင်ထက်သလို ဘ၀င်စိတ်နှင့်ယှဉ်တွဲနေတဲ့ ဉာဏ်ကလည်း ထက်မြက်တတ်ပါတယ်။ သောတာနုဂတသုတ္တန်မှာလာတဲ့အတိုင်း အကြောင်းရင်းကံက ၀ိပဿနာကံဖြစ်လို့ သင်္ခါရတရားတို့ရဲ့ အနိစ္စအချက်ကို သိနေတဲ့ ကံမျိုးဖြစ်နေလျှင် ဘ၀င်စိတ်ကလည်း ဒီသင်္ခါရတရားတို့ရဲ့ အနိစ္စ အချက်ကိုပဲ သိနေပါတယ်။ ဒီလိုဉာဏ်မျိုးတွေကိုတော့ ထက်မြက်တဲ့ ဉာဏ်တွေလို့ ဆိုရပါတယ်။
ဒီလို ဘ၀င်စိတ်တစ်ခုတစ်ခုဟာ စိတ္တဇရုပ်ကလာပ် ပေါင်းစွာကို ဖြစ်စေနိုင်တဲ့အတွက် ကလာပ်တစ်ခုမှာတည်ရှိတဲ့ ရူပါရုံအရောင်အဆင်းနှင့် အခြားကလာပ်တစ်ခုမှာ တည်ရှိတဲ့ ရူပါရုံအရောင်အဆင်းတို့ဟာ အလွန်နီးကပ်စွာ ပွတ်ချုပ်ထိခိုက်ပြီးဖြစ်တဲ့အခါ ယောဂီပုဂ္ဂိုလ်က ဒီဘ၀င်စိတ် ရှိရာ ဟဒယ၀တ္ထုဘက်ကို လှမ်းကြည့်လိုက်လျှင် အဲဒီရူပါရုံတို့ရဲ့ အပေါင်းအစုကြီးကို လှမ်းပြီးတော့ မြင်တတ်ပါတယ်။ ဒီရူပါရုံအပေါင်းအစုတွေက ကြည်လင်နေတဲ့သဘော ရှိပါတယ်။ ဒီကြည်လင်နေတဲ့သဘောကိုပဲ ဘ၀င်မနောအကြည်လို့ တင်စားကာ (အကျိုးရဲ့အမည်ကို အကြောင်း၌ တင်စားကာ) ခေါ်ဝေါ်သုံးစွဲခြင်း ဖြစ်ပါတယ်။ ယောဂီပုဂ္ဂိုလ်က အဲဒီ ဘ၀င်မနောအကြည်ဓာတ်ကိုတော့ ပထမ သိမ်းဆည်းတတ်ဖို့ လိုပါတယ်။

ဒီ ဘ၀င်မနောအကြည်ဓာတ်ကို သိမ်းဆည်းတဲ့အခါမှာ ခဏခဏ လှမ်းပြီးတော့ နှလုံးအိမ်ဘက်ကိုတော့ မကြည့်ပါနဲ့။ အနည်းဆုံး အာနာပါန ပဋိဘာဂနိမိတ်အာရုံမှာ တစ်နာရီ သို့မဟုတ် နှစ်နာရီလောက် ဘာဝနာစိတ်က ငြိမ်ကပ်စွာကပ်ပြီး တည်နေပြီးမှ ဟဒယ၀တ္ထုရှိရာ နှလုံးအိမ်ဘက်သို့ စက္ကန့်ပိုင်းလောက်သာ စိုက်ကြည့်ပါ။

အကယ်၍ မတွေ့ပါက ကြာကြာ မကြည့်ဘဲ အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပဲ ထပ်ပြီးရှုပါ၊ သမာဓိကို ပြန်လည်ထူထောင်ပါ။ အာနာပါနပဋိဘာဂ နိမိတ်အာရုံမှာ ဘာဝနာစိတ်က နစ်မြုပ်သွားပြီး အနည်းဆုံး (၁၀)မိနစ် (၁၅)မိနစ်လောက် ထပ်ပြီး နစ်မြုပ်သွားပြီးဆိုပါမှ တစ်ဖန် ပြန်ကြည့်ပါ။
ဒီနည်းအတိုင်း လေ့ကျင့်ပါက ကြည်လင်တောက်ပနေတဲ့ ဘ၀င်မနော အကြည်ဓာတ်ကို ဉာဏ်နှင့် တွေ့မြင်နိုင်ပါတယ်။

အဲဒီလို ဘ၀င်မနောအကြည်ဓာတ်ကို သိမ်းဆည်းနိုင်တဲ့အခါ အာနာပါနပဋိဘာဂနိမိတ်ကိုပဲ ပြန်အာရုံယူကာ ပထမဈာန်ကို ထပ်ပြီးတော့ ၀င်စားပါ၊ ဈာန်မှထတဲ့အခါ ဘ၀င်မနောအကြည်ဓာတ်ကို ထပ်ပြီး သိမ်းဆည်းကြည့်ပါ။ ဒီလိုသိမ်းဆည်းလိုက်တဲ့အခါ ဘ၀င်မနောအကြည်ဓာတ်ဆိုတဲ့ မှန်ထဲမှာ မိမိ ရှုပွားနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံကို ရှေးရှူကျရောက်နေတာ ထင်နေတာကို တွေ့ပြီဆိုလျှင် ဈာန်အင်္ဂါတွေကို သိမ်းဆည်းနိုင်ပြီ ဖြစ်ပါတယ်။

ဖားအောက်တောရဆရာတော်

😁😁😁 . . .  ဝီထိပိုင်း . . ဆိုင်ရာ...  😁😁😁                       [ ဘူမိ ဘေဒ ]ဝီထိပိုင်း၌.....ဘူမိဘေဒ အခန်းသည်....အစိုးရ စ...
05/11/2018

😁😁😁 . . . ဝီထိပိုင်း . . ဆိုင်ရာ... 😁😁😁

[ ဘူမိ ဘေဒ ]

ဝီထိပိုင်း၌.....
ဘူမိဘေဒ အခန်းသည်....
အစိုးရ စာမေးပွဲ , အသင်းစာမေးပွဲများ အတွက်
အရေးပါသော အခန်း ကဏ္ဍတို့တွင်
တခု အပါအဝင် ဖြစ်နေသည် ။
သို့ပါ သောကြောင့်.....
ဤ ဘူမိဘေဒ အခန်းကိုလည်း ဆရာမြတ်တို့၏
မူ အတိုင်းပင် ဓမ္မဒါန ပြုလိုက်ပါသည် ။

ဤ ဘူမိဘေဒ၌......

၁။ ဆိုင်ရာ ဘုံပိုင်စိတ်များ ကို၎င်း ၊
၂။ ကာမဘုံ၌ ရနိုင်သော ဝီထိစိတ်များကို၎င်း ၊
၃။ ရူပဘုံ၌ ရနိုင်သော ဝီထိစိတ်များကို၎င်း ၊
၎။ အရူပဘုံ၌ ရနိုင်သော ဝီထိစိတ်များကို၎င်း ။

တဖန်.....
ပုဂ္ဂလဘေဒ နဲ့ ဤ ဘူမိဘေဒ (၂)ခန်းတို့ကို
ရောသမ မွှေနှောက်၍.....

၅။ ရူပဘုံသား တိဟိတ် ပုဂ္ဂိုလ်များ၏
ဝီထိစိတ်အရ နဲ့ စိတ်အရ...တို့ကို၎င်း ၊

၆။ အရူပဘုံသား တိဟိတ် ပုဂ္ဂိုလ်များ၏
ဝီထိစိတ်အရ နဲ့ စိတ်အရ... တို့ကို၎င်း ။

ဤ အထက်ပါ အချက် ( ၆ ) ချက်တို့သည်
ဘူမိဘေဒ နဲ့ ပက်သတ်၍ မသိမဖြစ်သော အချက်တို့ပင် ဖြစ်ကြောင်း ယူဆရပါသည် ။

😁😁 ၁။ ဆိုင်ရာ ဘုံပိုင်စိတ်များ... 😁😁

(ဆောင်)
@ ဒေါ, ဃာနာဒိ ၊ မဟာ ဝိ - မှာ ၊ သောဠသာ ၊
ကာမာ...ဘုံဖြစ် ၊ ကိုယ်ပိုင်စိတ် ။
@ ရူ, နဲ့ အရူ.၊ .ဝိပါက်...ဟူ ၊ ရူ, ရူ...ဘုံဖြစ် ၊
ကိုယ်ပိုင် စိတ် ။
@ စိတ်, စေ...မရ ၊ အသည ၊ ရုပ်မျှ...သက်သက်နေ။

အောက်ပါတို့ကို ဖြေဆိုပြပါ ။
(က) ကာမဘုံ၌သာ ရနိုင်သော ဝီထိစိတ်များ ၊
(ခ) အသညသတ်ကြည် ရူပဘုံ၌ သာ ရနိုင်သော
ဝီထိစိတ်များ ၊
(ဂ) အသညသတ်ဘုံ၌သာ ရနိုင်သော ဝီထိစိတ်များ
(ဃ) အရူပဘုံ၌ သာ ရနိုင်သော ဝီထိစိတ်များ ။

😁😁၂။ ကာမဘုံ၌ ရနိုင်သော ဝီထိစိတ်များ...

(ဆောင်)
မဟဂ်.. ဝိ..ကြဉ် ၊ စိတ်..၈၀ ၊ ဘုံဝယ် ကာမ ဖြစ် ။

😁😁 ရူပဘုံ၌ ရနိုင်သော ဝီထိစိတ်များ.........

(ဆောင်) ဘုံ ကာမဖြစ် ၊ ၈၀....စိတ်တွင် ၊
ဒေါ, ဃာနာဒိ ၊ မဟာ..ဝိပါက် ၊ ၁၆...ချက် နုတ် ၊
ကြွင်းထုတ် စတု ၊ သဋ္ဌိ ပြု ၊ ရမှု... ဘုံ ရူပါ ။

😁😁 အရူပဘုံ၌ ရနိုင်သော ဝီထိစိတ်များ.........

(ဆောင်) လော, မော ဆယ်ဖြာ ၊ မနောဒွါ နှင့် ၊
မဟာ ကု, ကြိ ၊ ကြဉ်..ဝိ..အရူ ၊ လောကုတ် မူကား ၊
စ, မဂ် ကြဉ်ထား ၊ မှတ်သား... ၄၀ ၊ နှစ်ခု ကယ်မှာ ၊
မှီဖွယ် ဟဒယ ၊ ရံခါပြလျှက် ၊ တဝ အရူ ၊
ဘုံ စိတ်ယူ ၊ စိတ်မူ အတူဖြစ် ။

( ဟဒယဝတ္ထုရုပ်ကို ရံခါမှီကြသော စိတ် များနဲ့
အတူတူပင် ဖြစ်၏.. ဟုဆိုလိုပါသည် ။
၁၀ +၁+ ၁၆ + ၈+ ၇ = ၄၂ ပါး ဖြစ်၏ ဟူလို)

ဤတွင် ဘူမိဘေဒ အတွက် သီးသန့် တခန်း
ပြီးဆုံးပါပြီ ။ ။

ထိုမှ တဖန် ...........

ပုဂ္ဂလ ဘေဒ နှင့် ဘူမိဘေဒ တို့ကို
ရောသမ မွှေ၍......
ရူပ / အရူပဘုံသား တိဟိတ် ပုဂ္ဂိုလ်များ အတွက်
ဝီထိစိတ်အရ နဲ့ စိတ်အရ (၂)မျိုးခွဲ၍ .......
အရကောက်ပုံ, ကောက်နည်းတို့ကိုလည်း
ဆက်လက်၍ လေ့လာ သင့်ပါသည် ။

😁😁😁..... မာတိကာ......... 😁😁😁

(ဆောင်)
တိ နှင့် သော, သ ၊ နာ နှင့်..အ...တို့ ၊
စိတ်ရ မှတ်ကွယ် ၊ ရူပ ဝယ်ကား ၊
၄၃..မျိုး ၊ ၃၉..ပါး ၊ ၃၅....မျှ ၊
အရူပဝယ် ၊ သတ္တဝီသာ ၊ တေဝီသာ နှင့် ၊
အဋ္ဌာရသ ၊ လျှော်စွာ ပြသည် ၊
မှတ်ကြ စစ်စစ် ဆေးဆေးတည်း ။
( သင်္ဂဟ ပန်းကုံး)

ဦးစွာ သိ, မှတ်ရန်ကား
===============

ဆိုင်ရာ ဈာန်တို့ကို ရရှိမှသာ
ရူပ /အရူပ ဘုံတို့၌ .....ဖြစ်နိုင်သောကြောင့်..........
ရူပ /အရူပဘုံသားတို့ မှန်လျှင်" ဈာန်ရ +တိဟိတ် ”
ပုဂ္ဂိုလ်ချည်း တို့သာ ဟု မှတ်ယူရပါမည် ။

ထို့ကြောင့်ပင်......
ရူပ / အရူပ ဘုံသားတို့၏
ဝီထိစိတ်အရ နဲ့ စိတ်အရ တို့အတွက်
အရကောက်လိုလျှင်................

ကာမဘုံသား
ဈာန်ရ (တိဟိတ် )ပုဂ္ဂိုလ်များ၏
ဝီထိစိတ် သရုပ် အရေအတွက်တို့ကိုသာ
မူတည်၍...........
ရူပ / အရူပ ဘုံတို့အလိုက် ရသင့်သလို
အလျော့ အတင်း လုပ်လျှက်
အရကောက် ရမည်ဖြစ်ပါကြောင်း.......

ထိုတွင်လည်း

၁။ ရူပဘုံသား ပုဂ္ဂိုလ်များအတွက်
(ဝီထိစိတ်အရ နဲ့ စိတ်အရ အတွက်)
ပုဂ္ဂလ ဘေဒ နဲ့ ဘူမိဘေဒ (သို့မဟုတ်) ဘုံပိုင်စိတ်
၂ မျိုးကို .......ရှု၍ / တွဲ၍ ....အရကောက်ရပါမည်။

၂။ အရူပဘုံသား ပုဂ္ဂိုလ်များ အတွက်
ဘူမိဘေဒ နဲ့ ဖော်ပြပါ ဆောင်ပုဒ် ...
၂..မျိုးကို.....ရှု၍./ တွဲ၍.. . အရကောက် ရပါမည် ။

အထူး သတိပြုရန် ။ ။
ဤ ရူပ / အရူပ ဘုံသား ပုဂ္ဂိုလ်များတို့သည်
ဈာန်ရ ပုဂ္ဂိုလ်ချည်းများသာ ဖြစ်နေကြ၍
ဈာန်ရ / ဈာန်မရ (၂)မျိုး ခွဲကောက်လို့
မရနိုင်သောကြောင့်........
ဤ ဘုံသားတို့အတွက်
ဝီထိစိတ်အရ နဲ့ စိတ်အရ ... (၂)မျိုး အားဖြင့်သာ
ခွဲကောက်ရိုး ထုံးစံရှိပါသည် ။

😁😁 ရူပဘုံသား ပုဂ္ဂိုလ်များ၏ ဝီထိစိတ်အရ ...
...နှင့်...စိတ်အရ..... ခွဲခြား၍ ကောက်ပုံများ...

(ဆောင်) ရူပဘုံသား ၊ တိဟိတ်များ၏ ၊
မှတ်သား ဝီထိ ၊ စိတ်ရ သိအောင် ၊ လင်္ကာဆောင်အံ့ ၊
ကာမဘုံသား ၊ ပုဂ္ဂိုလ် များမှ ၊ ဈာန်ရ...တိပု ၊
လေး..စု ဖလဋ္ဌာန် ၊ ပုဂ္ဂိုလ် မွန်တို့ ၊ ဝီထိစိတ္တ ၊
ရသမျှ တွင် ၊ ဘုံ ရူပ...မှာ ၊ မရ စွာသော ၊
ဒေါ..ဃာနာဒိ ၊ မဟာဝိပါက် ၊ ၁၆..ချက်နုတ် ၊
ကြွင်း သရုပ် မှာ ၊ ရူပါ..တိပု ၊ နှစ်ခု သော, သ ၊
ဒွါရိက စိတ် ၊ အရ...ဖြစ်၏ ။
ရူ...နာ..(အ)ရဟံ ၊ ပုဂ္ဂလံ...ဒွိ ၊
( ဝီထိစိတ္တ ၊ ရသမျှ တွင် )၊ ဒေါ..ဒွိ နဂိုရ် ၊
မရ ဆိုကြောင့် ၊ ကြဉ်ထား ၁၄ ၊ မှတ်စွဲ .. သုံး,ကိုး ၊
သုံး..ငါးမျိုး..သာ ၊ ရူပ..လာသည် ၊
မှတ်ပါ ဝီထိစိတ်ရ တည်း ။
( ဤကား ဝီထိစိတ်အရ.... ဖို့)

😁😁...... စိတ်အရ & ဘုံသတ်...အတွက် ...😁😁

(ဆောင်) ဝီထိစိတ္တ ၊ သရူပတွင် ၊ ဘုံပိုင် စိတ္တ ၊
ဝိပါက...ကို ၊ ထည့်သိပ် ရေတွက် ၊ စိတ်ရ ထွက်၏ ။
တချက် ပ..ဈာန် ၊ ဒု..ဈာန် စ..ရှိ ၊ ဘုံသတ် ဘိမူ ၊
ရူ..ဝိ ပဉ္စ ၊ ဝိပါက တွင် ၊ ဘုံလျှင် ထောက်ရှု ၊
စိတ်ခုသာ ၊ သီးသန့် လာသည် ၊
မှတ်ပါ ...... ရူပ ဘုံသတ်တည်း ။

😁 မေးခွန်း.. &.. အရကောက်ပုံ အမြွက်ကား....

(မေး) ရူပဘုံသား / ရူပဘုံရှိ တိဟိတ် ပုထုဇဉ်၏
ရနိုင်သော စိတ်တို့ကို .....ဝီထိစိတ်အရ
( ဒွါရိကစိတ်အရ လည်း ဟူ) , စိတ်အရ တိကျစွာ
ခွဲခြား၍ ကောက်ပြပါ ။

®® ရူပဘုံသား တိပု...၏....ဝီထိစိတ်အရကား......

ကာမဘုံသား ဈာန်ရ တိပု ၏...
ဝီထိစိတ်အရကား ၅၄ ပါးတည်း ၊
{ ၅၄ပါး ရနိုင် ပုံကို ပုဂ္ဂလ ဘေဒ ပြန်ကြည့်ပါလေ }
( ပုဂ္ဂလဘေဒ ကို... တည်.... ဟူလို)

ရူပဘုံ၌ မရနိုင်သော စိတ် ၁၆...ပါးကို နုတ် ၊
( ဘူမိဘေဒ....ဖြင့်....နုတ်.....ဟူလို)
ကြွင်းစိတ်ကား...၃၈...ပါးတည်း ၊

၎င်း ကြွင်းစိတ် ( ၃၈) ပါးတို့သည် ....
ရူပဘုံသား တိ,ပု ပုဂ္ဂိုလ်များ၏ ဝီထိစိတ်အရ တည်း၊

ထို ဝီထိစိတ်အရ ...(၃၈)ပါး ၌
ရူပ ဘုံပိုင်စိတ်ဖြစ်သော ရူပဝိပါက် ၅..ပါးထည့် ၊
၄၃...ပါးဖြစ်၏ ။
၎င်း... ၄၃...ပါးသော စိတ်တို့သည် ...ရူပဘုံသား
တိ,ပု ပုဂ္ဂိုလ်များ၏ စိတ်အရ... ပင်ဖြစ်၏ ။

😁😁...ရူပ... ဘုံသတ် ..အတွက်.....😁😁

(မေး)
(ရူပ) ပဌမဈာန် ဘုံသား တိဟိတ် ပုထုဇဉ် ပုဂ္ဂိုလ်
များအား ရနိုင်သော စိတ်သရုပ်တို့ကို......
ဝီထိစိတ်အရ, စိတ်အရ အားဖြင့် ခွဲခြား၍
ကောက်ပြပါ ။

[ ဝီထိစိတ်အရ ]
ယခင် ဝီထိစိတ်အရ ( ၃၈ ) ပါးသည်ပင်...
ပဈာန်ဘုံသား တိ, ပု များ၏ ဝီထိစိတ်အရလည်း
ဖြစ်နေ၏ ။
( ဝီထိစိတ်အရ... အားလုံး အတူတူ ဟူလို)

မှန်၏.....
အစိတ်အစိတ် ဘုံတို့သာ ကွဲပေမယ့် ရူပဘုံသား
ပုဂ္ဂိုလ် များချည်းသာ ဖြစ်နေ ကြသောကြောင့်
" ဝီထိစိတ်အရ မကွဲပြား” နိုင်သည်ကို
သတိပြုရာ၏ ။

[ စိတ်အရ ]
ယခင် ဝီထိစိတ်အရ.. ၃၈...ပါး၌
ရူပ ဝိပါက်စိတ် (၅)ပါး တို့တွင်
" ရူပ ဝိပါက် ပဌမဈာန်စိတ် ၁..ပါးထည့် ” လိုက်လျှင်
ရူပ ပဈာန်ဘုံသား တိ, ပု ပုဂ္ဂိုလ်များ၏... စိတ်အရ...
ဖြစ်လာပါတော့သည် ။
( စိတ်အရ.... ၃၉...ပါး ဖြစ်၏ ဟူလို)

အထူးသတိပြုရန် ။ ။

@ @ ဘုံသတ်....များအတွက်
စိတ်အရ...ကောက်ယူရာ၌
ဘုံပိုင် ဝိပါက်စိတ်တို့တွင်
ဘုံကို ထောက်ဆ၍....
ဧကန်... ၁...ပါးတည်း ကိုသာ ထည့်၍
အရကောက်ရကြောင်းကို....စွဲမြဲစွာ မှတ်သင့်ရာ၏။

@ @ ကြွင်း ရူပဘုံသား
သော, သ, အနာ, အရဟန္တ....ပုဂ္ဂိုလ်တို့အတွက်လည်း
အထက်ပါ... လင်္ကာတို့ကို ...မှီ၍.....
ဝီထိစိတ်အရ & စိတ်အရ (၂)မျိုးလုံးအတွက်
ဆက်လက်၍ အရ ကောက် သင့်ပါ၏ ။

😁😁 အရူပ ဘုံသား ပုဂ္ဂိုလ်များ၏ ဝီထိစိတ်အရ,
..နှင့် ... စိတ်အရ ..ခွဲခြား၍ ကောက်ပုံများ.....

(ဆောင်) အရူဘုံဖြစ် ၊ ၄၂..တွင် ၊
ဆယ်ဖြစ် အကုသိုလ် ၊ ဒသ ထိုတွင် ၊ ဝိပ်.၄.. ဥဒ္ဓစ် ၊
ငါးဖြစ် စိတ္တ ၊ သေက္ခ ရ၍ ၊ မရ ပုဂ္ဂလာ ၊
အသေက္ခ ပြ ၊ သဗ္ဗ တိဟိတ် ၊ ရထိုက် မနောဒွါ ၊
ကုသလာ ဆယ့်နှစ်..ဝ ၊ အရဟ..ကြွင်းကျန် ၊
တိဟိတ် မှန်တည်း ၊
တသီး ကြိယာ ၊ ဒွါဒသာ...မှာ ၊ ရဟန္တာရှင့် ၊
မှတ်လင့် ခုနှစ်ဖြာ ၊ လောကုတ် မှာလည်း ၊
ဖြစ်ရေး...တစ်ခု ၊ သူ့ဖိုလ် (စိတ်) ရှုသည် ၊
အရူ..... ဝီထိစိတ်အရတည်း ။

အရူပဘုံ၌ ဖြစ်သောစိတ် ( ၄၂) ပါးတို့ကို မူတည်၍
အထက်ပါ လင်္ကာနှင့် နှီးနှော၍
ပုဂ္ဂိုလ် အလိုက် ဖြစ်သင့်သလို
အရကောက်သွားရမည်...ဟု ဆိုလိုပါသည် ။

အနည်းငယ် ချဲ့ပါအံ့ ။
အရူပဘုံ၌ ရထိုက်သော ( ၄၂)ပါးသော စိတ်တို့တွင်

၁။ အကုသိုလ် လော /မော (၁၀)ပါးတို့ အနက်

(က) သေက္ခပုဂ္ဂိုလ်(အောက်ဖလဋ္ဌာန်)တို့အတွက်...
ဝိပ်..၄..ပါး ၊ ဥဒ္ဓစ် ၁ ပါး = ၅ ပါးမျှသာ ရနိုင်၏ ၊
(ခ) တိ,ပု...အတွက်...၁၀...ပါးလုံး ရနိုင်၏ ၊
(ဂ) အသေက္ခ အတွက်မူ....တပါးမျှပင် မရနိုင် ။
ဟု၎င်း.........

၂။ မနောဒွါရာဝဇ္ဇန်း စိတ် ၁...ပါးကို ............
တိဟိတ် ပုဂ္ဂိုလ် ဟူသမျှ အတွက် ရထိုက်၏ ၊

၃။ မဟာ ကု..၈ + အရူ..ကု..၄ = ကု.. ၁၂ ပါး တို့ကို အသေက္ခ ပုဂ္ဂိုလ်မှ ကြွင်းသော တိဟိတ်ပုဂ္ဂိုလ်များ၌
ရထိုက်၍ ......
မဟာ ကြိ ၈ + အရူပ ကြိ ၄ = ကြိယာစိတ် ၁၂ ခု
တို့ကို.... အသေက္ခ ပုဂ္ဂိုလ်၌သာ ရထိုက်၏ ။
( ရဟန္တာ ၌ ကြိယာ သာ ရ၍ ၊ ကြွင်း ပုဂ္ဂိုလ်တို့၌
ကုသိုလ် ဆိုင်ရာသာ ရ၏....ဟူလို)

ဤကား ကုသလာ ၁၂..&.. ကြိယာ ၁၂...ခုတို့၏
ဝေဖန်ခြင်း တည်း ။

၎။ စ, မဂ်စိတ် ကြဉ် လောကုတ်စိတ် (၇)ပါးတို့တွင်
ဖလဋ္ဌာန် ပုဂ္ဂိုလ် (၄)ယောက်တို့မှာ......
မိမိ ဖိုလ်စိတ် (၁) ပါးတည်းကိုသာ ရထိုက်၏ ၊
( လောကုတ်စိတ် (၇)ပါးလုံးကို... မရထိုက် ဟူလို)

😁 မေးခွန်း...&.. အရကောက်ပုံ အမြွက်ကား......

(မေး) အရူပ ဘုံသား / ဘုံရှိ... တိဟိတ် ပုထုဇဉ်
ပုဂ္ဂိုလ်များ၏ ရနိုင်သော စိတ်တို့ကို.....
ဝီထိစိတ်အရ , စိတ်အရ (၂)မျိုး ခွဲကောက်ပြပါ။

®® အရူပ ဘုံသား တိဟိတ် ပုထုဇဉ် ပုဂ္ဂိုလ်များ၏
ဝီထိစိတ်အရ & စိတ်အရ ခွဲ ကောက်ပုံကား......

အရူပဘုံ၌ ရထိုက်သော စိတ် (၄၂)ပါးကို တည် ၊
{ ဘူမိဘေဒ ....ကို ....တည်...ဟူလို }

၎င်း ၄၂...တွင်
အရူပ ဝီထိစိတ်အရကို.. ပြဆိုသော လင်္ကာနှင့် အရ
( တိဟိတ် ပုထုဇဉ် ပုဂ္ဂိုလ် ဖြစ်သောကြောင့်)

[ ဝီထိ စိတ်အရ ]
လော, မော...အကုသိုလ်စိတ်... ၁၀ ပါး ၊
မနောဒွါရာဝဇ္ဇန်း စိတ်................ ၁ ပါး ၊
မဟာ ကု ၈ ပါး +အရူပ ကု ၄.....၁၂ ပါး ၊
စုစုပေါင်းလျှင်... ၂၃..ပါးရ၏ ။
ထို (၂၃)ပါးသော စိတ်တို့သည် ဝီထိစိတ်အရ ဖြစ်၏။

( ၄၂...ပါးတွင် လင်္ကာနှင့် အညီ ပုဂ္ဂိုလ်အလိုက်
ရသင့်ရာစိတ်တို့ကို ရွေးနုတ်၍ ကောက်ရ..ဟူလို)

[ စိတ်အရ ]
၎င်း ဝီထိစိတ်အရ (၂၃)ပါး၌
အရူပ ( ဘုံပိုင်စိတ်ဖြစ်သော )
အရူပ ဝိ..၄ပါးထည့်လျှင် ....စိတ်အရ... ဖြစ်လာ၏ ။

😁😁 .... အရူပ...ဘုံသတ် .....😁😁

(ဆောင်) ဝီထိစိတ်ရ ၊ သရူပ တွင် ၊
ဘုံပိုင် စိတ္တ ၊ ဝိပါက ကို ၊ ထည့်သိပ် ရေတွက် ၊
စိတ်ရ ထွက်၏ ၊
ထို့ပြင် တဖြာ ၊ အာကာ..စသား ၊ ဘုံသတ် ငြားမူ ၊
အရူ..ဝိ..၄ ၊ စိတ်အထဲတွင် ၊ ဧကန် ၁..ခု ၊
ဘုံ ထောက်ရှု ရ ၊ ကောက်နည်းပြသည် ၊
မှတ်ပါ... အရူပ အတွက်တည်း ။

(မေး)
အာကာသာနဉ္စာယတန ဘုံသား ရဟန္တာ
ပုဂ္ဂိုလ်များအား ရနိုင်သော စိတ်တို့ကို
ဝီထိစိတ်အရ အားဖြင့်၎င်း, စိတ်အရ အားဖြင့်၎င်း
ခွဲခြား၍ ဖြေဆိုပြပါ ။

[ ဝီထိစိတ်အရ ]
အရူပဘုံ၌ ရထိုက်သော စိတ် (၄၂) ပါးတည်၊
အရူပ ဝီထိစိတ်အရကို ပြဆိုသော လင်္ကာ အရ
အသေက္ခ ပုဂ္ဂိုလ် ရွေးနုတ်၍ ကောက်လျှင်....

မနောဒွါရာဝဇ္ဇန်းစိတ်.. ၁..ပါး ၊
မဟာကြိယာစိတ် ..... ၈ ပါး ၊
အရူပ ကြိယာစိတ်......၄ ပါး ၊
မိမိ အရဟတ္တဖိုလ်စိတ် ၁ ပါး ၊
ပေါင်း.. ၁၄...ပါးရ၏ ။

[ စိတ်အရ ]
၎င်း ဝီထိစိတ်အရ...၁၄...၌
( အာကာသာနဉ္စာယတန ဘုံသတ် ဖြစ်၍)
အာကာသာနဉ္စာယတန ဝိပါက်စိတ်..၁..ပါးသာ ထည့် ၊ စုစုပေါင်း (၁၅) ပါး ရ၏ ။

@@ ကြွင်း ...အရူပ ဘုံသား
သော, သ, အနာ ...ပုဂ္ဂိုလ်များ၏
ဝီထိစိတ်အရ & စိတ်အရ (၂)မျိုး တို့ကို
ဆက်လက်၍ အရကောက် သင့်ပါကြောင့်.....


အမှားတွေ့လျှင် comment တွင်
ထေရ် , ရှင် မန့်စေ လို ။

သုခိတာ ဟောထ သဗ္ဗဒါ ! !!

😁😁... ဝီထိပိုင်း....ဆိုင်ရာ.... 😁😁သင်္ဂဟကျမ်းတွင်  ဝီထိပိုင်းသည် ........ အခက်တကာတို့တွင် အမြဲ ထိပ်ဆုံးက နေရာယူထားသော အပို...
01/11/2018

😁😁... ဝီထိပိုင်း....ဆိုင်ရာ.... 😁😁

သင်္ဂဟကျမ်းတွင် ဝီထိပိုင်းသည် ........ အခက်တကာတို့တွင် အမြဲ ထိပ်ဆုံးက
နေရာယူထားသော အပိုင်းပင် ဖြစ်နေသည် ။
သို့သော်....
စာမေးပွဲများ ပြဋ္ဌာန်းချက်တို့အရ
သောတုဇန ဟူသမျှ ရှောင်လွဲ၍ကား မရနိုင် ၊
ထို့ကြောင့် ......
ထိုဝီထိပိုင်းကို
အဆင်ပြေပြေ လေ့လာနိုင်စေဖို့
ဆရာအရှင်များ ပေးသောလက်ဖြင့်
ဉာဏ်မှီ သလောက် တင်ပြရပါသည် ။

[ ပုဂ္ဂလ ဘေဒ ]

ပုဂ္ဂလ ဘေဒ ၌....
၁။ ပုဂ္ဂိုလ် အပြား / အမျိုးအစားကို၎င်း ၊

၂။ ကာမဘုံသား ပုဂ္ဂိုလ်များဖို့ ဝီထိစိတ်အရ ကို၎င်း
(ကာမဘုံသား တိဟိတ်ပုဂ္ဂိုလ်များ အတွက် အထူးသီးသန့် ဈာန်ရ / ဈာန်မရ (၂) မျိုးခွဲ၍ ကောက်ယူရခြင်း) ၊

၃။ ရူပ / အရူပ ဘုံသား ပုဂ္ဂိုလ်များဖို့.....
(က) ဝီထိစိတ်အရ /ဒွါရိကစိတ်အရ ကို၎င်း ၊
(ခ) စိတ်အရ ကို၎င်း ၊

အထက်ပါ အချက် (၃) တို့သည်..
ခွဲခွဲခြားခြား နားလည်ထားဖို့,
အရ ကောက်တတ်ဖို့
ပဓာန အချက်တို့ပင် ဖြစ်ပါကြောင်း ....
ဦးစွာသိထားသင့်သည်..ဟု ယူဆပါသည် ။

အမှာ ။ ။
သင်္ဂဟကျမ်းဆရာသည်
ဝီထိပိုင်း ပုဂ္ဂလဘေဒ အခန်းကို.....
ကာမဘုံသား ပုဂ္ဂိုလ်များအတွက်သာ ရည်ရွယ်၍
ဖွင့်ဆို စီရင်တော်မူ ခဲ့ပါသည် ။

ရူပ / အရူပ ဘုံသား ပုဂ္ဂိုလ်များအတွက်မူ
ပုဂ္ဂလဘေဒ + ဘူမိဘေဒ (၂) ခန်းကို ရောနှော၍
အရကောက်ရမည် ဖြစ်သောကြောင်း.....
ဆရာမြတ်တို့ ပို့ချရိုး မူအတိုင်း
ဘူမိဘေဒ အခန်း ပြီးမှ ဖော်ပြ သွားပါမည် ။

ထို့အပြင် ...
မိမိ၏ ဆရာမြတ်တို့သည် ဤ ပုဂ္ဂလဘေဒ နဲ့
ဘူမိဘေဒ (၂) ခန်းတို့ကို ပါဠိုမူ ...မကိုင်စေပဲ
လင်္ကာမူ နဲ့ ဦးစွာ အရကောက်တတ်ပြီးမှသာ
မူရင်း ပါဠိမူနဲ့ ညှိပြကာ သင်ပြပေးသွားခဲ့တဲ့
နည်းစနစ်များသည်.....
မြန်/လွယ် /ရှင်း...စနစ်များသာ ဖြစ်နေ၍
ဆရာမြတ်တို့ မူအတိုင်းပင် တင်ပြပါတော့မည် ။

®®.... ပုဂ္ဂိုလ် အပြား / အမျိုးအစား.... ®®

(ဆောင်)
ဒု, သု, ဒွိ, တိ, ၊ ယာ အရိ ၊ ပေါင်းဘိ ဒွါဒသ ။
တိဟိတ် ပုထု ၊ လေးခု မဂ္ဂဋ္ဌာန် ၊ လေးတန် ဖလဋ္ဌ ၊
ပေါင်း နဝ ၊ ပြားကြ တိဟိတ် များ ။

လင်္ကာဖြင့်ပင်...ပုဂ္ဂိုလ် အပြား ထင်ရှားပြီးဖြစ်၍
အကျယ် မချဲ့ လိုတော့ပါ ။

သတိပြုမိရန် တချက်ကား....

ပုထုဇဉ် ပုဂ္ဂိုလ်(၄)ယောက်တို့ကို.....
" ဘုံ နဲ့ ပဋိသန္ဓေစိတ် ” ၂..ခုကို အစွဲပြု၍
အမည်များ ပေးထားရခြင်း ဖြစ်ကြောင်း ...
သတိပြုသင့်ပါသည် ။

®® ကာမဘုံသား ပုဂ္ဂိုလ်များ၏ ဝီထိစိတ်အရ ®®

ကာမဘုံသား ပုဂ္ဂိုလ်များ၏ ဝီထိစိတ်အရ
ကောက်ယူရာ၌............

(က) ငရဲဘုံသား / ဒု / သု+ဒွိ /ပုဂ္ဂိုလ်များ.. ၁ အုပ်စု
(ခ) တိဟိတ် ပုဂ္ဂိုလ် ( ၉)ယောက် .....၁ အုပ်စု
ဤသို့ ၂..အုပ်စု ခွဲကောက်မှ အဆင်ပြေပါသည် ။

( ဝီထိစိတ်အရ... ဟူသည်နှင့်အညီ
ဝီထိစိတ်အရ ကောက်ရာ၌ ........
စိတ် (၈၉) တွင်
ဝီထိမုတ်စိတ် / မဟဂ္ဂုတ်ဝိပါက်စိတ် (၉)ပါး....
မပါဝင်ရကြောင်း အမြဲသတိ ပြုရပါမည် )

😁😁 ငရဲဘုံသား ပုဂ္ဂိုလ်များ၏ ဝီထိစိတ်အရ .....

(ဆောင်)
အကုသလာ ၊ ၁၂ ဖြာနဲ့ ၊ အကု ဝိပါက် ၊
၂ ချက် အာဝဇ္ဇန်း ၊ တခန်း မဟာ..ကု ၊ ဝိပ္ပ..ယု ၊
ရမှု...ပဉ္စဝီ ၊ ငရဲ ဆီ ၊ ရပြီ ဤသို့တည်း ။
( သရုပ် ထင်ရှား ပါပြီ )

😁😁 ဒုဂ္ဂတိ အဟိတ်ပုဂ္ဂိုလ်မျာ၏ ဝီထိစိတ်အရ ....

(ဆောင် ) ဟ (သိ) ကြည် အသော ၊ ၂၉....နဲ့ ၊
၈..ခု မဟာ ၊ ကုသလာ ၊ ရရာ ဒု...အဟိတ် ။
( သရုပ် ထင်ရှားပါပြီ )

😁😁 သု / ဒွိ..ပုဂ္ဂိုလ်များ၏ ဝီထိစိတ်အရ.......

(ဆောင်) ဒု..အဟိတ်ရ ၊ သတ္တိံသတွင် ၊
ဝိပ်..မဟာဝိ ၊ ထပ်ရရှိ ၊ သု, ဒွိ...ပုဂ္ဂလာ ။
[ သရုပ် ထင်ရှားပါပြီ ]

😁😁 တိဟိတ် ပုဂ္ဂိုလ် (၉) ယောက်၏
ဝီထိစိတ်အရ များ............

ကာမဘုံသား တိဟိတ် ပုဂ္ဂိုလ်များ၏
ဝီထိစိတ်အရ ....ကို.....ကောက်ယူရာ၌.............
(က) ဈာန်ရ
(ခ) ဈာန်မရ ....အားဖြင့် (၂)မျိုး ခွဲ၍
ကောက်ရိုး ထုံးစံ ရှိနေ ပါသည် ။

" ဈာန်ရ / ဈာန်မရ ” ဟူရာ၌..........
ဈာန်ဟူသည်... လောကီဈာန် / မဟဂ္ဂုတ်ဈာန်...
ကိုသာ ဆိုလိုပါသည် , ရည်ရွယ်ပါသည် ။

ထို့ကြောင့်ပင်.....
ဈာန်ရ (တိဟိတ်) ပုဂ္ဂိုလ်များ အတွက်....
"မဟဂ္ဂုတ်ဈာန်စိတ်...ကု..၉ / ကြိ..၉ ” တို့ကို
ပုဂ္ဂိုလ် အလိုက်.... အပို ထည့်စွက်၍ .......
ဝီထိစိတ်အရ ကို. ..ကောက်ယူရပါသည် ။

{ ဈာန်မရ တိဟိတ် ပုဂ္ဂိုလ်များအတွက်မူကား......
၎င်း မဟဂ္ဂုတ်ဈာန်စိတ် တို့ကို အပို ထည့်စွက်၍ မကောက်ယူရတော့ပါ ။

ထို့အပြင်.....
မဟဂ္ဂုတ် ဝိပါက်စိတ်..၉..ပါးတို့သည်ကား .....
ဝီထိမုတ်စိတ်များ ဖြစ်နေ၍
မဟဂ္ဂုတ်ဈာန်စိတ်၌ မပါဝင် ရခြင်း ဖြစ်ပါသည်။ }

😁 ပုဂ္ဂိုလ် အလိုက်....ကောက်ယူရန်ကား.....

(က) အသေက္ခ ပုဂ္ဂိုလ်အတွက်..မဟဂ္ဂုတ် ကြိ..၉.ခု
(ခ) တိ..ပု နဲ့..သေက္ခ(အောက်ဖလဋ္ဌာန် ၃ ယောက်) ပုဂ္ဂိုလ်တို့အတွက်..... မဟဂ္ဂုတ် ကု...၉..ခုကို၎င်း ၊
ဤသို့ ပုဂ္ဂိုလ်အလိုက် အသီးအသီး ကောက်ယူပါ ။

[ မဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်တို့သည် ........
ဧကစိတ္တက္ခဏိက... ပုဂ္ဂိုလ်များသာ ဖြစ်၍
ဈာန်ရ / ဈာန်မရ.. ခွဲခြား၍ မရနိုင်ပါ ။
ဒု, သု, ဒွိ..ပုဂ္ဂိုလ်များမှာလည်း..အပ္ပနာဇောများ
မစောနိုင်၍ ဤအရာ၌ မသက်ဆိုင်တော့ပါ ။ ]

(ဆောင်)
* ဈာန်ရ တိ..ပု ၊ သေက္ခ... ကု ၊ ထည့်ပြု မဟဂ္ဂါ ။
* တဖြာ ဈာန်ရ ၊ အသေက္ခ မှာ ၊ ကြိယာ နဝ ၊
မဟဂ္ဂ ၊ ထည့် (စွက်) ရ.... မြဲ...ပုံသေ ။

ဤ စကားစဉ်တို့အရ......
ကာမဘုံသား တိဟိတ် ပုဂ္ဂိုလ်များအတွက်
ဝီထိစိတ်အရ ကောက်ယူရာ၌.......

ဈာန်ရ /ဈာန်မရ အားဖြင့် (၂)မျိုး.... ခွဲကောက်ရမည်ကို၎င်း ၊
ဈာန်ရ...ဖြစ်လျှင် ....
ပုဂ္ဂိုလ် အလိုက် မဟဂ္ဂုတ် ကု/ ကြိ..ဈာန်စိတ်များကို
အပို ထည့်စွက်၍ အရကောက်ရမည်ကို၎င်း ၊
သတိပြုရန်ကား ...အမှန်ပင် လိုအပ်ပါလိမ့်မည် ။

😁 ကာမဘုံသား တိဟိတ် ပုထုဇဉ် ပုဂ္ဂိုလ်များ၏
ဝီထိစိတ်အရ ကို...ဈာန်ရ / ဈာန်မရ.. အားဖြင့်
(၂)မျိုး ခွဲ၍ ......ဝေဖန်ခြင်း.........

(ဆောင်)
ဟ..ကြည် အသော ၊ ၂၉..နဲ့ ၊ ထပ်တိုး မဟာ ၊
ကု.. ဝိ.. မှာကား ၊ မှတ်သား တိ..ပု ၊ ဈာန် မဲ့မှု ၊
ရမှု..မဟဂ် ၊ ၉...ခု..စွက် ။
( ဈာန်မရ.... ၄၅ ၊ ဈာန်ရ...၅၄...ဟူလို )

😁😁 ကာမဘုံသား မဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်များ၏
ဝီထိစိတ်အရ... ကို ဝေဖန်ခြင်း.......

(ဆောင်)
မဂ္ဂဋ္ဌာန် လေး ၊ ကောက်ရေး ဧက ၊ သူ့ မဂ်ပြ ၊
ဈာန...သူမရှိ ။
( သောတာပတ္တိ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်၏ ဝီထိစိတ်အရကား
သောတာပတ္တိ မဂ်စိတ် ၁...ပါးသာ....စသည် ဟူလို)

😁 ကာမဘုံသား (တိဟိတ်) အောက်ဖလဋ္ဌာန်
ပုဂ္ဂိုလ်များ၏ ဝီထိစိတ်အရ.. ကို
ဈာန်ရ / ဈာန်မရ အားဖြင့်...ဝေဖန်ခြင်း.....

(ဆောင်)
အကုသလာ ၊ ၁၂ ဖြာ တွင် ၊ ဒိဋ္ဌ်+သံ, ဝိစိ ၊
ပဉ္စိမေ စိတ္တာ ၊ ကြဉ်ရာ.. သော, သ ၊
ဒေါ..ဒွ.. အနာ ၊ ထပ် ပယ်ရာထူး ၊
မထူး အဟိတ် ၊ ၁၇...နဲ့ ၊ ကု..ဝိ...မဟာ ၊
၁၆..ဖြာတွင် ၊ ဆိုင်ရာ တချက် ၊ ဖိုလ် ကို စွက် ၊
ရလျှက်... အောက် ဖလံ / ဖလဋ္ဌာန် ။

( သော, သ...တို့အတွက် >>>
ဈာန် မရ... ၄၁ ၊ ဈာန်ရ... ၅၀...ဖြစ်၍ ၊
အနာ အတွက် >>>
ဈာန်မရ.... ၃၉ ၊ ဈာန်ရ... ၄၈...ဖြစ်၏.... ဟူလို)

😁 ကာမဘုံသား (တိဟိတ်) အသေက္ခ ပုဂ္ဂိုလ်၏
ဝီထိစိတ်အရ.... ကို.....
ဈာန်ရ / ဈာန်မရ... အားဖြင့် ဝေဖန်ခြင်း....

(ဆောင်)
အဟိတ် ၁၈ ၊ စိတ်ဖြစ် မဟာ ၊ ဝိ...ကြိယာ နဲ့ ၊
အရဟာ..ဖိုလ်ထား ၊ ၃၅.. ၊ ရငြား.. အသေက္ခာ ။
( ဈာန်မရ....၃၅ ၊ ဈာန်ရ... ၄၄... ဟူလို)

မှတ်ချက်။
ဈာန်ရ အတွက် ( အသေက္ခ ဖြစ်၍)
မဟဂ္ဂုတ် ကြိယာစိတ် ၉..ခုကိုသာ
အပို ထည့်စွက် ရ မည်ကို သတိပြုရာ၏ ။

ဤတွင်....
ပုဂ္ဂလ ဘေဒ ( သို့မဟုတ် )
ကာမဘုံသား ပုဂ္ဂိုလ်များ၏ " ဝီထိစိတ်အရ ”
အရ ကောက်ပုံများ အတွက်... တခန်းပြီးပါပြီ ။

သုခိတာ ဟောထ သဗ္ဗဒါ !!!
ဆရာ အရှင်များ
ပေးသော လက်ဖြင့်..........

😁😁 ... ပါဠိ သင်္ချာ....အသုံးအနှုန်းများ...ပဋ္ဌာန်းကျမ်း, ရူပသိဒ္ဓိကျမ်း.. သင်္ဂဟကျမ်း...စသည်တို့၌ လာသော ပါဠိသင်္ချာသဒ္ဒါ တို့ကို ဂဏ...
22/10/2018

😁😁 ... ပါဠိ သင်္ချာ....အသုံးအနှုန်းများ...

ပဋ္ဌာန်းကျမ်း, ရူပသိဒ္ဓိကျမ်း.. သင်္ဂဟကျမ်း...စသည်တို့၌
လာသော ပါဠိသင်္ချာသဒ္ဒါ တို့ကို
ဂဏန်း အစဉ် အားဖြင့် ......
အောက်ပါ အတိုင်း တွေ့ရပါလိမ့်မည် ။

၁-ဧက
၂- ဒွေ၊
၃- တိ
၎-စတု
( ဤ ၄ ပုဒ်တို့သည် သင်္ချာသဗ္ဗနာမ်..သို့ ဝင်ကုန်၍ ၊
ထိုမှ ကြွင်းသော ပုဒ်တို့သည်ကား..
သဗ္ဗနာမ်မဟုတ်သော သင်္ချာနာမ်ပုဒ်...ထဲသို့ တို့၌ဝင်ကြကုန်၏ ။
ထို့ပြင်...
သဒ္ဒါ နည်း အရ....ဒွိ... မှ... ဒွေ, ဒွါ, ဗာ.... ဟု၎င်း ၊
တိ...မှ...တေ...ဟု၎င်း ၊
စတု နောက်..ရ , ဒွေဘာဝ လာ၍ ၎င်း၊
အသုံးပြုထားသော ပုံစံ တို့ကို ဂရုပြုသင့်၏ ။)

၅-ပဉ္စ
၆-ဆ
၇-သတ္တ
၈-အဋ္ဌ
၉-နဝ
၁၀-ဒသ

၁၁-ဧကာဒသ, ဧကာရသ ။
၁၂-ဒွါဒသ,ဗာရသ ။
၁၃-တေရသ ။
၁၄-စတုဒ္ဒသ ၊ စုဒ္ဒသ ၊ စောဒ္ဒသ ။
၁၅-ပန္နရသ , ပဉ္စ ဒသ ။
၁၆-သောဠသ, တေဠသ ။
၁၇-သတ္တရသ, သတ္တဒသ ။
၁၈-အဋ္ဌာရသ, အဋ္ဌာဒသ ။

၁၉-ဧကူန၀ီသံ, ဧကူနဝီသတိ ။
၂၀-၀ီသံ, ဝီသတိ ။
( ဝီသ ကား...နပုလ္လိင်၌ ဖြစ်၍ ၊
ဝီသတိကား...ဣတ္ထိလိင်၌ ဖြစ်သည် ။
ထို့အပြင်...
တိစ..သုတ်အဖွင့်အရ... ဝီသ, တိံသ ..သဒ္ဒါ (၂)ခု
အဆုံး၌သာ ဝိကပ် တိ..လာပေးရ၍ ၊
ကြွင်း သင်္ချာ သဒ္ဒါ တို့နောက်၌ကား
တိ..မလာရ..ဟု ...ရူစာကိုယ်၌ပင် ဝိနိစ္ဆယချထား
ပါကြောင့်...သတိမူသင့်ရာ၏ ။ )

၂၁-ဧက၀ီသ, ဧကဝီသတိ ။
၂၂- ဒွါဝီသ, ဒွါဝီသတိ, ဗာဝီသ, ဗာဝီသတိ ။
၂၃-တေ၀ီသ, တေဝီသတိ ။
၂၄-စတုဝီသ, စတုဝီသတိ ။
၂၅-ပဉ္စ၀ီသ, ပဏ္ဏဝီသ, ပဉ္စဝီသတိ, ပဏ္ဏဝီသတိ ။
၂၆-ဆ၀ီသ, ဆဗ္ဗီသ, ဆဝီသတိ, ဆဗ္ဗီဝီသတိ ။
၂၇-သတ္တ၀ီသ, သတ္တဝီသတိ ။
၂၈-အဋ္ဌ၀ီသ, အဋ္ဌဝီသတိ ။

၂၉-ဧကူနတိံ သ, ဧကူနတိံသတိ (ရူနှာ..၂၅၁)

အမှာ ။ ။
တိက, တယ, တိံသ, ဝတာဒီနမာဒိစ ( ရူ..နှာ ၂၆)
အရ...တိံသ..ဗျဉ်း (အစ) သည်.."ဒွေဘာဝဌာန”
မုချ ဖြစ်နေသောကြောင့်၎င်း ၊
၎င်း ကျမ်း၌ ပင် ...
နှာ ၂၈ ၌...ဧကတ္တိံသ ဟု၎င်း ၊
နှာ ၂၅၁ ၌...ဧကတိံသတိ, ဧကတိံသ ဝါ ဟု၎င်း ၊
တွေ့ရသောကြောင့် .....
" ဧကူနတ္တိံသ, ဧကူန တ္တိံသတိ” ဟု
ဒွေဘာဝပါဌ်ဖြင့် လည်း ရှိနိုင်သည်သာ ။

၃၀- တိံသံ , တိံသတိ ။
( တ္တိံသ ကား...နပုလ္လိင် ၊ တ္တိံသတိကား...ထီလိင်)

၃၁-ဧကတ္တိံသ, ဧကတ္တိံသတိ , .. .ဧကတိံသ, ဧကတိံသတိ ။
[ ဤမှ နောက်၌ ဒွေဘာဝပါဌ် နဲ့သာ အသုံးရှိ၍ ၊
ဒွေဘော်မဲ့ ပါဌ်နဲ့ကား အသုံးမရှိတော့ပါ ]

၃၂- ဒွတ္တိံသ, ဒွတ္တိံသတိ, ဗာတ္တိံသ,ဗာတ္တိံသတိ။
၃၃-တေတ္တိံသ, တေတ္တိံသတိ ။
၃၄-စတုတ္တိံသ, စတုတ္တိံသတိ ။
၃၅-ပဉ္စတ္တိံသ, ပဉ္စတ္တိံသတိ ။
၃၆-ဆတ္တိံသ, ဆတ္တိံသတိ ။
၃၇-သတ္တတ္တိံသ, သတ္တတ္တိံသ ။
( သင်္ဂဟကျမ်းနှာ..၃၁ ၌.. သတ္တတ္တိံသ..ဟုပြ၏၊
ဤနေရာ၌...
သတ္တိံသ, သတ္တိံသတိ...ဟု ပါဌ် ရှိလျှင်ကား
ပမာဒလေခ သာ ဖြစ်နိုင်ရာ၏ ။
သ ဆဿ ဝါ သုတ်အရ....ဆ ကိုသာ သ ပြုနိုင်၍,
သတ္တ ကို သပြု ..နိုင်ကြောင်းကို
မိမိ မတွေ့ဖူးသေးပါ )
၃၈-အဋ္ဌတ္တိံသ, အဋ္ဌတ္တိံသတိ ။
[ ဤမှ နောက်၌..." တိ ” လာသော ပုံစံ မရှိပြီ ]

၃၉-ဧကူနစတ္တာလီသံ ။
၄၀-စတ္တာလီသံ ။ ( နပုလ္လိင်ဖြင့် ရူ ၌ပြ)
၄၁-ဧကစတ္တာလီသ ။
၄၂-ဒွိစတ္တာလီသ, ဒွေစတ္တာလီသ, ဒွါစတ္တာလီသ ။
၄၃-တိစတ္တာလီသ, တေစတ္တာလီသ။
၄၄-စတုစတ္တာလီသ ။
၄၅-ပဉ္စစတ္တာလီသ ။
၄၆-ဆစတ္တာလီသ ။
၄၇-သတ္တစတ္တာလီသ ။
၄၈-အဋ္ဌစတ္တာလီသ ။

၄၉-ဧကူနပညာသံ, ဧကူနပဏ္ဏာသံ ။
၅၀-ပညာသ, ပဏ္ဏာသ ။

၅၁-ဧကပညာသ, ဧကပဏ္ဏာသ ။
၅၂-ဒွေပညာသ/ပဏ္ဏာသ, ဒွိပညာသ/ပဏ္ဏာသ ။
၅၃-တေ ပညာသ/ပဏ္ဏာသ, တိပညာသ/ပဏ္ဏာသ
၅၄-စတု ပညာသ/ပဏ္ဏာသ ။
၅၅-ပဉ္စ ပညာသ/ ပဏ္ဏာသ ။
၅၆-ဆ ပညာသ/ ပဏ္ဏာသ ။
၅၇-သတ္တ ပညာသ/ ပဏ္ဏာသ ။
၅၈-အဋ္ဌ ပညာသ/ ပဏ္ဏာသ ။

၅၉- ဧကူန သဋ္ဌိ ။
၆၀- သဋ္ဌိ ။

၆၁-ဧကသဋ္ဌိ ။
၆၂- ဒွေသဋ္ဌိ / ဒွါသဋ္ဌိ ။
၆၃-တိသဋ္ဌိ /တေသဋ္ဌိ ။
၆၄-စတုသဋ္ဌိ ။
၆၅-ပဉ္စသဋ္ဌိ ။
၆၆-ဆသဋ္ဌိ ။
၆၇-သတ္တသဋ္ဌိ ။
၆၈-အဋ္ဌသဋ္ဌိ ။

၆၉-ဧကူနသတ္တတိ /ဧကူနသတ္တရိ ။
၇၀-သတ္တတိ / သတ္တရိ ။
၇၁-ဧကသတ္တတိ / သတ္တရိ ။
၇၂- ဒွိသတ္တတိ/သတ္တရိ, ဒွါသတ္တတိ/ သတ္တရိ ..... ဒွေသတ္တတိ / သတ္တရိ ။
၇၃-တိ သတ္တတိ/ သတ္တရိ , တေသတ္တတိ /သတ္တရိ ။
၇၄-စတု သတ္တတိ/သတ္တရိ ။
၇၅-ပဉ္စ သတ္တတိ/ သတ္တရိ ။
၇၆-ဆသတ္တတိ/ သတ္တရိ ။
၇၇-သတ္တ သတ္တတိ/သတ္တရိ ။
၇၈-အဋ္ဌ သတ္တတိ/ သတ္တရိ ။

၇၉-ဧကူနသီတိ ။
၈၀-အသီတိ ။

၈၁-ဧကာသီတိ
၈၂- ဒွေ အသီတိ /ဒွါသီတိ ။
၈၃- တေသီတိ ။
၈၄-စတုရာသီတိ ။
၈၅-ပဉ္စအသီတိ ။
၈၆-ဆအသီတိ ။
၈၇--သတ္တအသီတိ ။
၈၈-အဋ္ဌအသီတိ ။

၈၉-ဧကူန န၀ုတိ
၉၀- န၀ုတိ

၉၁-ဧက န၀ုတိ
၉၂-ဒွိနဝုတိ / ဒွေ န၀ုတိ
၉၃-တိနဝုတိ/ တေ န၀ုတိ
၉၄-စတု န၀ုတိ
၉၅-ပဉ္စ န၀ုတိ
၉၆-ဆ န၀ုတိ/ ဆန္နဝုတိ ။
၉၇-သတ္တ န၀ုတိ
၉၈-အဋ္ဌန၀ုတိ
၉၉-ဧကူနသတံ
၁၀၀ - သတံ ။
၁၀၁ - ဧကေန အဓိကံ သတံ ( ဝါကျ)....... ဧကာဓိကံ သတံ ( သန္ဓိစပ်) ....... ဧကာဓိကသတံ (သမာသ်စပ်)
စသည်ဖြင့် အကျယ်ချဲ့ ပါလေ ။ ။

၂၀၀ - ဒွိသတံ ။
၂၀၁ - ဧကေန အဓိကံ ဒွိသတံ ။....... ဧကာဓိကံ ဒွိသတံ ။....... ဧကာဓိကဒွိသတံ ။
အဝသေသာ ဝုတ္တနယေန ဝေဒိတဗ္ဗာ ။
------------------------------------------

😁 အသုံးအနှုန်းများ

၁ ။ ( ၁၉ ၊ ၂၉ ၊၃၉ ၊၄၉ ၊ ) စသော ... တခုလို ..သင်္ချာသဒ္ဒါ တို့ကို
" ဧကူန - (ဧက+ ဥုန -တခု+ယုတ်, လျော့) ” ပုဒ် နဲ့ သုံးရိုးရှိ၏ ။
( ဧကူနဝီသ - တခုယုတ် နှစ်ဆယ် (ဝါ) ၁၉ ၊
ဧကေန ဦနာ/ဥုနာ ဝီသတိ - ဧကူနဝီသတိ )

၂ ။ " အစွန်းထွက် / ပိုလွန်သော ” သင်္ချာသဒ္ဒါ ......တို့ကို ကား....
အပေါင်း သချင်္ာ နည်း ဖြင့် သုံးရ၏ ။
ထိုနည်းအတွက် " အဓိက”ပုဒ်နဲ့ သုံးရပြန်၏ ။
ထိုတွင်လည်း...

အဓိက ပုဒ်ကို
(က) အကျေကြံ၍ သော်၎င်း ..
ဧကာဒသ ( ဧကေန + အဓိကာ + ဒသ) ၊ ၁၁ -ခု ။
ဧကဝီသတိ (ဧကာယ+အဓိကာ +ဝီသ) ၊ ၂၁-ခု ။

(ခ) တိုက်ရိုက် ထည့်၍ သော်၎င်း.. ပဉ္စဝီသာဓိကေဟိ သတပဒေဟိ ၊

( ပဉ္စ၀ီသာ=၂၅ ခု တို့ဖြင့် ၊ အဓိကေဟိ=ပိုလွန်ကုန်သော ၊
ပဒသတေဟိ - ပုဒ် တစ်ရာ ။
(ဝါ) ...၁၂၅ ပုဒ်...ဟူလို )

ဤသို့ အသုံးပြုပုံများ ကွဲပြားကြပါသည် ။

၁-ဧက(တစ်)
၁၀-ဒသ(တစ်ဆယ်)
၁၀၀-သတ(တစ်ရာ)
၁,၀၀၀-သဟဿ(တစ်ထောင်)
၁၀,၀၀၀-ဒသ သဟဿ(တစ်သောင်း)
၁၀၀,၀၀၀-သတ သဟဿ(တစ်သိန်း)
၁,၀၀၀,၀၀၀-သဟဿ သဟဿ(တစ်သန်း)
၁၀,၀၀၀,၀၀၀-ကောဋီ (တစ်ကုဋေ)
---------------------------------

😁😁 ... ပဓာနအခွဲ...နဲ့... ဝုစ်

(ဆောင်)
သင်္ချာ ပဓာန ၊ ဖြစ်လေက ၊ သက်ရ ဧကဝုစ် ။
သင်္ချေယျနေ ၊ ပဓာနေ ၊ သက်လေ ဗဟုဝုစ် ။
( ရူပသိဒ္ဓိ မှီ)
ပုံစံများ ။ ။
ဘိက္ခူနံ ဧကဝီသတိ တိဋ္ဌတိ ။ ( သင်္ချာပဓာနဖို့)
ဧကူနဝီသတိ ဘိက္ခဝေါ တိဋ္ဌန္တိ ။( သေခ်ၤယ် ပဓာန)

သင်္ချာသဒ္ဒါတို့ ပါရှိသော ဝါကျတို့၌......
ပဓာန......သေချာစွာ ကွဲစေနိုင်ဖို့
ဤ ရူပသိဒ္ဓိ ဝါကျ ၂..မျိုးကို နုတ်တက်နေ သင့်၏ ။

😁 😁 ....လိင်္ဂါဒိတ္တယ....ဖို့...

၁။ ဧက, တိ, စတု, တို့သည် တိလိင်၊ သဗ္ဗနာမ်ဂိုဏ်း၊
သဗ္ဗနာမ်ပုဒ် ၊ ယထာရဟ ကာရန် ။
၂။ ဒွိ..သည် အလိင် ၊ သဗ္ဗနာမ်ဂိုဏ်း၊ သဗ္ဗနာမ်ပုဒ် ၊
ဣကာရန္တ ပကတိရှိသော ဧကာရန္တ ။
( ဤကား ...ဧက,ဒွိ,တိ,စတု...၄ပုဒ် ဖို့)

၃။ ပဉ္စ အစ အဋ္ဌာရသ အဆုံးရှိသော ပုဒ်တို့သည်...
အလိင် ၊ ဂဏဝိမုတ် ၊ အကာရန ၊
သဗ္ဗနာမ် မဟုတ်သော သင်္ချာနာမ်ပုဒ် ။

၎ ။ ဝီသ အစ နဝုတိ အဆုံးရှိသော သဒ္ဒါတို့သည်...
ဣတ္ထိလိင် ၊ ဂဏဝိမုတ် ၊ ယထာရဟ ကာရန္တ ၊
သဗ္ဗနာမ် မဟုတ်သော သင်္ချာနာမ်ပုဒ် ။

၅ ။ ကောဋိ ၊ ပကောဋိ ၊ ကောဋိ ပကောဋိ ၊
အက္ခောဘိနီ သဒ္ဒါတို့သည်.....
ဣတ္ထိလိင်၊ ဂဏဝိမုတ်၊ ဣကာရန္တ ၊ ပုဒ်တူ ။

၆ ။ သတံ အစ အသေခ်ၤယ် အဆံုးရိွေသာ
သင်္ချာသဒ္ဒါ တို့သည်.........
နပုလ္လိင် ၊ ဂဏဝိမုတ် ၊ ယထာရဟ ကာရန္တ ၊
ပုဒ်တူ ။
ဤသို့ ( ၆) မျိုးထိ အုပ်စုလိုက် ခွဲဝေကြ၏ ။

(ဆောင်)
😁 ဒွိစ ဋ္ဌာရသ် ၊ သုံးလိင်မှတ် ၊ မြဲလတ် ဗဟုဝုစ် ။
😁 ဝီသတျာဒိ ၊ နဝုတိ ၊ ဣတ္တိ ဧကဝုစ် ။
😁 သတံ စအုံး၊ သင်္ချေဆုံး ၊ နပုံး ဧကဝုစ် ။
😁 ကောဋိ သုံးလီ ၊ ခေါဘိနီ ၊ ဣတ္ထီ ဧကဝုစ် ။
😁 အစု ခွဲပုံ ၊ အားလုံးစုံ ၊ မှတ်တုံ ဗဟုဝုစ် ။
( အခြေပြု သဒ္ဒါ တွဲဖက်)
. . . . . . { အထက် သင်္ချာ များ အခန်း }

😁😁 သင်္ချာ တဒ္ဓိတ် & ပုံသေ တွက်နည်း....

သင်္ချာတဒ္ဓိတ်မှ
ခဲကပ်သော သင်္ချာများကို
( သုည​တွေ ပေါင်းထည့်ခြင်း )
ပုံသေတွက်နည်းကို
လေ့လာကြည့်စေချင်ပါတယ် ။

ဥပမာ...သတသဟဿဆိုပါစို့

တစ်​ရာ​၏​​နောက်​ဆုံးတလုံးအောက်​က
တ​ထောင်​ဆို ....သုည ၄လုံး ၊
ပြီးရင်​​ပေါင်းထည့်နည်းပင်ဖြစ်သည် ။

( ၁၀၀+ ၀၀၀၀
__________
၁၀၀၀၀၀. ၁သိန်း )

တ​သောင်းဆိုလျှင်..( တစ်လုံးတိုးနည်း..အရ)
၅လုံး.....
ဤသို့ သုညတိုးနည်းဖြင့်....
အထက်သင်္ချာတို့ကို ရေတွက်ရန်ပင်ဖြစ်ပါသည် ။

😁😁 သတ(တစ်ရာ)မှ အသင်္ချေယျ-အထိ... .........ပါဠိဂဏန်းရေတွက်ပုံ

[ ပါဠိ၌ သင်္ချာသည် ]

(၁)ဒသဂုဏိတ(=ဆယ်ပွား)သင်္ချာ၊ (၂)သတဂုဏိတ(=ရာပွား)သင်္ချာ-
ဟု (၂)မျိုး ရှိသည်။

သတ(တစ်ရာ)မှ စ၍ ကောဋိ(တစ်ကုဋေ)တိုင်အောင်ကား ဒသဂုဏိတ(=ဆယ်ပွား)သင်္ချာ။

ပကောဋိ-မှ စ၍ အသင်္ချေယျ-တိုင်အောင်ကား သတဂုဏိတ(=ရာပွား)သင်္ချာ။

သင်္ချာများ ဖြစ်ပုံနှင့် သုညအလုံးရေတို့ကို
တဒ္ဓိတ် ၃၉၄။ ယာဝ တဒုတ္တရိ ဒသဂုဏိတဉ္စ-သုတ်နှင့်......
၃၉၆။ သကနာမေဟိ-သုတ်တို့အတိုင်း သိရမည်။

(၁)ဒသဂုဏိတ(=ဆယ်ပွား)သင်္ချာတွက်ချက်ပုံ....

-ဒသ(ဆယ်)ဂဏန်းကို ဆယ်ခုဖြင့် မြှောက်လျှင်-----
၁၀x ၁၀ = ၁၀၀
[သတ=တစ်ရာ။ ၁-နောက် သုည(၂)လုံး ]

ထို့အတူ----
၁၀၀x ၁၀= ၁၀၀၀[သဟဿ=တစ်ထောင်။ သုည(၃)လုံး]
၁၀၀၀x ၁၀= ၁၀၀၀၀[ဒသသဟဿ=တစ်သောင်း။ သုည(၄)လုံး]
၁၀၀၀၀x ၁၀= ၁၀၀၀၀၀[သတသဟဿ=တစ်သိန်း။ သုည(၅)လုံး]
၁၀၀၀၀၀x ၁၀= ၁၀၀၀၀၀၀
[ဒသသတသဟဿ=တစ်သန်း။ သုည(၆)လုံး]
၁၀၀၀၀၀၀x ၁၀= ၁၀၀၀၀၀၀၀[ကောဋိ=တစ်ကုဋေ။ သုည(၇)လုံး] ဤကား ဒသဂုဏိတ
(=ဆယ်ပွား)သင်္ချာတွက်ချက်ပုံတည်း။

(၂)သတဂုဏိတ(=ရာပွား)သင်္ချာတွက်ချက်ပုံ

-ကောဋိသတသဟဿ(ကုဋေတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုည(၁၂)လုံးx ၁၀၀= ၁-နောက် သုည(၁၄)လုံး[ပကောဋိ=ပကုဋေ]

-ထို့အတူ ပကောဋိသတသဟဿ(ပကုဋေတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုည(၁၉)လုံးx ၁၀၀= ၁-နောက် သုည(၂၁)လုံး[ကောဋိပကောဋိ=ကုဋေပကုဋေ]

-ကောဋိပကောဋိသတသဟဿ
(ကုဋေပကုဋေတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုည(၂၆)လုံးx ၁၀၀= ၁-နောက် သုည(၂၈)လုံး... [နဟုတ]

-နဟုတသတသဟဿ(နဟုတတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုည(၃၃)လုံးx ၁၀၀= ၁-နောက် သုည(၃၅)လုံး... [နိန္နဟုတ]

-နိန္နဟုတသတသဟဿ(နိန္နဟုတတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုညအလုံး(၄၀)x ၁၀၀= ၁-နောက် သုည(၄၂)လုံး.... [အက္ခောဘိဏီ]
-အက္ခောဘိဏီသတသဟဿ(အက္ခောဘိဏီတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုည(၄၇)လုံးx ၁၀၀= ၁-နောက် သုည(၄၉)လုံး[ဗိန္ဒို]

-ဗိန္ဒုသတသဟဿ(ဗိန္ဒုတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုည(၅၄)လုံးx ၁၀၀= ၁-နောက် သုည(၅၆)လုံး....[အဗ္ဗုဒ]

-အဗ္ဗုဒသတသဟဿ(အဗ္ဗုဒတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုည(၆၁)လုံးx ၁၀၀= ၁-နောက် သုည(၆၃)လုံး[နိရဗ္ဗုဒ]

-နိရဗ္ဗုဒသတသဟဿ(နိရဗ္ဗုဒတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုည(၆၈)လုံးx ၁၀၀= ၁-နောက် သုညအလုံး(၇၀)[အဟဟ]

-အဟဟသတသဟဿ(အဟဟတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုည(၇၅)လုံးx ၁၀၀= ၁-နောက် သုည(၇၇)လုံး[အဗဗ]

-အဗဗသတသဟဿ(အဗဗတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုည(၈၂)လုံးx ၁၀၀= ၁-နောက် သုည(၈၄)လုံး[အဋဋ]

-အဋဋသတသဟဿ(အဋဋတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုည(၈၉)လုံးx ၁၀၀= ၁-နောက် သုည(၉၁)လုံး[သောဂန္ဓိက]

-သောဂန္ဓိကသတသဟဿ(သောဂန္ဓိကတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုည(၉၆)လုံးx ၁၀၀= ၁-နောက် သုည(၉၈)လုံး[ဥပ္ပလ]

-ဥပ္ပလသတသဟဿ(ဥပ္ပလတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုည(၁၀၃)လုံးx ၁၀၀= ၁-နောက် သုည(၁၀၅)လုံး[ကုမုဒ]

-ကုမုဒသတသဟဿ(ကုမုဒတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုညအလုံး(၁၁၀)x ၁၀၀= ၁-နောက် သုည(၁၁၂)လုံး[ပဒုမ]

-ပဒုမသတသဟဿ(ပဒုမတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုည(၁၁၇)လုံးx ၁၀၀= ၁-နောက် သုည(၁၁၉)လုံး[ပုဏ္ဍရိက]

-ပုဏ္ဍရိကသတသဟဿ(ပုဏ္ဍရိကတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုည(၁၂၄)လုံးx ၁၀၀= ၁-နောက် သုည(၁၂၆)လုံး[ကထာန]

-ကထာနသတသဟဿ(ကထာနတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုည(၁၃၁)လုံးx ၁၀၀= ၁-နောက် သုည(၁၃၃)လုံး[မဟာကထာန]

-မဟာကထာနသတသဟဿ(မဟာကထာနတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုည(၁၃၈)လုံးx ၁၀၀= ၁-နောက် သုညအလုံး(၁၄၀)[အသင်္ချေယျ]

ဤသို့ ပကောဋိ-မှ စ၍ အသင်္ချေယျ-တိုင်အောင် သတဂုဏိတ(ရာပွား)သင်္ချာကို တွက်အပ်၏။

ပုံသေနည်း formulaထုတ်နည်း
(အရပ်အခေါ် ဈေးတွက်တွက်နည်း.ဟု..ခေါ်ရင်လည်း ရမည်ထင်သည်)
ဖြင့်လည်း ကောဋိ-ကနေစပြီး
အသင်္ချေယျ-တိုင်အောင် ..........

ဆိုင်ရာတစ်သိန်းစီကို
တစ်ရာဖြင့် မြှောက်သွားရမှာ ဖြစ်တဲ့အတွက် တစ်သိန်းက သုညငါးလုံး ရှိပြီး
တစ်ရာက သုညနှစ်လုံး ရှိတာကြောင့်
နှစ်ခုပေါင်း သုညခုနစ်လုံး ဖြစ်ပါတယ်၊

အဲဒီသုညခုနစ်လုံးစီ တိုးသွားခြင်းအားဖြင့်.... ကောဋိသည် ၁-နောင် သုည(၁၄)လုံး၊

ကောဋိပကောဋိသည် ၁-နောင် သုည(၂၁)လုံး၊ နဟုတသည် ၁-နောင် သုည(၂၈)လုံး ၊

စသည်ဖြင့် အသင်္ချေယျတိုင်
ပုံသေနည်းအရ
အလွယ်နည်းဖြင့်လည်း
မှတ်သားနိုင်ပါကြောင့် .......
ထပ်ဆင့် မျှဝေလျှက်
ဓမ္မဒါန ပြုပါသည် ။

(ဤ အထက် သင်္ချာများ အခန်း အတွက်
မူရင်း post ရှင်ကို.... ဂါရဝပြု ပါ၏ )

အမှားတွေ့ ပါလျှင် ....မန့်.. စွန့်ပေးကြပါရန်
လေးစားစွာဖြင့်.....

သုခိတာ ဟောထ သဗ္ဗဒါ !!!

Address

Venerable Cakka
Mrauk-oo

Website

Alerts

Be the first to know and let us send you an email when လေ့လာစရာ သင်္ဂဟ, သဒ္ဒါ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category