22/10/2018
😁😁 ... ပါဠိ သင်္ချာ....အသုံးအနှုန်းများ...
ပဋ္ဌာန်းကျမ်း, ရူပသိဒ္ဓိကျမ်း.. သင်္ဂဟကျမ်း...စသည်တို့၌
လာသော ပါဠိသင်္ချာသဒ္ဒါ တို့ကို
ဂဏန်း အစဉ် အားဖြင့် ......
အောက်ပါ အတိုင်း တွေ့ရပါလိမ့်မည် ။
၁-ဧက
၂- ဒွေ၊
၃- တိ
၎-စတု
( ဤ ၄ ပုဒ်တို့သည် သင်္ချာသဗ္ဗနာမ်..သို့ ဝင်ကုန်၍ ၊
ထိုမှ ကြွင်းသော ပုဒ်တို့သည်ကား..
သဗ္ဗနာမ်မဟုတ်သော သင်္ချာနာမ်ပုဒ်...ထဲသို့ တို့၌ဝင်ကြကုန်၏ ။
ထို့ပြင်...
သဒ္ဒါ နည်း အရ....ဒွိ... မှ... ဒွေ, ဒွါ, ဗာ.... ဟု၎င်း ၊
တိ...မှ...တေ...ဟု၎င်း ၊
စတု နောက်..ရ , ဒွေဘာဝ လာ၍ ၎င်း၊
အသုံးပြုထားသော ပုံစံ တို့ကို ဂရုပြုသင့်၏ ။)
၅-ပဉ္စ
၆-ဆ
၇-သတ္တ
၈-အဋ္ဌ
၉-နဝ
၁၀-ဒသ
၁၁-ဧကာဒသ, ဧကာရသ ။
၁၂-ဒွါဒသ,ဗာရသ ။
၁၃-တေရသ ။
၁၄-စတုဒ္ဒသ ၊ စုဒ္ဒသ ၊ စောဒ္ဒသ ။
၁၅-ပန္နရသ , ပဉ္စ ဒသ ။
၁၆-သောဠသ, တေဠသ ။
၁၇-သတ္တရသ, သတ္တဒသ ။
၁၈-အဋ္ဌာရသ, အဋ္ဌာဒသ ။
၁၉-ဧကူန၀ီသံ, ဧကူနဝီသတိ ။
၂၀-၀ီသံ, ဝီသတိ ။
( ဝီသ ကား...နပုလ္လိင်၌ ဖြစ်၍ ၊
ဝီသတိကား...ဣတ္ထိလိင်၌ ဖြစ်သည် ။
ထို့အပြင်...
တိစ..သုတ်အဖွင့်အရ... ဝီသ, တိံသ ..သဒ္ဒါ (၂)ခု
အဆုံး၌သာ ဝိကပ် တိ..လာပေးရ၍ ၊
ကြွင်း သင်္ချာ သဒ္ဒါ တို့နောက်၌ကား
တိ..မလာရ..ဟု ...ရူစာကိုယ်၌ပင် ဝိနိစ္ဆယချထား
ပါကြောင့်...သတိမူသင့်ရာ၏ ။ )
၂၁-ဧက၀ီသ, ဧကဝီသတိ ။
၂၂- ဒွါဝီသ, ဒွါဝီသတိ, ဗာဝီသ, ဗာဝီသတိ ။
၂၃-တေ၀ီသ, တေဝီသတိ ။
၂၄-စတုဝီသ, စတုဝီသတိ ။
၂၅-ပဉ္စ၀ီသ, ပဏ္ဏဝီသ, ပဉ္စဝီသတိ, ပဏ္ဏဝီသတိ ။
၂၆-ဆ၀ီသ, ဆဗ္ဗီသ, ဆဝီသတိ, ဆဗ္ဗီဝီသတိ ။
၂၇-သတ္တ၀ီသ, သတ္တဝီသတိ ။
၂၈-အဋ္ဌ၀ီသ, အဋ္ဌဝီသတိ ။
၂၉-ဧကူနတိံ သ, ဧကူနတိံသတိ (ရူနှာ..၂၅၁)
အမှာ ။ ။
တိက, တယ, တိံသ, ဝတာဒီနမာဒိစ ( ရူ..နှာ ၂၆)
အရ...တိံသ..ဗျဉ်း (အစ) သည်.."ဒွေဘာဝဌာန”
မုချ ဖြစ်နေသောကြောင့်၎င်း ၊
၎င်း ကျမ်း၌ ပင် ...
နှာ ၂၈ ၌...ဧကတ္တိံသ ဟု၎င်း ၊
နှာ ၂၅၁ ၌...ဧကတိံသတိ, ဧကတိံသ ဝါ ဟု၎င်း ၊
တွေ့ရသောကြောင့် .....
" ဧကူနတ္တိံသ, ဧကူန တ္တိံသတိ” ဟု
ဒွေဘာဝပါဌ်ဖြင့် လည်း ရှိနိုင်သည်သာ ။
၃၀- တိံသံ , တိံသတိ ။
( တ္တိံသ ကား...နပုလ္လိင် ၊ တ္တိံသတိကား...ထီလိင်)
၃၁-ဧကတ္တိံသ, ဧကတ္တိံသတိ , .. .ဧကတိံသ, ဧကတိံသတိ ။
[ ဤမှ နောက်၌ ဒွေဘာဝပါဌ် နဲ့သာ အသုံးရှိ၍ ၊
ဒွေဘော်မဲ့ ပါဌ်နဲ့ကား အသုံးမရှိတော့ပါ ]
၃၂- ဒွတ္တိံသ, ဒွတ္တိံသတိ, ဗာတ္တိံသ,ဗာတ္တိံသတိ။
၃၃-တေတ္တိံသ, တေတ္တိံသတိ ။
၃၄-စတုတ္တိံသ, စတုတ္တိံသတိ ။
၃၅-ပဉ္စတ္တိံသ, ပဉ္စတ္တိံသတိ ။
၃၆-ဆတ္တိံသ, ဆတ္တိံသတိ ။
၃၇-သတ္တတ္တိံသ, သတ္တတ္တိံသ ။
( သင်္ဂဟကျမ်းနှာ..၃၁ ၌.. သတ္တတ္တိံသ..ဟုပြ၏၊
ဤနေရာ၌...
သတ္တိံသ, သတ္တိံသတိ...ဟု ပါဌ် ရှိလျှင်ကား
ပမာဒလေခ သာ ဖြစ်နိုင်ရာ၏ ။
သ ဆဿ ဝါ သုတ်အရ....ဆ ကိုသာ သ ပြုနိုင်၍,
သတ္တ ကို သပြု ..နိုင်ကြောင်းကို
မိမိ မတွေ့ဖူးသေးပါ )
၃၈-အဋ္ဌတ္တိံသ, အဋ္ဌတ္တိံသတိ ။
[ ဤမှ နောက်၌..." တိ ” လာသော ပုံစံ မရှိပြီ ]
၃၉-ဧကူနစတ္တာလီသံ ။
၄၀-စတ္တာလီသံ ။ ( နပုလ္လိင်ဖြင့် ရူ ၌ပြ)
၄၁-ဧကစတ္တာလီသ ။
၄၂-ဒွိစတ္တာလီသ, ဒွေစတ္တာလီသ, ဒွါစတ္တာလီသ ။
၄၃-တိစတ္တာလီသ, တေစတ္တာလီသ။
၄၄-စတုစတ္တာလီသ ။
၄၅-ပဉ္စစတ္တာလီသ ။
၄၆-ဆစတ္တာလီသ ။
၄၇-သတ္တစတ္တာလီသ ။
၄၈-အဋ္ဌစတ္တာလီသ ။
၄၉-ဧကူနပညာသံ, ဧကူနပဏ္ဏာသံ ။
၅၀-ပညာသ, ပဏ္ဏာသ ။
၅၁-ဧကပညာသ, ဧကပဏ္ဏာသ ။
၅၂-ဒွေပညာသ/ပဏ္ဏာသ, ဒွိပညာသ/ပဏ္ဏာသ ။
၅၃-တေ ပညာသ/ပဏ္ဏာသ, တိပညာသ/ပဏ္ဏာသ
၅၄-စတု ပညာသ/ပဏ္ဏာသ ။
၅၅-ပဉ္စ ပညာသ/ ပဏ္ဏာသ ။
၅၆-ဆ ပညာသ/ ပဏ္ဏာသ ။
၅၇-သတ္တ ပညာသ/ ပဏ္ဏာသ ။
၅၈-အဋ္ဌ ပညာသ/ ပဏ္ဏာသ ။
၅၉- ဧကူန သဋ္ဌိ ။
၆၀- သဋ္ဌိ ။
၆၁-ဧကသဋ္ဌိ ။
၆၂- ဒွေသဋ္ဌိ / ဒွါသဋ္ဌိ ။
၆၃-တိသဋ္ဌိ /တေသဋ္ဌိ ။
၆၄-စတုသဋ္ဌိ ။
၆၅-ပဉ္စသဋ္ဌိ ။
၆၆-ဆသဋ္ဌိ ။
၆၇-သတ္တသဋ္ဌိ ။
၆၈-အဋ္ဌသဋ္ဌိ ။
၆၉-ဧကူနသတ္တတိ /ဧကူနသတ္တရိ ။
၇၀-သတ္တတိ / သတ္တရိ ။
၇၁-ဧကသတ္တတိ / သတ္တရိ ။
၇၂- ဒွိသတ္တတိ/သတ္တရိ, ဒွါသတ္တတိ/ သတ္တရိ ..... ဒွေသတ္တတိ / သတ္တရိ ။
၇၃-တိ သတ္တတိ/ သတ္တရိ , တေသတ္တတိ /သတ္တရိ ။
၇၄-စတု သတ္တတိ/သတ္တရိ ။
၇၅-ပဉ္စ သတ္တတိ/ သတ္တရိ ။
၇၆-ဆသတ္တတိ/ သတ္တရိ ။
၇၇-သတ္တ သတ္တတိ/သတ္တရိ ။
၇၈-အဋ္ဌ သတ္တတိ/ သတ္တရိ ။
၇၉-ဧကူနသီတိ ။
၈၀-အသီတိ ။
၈၁-ဧကာသီတိ
၈၂- ဒွေ အသီတိ /ဒွါသီတိ ။
၈၃- တေသီတိ ။
၈၄-စတုရာသီတိ ။
၈၅-ပဉ္စအသီတိ ။
၈၆-ဆအသီတိ ။
၈၇--သတ္တအသီတိ ။
၈၈-အဋ္ဌအသီတိ ။
၈၉-ဧကူန န၀ုတိ
၉၀- န၀ုတိ
၉၁-ဧက န၀ုတိ
၉၂-ဒွိနဝုတိ / ဒွေ န၀ုတိ
၉၃-တိနဝုတိ/ တေ န၀ုတိ
၉၄-စတု န၀ုတိ
၉၅-ပဉ္စ န၀ုတိ
၉၆-ဆ န၀ုတိ/ ဆန္နဝုတိ ။
၉၇-သတ္တ န၀ုတိ
၉၈-အဋ္ဌန၀ုတိ
၉၉-ဧကူနသတံ
၁၀၀ - သတံ ။
၁၀၁ - ဧကေန အဓိကံ သတံ ( ဝါကျ)....... ဧကာဓိကံ သတံ ( သန္ဓိစပ်) ....... ဧကာဓိကသတံ (သမာသ်စပ်)
စသည်ဖြင့် အကျယ်ချဲ့ ပါလေ ။ ။
၂၀၀ - ဒွိသတံ ။
၂၀၁ - ဧကေန အဓိကံ ဒွိသတံ ။....... ဧကာဓိကံ ဒွိသတံ ။....... ဧကာဓိကဒွိသတံ ။
အဝသေသာ ဝုတ္တနယေန ဝေဒိတဗ္ဗာ ။
------------------------------------------
😁 အသုံးအနှုန်းများ
၁ ။ ( ၁၉ ၊ ၂၉ ၊၃၉ ၊၄၉ ၊ ) စသော ... တခုလို ..သင်္ချာသဒ္ဒါ တို့ကို
" ဧကူန - (ဧက+ ဥုန -တခု+ယုတ်, လျော့) ” ပုဒ် နဲ့ သုံးရိုးရှိ၏ ။
( ဧကူနဝီသ - တခုယုတ် နှစ်ဆယ် (ဝါ) ၁၉ ၊
ဧကေန ဦနာ/ဥုနာ ဝီသတိ - ဧကူနဝီသတိ )
၂ ။ " အစွန်းထွက် / ပိုလွန်သော ” သင်္ချာသဒ္ဒါ ......တို့ကို ကား....
အပေါင်း သချင်္ာ နည်း ဖြင့် သုံးရ၏ ။
ထိုနည်းအတွက် " အဓိက”ပုဒ်နဲ့ သုံးရပြန်၏ ။
ထိုတွင်လည်း...
အဓိက ပုဒ်ကို
(က) အကျေကြံ၍ သော်၎င်း ..
ဧကာဒသ ( ဧကေန + အဓိကာ + ဒသ) ၊ ၁၁ -ခု ။
ဧကဝီသတိ (ဧကာယ+အဓိကာ +ဝီသ) ၊ ၂၁-ခု ။
(ခ) တိုက်ရိုက် ထည့်၍ သော်၎င်း.. ပဉ္စဝီသာဓိကေဟိ သတပဒေဟိ ၊
( ပဉ္စ၀ီသာ=၂၅ ခု တို့ဖြင့် ၊ အဓိကေဟိ=ပိုလွန်ကုန်သော ၊
ပဒသတေဟိ - ပုဒ် တစ်ရာ ။
(ဝါ) ...၁၂၅ ပုဒ်...ဟူလို )
ဤသို့ အသုံးပြုပုံများ ကွဲပြားကြပါသည် ။
၁-ဧက(တစ်)
၁၀-ဒသ(တစ်ဆယ်)
၁၀၀-သတ(တစ်ရာ)
၁,၀၀၀-သဟဿ(တစ်ထောင်)
၁၀,၀၀၀-ဒသ သဟဿ(တစ်သောင်း)
၁၀၀,၀၀၀-သတ သဟဿ(တစ်သိန်း)
၁,၀၀၀,၀၀၀-သဟဿ သဟဿ(တစ်သန်း)
၁၀,၀၀၀,၀၀၀-ကောဋီ (တစ်ကုဋေ)
---------------------------------
😁😁 ... ပဓာနအခွဲ...နဲ့... ဝုစ်
(ဆောင်)
သင်္ချာ ပဓာန ၊ ဖြစ်လေက ၊ သက်ရ ဧကဝုစ် ။
သင်္ချေယျနေ ၊ ပဓာနေ ၊ သက်လေ ဗဟုဝုစ် ။
( ရူပသိဒ္ဓိ မှီ)
ပုံစံများ ။ ။
ဘိက္ခူနံ ဧကဝီသတိ တိဋ္ဌတိ ။ ( သင်္ချာပဓာနဖို့)
ဧကူနဝီသတိ ဘိက္ခဝေါ တိဋ္ဌန္တိ ။( သေခ်ၤယ် ပဓာန)
သင်္ချာသဒ္ဒါတို့ ပါရှိသော ဝါကျတို့၌......
ပဓာန......သေချာစွာ ကွဲစေနိုင်ဖို့
ဤ ရူပသိဒ္ဓိ ဝါကျ ၂..မျိုးကို နုတ်တက်နေ သင့်၏ ။
😁 😁 ....လိင်္ဂါဒိတ္တယ....ဖို့...
၁။ ဧက, တိ, စတု, တို့သည် တိလိင်၊ သဗ္ဗနာမ်ဂိုဏ်း၊
သဗ္ဗနာမ်ပုဒ် ၊ ယထာရဟ ကာရန် ။
၂။ ဒွိ..သည် အလိင် ၊ သဗ္ဗနာမ်ဂိုဏ်း၊ သဗ္ဗနာမ်ပုဒ် ၊
ဣကာရန္တ ပကတိရှိသော ဧကာရန္တ ။
( ဤကား ...ဧက,ဒွိ,တိ,စတု...၄ပုဒ် ဖို့)
၃။ ပဉ္စ အစ အဋ္ဌာရသ အဆုံးရှိသော ပုဒ်တို့သည်...
အလိင် ၊ ဂဏဝိမုတ် ၊ အကာရန ၊
သဗ္ဗနာမ် မဟုတ်သော သင်္ချာနာမ်ပုဒ် ။
၎ ။ ဝီသ အစ နဝုတိ အဆုံးရှိသော သဒ္ဒါတို့သည်...
ဣတ္ထိလိင် ၊ ဂဏဝိမုတ် ၊ ယထာရဟ ကာရန္တ ၊
သဗ္ဗနာမ် မဟုတ်သော သင်္ချာနာမ်ပုဒ် ။
၅ ။ ကောဋိ ၊ ပကောဋိ ၊ ကောဋိ ပကောဋိ ၊
အက္ခောဘိနီ သဒ္ဒါတို့သည်.....
ဣတ္ထိလိင်၊ ဂဏဝိမုတ်၊ ဣကာရန္တ ၊ ပုဒ်တူ ။
၆ ။ သတံ အစ အသေခ်ၤယ် အဆံုးရိွေသာ
သင်္ချာသဒ္ဒါ တို့သည်.........
နပုလ္လိင် ၊ ဂဏဝိမုတ် ၊ ယထာရဟ ကာရန္တ ၊
ပုဒ်တူ ။
ဤသို့ ( ၆) မျိုးထိ အုပ်စုလိုက် ခွဲဝေကြ၏ ။
(ဆောင်)
😁 ဒွိစ ဋ္ဌာရသ် ၊ သုံးလိင်မှတ် ၊ မြဲလတ် ဗဟုဝုစ် ။
😁 ဝီသတျာဒိ ၊ နဝုတိ ၊ ဣတ္တိ ဧကဝုစ် ။
😁 သတံ စအုံး၊ သင်္ချေဆုံး ၊ နပုံး ဧကဝုစ် ။
😁 ကောဋိ သုံးလီ ၊ ခေါဘိနီ ၊ ဣတ္ထီ ဧကဝုစ် ။
😁 အစု ခွဲပုံ ၊ အားလုံးစုံ ၊ မှတ်တုံ ဗဟုဝုစ် ။
( အခြေပြု သဒ္ဒါ တွဲဖက်)
. . . . . . { အထက် သင်္ချာ များ အခန်း }
😁😁 သင်္ချာ တဒ္ဓိတ် & ပုံသေ တွက်နည်း....
သင်္ချာတဒ္ဓိတ်မှ
ခဲကပ်သော သင်္ချာများကို
( သုညတွေ ပေါင်းထည့်ခြင်း )
ပုံသေတွက်နည်းကို
လေ့လာကြည့်စေချင်ပါတယ် ။
ဥပမာ...သတသဟဿဆိုပါစို့
တစ်ရာ၏နောက်ဆုံးတလုံးအောက်က
တထောင်ဆို ....သုည ၄လုံး ၊
ပြီးရင်ပေါင်းထည့်နည်းပင်ဖြစ်သည် ။
( ၁၀၀+ ၀၀၀၀
__________
၁၀၀၀၀၀. ၁သိန်း )
တသောင်းဆိုလျှင်..( တစ်လုံးတိုးနည်း..အရ)
၅လုံး.....
ဤသို့ သုညတိုးနည်းဖြင့်....
အထက်သင်္ချာတို့ကို ရေတွက်ရန်ပင်ဖြစ်ပါသည် ။
😁😁 သတ(တစ်ရာ)မှ အသင်္ချေယျ-အထိ... .........ပါဠိဂဏန်းရေတွက်ပုံ
[ ပါဠိ၌ သင်္ချာသည် ]
(၁)ဒသဂုဏိတ(=ဆယ်ပွား)သင်္ချာ၊ (၂)သတဂုဏိတ(=ရာပွား)သင်္ချာ-
ဟု (၂)မျိုး ရှိသည်။
သတ(တစ်ရာ)မှ စ၍ ကောဋိ(တစ်ကုဋေ)တိုင်အောင်ကား ဒသဂုဏိတ(=ဆယ်ပွား)သင်္ချာ။
ပကောဋိ-မှ စ၍ အသင်္ချေယျ-တိုင်အောင်ကား သတဂုဏိတ(=ရာပွား)သင်္ချာ။
သင်္ချာများ ဖြစ်ပုံနှင့် သုညအလုံးရေတို့ကို
တဒ္ဓိတ် ၃၉၄။ ယာဝ တဒုတ္တရိ ဒသဂုဏိတဉ္စ-သုတ်နှင့်......
၃၉၆။ သကနာမေဟိ-သုတ်တို့အတိုင်း သိရမည်။
(၁)ဒသဂုဏိတ(=ဆယ်ပွား)သင်္ချာတွက်ချက်ပုံ....
-ဒသ(ဆယ်)ဂဏန်းကို ဆယ်ခုဖြင့် မြှောက်လျှင်-----
၁၀x ၁၀ = ၁၀၀
[သတ=တစ်ရာ။ ၁-နောက် သုည(၂)လုံး ]
ထို့အတူ----
၁၀၀x ၁၀= ၁၀၀၀[သဟဿ=တစ်ထောင်။ သုည(၃)လုံး]
၁၀၀၀x ၁၀= ၁၀၀၀၀[ဒသသဟဿ=တစ်သောင်း။ သုည(၄)လုံး]
၁၀၀၀၀x ၁၀= ၁၀၀၀၀၀[သတသဟဿ=တစ်သိန်း။ သုည(၅)လုံး]
၁၀၀၀၀၀x ၁၀= ၁၀၀၀၀၀၀
[ဒသသတသဟဿ=တစ်သန်း။ သုည(၆)လုံး]
၁၀၀၀၀၀၀x ၁၀= ၁၀၀၀၀၀၀၀[ကောဋိ=တစ်ကုဋေ။ သုည(၇)လုံး] ဤကား ဒသဂုဏိတ
(=ဆယ်ပွား)သင်္ချာတွက်ချက်ပုံတည်း။
(၂)သတဂုဏိတ(=ရာပွား)သင်္ချာတွက်ချက်ပုံ
-ကောဋိသတသဟဿ(ကုဋေတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုည(၁၂)လုံးx ၁၀၀= ၁-နောက် သုည(၁၄)လုံး[ပကောဋိ=ပကုဋေ]
-ထို့အတူ ပကောဋိသတသဟဿ(ပကုဋေတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုည(၁၉)လုံးx ၁၀၀= ၁-နောက် သုည(၂၁)လုံး[ကောဋိပကောဋိ=ကုဋေပကုဋေ]
-ကောဋိပကောဋိသတသဟဿ
(ကုဋေပကုဋေတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုည(၂၆)လုံးx ၁၀၀= ၁-နောက် သုည(၂၈)လုံး... [နဟုတ]
-နဟုတသတသဟဿ(နဟုတတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုည(၃၃)လုံးx ၁၀၀= ၁-နောက် သုည(၃၅)လုံး... [နိန္နဟုတ]
-နိန္နဟုတသတသဟဿ(နိန္နဟုတတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုညအလုံး(၄၀)x ၁၀၀= ၁-နောက် သုည(၄၂)လုံး.... [အက္ခောဘိဏီ]
-အက္ခောဘိဏီသတသဟဿ(အက္ခောဘိဏီတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုည(၄၇)လုံးx ၁၀၀= ၁-နောက် သုည(၄၉)လုံး[ဗိန္ဒို]
-ဗိန္ဒုသတသဟဿ(ဗိန္ဒုတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုည(၅၄)လုံးx ၁၀၀= ၁-နောက် သုည(၅၆)လုံး....[အဗ္ဗုဒ]
-အဗ္ဗုဒသတသဟဿ(အဗ္ဗုဒတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုည(၆၁)လုံးx ၁၀၀= ၁-နောက် သုည(၆၃)လုံး[နိရဗ္ဗုဒ]
-နိရဗ္ဗုဒသတသဟဿ(နိရဗ္ဗုဒတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုည(၆၈)လုံးx ၁၀၀= ၁-နောက် သုညအလုံး(၇၀)[အဟဟ]
-အဟဟသတသဟဿ(အဟဟတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုည(၇၅)လုံးx ၁၀၀= ၁-နောက် သုည(၇၇)လုံး[အဗဗ]
-အဗဗသတသဟဿ(အဗဗတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုည(၈၂)လုံးx ၁၀၀= ၁-နောက် သုည(၈၄)လုံး[အဋဋ]
-အဋဋသတသဟဿ(အဋဋတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုည(၈၉)လုံးx ၁၀၀= ၁-နောက် သုည(၉၁)လုံး[သောဂန္ဓိက]
-သောဂန္ဓိကသတသဟဿ(သောဂန္ဓိကတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုည(၉၆)လုံးx ၁၀၀= ၁-နောက် သုည(၉၈)လုံး[ဥပ္ပလ]
-ဥပ္ပလသတသဟဿ(ဥပ္ပလတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုည(၁၀၃)လုံးx ၁၀၀= ၁-နောက် သုည(၁၀၅)လုံး[ကုမုဒ]
-ကုမုဒသတသဟဿ(ကုမုဒတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုညအလုံး(၁၁၀)x ၁၀၀= ၁-နောက် သုည(၁၁၂)လုံး[ပဒုမ]
-ပဒုမသတသဟဿ(ပဒုမတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုည(၁၁၇)လုံးx ၁၀၀= ၁-နောက် သုည(၁၁၉)လုံး[ပုဏ္ဍရိက]
-ပုဏ္ဍရိကသတသဟဿ(ပုဏ္ဍရိကတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုည(၁၂၄)လုံးx ၁၀၀= ၁-နောက် သုည(၁၂၆)လုံး[ကထာန]
-ကထာနသတသဟဿ(ကထာနတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုည(၁၃၁)လုံးx ၁၀၀= ၁-နောက် သုည(၁၃၃)လုံး[မဟာကထာန]
-မဟာကထာနသတသဟဿ(မဟာကထာနတစ်သိန်း)ကို တစ်ရာဖြင့် မြှောက်လျှင်----
၁-နောက် သုည(၁၃၈)လုံးx ၁၀၀= ၁-နောက် သုညအလုံး(၁၄၀)[အသင်္ချေယျ]
ဤသို့ ပကောဋိ-မှ စ၍ အသင်္ချေယျ-တိုင်အောင် သတဂုဏိတ(ရာပွား)သင်္ချာကို တွက်အပ်၏။
ပုံသေနည်း formulaထုတ်နည်း
(အရပ်အခေါ် ဈေးတွက်တွက်နည်း.ဟု..ခေါ်ရင်လည်း ရမည်ထင်သည်)
ဖြင့်လည်း ကောဋိ-ကနေစပြီး
အသင်္ချေယျ-တိုင်အောင် ..........
ဆိုင်ရာတစ်သိန်းစီကို
တစ်ရာဖြင့် မြှောက်သွားရမှာ ဖြစ်တဲ့အတွက် တစ်သိန်းက သုညငါးလုံး ရှိပြီး
တစ်ရာက သုညနှစ်လုံး ရှိတာကြောင့်
နှစ်ခုပေါင်း သုညခုနစ်လုံး ဖြစ်ပါတယ်၊
အဲဒီသုညခုနစ်လုံးစီ တိုးသွားခြင်းအားဖြင့်.... ကောဋိသည် ၁-နောင် သုည(၁၄)လုံး၊
ကောဋိပကောဋိသည် ၁-နောင် သုည(၂၁)လုံး၊ နဟုတသည် ၁-နောင် သုည(၂၈)လုံး ၊
စသည်ဖြင့် အသင်္ချေယျတိုင်
ပုံသေနည်းအရ
အလွယ်နည်းဖြင့်လည်း
မှတ်သားနိုင်ပါကြောင့် .......
ထပ်ဆင့် မျှဝေလျှက်
ဓမ္မဒါန ပြုပါသည် ။
(ဤ အထက် သင်္ချာများ အခန်း အတွက်
မူရင်း post ရှင်ကို.... ဂါရဝပြု ပါ၏ )
အမှားတွေ့ ပါလျှင် ....မန့်.. စွန့်ပေးကြပါရန်
လေးစားစွာဖြင့်.....
သုခိတာ ဟောထ သဗ္ဗဒါ !!!