ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA

  • Home
  • Myanmar
  • Monywa
  • ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် ဗဟိုသတင်းပြန်ကြားရေး
(2)

စက်တင်ဘာလတွင်ကျရောက်သော ကျွန်တော်တို့ BNRA ၏ တပ်မွေးနေ့တွင် target တစ်ခုထား၍မွေးနေ့ campaign ပြုလုပ်ရန် စိတ်ကူးရှိသော်လည...
28/09/2025

စက်တင်ဘာလတွင်ကျရောက်သော ကျွန်တော်တို့ BNRA ၏ တပ်မွေးနေ့တွင် target တစ်ခုထား၍မွေးနေ့ campaign ပြုလုပ်ရန် စိတ်ကူးရှိသော်လည်း မြေပြင် အခြေအနေ အရပ်ရပ်များကြောင့် campaign ရယ်လို့ မပြုလုပ်နိုင်ခဲ့ပါ။ ထို့အပြင် ဒီနှစ်တပ်မွေးနေ့တွင်ရဲဘော်အများစုမှ အညာ‌မြေ၏ မတည်ငြိမ်သော မြေပြင် အခြေအနေများကြောင့် ရှေ့တန်းနေရာအသီးသီးတွင် တာဝန်ထမ်းဆောင်နေသောကြောင့် မွေးနေ့ပွဲကို ဆင်နွှဲနိုင်ခဲ့ခြင်းမရှိပါ။

တပ်မွေးနေ့ campaign ရယ်လို့ မလုပ်လိုက်ရသော်လည်း ဖြည့်ဆည်းရမည့် လိုအပ်ချက်များစွာရှိနေဆဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ တပ်မွေးနေ့အတွက်လက်ဆောင်များကို တတ်အားသ၍ ပါဝင်ပေးကြ ပါရန် မေတ္တာရပ်ခံအပ် ပါတယ်ခင်ဗျား။ မွေးနေ့လက်ဆောင်များကို October 7ရက်နေ့ထိ ကောက်ခံပေးသွားပါမယ်ခင်ဗျာ။

ပုလဲမြို့နယ်အတွင်း သဘာဝသယံဇာတ (သစ်) ထုတ်ယူနေသောဂိုဏ်းဂဏများ နှင့် အဖွဲ့အစည်းများ သိစေရန်ယင်းမာပင်ခရိုင်အတွင်းရှိ ပုလဲမြိ...
25/09/2025

ပုလဲမြို့နယ်အတွင်း သဘာဝသယံဇာတ (သစ်) ထုတ်ယူနေသောဂိုဏ်းဂဏများ နှင့် အဖွဲ့အစည်းများ သိစေရန်

ယင်းမာပင်ခရိုင်အတွင်းရှိ ပုလဲမြို့နယ်သည် PPDF မှ အစပြု၍ BNRA အထိတိုင် ကျွန်ုပ်တို့၏ ဓားမဦးချနယ်မြေရှင်းလင်းခဲ့ရပြီး နယ်မြေစိုးမိုးမှုယူခဲ့ရသည့် နယ်မြေဖြစ်သည်။

၎င်းဒေသတွင်း တူမီးမိုင်းအသုံးပြုတော်လှန်ရေးကနဦးမှ အစပြု၍ ခေတ်မှီလက်နက်များကိုင်ဆောင်လာသည့်တိုင် ပုလဲမြို့သိမ်းစစ်ဆင်ရေး၊ သို့မဟုတ် ကန့်ဒေါင့် ဇီးဖြူကုန်းကဲ့သို့ အထိုင်စခန်းစစ်ဆင်ရေးများ၊ သိသာထင်ရှားသည့်စစ်ဆင်ရေးအကြိမ်ကြိမ်တွင်မြို့နယ်အတွင်း အကောက်ခွန်တကျပ်မှ ကောက်ခံသုံးစွဲခြင်းမရှိသော၊ သစ် (၁) လက္မ မှ ထုတ်ယူသုံးစွဲခြင်းမရှိသောအဖွဲ့များ၏အဓိကဦးဆောင်မှု၊ ကြိုးစားအားထုတ်မှူ များသာ ပိုမိုသိသာထင်ရှားစွာရှိနေခဲ့ပေသည်။

သို့သော်လည်း ကျွန်ုပ်တို့ PPDF မှ အစပြု၍ နယ်မြေရှင်းလင်းစိုးမိုးမှုယူခဲ့ရသည့်ပုလဲဒေသအတွင်း ကနဦးပိုင်းထိန်းသိမ်းထားသည့် သစ်တန်ချိန်ထောင်ပေါင်းများစွာကို စစ်ဘေးသင့်၊ မီးဘေးသင့်လူထုအတွက် အိုးအိမ်ပြန်လည်ထူထောင်ရေး ရည်ရွယ်ထားခဲ့သော်လည်း NUG အစိုးရ၏လက်အောက်ခံအဖွဲ့အစည်းများမှတော်လှန်ရေးကိုအကြောင်းပြုပြီး မိမိတို့ကိုယ်ကျိုးအတွက် ၎င်းထိန်းသိမ်းထားသော သစ်များကို ရောင်းချသုံးစွဲခဲ့သည်ကိုလည်း ဒေသခံပြည်သူအများသိရှိခဲ့ပြီးဖြစ်သည်။

ထို့အပြင်ဒေသတွင်းမှအကောက်အခွန်ကိုလည်း လစဉ်ကောက်ယူသုံးစွဲနေပြီးဖြစ်သည်။ သို့သော် ဒေသအတွင်းသိသာထင်းရှားသော စစ်ရေး၊ စခန်းသိမ်းစစ်ဆင်ရေးများအား ၎င်းတို့ဦးဆောင်၍ အခြားအဖွဲ့များထက် ထူးကဲပြီး ကြီးကြီးမားမားပြောင်ပြောင်မြောက်မြောက် ပြုလုပ်ခဲ့ခြင်းမရှိပါ။

ယခုအခါတွင်လည်း ပုလဲမြို့နယ်အတွင်းမှ စစ်ဘေးသင့်ပြည်သူများ၏ အနာဂတ်ပြန်လည်ထူထောင်ရေးအတွက် ရည်ရွယ်ထားသော သက်နုသစ်တောများကိုပါ စည်းကမ်းမဲ့ခုတ်လှဲ၍ တော်လှန်ရေးအကြောင်းပြု ကိုယ်ကျိုးစီးပွားအလို့ငှာ ထုတ်ယူသုံးစွဲလာနေသည်ကို ပြည်သူလူထု၏တိုင်ကြားမှုဖြင့် ကျွန်ုပ်တို့သတင်းရရှိထားပြီးဖြစ်သည်။

ထို့ကြောင့် ယနေ့ကြေညာချက်ထုတ်ပြန်ပြီးသည့်အချိန်မှစ၍ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ဂိုဏ်းဂဏမဆို ပုလဲမြို့နယ်အတွင်း တော်လှန်ရေးအကြောင်းပြ ကိုယ်ကျိုးစီးပွားအတွက် သစ်တောများကိုခုတ်လှဲထုတ်ယူသုံးစွဲကြခြင်း၊ သယ်ဆောင်ခြင်းများတွေ့ရှိရပါက ကျွန်ုပ်တို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA အနေဖြင့်ပြတ်ပြတ်သားသားသိမ်းယူပြီး ယခင်လုပ်ဆောင်ချက်အတိုင်း ဒေသခံပြည်သူနှင့်ပူးပေါင်းကာ ‌ဒေသဖွံ့ဖြိုးရေးအတွက်သုံးစွဲသွားမည်ဖြစ်ကြောင်းကို ပြည်သူတရပ်လုံးအားသက်သေပြု၍ အသိပေးအပ်ပါသည်။

မှတ်ချက်။ ။ အမှန်တကယ် စစ်ရေး သို့မဟုတ် ဒေသဖွံ့ဖြိုးရေးအတွက်ဆိုပါမူ အဓိကတာဝန်ခံများကိုယ်တိုင် လာရောက်ဆွေးနွေးရန်အသိပေးအပ်ပါသည်။

တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်ရက်စွဲ။     ။ ၁၂ရက် ၊ စက်တင်ဘာလ ၊ ၂၀၂၅၁။ စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် ၊ ချောင်းမကျေးရွာတွ...
12/09/2025

တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်

ရက်စွဲ။ ။ ၁၂ရက် ၊ စက်တင်ဘာလ ၊ ၂၀၂၅

၁။ စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် ၊ ချောင်းမကျေးရွာတွင် တပ်မ ( ၃၃ ) လက်အောက်ခံ ခမရ ( ၁၆ ) မှ ဗိုလ်မှူးသူရိန် ဦးဆောင်သော အင်အား ( ၁၀၀ ) ခန့်ပါ စစ်ကြောင်းကို ကနီတပ်ပေါင်းစု (9+) နှင့်အတူ BNRA တပ်ရင်း (၃)၊ BLDF ၊ ယင်းမပင်ခရိုင် တပ်ရင်း (၂၈)၊ယင်းမာပင်ခရိုင် ဒရုန်းတပ်ဖွဲ့၊ NPDF YMB Local Drone Teams ၊ မဟာမိတ်များ စနစ်တကျပူးပေါင်း၍ ၁၁.၉.၂၀၂၅ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်မှ စတင်ဝင်ရောက်တို၊က်၊ခိုက် ခဲ့ပါသည်။

၂။ ယင်းတို၊က်ပွဲတွင် စကစ တ၊ပ်သား ရုပ်အလောင်း ( ၇ ) လောင်း၊ တပ်ကြပ်ကြီး ( ၂ ) ဦးအပါ စ၊စ်သုံ့ပန်း ( ၄ ) ဦး ၊ MA-1 ( ၆ ) လက် ၊ MA -3 ( ၂ ) လက် ၊ MA -15 ( ၁ ) လက် ၊ MAS စနိုက်ပါ ( ၁ ) လက် ၊ BA-100 ( ၁ ) လက်၊ ဂျမ်ပါ ( ၁ ) လုံး နှင့် အခြားသော စ၊စ်ဘက်ဆိုင်ရာ ပစ္စည်းများကို သိမ်းဆည်း ရရှိခဲ့ကြောင်း အသိပေးထုတ်ပြန်​အပ်ပါသည်။

ဗဟိုသတင်းနှင့်ပြန်ကြားရေးအဖွဲ့
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (၂) နှစ်ပြည့်ကြေညာချက်ရက်စွဲ။   ။ ၉ ရက်၊ စက်တင်ဘာလ၊ ၂၀၂၅ ခုနှစ်    ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ...
09/09/2025

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (၂) နှစ်ပြည့်ကြေညာချက်

ရက်စွဲ။ ။ ၉ ရက်၊ စက်တင်ဘာလ၊ ၂၀၂၅ ခုနှစ်

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) သည် ယနေ့တွင် (၂) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ ၂၀၂၁ တွင်စတင်ခဲ့သည့် လူထုတော်လှန်ရေးသည်လည်း အနိမ့်အမြင့် အတက်အကျများစွာဖြင့် ခရီးဆက်နေဆဲဖြစ်ပါသည်။
လူထုတော်လှန်ရေးခရီးလမ်းစတင်ချိန်မှသည် ယခုအချိန်အထိ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်၏ တပ်မှူး၊ တပ်သားများသည် တော်လှန်ရေးရေချိန်အပြောင်းအလဲများနှင့်အတူ ကြံ့ကြံ့ခံ ချီတက်လျက်ရှိပါသည်။ လူထုတော်လှန်ရေးကာလအတွင်း နိုင်ငံတွင်းနေ ပြည်သူသာမက ပြည်ပရောက်ပြည်သူများသည်လည်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ခက်ခဲပင်ပန်းမှုဒဏ်များကို ရင်ဆိုင်ဖြတ်ကျော်နေရပါသည်။ ကျွန်ုပ်တို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အနေဖြင့် နိုင်ငံတွင်းပြည်သူလူထု၏ ခက်ခဲပင်ပန်းမှုများကို မျက်ဝါးထင်ထင်မြင်တွေ့ရသကဲ့သို့ ပြည်ပရောက်ပြည်သူပြည်သားများ၏ တော်လှန်ရေးအပေါ် စိတ်အားထက်သန်မှုကိုလည်း အားတက်ဖွယ်တွေ့မြင်ရပါသည်။
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အနေဖြင့် (၂) နှစ်တာကာလအတွင်း ရန်သူ၏ ချေမှုန်းမှုသာမက မိတ်ဖက်ပဋိပက္ခအသွင်ဖြင့်တော်လှန်ရေးအင်အားစုများ၏ စစ်ရေး၊ နိုင်ငံရေး ဖိအားနှင့်တွန်းတိုက်မှုများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။ လူထုနှင့်အတူ အစပြုခဲ့သော လူထုတော်လှန်ရေးရပ်ဝန်းမှ BNRA အား ပျောက်ကွယ်သွားစေနိုင်လောက်သည့် တော်လှန်ရေးလောကဓံကို BNRA ၏ တပ်မှူး၊တပ်သားများအနေဖြင့် "တိုင်းပြည်နှင့်လူထုအကျိုးမှတပါး အခြားမရှိ" ဟူသော ခံယူချက်ကိုမဏ္ဍိုင်ပြုကာ အားတင်းဖြတ်ကျော်နိုင်ခဲ့ပါသည်။
BNRA ၏ (၂) နှစ်တာ တော်လှန်ရေးခရီးလမ်းသည် လူထုတော်လှန်ရေးရပ်ဝန်းတွင် ရှင်သန်အမြစ်တွယ်နိုင်ရေး ကြိုးပမ်းခဲ့သောကာလအပိုင်းအခြားလည်းဖြစ်ခဲ့ပါသည်။
BNRA အနေဖြင့် တော်လှန်ရေးလောကဓံ အခက်အခဲများအကြားမှ ရှမ်းမြောက်စစ်ဆင်ရေး၊ ပုလဲမြို့သိမ်းစစ်ဆင်ရေး၊ ချင်းပြည်တောင်ပိုင်း ကျင်ဒွေးမြို့သိမ်းစစ်ဆင်ရေး၊ ချင်းပြည်မြောက်ပိုင်း ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကဲ့သို့သော စစ်ဆင်ရေးကြီးများကိုလည်းအောင်မြင်စွာပါဝင်ဖော်ဆောင်နိုင်ခဲ့ပါသည်။ ယင်းအောင်မြင်မှုများသည် BNRA အား အစဥ်ဝန်းရံခဲ့သောပြည်သူလူထုနှင့် အခက်အခဲများအကြားမှ ကူညီပေးခဲ့သော ညီနောင်မဟာမိတ်များကြောင့်ပင်ဖြစ်ပါသည်။
၂၀၂၁ ခုနှစ်တွင် အစပြုခဲ့သည့် လူထုတော်လှန်ရေးအတွင်း ကျွန်ုပ်တို့ တော်လှန်ရေးအင်အားစုများအနေဖြင့် စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ ကြံ့ကြံ့ခိုင်စွာဖြင့် အရှိတရားနှင့်လမ်း‌ကြောင်းမှန်ကို သေချာစွာစဉ်းစားမျှော်မြင်ရင်း မိမိတိုင်းပြည်၊မိမိဒေသနှင့် ပြည်သူ့အကျိုးအတွက်ဆက်လက်ချီတက်နေကြရမည်လည်း ဖြစ်ပါသည်။
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ၏ တပ်မှူး၊ တပ်သားများအနေဖြင့်လည်း (၅)နှစ်တာတော်လှန်ရေးကာလအတွင်းရရှိသောအတွေ့အကြုံများကို တန်ဖိုးရှိရှိ အသုံးချကာ ဒေသနှင့်ပြည်သူ့အကျိုးကို အကောင်းဆုံးထမ်းပိုးနိုင်ရေး မျှော်မြင် ကြိုးစားလျက်ရှိပါကြောင်း တပ်တည်ထောင်ခြင်း(၂) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြည်သူများအား လေးစားစွာဖြင့် အသိပေးကြေညာအပ်ပါသည်။

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်
Burma National Revolutionary Army (BNRA)

သတင်းထုတ်ပြန်ချက်၁။ ၂၀၂၅ ခုနှစ်စက်တင်ဘာလ ၆ ရက်တွင် ပွင့်ဖြူဝါစိုက်ပျိုး ရေးတပ်နှင့် ပျူစောထီးများသည် ကျောင်းကုန်းကြီးကျေ...
08/09/2025

သတင်းထုတ်ပြန်ချက်

၁။ ၂၀၂၅ ခုနှစ်စက်တင်ဘာလ ၆ ရက်တွင် ပွင့်ဖြူဝါစိုက်ပျိုး ရေးတပ်နှင့် ပျူစောထီးများသည် ကျောင်းကုန်းကြီးကျေးရွာတွင်အင်အားစုဖွဲ့မှုပြုလုပ်ကာ မဒဲကျေးရွာမြောက်ဘက်သို့ အင်အား ၃၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည်ဟုသိရသည်။ ထိုသို့သိရသဖြင့် မိမိတို့ ပူးပေါင်းတပ်ဖွဲ့မှ လိုက်လံတိုက်ခိုက်ရာ တိုက်ပွဲ ဖြစ်ပွားချိန် ၃၀ မိနစ်ကြာမြင့်ခဲ့ပြီး ရန်သူဘက်မှ ၄ ယောက် ထိခိုက်ေ-သဆုံးခဲ့သည်ဟုသိရသည်။
၂။ ၂၀၂၅ခုနှစ် စက်တင်ဘာလ ၆ ရက် တွင် မဲဇလီရဲစခန်းမှ အင်အား ၈၀ ပါစစ်ကြောင်းသည် မဒဲကျေးရွာဘုန်းကြီးကျောင်းသို့ နေ့လည်ပိုင်းတွင်ရောက်ရှိလာသည်။ ညနေ ၄ နာရီဝန်းကျင်တွင် အဆိုပါစစ်ကြောင်းအား မိမိတို့ ပူးပေါင်းတပ်ဖွဲ့မှ လိုက်လံတိုက်ခိုက်ရာ ရှောက်တော-မဲဇလီလမ်းပိုင်းသို့ ထွက်ပြေးသွားခဲ့သည်။ ထွက်ပြေးသွားသည့် ရန်သူ့စစ်ကြောင်းသည် လမ်းပိုင်းတစ်နေရာတွင် မိမိတို့မိုင်းကွင်းအားတိုးမိပြီး ၁၄ ဦးဝန်းကျင်ထိခိုက်သေဆုံးသည်ဟုသိရသည်။

ေ-သဆုံးနှင့် ထိခိုက်သွားသည့်ရန်သူများကို ပွင့်ဖြူမြို့နယ် သမ္ဗာဆန္ဒ နာရေးကား/လူနာတင်ကားဖြင့် နှစ်ကြိမ် ည ၇ နာရီခန့်တွင်သွားရောက်သယ်ယူသည်ဟု သိရသည်။
အဆိုပါတိုက်ခိုက်မှုကို အညာညီနောင်များဖြစ်ကြသည့် GZA - BNRA -ပွင့်ဖြူ ပကဖ- မင်းဘူးခရိုင် ပကဖတို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မိဘပြည်သူများခင်ဗျား

မိမိတို့ ကျေးရွာများအတွင်း စည်းရုံးရေးဆောင်ရွက်စဉ်ကတည်းက ရန်သူစစ်ကြောင်းများနှင့် အတွေ့မခံဖို့၊ရှောင်ရှားကြဖို့ အမြဲ အသိပေးခဲ့ပါသည်။ ယခုအခါလည်းထပ်မံအသိပေးလိုပါသည်။ ရန်သူစစ်ကြောင်းများရှိသည့်အခါ မိမိတို့ တော်လှန်ရေးတပ်ဖွဲ့များမှ အသိပေးထားသည့်အတိုင်းလိုက်နာကြရန်လိုအပ်ပါသည်။

ရန်သူသည် ယခုစစ်ကြောင်းတစ် လျှောက်တွင် ပြည်သူများကို လူသားဒိုင်းအဖြစ်ဖမ်းဆီးကာ မိုင်းကွင်းဖြတ်ခိုင်းခြင်း၊ ပ-စ် ခ-တ် သ-တ်ဖြတ်ခြင်းများကိုပြုလုပ်သွားပါသည်။ သို့ပါသောကြောင့် တစ်မြို့နယ်လုံးအတိုင်းတာဖြင့် အပြစ်မဲ့ပြည်သူ ၉ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့ပါသည်။

အညာညီနောင်
ပုံအဟောင်းဖြစ်ပါသည်။

ချစ်ခင်လေးစားစွာဖြင့် အသိပေး မေတ္တာရပ်ခံခြင်း                                  ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် စတင်ဖ...
07/09/2025

ချစ်ခင်လေးစားစွာဖြင့် အသိပေး မေတ္တာရပ်ခံခြင်း


၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော ကျွန်ုပ်တို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် (၂) နှစ်ပြည့်မြောက်တော့မည်ဖြစ်ပါသည်။

ထို့ကြောင့် ချစ်ခင်လေးစားရပါသော တော်လှန်ရေးညီနောင်မဟာမိတ်များထံမှ BNRA ၏ ရှေ့ဆက်လျှောက်လှမ်းမည့် တော်လှန်ရေးခရီးလမ်းအတွက် သဝဏ်လွှာများပေးပို့နိုင်ပါကြောင်း ချစ်ခင်လေးစားစွာဖြင့် သဝဏ်လွှာတောင်းခံအပ်ပါသည်။

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်
Burma National Revolutionary Army (BNRA)

စစ်ပညာဆိုတာဘာမှန်းမသိ လက်ဘလာနဲ့ အိမ်ကထွက်လာပြီး တိုင်းပြည်ကို ချစ်တဲ့စိတ်နဲ့ပဲ တူမီးတွေ မိုင်းတွေကိုင်ကာ အဆမတန် အင်အားကြ...
29/08/2025

စစ်ပညာဆိုတာဘာမှန်းမသိ လက်ဘလာနဲ့ အိမ်ကထွက်လာပြီး တိုင်းပြည်ကို ချစ်တဲ့စိတ်နဲ့ပဲ တူမီးတွေ မိုင်းတွေကိုင်ကာ အဆမတန် အင်အားကြီးတဲ့ ရန်သူကု ရင်ဆိုင်ခဲ့ကြတယ်။ အဲလို ရင်ဆိုင်ရင်း "တိုက်ရင်းစည်းရုံး၊ တိုက်ရင်းတည်ဆောက်ခဲ့ကြတယ်။ တဆနဆနဲ့ စုဖွဲ့မှူရဲ့ အရေးပါပုံကို သဘောပေါက်လာပြီး BNRA ဆိုတဲ့ တပ်တော်တစ်ခုကို တည်ဆောက်စုဖွဲ့ခဲ့ကြတယ်။
တိုက်ပွဲအတွေ့အကြုံတွေနဲ့ အတူ၊ စုဖွဲမှု၊ လေ့ကျင့်မှူများကို အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့တာ ဘာလိုလိုနဲ့ ၂နစ်ပြည့်ခဲ့ပါပြီ။ တစ်နှစ်ပြီး တစ်နှစ် သင်ခန်းစာများ၊ တိုးပွားလာတဲ့ အတွေ့အကြုံများကို ရင်ဝယ်ပိုက်ထားသော်လည်း လက်နက်အင်အား အစစ အရာရာ သာလွန်တဲ့ ရန်သူကို ရင်ဆိုင်ဖို့ဆိုတာ မပြည့်စုံ မပြည့်မှီသေးပါဘူး။
မပြည့်စုံတဲ့ကြားထဲက မဆုတ်မနစ်သော ဇွဲလုံ့လနှင့် ပြည်သူ့ထောက်ပံ့မှုတို့ကြောင့် ကျွန်တော်တို့ တပ်တော်ဟာ တစ်နှစ်ကနေ နှစ်နှစ်သားအရွယ်ရောက်ခါနီးပါပြီ။ ၂နှစ်ပြည့် တပ်မွေးနေ့မှာ မွေးနေ့လက်ဆောင်ပေးချင်တဲ့ အိုးစားဖက်များကို မျှော်လင့်လျှက်ပါခင်ဗျား။

လေးစားစွားဖြင့်
BNRA Finance Team

FYI
26/08/2025

FYI

September 26 ,2024 စကစ အနေနဲ့ အကြမ်းဖက် PDF အမည်ဖြင့် ပူးပေါင်းရေး ဖိတ်ခေါ်စာ ထုတ်ပြန်မှု အပေါ်   Oct 1 , 2024 မှာ ကိုသက...
16/08/2025

September 26 ,2024 စကစ အနေနဲ့ အကြမ်းဖက် PDF အမည်ဖြင့် ပူးပေါင်းရေး ဖိတ်ခေါ်စာ ထုတ်ပြန်မှု အပေါ် Oct 1 , 2024 မှာ ကိုသက်ထွေးနိုင်နဲ့ BNRA ဦးဆောင်သူ ဗိုလ်နဂါးတို့ရဲ့ အမေးအဖြေ video တစ်ခုဖြစ်ပါတယ်ဗျ။ ဒီ video ဟာ အခုလက်ရှိ Online ပေါ်မှာ edit လုပ်ပြီးဝါဒဖြန့် နေတဲ့ video တစ်ခုဖြစ်တာကြောင့် လူထုအနေဖြင့် အထင်မြင်မမှားစေလိုပါဘူးဗျ။
အပြည့်စုံကို ဤ link တွင် ကြည့်နိုင်ပါတယ်ဗျ

https://www.facebook.com/share/v/1Ap7RYn3DZ/

ဂန့်ဂေါခရိုင်အတွင်း GZA စစ်ဦးစီးချုပ်နှင့် YDF ရဲဘော်များ ခြုံခိုတိုက်ခိုက်ခံရမှုအပေါ် သဘောထားထုတ်ပြန်ကြေညာချက်ရက်စွဲ။ ...
17/07/2025

ဂန့်ဂေါခရိုင်အတွင်း GZA စစ်ဦးစီးချုပ်နှင့် YDF ရဲဘော်များ ခြုံခိုတိုက်ခိုက်ခံရမှုအပေါ် သဘောထားထုတ်ပြန်ကြေညာချက်

ရက်စွဲ။ ။ ၁၇ ရက်၊ဇူလိုင်လ၊ ၂၀၂၅

၁။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ နေ့ခင်း ၂:၃၀ အချိန်ခန့်တွင် တာဝန်ဖြင့်သွားလာနေသော GZA စစ်ဦးစီးချုပ်အပါအဝင် GZA မှ ဗဟိုရုံးအဖွဲ့ဝင်တစ်ဦး၊တပ်ရင်းမှူးတဦး၊ ဆေးသူနာပြု (၂) ဦး၊ YDF ရဲဘော် (၂) ဦးတို့သည် ဂန့်ဂေါခရိုင်အတွင်း တနေရာ၌ ခြုံခိုတိုက်ခိုက်ခြင်းခံခဲ့ရသည်။

၂။ ယင်းခြုံခိုတိုက်ခိုက်ခံရမှုတွင် GZA ဗဟိုရုံးအဖွဲ့ဝင်တဦးသည် ဦးခေါင်း၊ရင်ဘတ်၊လက်၊ပေါင်တို့တွင် ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသည်။ GZA တပ်မှူးသည် ပေါင်တွင် ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

၃။ ဘုံရန်သူကို တိုက်ခိုက်နေသော တော်လှန်ရေးအင်အားစုအချင်းချင်း ယခုကဲ့သို့ ခြုံခိုတိုက်ခိုက်ခြင်းသည် သက်ဆိုင်ရာတာဝန်ရှိသူတို့၏ ခွင့်ပြုမှုမရှိဘဲ သာမန်ရဲဘော်တပ်သားတို့၏ ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်ရန်ခဲယဥ်းသော ကိစ္စဖြစ်သည်။ တော်လှန်ရေးအင်အားစုအချင်းချင်း ယခုကဲ့သို့လက်နက်အသုံးပြုသောဖြစ်ရပ်သည် ၂၀၂၁ လူထုတော်လှန်ရေး၏ ပုံရိပ်သွင်ပြင်သာမကအနှစ်သာရကိုပါ ပျက်ဆီးစေကာ လူထုတော်လှန်ရေးအဟုန်ကို လျော့ကျစေသောအကြောင်းအရာဖြစ်သည်။

၄။ YDF မှ ထွက်ပြေးတိမ်းရှောင်နေသော တပ်ပြေးများနှင့် ၎င်းတို့အားဝန်းရံပေးနေသူများ၏ ယခုကဲ့သို့ခြုံခိုတိုက်ခိုက်မှု လုပ်ရပ်ကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အနေဖြင့် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုံ့ချသည်။

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်
Burma National Revolutionary Army (BNRA)

13/07/2025

ထုတ်ပြန်ကြေညာချက်

ရက်စွဲ။ ။ ၁၃ ရက်၊ ဇူလိုင်လ၊ ၂၀၂၅ ခုနှစ်

အသိပေးထုတ်ပြန်ကြေညာချက်

၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း ဖလမ်းမြို့နယ်တွင်ဖြစ်ပွားနေသော CDF-Hualngoram, CNF/CNA နှင့် CNO/CNDF တို့၏ လက်နက်ကိုင်ပဋိပက္ခဖြစ်စဥ်အတွင်း အညာညီနောင် (BNRA-GZA) အနေဖြင့် ပါဝင်မှု လုံးဝ(လုံးဝ)မရှိကြောင်း ပြည်သူများအား လေးစားစွာအသိပေးလိုပါသည်။
အညာညီနောင် (BNRA-GZA) အနေဖြင့် CNO/CNDF အပါအဝင် မဟာမိတ် ၁၇ ဖွဲ့နှင့်အတူတကွ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၅၊ ဧပြီလတွင် အောင်မြင်စွာဖော်ဆောင်ခဲ့ပါသည်။
၂၀၂၅၊ ဇွန်လတွင် CNO/CNDF မှ စီစဥ်သည့် စနိုက်ပါသင်တန်းသို့ အညာညီနောင် (BNRA-GZA) မှ သင်တန်းသားအချို့ စေလွှတ်ခဲ့ပြီး ယခုအခါတွင် လတ်တလောပဋိပက္ခများကြောင့် တပ်တော်သို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီးဖြစ်ပါသည်။
ထို့ကြောင့် လတ်တလောဖြစ်ပွားနေသော ချင်းတော်လှန်ရေးညီအစ်ကိုများ၏ ပဋိပက္ခဖြစ်စဥ်အတွင်း အညာညီနောင်(BNRA-GZA) အနေဖြင့် လုံးဝ(လုံးဝ) ပါဝင်မှုမရှိကြောင်း ပြည်သူများအား လေးစားစွာ အသိပေးအပ်ပါသည်။ ချင်းတော်လှန်ရေးညီအစ်ကိုများအနေဖြင့်လည်း လက်ရှိအခက်အခဲအကြပ်အတည်းများကို အကောင်းဆုံးရင်ဆိုင်​ကျော်လွှားနိုင်ပါစေကြောင်း အညာညီနောင် (BNRA-GZA) မှ ဆန္ဒပြုအပ်ပါသည်။

အညာဒေသမဟာမိတ်ညီနောင်

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်
Burma National Revolutionary Army - BNRA

Address

Monywa

Website

Alerts

Be the first to know and let us send you an email when ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share