Sagaing Federal Unit Hluttaw

Sagaing Federal Unit Hluttaw Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sagaing Federal Unit Hluttaw, Government Organization, Pyidaungsu Street, Monywa.

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သည် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၁၄၁)အရ စစ်ကိုင်းဖက်ဒရယ်ယူနစ် ...
17/05/2026

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သည် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၁၄၁)အရ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥပဒေမူကြမ်းကို ရေးဆွဲနိုင်ခဲ့ပြီး ဖြစ်ပါသည်။ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ၏ အကြံပြုချက်နှင့် သဘောထားများရယူ၍ အမြန်ဆုံး အတည်ပြုပြဌာန်း နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။


စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်

သတင်းထုတ်ပြန်ချက် စစ်ကိုင်းဖက်ဒရယ်ယူနစ်တရားလွှတ်တော် တရားသူကြီးလောင်းများ စိစစ်ရေးဆိုင်ရာပူးပေါင်း ကော်မတီ အစည်းအဝေးကျင်...
14/05/2026

သတင်းထုတ်ပြန်ချက်

စစ်ကိုင်းဖက်ဒရယ်ယူနစ်တရားလွှတ်တော် တရားသူကြီးလောင်းများ စိစစ်ရေးဆိုင်ရာပူးပေါင်း ကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ပြီးစီး

၂၀၂၆ ခုနှစ်၊ မေလ (၁၄) ရက်

စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၁၂၅) အရ စစ်ကိုင်း ဖက်ဒရယ် ယူနစ်တရားလွှတ်တော် တရားသူကြီးများ ခန့်အပ်တာဝန်ပေးအပ်နိုင်ရေးဆိုင်ရာများနှင့်ပါတ်သက်၍ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတို့မှ တာဝန် ပေးအပ်ထားသော စစ်ကိုင်းဖက်ဒရယ်ယူနစ်တရားလွှတ်တော် တရားသူကြီးလောင်းများ စိစစ်ရေး ဆိုင်ရာပူးပေါင်းကော်မတီ အစည်းအဝေးကို ၂၀၂၆ခုနှစ်၊ မေလ၊ (၁၄)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် လက်ခံရရှိထားသော စစ်ကိုင်းဖက်ဒရယ်ယူနစ်တရားလွှတ်တော် တရားသူကြီး လောင်းများ၏ အဆိုပြုလွှာများကို စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုရှိ မရှိ၊ ပူးပေါင်းကော်မတီ၏ သက်မှတ်ထားသော အခြေခံမူများ၊ နည်းနာသက်မှတ် ချက်များနှင့်အညီ စိစစ်ခဲ့ကြပြီးနောက် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်တရားလွှတ်တော် တရားသူကြီးလောင်းများ စိစစ်ရေးဆိုင်ရာပူးပေါင်း ကော်မတီကို စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ အတွင်းရေးမှူးများ၊ တာဝန်ရှိလွှတ်တော် ကိုယ်စားလှယ်၊ ‌ရှေ့နေချုပ်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ ဝန်ကြီးများတက်ရောက်ခဲ့ ကြပါသည်။


စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)  နှင့် စစ်ကိုင်း ဖက်ဒရယ်ယူနစ် လွှတ်တော်၊ အစိုးရတို့ အစည်းအ...
14/05/2026

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် စစ်ကိုင်း ဖက်ဒရယ်ယူနစ် လွှတ်တော်၊ အစိုးရတို့ အစည်းအဝေးပြုလုပ်
၂၀၂၆ ခုနစ် မေလ (၁၄)ရက်

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် စစ်ကိုင်း ဖက်ဒရယ်ယူနစ်လွှတ်တော်၊ ကြားကာလအစိုးရ တို့သည် ၂၀၂၆ခုနှစ် မေလ (၁၃) ရက်နေ့တွင် Online မှ တဆင့် အစည်းအဝေးပြုလုပ်ခဲ့ကြပါသည်။
အစည်းအဝေးသို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီမှ အတွင်းရေးမှူး အဖွဲ့ဝင်များ၊ ကောင်စီဝင်များနှင့် အခြားတာဝန်ရှိသူများတက်ရောက်ကာ စစ်ကိုင်းဖက်ဒရယ်ယူနစ်မှ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ၊ ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ဝန်ကြီးချုပ်၊ ဒု-ဝန်ကြီးချုပ် တို့နှင့်အတူ ဝန်ကြီးများနှင့် အခြားတာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် SCEF အတွင်းရေးမှူးအဖွဲ့ညှိနှိုင်းရေးမှူး ဒေါက်တာဇော်ဝေစိုးနှင့် တွဲဘက်ညှိနှိုင်းရေးမှူး Salai Ram Kulh Cung တို့က အစည်းအဝေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် SCEF ၏ ဆောင်ရွက်နေမှုများကို တင်ပြခဲ့ပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ် ဝန်ကြီးချုပ် ဦးစိုးဦးနှင့် ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးတို့က စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းဆောင်ရွက်နေမှုများကိုအကျဉ်းချုပ် တင်ပြခဲ့ပါသည်။ ထို့နောက် SCEF သည် မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည်နှင့်အညီ မဏ္ဍိုင်တစ်ခုဖြစ်သည့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ ERO ကိုယ်စားပြုမဏ္ဍိုင်အတွက် ဖက်ဒရယ်ယူနစ်အနေဖြင့် ပါဝင်မှုနှင့် ဆက်စပ်ပြီး ဆွေးနွေးခဲ့ကြကာ ရှေ့ဆက်ဆောင်ရွက်သွားမည့် ကိစ္စများကို ညှိနှိုင်းခဲ့ကြပါသည်။
ထို့နောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေး နှင့် SCEF အတွင်းရေးမှူးအဖွဲ့ညှိနှိုင်းရေးမှူး ဒေါက်တာဇော်ဝေစိုးတို့က နိဂုံးချုပ်စကားများ ပြောကြားပြီး အစည်းအဝေးကို အောင်မြင်စွာရုတ်သိမ်းခဲ့ကြပါသည်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားပြုကော်မတီမှ ကျင်းပသော စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်ကိုယ်စားလှယ်များ ပုံမှန်အစည်...
05/05/2026

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားပြုကော်မတီမှ ကျင်းပသော စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်ကိုယ်စားလှယ်များ ပုံမှန်အစည်းအဝေး(၈/၂၀၂၆)ကျင်းပပြုလုပ်

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားပြုကော်မတီမှ ကျင်းပသော စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်ကိုယ်စားလှယ်များ ပုံမှန်အစည်းအဝေး(၈/၂၀၂၆)ကို ၂၀၂၆ခုနှစ်၊ မေလ၊ (၄)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌ ဦးမြင့်ထွေးက နှုတ်ခွန်းဆက် စကားနှင့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာက်စ္စရပ်များကိုဆွေးနွေးခဲ့ပြီးနောက် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရဝန်ကြီးချုပ်ဦးစိုးဦးမှ ဆောင်ရွက်ပြီးစီးခဲ့မှုများအခြေအနေကို ရှင်းလင်း တင်ပြ ဆွေးနွေးခဲ့ပါသည်။

ဆက်လက်ပြီး အစည်းအဝေးတွင်

(၁) စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်ကိုင်းဖက်ဒရယ်ယူနစ် တရားသူကြီးများ ခန့်အပ်အတည်ပြုနိုင်ရေးအတွက် စိစစ်ရေးလုပ်ငန်းစဉ်များတွင် တရားရေး ဝန်ကြီးဌာန၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ် ယူနစ်ကြားကာလအစိုးရတို့ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ။

(၂) စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီ ဥပဒေ(မူကြမ်း) အား ယူနစ်လွှတ်တော်၏ ဥပဒေကြမ်းကော်မတီ သို့ ပေးပို့၍ ဆောင်ရွက်သွားမည့် စိစစ်ရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ။

(၃) ပြည်နယ်/ဖက်ဒရယ်ယူနစ်/ဒေသများရှိ ပြည်သူ့ဝန်ထမ်းယန္တယား စွမ်းဆောင်ရည် မြှင့်တင်ရေး ပူးပေါင်းလုပ်ငန်း ကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ။

(၄) စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၏ ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို(၁၂၃၀)နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။


စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်

အမျိုးသားညီညွတ်ရေးအစိုးရနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရကြား အုပ်ချုပ်ရေးလုပ်ငန်းများလွှဲပြောင်းခြင်းအခမ်းအနား ကျင်းပပြ...
02/05/2026

အမျိုးသားညီညွတ်ရေးအစိုးရနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရကြား အုပ်ချုပ်ရေးလုပ်ငန်းများလွှဲပြောင်းခြင်းအခမ်းအနား ကျင်းပပြုလုပ်
*************************************************************************
၂ မေ ၂၀၂၆

အမျိုးသားညီညွတ်ရေးအစိုးရနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရကြား အုပ်ချုပ်ရေးလုပ်ငန်းများ လွှဲပြောင်းခြင်း အခမ်းအနားကို ၁-၅-၂၀၂၆ ရက်နေ့ ညနေ ၇ နာရီအချိန်တွင် Zoom Platform က တဆင့် ကျင်းပခဲ့ပါသည်။ လွှဲပြောင်းရေးအခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အစိုးရ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် အစိုးရ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် အစိုးရ ဝန်ကြီးချုပ် ဦးစိုးဦးတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က စစ်ကိုင်းဖက်ဒရယ်ယူနစ် အစိုးရနှင့် သဘောတူညီမှု ရရှိထားသည့် အုပ်ချုပ်ရေးလွှဲပြောင်းမှု လုပ်ငန်းစဉ်အား ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ သဘောတူညီထားရှိသော အုပ်ချုပ်ရေး လွှဲပြောင်းမှု လုပ်ငန်းစဉ်အား ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အတည်ပြုကာ စစ်ကိုင်းဖက်ဒရယ်ယူနစ် အစိုးရ ဝန်ကြီးချုပ် ဦးစိုးဦးက အတည်ပြုလက်ခံကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အစည်းအဝေး နိဂုံးချုပ်စကားပြောကြားခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။

နိုင်ငံတော်ယာယီသမ္မတက အဖွင့်အမှာစကားတွင် “ယခု လုပ်ရပ်ဟာ ကျွန်တော်တို့အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အမှန်တကယ် တည်ဆောက်နေခြင်း ဖြစ်ကြောင်းကို အလုပ်နဲ့ သက်သေပြနေခြင်းဖြစ်၍ အင်မတန် ဂုဏ်ယူစရာကောင်းကြောင်း” ထည့်သွင်းပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးချုပ်ကလည်း “ပထမဆုံးအကြိမ် ဖက်ဒရယ်စနစ်ကျင့်သုံးခြင်း ဖြစ်၍ အတွေ့အကြုံလည်း မရှိသေးသည့်အတွက် အခက်အခဲတော့ ရှိမည် ဖြစ်ကြောင်း၊ အခက်အခဲများကိုတစ်ဦးနှင့်တစ်ဦး နားလည်စွာနှင့် ဖြေရှင်းသွားမည်ဆိုလျှင် မအောင်မြင်နိုင်စရာ အကြောင်းမရှိကြောင်း၊ တစ်ယောက်နှင့်တစ်ယောက် သည်းခံ၍ နားလည်မှုများဖြင့် မတူညီမှုများရှိလျှင်လည်း ညီညွတ်စွာ အဖြေရှာပြီး တိုင်တိုင်ပင်ပင် ဆောင်ရွက်သွားပါက လိုအပ်သည့် ပန်းတိုင်ရောက်ရှိမည်ဟု ယုံကြည်ကြောင်း” နိဂုံးချုပ်စကားတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။ ပြည်ထောင်စုအစိုးရမှ ဖက်ဒရယ်ယူနစ်အစိုးရသို့ အုပ်ချုပ်ရေးလုပ်ငန်းများလွှဲပြောင်းခဲ့မှုနှင့် ပတ်သက်ပြီး “စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ အုပ်ချုပ်ရေးလုပ်ငန်းများ သမိုင်းဝင် လွှဲပြောင်းပေးနိုင်မှုသည် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး​အတွက် အရေးပါသည့် သမိုင်းမှတ်တိုင်တခု ဖြစ်ပါကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ယခုကဲ့သို့ လွှဲပြောင်းပေးအပ်မှုနှင့် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအပေါ် လေးစားအသိအမှတ်ပြု မှတ်တမ်းတင်အပ်ပါကြောင်းနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအနေဖြင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ ပြည်သူလူထုနှင့်အတူ တသားတည်း ရပ်တည်ကာ တော်လှန်ရေးအောင်မြင်စေရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားထုတ်ကြိုးပမ်းသွားမည်ဟု ခိုင်မာစွာ ထပ်လောင်း ကတိပြုအပ်ပါကြောင်း” စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ဝန်ကြီးချုပ် ဝန်ကြီးချုပ် ဦးစိုးဦးက ပြောကြားခဲ့ပါသည်။

19/04/2026


မတရားဖမ်းဆီး ထိန်းသိမ်းခံထားရသော နိုင်ငံတော် သမ္မတကြီးဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာခြင်း အတွက် ဝမ်းမြောက်ပါကြောင်းနှင့...
17/04/2026

မတရားဖမ်းဆီး ထိန်းသိမ်းခံထားရသော နိုင်ငံတော် သမ္မတကြီးဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာခြင်း အတွက် ဝမ်းမြောက်ပါကြောင်းနှင့် သမ္မတကြီးဦးဝင်းမြင့် အနေဖြင့် ကိုယ်စိတ်နှစ်ပါးကျန်းမာပါစေကြောင်း ဆုမွန်ကောင်းတောင်း အပ်ပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရသော နိင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ပါစေကြောင်းလည်း ဆုမွန်ကောင်း တောင်း အပ်ပါသည်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်

17/04/2026
16/04/2026

လူထုခေါင်းဆောင်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်၏၂၀၁၉၊ အောက်တိုဘာ (၂၇) ရက်နေ့ "NCA (၄)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား”တွင် ပြောကြားခဲ့သော ဖက်ဒရယ်အခြေခံမူ (၆) ချက်
————————————————————

▪️ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို
ထူထောင်ရမယ်။

▪️ ဖက်ဒရယ်စနစ်နှင့်အညီ အာဏာခွဲဝေမှု ရှိရမယ်။

▪️သယံဇာတခွဲဝေမှု နှင့် အခွန်ဘဏ္ဍာ ခွဲဝေမှု ရှိရမယ်။

▪️ ဖက်ဒရယ်ယူနစ်တွေအားလုံး တန်းတူရည်တူ ရှိရမယ်။

▪️ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကို အာမခံနိုင်တဲ့ကိုယ်ပိုင်ဥပဒေတွေ ရှိရမယ်။

▪️ ပြည်နယ်တွေရဲ့ အာဏာတွေကို ခွဲဝေကျင့်သုံးတဲ့အခါ ပြည်သူလူထုကို အခြေခံရမယ်။

16/04/2026

#တော်လှန်ပြည်သူအပေါင်း
နှစ်သစ်မှာ အားမာန်အပြည့်ဖြင့် ဖြတ်သန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်
16/4/2026

12/04/2026

လူထုခေါင်းဆောင်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့နှစ်သစ်ကူး ဆုတောင်းစကား




1897Days
1.2.2012 to 12.4.2026

Address

Pyidaungsu Street
Monywa

Alerts

Be the first to know and let us send you an email when Sagaing Federal Unit Hluttaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share