မင်းလှ မီဒီယာ

မင်းလှ မီဒီယာ Digital Online Media

အထက-မင်းလှ ကျောင်းသားဟောင်းများရဲ့ (၃၇) ကြိမ်မြောက် အာစရိယပူဇော်ပွဲ တန်ဆောင်မုန်း လပြည့်နေ့ (နိုဝင်ဘာ ၇ ရက်)ကန်တော့ခံ ဆရ...
31/10/2022

အထက-မင်းလှ ကျောင်းသားဟောင်းများရဲ့ (၃၇) ကြိမ်မြောက် အာစရိယပူဇော်ပွဲ

တန်ဆောင်မုန်း လပြည့်နေ့ (နိုဝင်ဘာ ၇ ရက်)

ကန်တော့ခံ ဆရာကြီး ဆရာမကြီး ၁၄၅ ဦး 🙏🙏🙏

မင်းလှမြို့ဝေဠုဝန်ဆရာတော်ဘုရားကြီးဘဝနတ်ထံပျံလွန်တော်ကြောင်းသိရတဲ့အတွက်နှမြောဝမ်းနည်းမိပါတယ်ဘုရား 🙏🙏🙏
03/05/2022

မင်းလှမြို့ဝေဠုဝန်ဆရာတော်ဘုရားကြီးဘဝနတ်ထံပျံလွန်တော်ကြောင်းသိရတဲ့အတွက်နှမြောဝမ်းနည်းမိပါတယ်ဘုရား 🙏🙏🙏

ခရီးသွားများ အဆင်ပြေစေရေးအတွက် မင်းလှ ပြည်ခရီးစဥ်အားပြန်လည်ပြေးဆွဲပေးနေပါပြီဖုန်း 095366114 နှင့် 09423704392 သို့ ဆက်သွ...
19/11/2021

ခရီးသွားများ အဆင်ပြေစေရေးအတွက် မင်းလှ ပြည်ခရီးစဥ်အားပြန်လည်ပြေးဆွဲပေးနေပါပြီ

ဖုန်း 095366114 နှင့် 09423704392 သို့ ဆက်သွယ်ပေးပါရန်

(၃၆) ကြိမ်မြောက် အထက မင်းလှ ကျောင်းသား/သူဟောင်းများ ၏အာစရိယ ပူဇော်ပွဲ ..အလှူငွေ များပါဝင် လှူဒါန်းလိုလျင်အောက်ဖော်ပြပါ က...
04/11/2021

(၃၆) ကြိမ်မြောက် အထက မင်းလှ ကျောင်းသား/သူဟောင်းများ ၏အာစရိယ ပူဇော်ပွဲ ..
အလှူငွေ များပါဝင် လှူဒါန်းလိုလျင်အောက်ဖော်ပြပါ ကျောင်းသားဟောင်း များသို့ ဆက်သွယ်လှူဒါန်း နိုင်ပါသည်...
#မင်းလှမြို့ အတွက်...
ဒေါ်စန်းမော်ချို 09423682270
ဦးမြတ်ကို 0949505614
ကိုဝေယံမင်းညိမ်း 0953 635 16
ကိုသိန်းတိုး 09252580233
ကိုတီးလေး 09250413309

#ရန်ကုန်မြို့အတွက်...
ကိုညွန့်ဇော်အောင် 09423665373
ကိုဝေဖြိုးဟိန်း 095183085

#နေပြည်တော်မြို့ အတွက်...
ဦးတင်ကြည် 09765118075
ကိုဇင်မင်းဦး 09254557697

အထက မင်းလှ ကျောင်းသားဟောင်းများရဲ့ နှစ်စဥ်ပြုလုပ်နေကျဖြစ်တဲ့ အာစရိယပူဇော်ပွဲကို တန်ဆောင်မုန်းလပြည့်နေ့တွင် ဆရာဆရာမများထံ...
12/10/2021

အထက မင်းလှ ကျောင်းသားဟောင်းများရဲ့ နှစ်စဥ်ပြုလုပ်နေကျဖြစ်တဲ့ အာစရိယပူဇော်ပွဲကို တန်ဆောင်မုန်းလပြည့်နေ့တွင် ဆရာဆရာမများထံ အိမ်တိုင်ရာရောက် စနစ်ဖြင့်လိုက်လံ ပူဇော်ကန်တော့သွားပါမည်။
ဆရာကန်တော့ပွဲ အလှူငွေနှင့်ကန်တော့ပစ္စည်းများ ပါဝင်လှူဒါန်းကန်တော့နိုင်ကြောင်း သိရပါတယ်။
ဒေါ်စမ်းမော်ချို
09 423682270

မင်းလှမြို့သို့ အောက်ဆီဂျင်စက် ရောက်ရှိလာphoto credit. ကျော်မင်း
22/09/2021

မင်းလှမြို့သို့ အောက်ဆီဂျင်စက် ရောက်ရှိလာ

photo credit. ကျော်မင်း

အုတ်ဖိုမြို့နယ်က အသက်၁၂၇နှစ် အဖွားဒေါ်ထွေး ကိုဗစ် ကိုအနိုင်ယူနိုင်ခဲ့ကိုဗစ်ရောဂါခံစားခဲ့ရတဲ့ (မှတ်ပုံတင်အသက်၁၂၇နှစ် )အဖွ...
24/08/2021

အုတ်ဖိုမြို့နယ်က အသက်၁၂၇နှစ် အဖွားဒေါ်ထွေး ကိုဗစ် ကိုအနိုင်ယူနိုင်ခဲ့

ကိုဗစ်ရောဂါခံစားခဲ့ရတဲ့ (မှတ်ပုံတင်အသက်၁၂၇နှစ် )အဖွားဒေါ်ထွေးက ကိုဗစ်ရောဂါသက်သာပျောက်ကင်းသွားပြီလို့သိရပါတယ် ။အဖွားက အုတ်ဖိုမြို့နယ် အိုးသည်ကုန်း ပြည်သူ့ဆေးရုံတွင် ၁၅ ရက်ကြာ ကုသပြီး covid ကို အနိုင်ယူခဲ့တဲ့ အသက်အကြီးဆုံး အဖွားပဲဖြစ်ပါတယ်။ ။လွန်ခဲ့တဲ့ ၃ ရက်အောက်ဆီဂျင် မရှူရတည်းက ဆေးရုံ ဆင်းချင်နေတဲ့ အဖွားက အသက်နဲ့မမျှ စိတ်ဓာတ်မာကျောသူတစ်ဦးဖြစ်သလို သူ့ကိုထောက်ပံ့တဲ့ ၅၀၀၀၀ ကျပ်ကိုလည်း အဖွားကပြန်လည်လှူဒါန်းခဲ့ပါသေးတယ်။

Source -ပြည်သူ့ဆေးရုံ၊အိုးသည်ကုန်းမြို့

ထူးချွန်ထင်ရှား မင်းလှသားများ..5th SEAP Games ,Burma ,Rangoon 1969 ကို ကျွန်တော့်ဒုတိယအကိုကြီး ဒုတိယဗိုလ်မှူးကြီးလှမိုး ...
22/08/2021

ထူးချွန်ထင်ရှား မင်းလှသားများ..
5th SEAP Games ,Burma ,Rangoon 1969
ကို ကျွန်တော့်ဒုတိယအကိုကြီး ဒုတိယဗိုလ်မှူးကြီးလှမိုး ၊(2013,Nov 29.. ကွယ်လွန်)
ကျန်းမာရေးဝန်ကြီးဌာန အထူးအရာရှိ က
ဦးစီးတာဝန်ခံအဖြစ်လုပ်ခဲ့ပါတယ်။

44 နှစ်အကြာမှာ ညီ (2nd last)
ကျွန်တော် ဗိုလ်မှူးချုပ်အေးမြင့်ကြူ (ငြိမ်း)က
27th SEA Games opening ceremony ကို
ဦးစီးတာဝန်ခံအဖြစ်လုပ်ခဲ့ရပါတယ်။

နှစ်ပွဲလုံး အောင်မြင်ပြီး မိသားစု ဂုဏ်ယူစရာ ဖြစ်ခဲ့ပါတယ်။
ကျေးဇူးတင်ပါတယ် မိဖများခင်ဗျား..🙏🙏🙏

Credit. ဦးအေးမြင့်ကြူ

ဩဂုတ်လ ၁၅ ရက်မှစ၍ စျေးပြန်ဖွင့်မည်
12/08/2021

ဩဂုတ်လ ၁၅ ရက်မှစ၍ စျေးပြန်ဖွင့်မည်

မင်းလှမြို့မှ အသက် ၉၃ နှစ်အရွယ် အဖွားအို ကိုဗစ် ၁၉ ရောဂါပျောက်ကင်းပြီး ဆေးရုံဆင်းခွင့်ရဩဂုတ်၊၉ပဲခူးတိုင်း၊ သာယာဝတီခရိုင်...
09/08/2021

မင်းလှမြို့မှ အသက် ၉၃ နှစ်အရွယ် အဖွားအို ကိုဗစ် ၁၉ ရောဂါပျောက်ကင်းပြီး ဆေးရုံဆင်းခွင့်ရ

ဩဂုတ်၊၉

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့မှ ကိုဗစ် ၁၉ ကူးဆက်ခံနေရ၍မင်းလှပြည်သူ့ဆေးရုံတွင်ဆေးကုသမှုခံယူနေသော အသက်၉၃အရွယ် အဖွားအိုတစ်ဦးယနေ့တွင်ရောဂါပျောက်ကင်းသက်သာလာတာကြောင့် ဆေးရုံမှပြန်လည်ဆင်းခွင့်ရရှိကြောင်း သိရသည်။

ထိုအဖွားမှာ မင်းလှမြို့နယ် ရွာသစ်ကျေးရွာမှဖြစ်ကြောင်း သိရပြီး၊ ထမင်းထိုင်စားနိုင်နေပြီဖြစ်သည်။

မင်းလှလူမှုကယ်ဆယ်ရေးအသင်းမှ အိမ်ပြန်ခရီးကိုပြန်လည်ပို့ဆောင်ပေးဖို့စီစဉ်ထားကြောင်းသိရသည်။

မင်းလှမြို့နယ်တွင် ကိုဗစ်၁၉ တတိယလှိုင်း စတင်ကူးဆက်မှု ဖြစ်ပွားခဲ့သည့် ဇွန်၁၆မှ ယနေ့အချိန်ထိ စုစုပေါင်းသေဆုံးသူအရေအတွက်မှာ ၅၀ကျော် ရှိနေပြီဖြစ်ကြောင်းသိရသည်။

Photo. Credit

ယနေ့ မင်းလှမြို့
24/07/2021

ယနေ့ မင်းလှမြို့

မင်းလှတွင် ၁၀ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၃၆ ဦးထိရှိလာမင်းလှ၊ ဇွန် ၂၅၊ ၂၀၂၁။ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ သာယာဝတီခရိုင...
25/06/2021

မင်းလှတွင် ၁၀ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၃၆ ဦးထိရှိလာ

မင်းလှ၊ ဇွန် ၂၅၊ ၂၀၂၁။

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ဇွန် ၁၆ ရက်နေ့စတင်ပြီး Covid-19 ရောဂါပိုးကူးစက်မှုများဖြစ်ပွားခဲ့ရာ ဇွန်လ ၂၅ ရက်နေ့အထိ ၁၀ ရက်အတွင်း ကူးစက်ခံရသူ ၁၃၆ ဦးအထိ မြင့်တက်လာကြောင်း သိရသည်။

ရောဂါပိုးကူးစက်ခံရသူများထဲတွင် မင်းလှမြို့မရဲစခန်း အချုပ်ခန်းမှ အချုပ်သား ၃ ဦးလည်း ကူးစက်ခံမှုတွင်ပါဝင်ခဲ့ပြီး ယင်းကူးစက်ခံရသူ ၃ ဦးကိုလည်း မင်းလှလူမှုကယ်ဆယ်ရေးအသင်းမှ သာယာဝတီဆေးရုံသို့ ဇွန်လ ၂၁ ရက်နေ့က ပို့ဆောင်ခဲ့ပေးခဲ့ရကြောင်း သိရသည်။။

လက်ရှိအချိန်တွင် မင်းလှမြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များကို ဇွန်လ ၂၇ ရက်နေ့မှစတင်၍ ပါဆယ်စနစ်ဖြင့်သာရောင်းချဖို့ သက်ဆိုင်ရာတာဝန်ရှိသူများက ဒီကနေ့ ရက်စွဲဖြင့် စာထုတ်ပြန်ပြီး ကြေငြာထားသည်။

မင်းလှမြို့နယ်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂၄ ဦးထိ မြင့်တက်လာသော်လည်း ရောဂါသက်သာ၍ ဆေးရုံဆင်းသူ မရှိသေးကြောင်းနှင့် ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်း ကူးစက်ခံရမှု ဒုတိယအများဆုံး မြို့နယ် ဖြစ်သည်။

မင်းလှမြို့နယ်တွင် ယခင်ရက်များက ဦးတိုစာဖြူစုကျေးရွာ တနေရာထည်းကသာ ရောဂါပိုးကူးစက်မှုများဖြစ်ပွားခဲ့ပြီး၊ ယခုအခါ မြို့ပေါ် နေရာတချို့နှင့် တခြားကျေးရွာများပါ ကူးစက်မှုများဖြစ်ပေါ်နေပြီး ယနေ့အထိ အခြေခံပညာကျောင်းများကိုလည်း ဆက်လက်ဖွင့်လှစ်ထားလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ - မင်းလှလူမူ့ကယ်ဆယ်ရေးအသင်း
credit. မြေလတ်အသံ

Address

Minhla

Website

Alerts

Be the first to know and let us send you an email when မင္းလွ မီဒီယာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category