သိန်းဌက်တပ်ရင််း ၁ -Cdf-Mindat

  • Home
  • Myanmar
  • Mindat
  • သိန်းဌက်တပ်ရင််း ၁ -Cdf-Mindat

သိန်းဌက်တပ်ရင််း ၁ -Cdf-Mindat အရေးတော်ပုံအောင်တော့မည်

လေကြောင်းတိုက်ခိုက်မှုအားထုတ်ပြန်ခြင်းရက်စွဲ ၊ ဧပြီ၁၆၊ ၂၀၂၃ ခုနှစ်၁။ အကြမ်းဖက် စစ်ကောင်စီသည် ယနေ့ ညနေ ၃:၀၀ - ၄:၀၀ နာရီအခ...
16/04/2023

လေကြောင်းတိုက်ခိုက်မှုအားထုတ်ပြန်ခြင်း

ရက်စွဲ ၊ ဧပြီ၁၆၊ ၂၀၂၃ ခုနှစ်

၁။ အကြမ်းဖက် စစ်ကောင်စီသည်
ယနေ့ ညနေ ၃:၀၀ - ၄:၀၀ နာရီအချိန်တွင်
ဂျက်ဖိုက်တာဖြင့် မင်းတပ်မြို့နယ်၊ တိုက်နယ်
(၁) ပန်းပါကျေးရွာတွင် (၆) ကြိမ် ၊ဗုံး(၁၇ )လုံးဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့ပါသည်။

၂။ ထိုတိုက်ခိုက်မှုကြောင့် တွင် အသက် (၇၀) အရွယ်အမျိုးသမီး (၁)ဦး၊ အသက် (၄) နှစ်အရွယ် ကလေး (၁) ဦး သေဆုံးသွားကာ၊အမျိုးသား (၂)ဦး၊ အမျိုးသမီး (၅) ဦး ၊စုစုပေါင်း (၇) ဦးထိခိုက်ဒဏ်ရာရရှိပြီး ၊လူနေအိမ် (၂)လုံး
မီးလောင်ပျက်စီး ၊ စုစုပေါင်း လူနေအိမ် (၉)လုံးပျက်စီးသွားခဲ့ပါသည်။

၃။ မင်းတပ်မြို့ ခလရ (၂၇၄) ရှိ အကြမ်းဖက်စစ်ကောင်စီ များမှလည်း လက်နက် ကြီးများကို
ကျေးရွာဖက်များသို့ ရမ်းသမ်းပစ်ခတ်လျက်ရှိကြောင်းအသိပေးထုတ်ပြန်အပ်သည်။

Chin Defence Force-Mindat
သတင်းပြန်ကြားရေး နှင့်မှတ်တမ်းဌာန
https://m.facebook.com/story.php?story_fbid=557695889829651&id=106609008271677&sfnsn=wiwspmo&mibextid=SDPelY

''မတူကွဲပြားမှုတွေနဲ့ ညီညွတ်မှုကို အခြေခံတဲ့ နွေဦးတော်လှန် ရေးဟာ မကြာမီအချိန်အတွင်း သမိုင်းအချိုးအကွေ့တစ်ခုကို ရောက်လာတေ...
25/02/2023

''မတူကွဲပြားမှုတွေနဲ့ ညီညွတ်မှုကို အခြေခံတဲ့ နွေဦးတော်လှန် ရေးဟာ မကြာမီအချိန်အတွင်း သမိုင်းအချိုးအကွေ့တစ်ခုကို ရောက်လာတော့မှာဖြစ်ပါတယ်။''

(ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်(၈/၂၀၂၃)တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ အဖွင့်မိန့်ခွန်းမှ)

20.2.2023ချင်းအမျိုးသားနေ့ကို Cdf-Mindatသိန်းဌက်တပ်ရင်း-၁ထိန်းချုပ်နယ်‌မြေတစ်နေရာ၌ အနှစ်သာရရှိရှိအောင်မြင်စွာကျင်းပနိုင်...
24/02/2023

20.2.2023
ချင်းအမျိုးသားနေ့ကို Cdf-Mindat
သိန်းဌက်တပ်ရင်း-၁ထိန်းချုပ်နယ်‌မြေတစ်နေရာ၌
အနှစ်သာရရှိရှိအောင်မြင်စွာကျင်းပနိုင်ခဲ့။

မိမိတို့ ချင်းအမျိုးသားနေ့ ကို အစဉ်တစိုက်အလေးထားကျင်းပကြရန်လည်းတိုက်တွန်းအပ်ပါသည်။

#သိန်းဌက်တပ်ရင်း_၁
Cdf-Mindat

💥 အသိပေးထုတ်ပြန့်ချက်💥အောက်ပါChin Defence Force- Cdf-Mindat နာမည် သုံးပီး ကျွန်တော်တို့သိန်းဌက် logo ဖြင့် page တစ်ခုမှ ...
24/02/2023

💥 အသိပေးထုတ်ပြန့်ချက်💥

အောက်ပါChin Defence Force- Cdf-Mindat နာမည် သုံးပီး ကျွန်တော်တို့သိန်းဌက် logo ဖြင့် page တစ်ခုမှ အလှူခံခြင်း မဲရောင်းခြင်းများပြု‌လုပ်နေပါသည်။

မဲအစီစဉ်ကိုလွန်ခဲ့တဲ့၂၀ရက်နေ့တွင်ဖြတ်ပီးဖြစ်ပါသော်လည်းဤpage၌ယနေ့တိုင်ရောင်းနေကြောင်းတွေ့ရသည်။

မိဘပြည်သူများလည်းသတိထားကြရန်နှင့်မဲဝယ်ခြင်း အလှူပေးပို့ခြင်းမလုပ်ကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။

ဤpageအတု ကြောင့်ဖြစ်ပွားလာမည့် ပြသာနာများသည်လည်းမိမိတို့တပ်ရင်း နှင့်မသက်ဆိုင်ပါ။
ဤpage ပိုင်ရှင်ကိုလည်း ဖော်ထုတ်ပီးပြင်းပြင်းထန်ထန်အရေးယူသွားပါမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

#သိန်းဌက်တပ်ရင်း_၁

သိန်းဌက်ပျံ ဖို့မဲပေးစို့အစီစဉ်ကိုချင်းအမျိုးသားနေ့ ၂၀.၂.၂၀၂၃ရက်နေ့တွင် ဖောက်ခဲ့ပါသည်။ပေါက်မဲပထမဆု-151ဒုတိယဆု _၃၈၀အရောင်...
24/02/2023

သိန်းဌက်ပျံ ဖို့မဲပေးစို့အစီစဉ်ကို

ချင်းအမျိုးသားနေ့ ၂၀.၂.၂၀၂၃ရက်နေ့တွင် ဖောက်ခဲ့ပါသည်။

ပေါက်မဲပထမဆု-151

ဒုတိယဆု _၃၈၀

အရောင်းကိုယ်
စလှယ်တစ်ယောက်၏ မဲ အစောင်တစ်ရာခန့်ဖမ်းစီးခံရပီး အငိတာနက်အခြေအနေအရရောင်းမကုန်သည့်မဲများ များပြားသည့်အတွက် ဆုမဲတစ်ခုကို ဖြုတ်ရခြင်းဖြစ် ပါသည်။ သည့်အတွက် လည်းအထူးတောင်းပန်အပ်ပါသည်။

#သိန်းဌက်တပ်ရင်း_၁

31/01/2023

The Mindat Post
ဇန်နဝါရီ ၃၁၊ ၂၀၂၃၊ မင်းတပ်

မင်းတပ်မြို့နယ်၊ အုံကျေးရွာထဲကို
ခလရ ၂၇၄ က ရမ်းသမ်းပတ်ခတ်တဲ့
လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး အမျိုးသမီး ၁ဦးနှင့် ကလေး၃ဦး
ဒဏ်ရာရတယ်လို့ သိရပါတယ်။

Crd ..

ဒုတိယကြိမ် ဂျက်ဖိုက်တာ ဝဲလာပြန်ပီ ပြည်သူများ ရဲဘော်များသတိရှိကြပါ။
28/01/2023

ဒုတိယကြိမ် ဂျက်ဖိုက်တာ ဝဲလာပြန်ပီ ပြည်သူများ ရဲဘော်များသတိရှိကြပါ။

28/01/2023

ဝေဟင်တိုက်ခိုက်မှု

မင်းတပ်မြို့နယ်အတွင်းဂျက်ဖိုက်တာမှထပ်မံ ဗုံးကြဲပြန်။
မင်းတပ်ကိုဒီလောက်တောင်ကြောက်နေရလားမအလ။

10:20PM

Send a message to learn more

28/01/2023
လစာ တစ်သိန်းနှစ်သောင်းကျော်လေးရဖို့အတွက်နှင့် အပင်ပန်းအမျိုးမျိုးခံပီး အသက်အာမခံချက်မရှိတဲ့ပြည်သူ့အမုန်းခံဖြစ်နေရတာ တန်လ...
26/01/2023

လစာ တစ်သိန်းနှစ်သောင်းကျော်လေးရဖို့အတွက်
နှင့် အပင်ပန်းအမျိုးမျိုးခံပီး အသက်အာမခံချက်မရှိတဲ့ပြည်သူ့အမုန်းခံဖြစ်နေရတာ တန်လို့လား။

အလင်းဝင်လာခဲ့ကြစမ်းပါ ကျုပ်တို့ကဘယ်ချိန်ဖြစ်ဖြစ်ကြိုဆိုနေမာ။ပြည်သူချစ်တဲ့ ပြည်သူ့စစ်သားတစ်ယောက်ဖြစ်ရတာဟာ ရောက်လေရာမှာ အကုန်အဆင်ပြေတယ်ဗျ။

26.1.2023

မဲအစီစဉ်‌ကို Chin National Day တွင်ဖောက်မှာဖြစ်ပါတယ်။ ဖောက်ရက်နီးလာပီမို့ ကျန်ရှိနေတဲ့ မဲလေးတွေကို အားပေးကြပါအုံး။လက်ကျန...
26/01/2023

မဲအစီစဉ်‌ကို Chin National Day တွင်ဖောက်မှာဖြစ်ပါတယ်။ ဖောက်ရက်နီးလာပီမို့ ကျန်ရှိနေတဲ့ မဲလေးတွေကို အားပေးကြပါအုံး။လက်ကျန်တော်တော်လေးရှိနေပါသေးတယ်ဗျ။

ဝိုင်းဝန်းပီးတွင်းကူကြပါအုံး။

တိုက်ပွဲသတင်းထုတ်ပြန့်ချက်အမှတ်၃ နယ်မြေအတွင်းဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီအား cdf-Mindat အဖွဲ့မှ အပြင်းအထန်ခုခံတိုက်...
24/01/2023

တိုက်ပွဲသတင်းထုတ်ပြန့်ချက်

အမှတ်၃ နယ်မြေအတွင်းဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီအား cdf-Mindat အဖွဲ့မှ အပြင်းအထန်ခုခံတိုက်ခံရာ အကြမ်းဖက်စစ်ကောင်စီဖက်မှ တစ်ဦးကျဆုံး နှင့်ဒဏ်ရာရများစွာဖြင့် ပြန်လည်ဆုတ်ခွာသွားရ။ ကြောက်ရွံမှုများဖြင့်ဆုတ်ခွာရသော စစ်ခွေးများမှပြည်သူတစ်ဦးအားသတ်ဖြတ်သွားကြ။

စစ်ကြောင်းထိုးနယ်မြေများတွင် ဖုန်းလိုင်းများအားလုံးယခုတိုင်ဖြတ်တောက်ထား။
လေကြောင်းများ|လက်နက်ကြီးများဖြင့် တောက်လျောက် ပစ်နေကြ။

ပြည်သူများအားလုံး သတိရှိရှိဖြင့် ဗုံးခိုကျင်းများကြိုတင် တူးကြပါရန်အလေးအနက် တိုက်တွန်းအပ်ပါသည်။

Address

Mindat

Website

Alerts

Be the first to know and let us send you an email when သိန်းဌက်တပ်ရင််း ၁ -Cdf-Mindat posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share