31/08/2026
မာနတွေမထားကြပါနဲ့
ညီအစ်ကိုမောင်နှမတို့ရေ့...
အမေအိမ်ဆီဖုန်းဆက် သတင်းစကား ညီမငယ်တစ်ယောက်အတွက် ကြားရတော့ဝမ်းသာပိတိဖြစ်မိပါတယ်
ကျုပ်လည်း အစ်ကိုတစ်ယောက်ဆိုတော့ အဖေမရှိတော့တဲ့နောက်ပိုင်း ညီငယ်တွေနဲ့တခါတရံဖုန်းပြောဖြစ်တိုင်း ဆုံမစကားပြောဖြစ်ပြီး ဒီနေ့တော့ ပွဲဆူသွား ဖုန်းပဲချလိုက်ရမလားလို့ တွေးနေခိုက် အမေကအဝေးရောက်သားကို မျက်ရည်ကျပြောပြနေလေ့တော့ စိတ်ကမကောင်း ကျုပ် မကြားရတာတွေနှစ်လတွေများတော့ အဲ့ဒီလိုမျိုးဒဏ်တွေမခံနိူင်တော့ဘူး ဘယ်သူ့ကိုမှတော့ စိတ်မပျက်မိပါဘူး ဘာလို့လည်းဆိုတော့ ညီအစ်ကိုဖြစ်နေလို့ပါပဲ တစ်ဆက်တည်းမှာလည်း ကျုပ်လူတွေကို အရမ်းအားနာတတ်လာတယ် လောလောဆယ် မိသားစုဝန်တွေ ခယ်မရှိမယ် မရီးရှိမယ် ကလေးတွေရှိမယ် ကျုပ်ကြောင့်သူတို့ကြောင့် အထူးသဖြင့် ကလေးတွေကို စိတ်ဒဏ်ရာမရစေချင်ဘူး တကယ်အမှန်တရားဗျ ပတ်ဝန်းကျင်ဆိုတာတွေကို သတိထားတတ်လာတယ် ဒါပေမယ့် ကျုပ်ယုံကြည်တဲ့ အစ်ကိုညီလည်းရှိနေတော့ ဘာပဲဖြစ်ဖြစ် စိတ်ချလိုက်မိပါရဲ့ မွေးဖွားခြင်းရဲ့အစက ငွေမရှိ ဂုဏ်မရှိလို့ လူ့လောကမှာ ဘာမှပြဿနာမရှိဘူး ကျုပ်မှမဟုတ် ဘယ်သူ့မှလည်းမဟုတ်ဘူး သို့သော် မယောင်ရာတွေ ဆီလိမ်းမိရင်တော့ ဘဝက နစ်ပြီရင်းနစ်မှာပါပဲ မှားတယ်ထင် ပြုပြင်ပါ လူ့တစ်ယောက်ရယ်လို့ဖြစ်လာ လူ့သားတစ်ယောက်အတွက် အခွင့်အရေးတွေရှိလို့နေပါတယ် ရိုးသားကြိုးစားပါ ဇွဲရှိပါ နိုင်ငံခြားနေတာ ၁၈နှစ်ထဲရောက်ပြီ ကမ္ဘာပေါ်ကလူတွေနဲ့ ကျုပ်စကားမပြောဖူးသလောက်ရှားပါးသွားခဲ့ပြီလေ စကားလေးပြောဖြစ်ယုံမဟုတ် သူ့တို့ယဥ်ကျေးမူ့ အစားသောက်ကစလို့ သိခဲ့ပါပြီ အလုပ်တွေ အတူလုပ်ခဲ့ပါပြီ အဆုံးသတ်မှာ ဘယ်သူ့မှ လူ့လောကကြီးထဲမှာ လွယ်လွယ်ရှင်သန်မရတာပါပဲ ဒီနေ့ ၁ကျပ်ရှိလို့ မနက်ဖြန် ၁၀၀၀ကျပ်ပိုင်ဆိုင်ချင်တဲ့ ရလဒ်က ရှိကောင်းရှိနိုင်ပေမယ့် နှစ်လတွေပေးဆက်မှရတာမျိုးတွေကို ကောင်းကောင်းနားလည်ရင် မနက်ဖြန်တွေက တကယ့်ကို အဓိပ္ပါယ်တွေနဲ့ပြည့်နပ်နေမှာပါ။