Meiktila District ECD

Meiktila District ECD Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Meiktila District ECD, Public & Government Service, Meiktila.

01/06/2026

သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်း‌ရေး ၀န်ကြီးဌာန၏ လုပ်ငန်းဆာင်ရွက်ချက်များအား အများပြည်သူများသိရှိ စေရန်ရည်ရွယ်၍ မျှဝေခြင်း

01/06/2026
၁- ၆-၂၀၂၆ ရက်နေ့၊ နံနက် (၆: ၃၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့ရှိ မိတ္ထီလာမြောက်ကန် ...
01/06/2026

၁- ၆-၂၀၂၆ ရက်နေ့၊ နံနက် (၆: ၃၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့ရှိ မိတ္ထီလာမြောက်ကန် တောင်ဘက်ထိပ်ဇော်ဆေးရုံးအနီးမှ မိတ္ထီလာမြောက်ကန်၊ မြောက်ဘက်ထိပ် မေတ္တာရေကြည် အခမဲ့ဆေးခန်းအထိနေရာတို့၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် "ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့" အား ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်၍ ဌာနရှိ အရာထမ်း၊အမှုထမ်းများ၊ မိတ္ထီလာမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင်မီးသတ်ဦးစီးဌာနတို့ဖြင့် ပူးပေါင်း‌၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် "စုပေါင်းအမှိုက်ကောက်ပွဲ" ဆောင်ရွက်ခဲ့ပါသည်။

၂၀၂၆ ခုနှစ် မေလအတွင်း ၂၅-၅-၂၀၂၆ ရက်နေ့မှ ၃၁-၅-၂၀၂၆ ရက်နေ့အထိ       မိတ္ထီလာမြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်...
30/05/2026

၂၀၂၆ ခုနှစ် မေလအတွင်း ၂၅-၅-၂၀၂၆ ရက်နေ့မှ ၃၁-၅-၂၀၂၆ ရက်နေ့အထိ မိတ္ထီလာမြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊မိတ္ထီ လာမြို့နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြား‌ရေးမှူးရုံး၌ Scentroid SL-50 လေထု အရည် အသွေး တိုင်းတာရေးစက်ဖြင့် Particulate Matter 2.5 (PM2.5)၊ Particulate Matter 10 (PM10)၊ Sulphur Dioxide (SO2)၊ Nitrogen Dioxide (NO2)၊ Ozone (O3)၊Carbon Monoxide (CO)၊ စသည့် Parameter (၆) မျိုးအား (၂၄) နာရီ ပုံမှန်တိုင်းတာပြီး လေ့လာဆန်းစစ်လျက်ရှိပါကြောင်းနှင့် လေထု အရည် အသွေး အညွှန်းကိန်းအားဖြင့်.PM2.5၊ CO၊ SO2၊ O3၊NO2နှင့် PM10၏ ရလဒ်များသည် လေထု အရည်အသွေးကောင်းမွန်သော အဆင့်တွင် တည်ရှိ‌နေပါကြောင်း ‌တွေ့ရှိရပါသည်။
လေထုအပူချိန်၊ လေတိုက်နှုန်း၊ လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှု အခြေအနေ၊ မော်တော်ယာဉ်အသုံးပြုမှုအခြေအနေ၊ ပူပြင်းခြောက်သွေ့မှုကြောင့် ဖုန်မှုန့်ပျံ့လွင့်မှု၊ စက်ရုံများမှ ထုတ်လွှတ်အခိုးအငွေ့များ ထုတ်လွှတ်မှုအခြေအနေနှင့် ဝန်းကျင်လေထု အရည်အသွေး တိုင်းတာသည့်နေရာ အနီးဝန်းကျင် အခြေအနေတို့အပေါ်မူတည်၍ တိုင်းတာရရှိသည့် ဝန်းကျင်လေထုအရည်အသွေးရလဒ်များသည် ပြောင်းလဲမှုရှိနိုင်ပါကြောင်း သုံးသပ်ရရှိပါသည်။

၂၀၂၆ ခုနှစ် ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယ...
30/05/2026

၂၀၂၆ ခုနှစ် ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယခုနှစ် ဆောင်ပုဒ်ဖြစ်သော 'ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့(A global Call For Climate Action) ဆောင်ပုဒ်ပိုစတာအား အများပြည်သူသိရှိ‌‌စေရန် ရည်ရွယ်၍ မျှဝေခြင်း

၂၉- ၅-၂၀၂၆ ရက်နေ့၊ နံနက် (၈:၀၀) နာရီအချိန်တွင် မန္တလေး တိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ ရန်မျိုးအောင်ရပ်...
29/05/2026

၂၉- ၅-၂၀၂၆ ရက်နေ့၊ နံနက် (၈:၀၀) နာရီအချိန်တွင် မန္တလေး တိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်၊ အမှတ် (၁)၊ အခြေခံပညာအလယ် တန်းကျောင်း (ခွဲ)၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် "ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့" အား ကြိုဆိုဂုဏ်​ပြုသောအားဖြင့် မိတ္ထီလာခရိုင်၊ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် အမှတ် (၁)၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)၊ ကျောင်းအုပ်ဆရာမကြီး၊ဆရာမများနှင့်ပူး‌ပေါင်း၍ "စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား"ကျင်းပဆောင်ရွက်ခဲ့ပါ​ကြောင်းနှင့် သစ်ပင်စိုက်ပျိုးရာ၌ ဒေသနှင့်ကိုက်ညီပြီး အရိပ်ရအကြီးမြန်အပင်နှင့် အလှပန်းပင်များဖြစ်သည့် စိန်ပန်းပင် (၅) ပင်၊ တပေဘူတ (၁၅) ပင်၊ ကုက္ကိုလ်ပင် (၅) ပင်၊ စိန်တံချူ (၁၀) ပင်နှင့် မြဉ္ဇူသကနတ်ပန်း (၂) ပင် ပျိုးပင်ပေါင်း (၃၇) ပင် စိုက်ပျိုးခဲ့ပါသည်။

၂၇- ၅-၂၀၂၆ ရက်နေ့တွင် မန္တလေး တိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၅) ...
27/05/2026

၂၇- ၅-၂၀၂၆ ရက်နေ့တွင် မန္တလေး တိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် "ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့" အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိတ္ထီလာခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအရှေ့မျက်နှာစာ၊ မိတ္ထီလာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးရှေ့မျက်နှာစာနှင့် သာစည်မြို့နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး‌မြေနေရာ ရှေ့မျက်နှာစာနေရာ (၃) နေရာတို့တွင် "ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့" ဆောင်ပုဒ်ဖြင့် အထိမ်းအမှတ်ဗီနိုင်းပိုစတာများအား အများပြည်သူများသိရှိစေရန် ရည်ရွယ်၍ မြေစိုက်ပိုစတာ စိုက်ထူခြင်းများဆောင်ရွက်ခဲ့ပါသည်။

Address

Meiktila
05181

Opening Hours

Monday 09:30 - 16:30
Tuesday 09:30 - 16:30
Wednesday 09:30 - 16:30
Thursday 09:30 - 16:30
Friday 09:30 - 16:30

Website

Alerts

Be the first to know and let us send you an email when Meiktila District ECD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share